Category Archives: News
-
COVID-19 ရောဂါကူးစက်ပျံနှံမှုများ မဖြစ်ပွားစေရေးအတွက် လိုက်နာဆောင်ရွက်ရန်များကို ကျေးရွာများရှိပြည်သူများအား အသိပညာပေးဆောင်ရွက်မှုသတင်း
လူမှုဝန်ထမ်း၊ ကယ်ဆယ်ရေးနှင့် ပြန်လည်နေရာချထားရေးဝန်ကြီးဌာန၊ ဘေးအန္တရာယ်ဆိုင်ရာစီမံခန့်ခွဲမှုဦးစီးဌာန၊ ဖျာပုံခရိုင်ဦးစီးမှူးရုံးမှတာဝန်ရှိသူများသည် (၂၄ -၄-၂၀၂၀) ရက်နေ့တွင် ဒေးဒရဲမြို့နယ်၊ ကျုံကျပ်ကျွန်းကျေးရွာ၊ ကျီးစုကျေးရွာ၊ ဘေးကြီးကျေးရွာ၊ ဖိုကျော်ခေါင်ကျေးရွာ၊ ကျုံဒရယ်ကျေးရွာ၊ သာယာကုန်းကျေးရွာ၊ ကျုံဒူးကျေးရွာ၊ ဓါးမလိမ်ကျေးရွာ၊ တော်ကမံဂွကျေးရွာ၊ ဓါးမလိမ်ချောင်းဝကျေးရွာ၊အောက်ကွင်းကျေးရွာ၊ညောင်ကားယားကျေးရွာ၊ ကျုံကျပ်ကျေးရွာ၊ ကင်းမွန်းကုန်းကျေးရွာ၊ ကျုံဟွတ်ကျေးရွာ၊ ဘုရားကြီးကုန်းကျေးရွာ၊ တော်ကြပ်ကျေးရွာ၊ သမှံပင်ဆိပ်ကျေးရွာများ၌ ခရိုင်လူမှုဝန်ထမ်း ဦးစီးဌာနမှတာဝန်ရှိသူတို့နှင့်အတူ COVID-19 ရောဂါကူးစက်ပျံ့နှံ့မှုများ မဖြစ်ပွားစေရေးအတွက် လိုက်နာဆောင်ရွက်ရန်များကို ကျေးရွာရှိပြည်သူများအား အသိပညာပေးခြင်းလုပ်ငန်းများ ဆောင်ရွက်ခဲ့ပါကြောင်း သိရှိရပါသည်။ Source: ဖျာပုံခရိုင်ဦးစီးမှူးရုံး (ဘစမ) #ar #ayy_apr2020
-
COVID -19 ကူးစက်ရောဂါနှင့်ပတ်သက်၍ အသိပညာပေးဟောပြောမှုသတင်း
လူမှုဝန်ထမ်း၊ကယ်ဆယ်ရေးနှင့် ပြန်လည်နေရာချထားရေးဝန်ကြီးဌာန၊ ဘေးအန္တရာယ်ဆိုင်ရာစီမံခန့်ခွဲမှုဦးစီးဌာန၊ မိုးညှင်းခရိုင်ဦးစီးမှူးရုံးမှတာဝန်ရှိသူများသည် (၂၅-၄-၂၀၂၀) ရက်နေ့ (၁၇:၂၀)အချိန်၌ မိုးညှင်းမြို့နယ်၊ မြို့သစ်ကလေးကျေးရွာတွင် COVID-19 ကူးစက်ရောဂါနှင့်ပတ်သက်၍ ဆောင်ရန်/ရှောင်ရန်အချက်များ၊ လိုက်နာရမည့်အချက်များအား သိရှိစေရန်အတွက် အသိပညာပေးနှိုးဆော်ခြင်းများ ဆောင်ရွက်ခဲ့ပါကြောင်း သတင်းရရှိပါသည်။ #ar #kcn_apr2020 Source: မိုးညှင်းခရိုင်ဦးစီးမှူးရုံး (ဘစမ)
-
Covid – 19 ကာကွယ်၊ တားဆီး၊ ထိန်းချုပ်၊ ကုသရေးဆိုင်ရာ ပြည်သူသို့အသိပညာပေး ပန်ကြားချက်များ လှည့်လည်ဟောပြောမှုသတင်း
လူမှုဝန်ထမ်း၊ ကယ်ဆယ်ရေးနှင့် ပြန်လည်နေရာချထားရေးဝန်ကြီးဌာန၊ ဘေးအန္တရာယ်ဆိုင်ရာ စီမံခန့်ခွဲမှုဦးစီးဌာန၊ ကချင်ပြည်နယ်ဦးစီးမှူးရုံးမှ တာဝန်ရှိသူများသည် (၂၅-၄-၂၀၂၀) ရက်နေ့တွင် Covid-19 နှင့်ပတ်သက်၍ တနိုင်းမြို့နယ်ရှိ၊ နှစ်ခြင်း IDPs စခန်း၊ RC IDPs စခန်း၊ ဖားကန့်မြို့နယ် နန့်စီအင် ထွယ်ဆန်ယန်RC IDPs စခန်း နှင့် လဝါး IDPs စခန်း၊ ကာမိုင်းမြို့ လိုင်နောင်း IDPs စခန်းများရှိအိမ်ထောင်စု (၃၃၀) စုအတွက် ဆပ်ပြာ(၆၆၀)ခဲ၊ mask(၆၆၀)ခု၊ လက်ဆေးစဉ်(၅)ခု၊ အပူချိန်တိုင်းကိရိယာ(၅)ခု၊ Covid-19 အသိပညာပေး Flow … Read more
-
COVID -19 ကူးစက်ရောဂါနှင့်ပတ်သက်၍ ကြိုတင်ကာကွယ်ရေးလုပ်ငန်းဆောင်ရွက်မှုသတင်း
လူမှုဝန်ထမ်း၊ ကယ်ဆယ်ရေးနှင့် ပြန်လည်နေရာချထားရေးဝန်ကြီးဌာန၊ ဘေးအန္တရာယ်ဆိုင်ရာစီမံခန့် ခွဲမှုဦးစီးဌာန၊ ဂန့်ဂေါခရိုင်ဦးစီးမှူးရုံးမှ တာဝန်ရှိသူများသည် မြို့နယ်အထွေထွေအုပ်ချုပ်ရေးဦးစီးဌာန၊ ပရဟိတအဖွဲ့နင့် ဌာနဆိုင်ရာများဖြင့်ပူးပေါင်း၍ (၂၅-၄-၂၀၂၀) ရက်နေ့၊ (ဝ၈:၃၀)နာရီမှ (၁၇:၃၀) နာရီအချိန်ထိ လတ်တလောနိုင်ငံအသီးသီးတွင် ကူးစက်ပြန့်ပွားလျက်ရှိသည့် COVID-19ရောဂါကြို တင်ကာကွယ်ရေးအတွက် ဂန့်ဂေါခရိုင်အတွင်း ယာဉ်ဝင်/ထွက်အတွက် စီးနင်းလိုက်ပါလာသောခရီးသည် များအား ကိုယ်အပူချိန်တိုင်းထွာပေးခြင်းနှင့် ပြည်တွင်း/ပမှ ပြန်လာသူများအားစာရင်းပြုစုခြင်းတို့ကို ဆောင်ရွက်ခဲ့ပါကြောင်း သတင်းရရှိပါသည်။ #ar #mgy_apr2020 Source: ဂန့်ဂေါခရိုင်ဦးစီးမှူးရုံး (ဘစမ)
-
COVID -19 ကူးစက်ရောဂါနှင့်ပတ်သက်၍ အသိပညာပေးဟောပြောမှုသတင်း
လူမှုဝန်ထမ်း၊ ကယ်ဆယ်ရေးနှင့်ပြန်လည်နေရာချထားရေးဝန်ကြီးဌာန၊ ဘေးအန္တရာယ်ဆိုင်ရာစီမံခန့်ခွဲမှုဦးစီးဌာန၊ မိုးမိတ်မြို့နယ်ဦးစီးမှူးရုံးမှ တာဝန်ရှိသူများသည် လူမှုဝန်ထမ်းဦးစီးဌာနနှင့် ပူးပေါင်း၍ (၂၅-၄-၂၀၂၀) ရက်နေ့၊ မိုးမိတ်မြို့နယ်၊ မန်ကျည်းပင်ကျေးရွာ၊ မိုးကောင်းဦးကျေးရွာနှင့် ပဒါန်းကျေးရွာတို့တွင် အသက်ရှူလမ်းကြောင်းဆိုင်ရာရောဂါ (COVID-19) ကူးစက်ပျံ့နှံ့မှုများမဖြစ်စေရေးအတွက် လိုက်နာဆောင်ရွက်ရန်လိုအပ်ချက်များအား ပြည်သူသို့ ပန်ကြားခြင်းအစီအစဉ်ကို ဆောင်ရွက်ခြင်းနှင့် ဈေးဆိုင်များလိုက်နာရန် အသိပညာပေးလက်ကမ်းစာစောင်များဖြန့်ဝေပေးခဲ့ကြောင်း သတင်းရရှိပါသည်။ #ar #shn_apr2020 Source: မိုးမိတ်မြို့နယ်ဦးစီးမှူးရုံး (ဘစမ)
-
Covid-19 ကူးစက်ရောဂါနှင့်ပတ်သက်၍ အသိပညာပေးဆောင်ရွက်မှုသတင်း
လူမှုဝန်ထမ်း၊ ကယ်ဆယ်ရေးနှင့် ပြန်လည်နေရာချထားရေးဝန်ကြီးဌာန၊ ဘေးအန္တရာယ်ဆိုင်ရာစီမံခန့်ခွဲမှုဦးစီးဌာန၊ ရန်ကုန်တိုင်းဒေသကြီးဦးစီးမှူးရုံးမှ တာဝန်ရှိသူများသည် (၂၅-၄-၂၀၂၀) ရက်နေ့တွင် ရန်ကုန်အရှေ့ပိုင်းခရိုင်၊ ဒဂုံမြို့သစ် (မြောက်ပိုင်း) မြို့နယ်၊ အမှတ်(၃၃/၃၄/၃၂/၃၅/၃၆/၃၇/၃၈/၃၉) ရပ်ကွက်များတွင် Covid-19 အသက်ရှူလမ်းကြောင်းဆိုင်ရာရောဂါနှင့်ပတ်သက်၍ ကျန်းမာရေးနှင့်အားကစားဝန်ကြီးဌာန မှ ထုတ်ပြန်ထားသောအသိပေးကြေငြာချက်များအား ရပ်ကွက်များအတွင်း သက်ဆိုင်ရာ ကျန်းမာရေးဦးစီးဌာန၊ အထွေထွေအုပ်ချုပ်ရေးဦးစီးဌာနမှ တာဝန်ရှိသူများနှင့်အတူပူးပေါင်း၍ အသိပညာပေးကြော်ငြာခြင်းများ ပြုလုပ်ခဲ့ပါကြောင်း သိရှိရပါသည်။ Source: ရန်ကုန်တိုင်းဒေသကြီးဦးစီးမှူးရုံး (ဘစမ) #ar #ygn_apr2020
-
Covid-19 အသက်ရှူလမ်းကြောင်းဆိုင်ရာရောဂါ အသိပညာပေးဆောင်ရွက်မှုသတင်း
လူမှုဝန်ထမ်း၊ ကယ်ဆယ်ရေးနှင့် ပြန်လည်နေရာချထားရေးဝန်ကြီးဌာန၊ ဘေးအန္တရာယ်ဆိုင်ရာစီမံခန့်ခွဲမှုဉီးစီးဌာန၊ လွိုင်လင်ခရိုင်ဦးစီးမှူးရုံးမှ တာဝန်ရှိသူများသည် (၂၆-၄-၂၀၂၀) ရက်နေ့ (၀၈:၀၀) နာရီအချိန်မှ (၁၀-၀၀) နာရီအချိန်ထိ လွိုင်လင်မြို့နယ်l ပန်ခေါက်ဝိုးကျေးရွာတွင် အသက်ရှူလမ်းကြောင်းဆိုင်ရာရောဂါ (COVID-19) အသိပညာပေးခြင်းများ ဆောင်ရွက်ခဲ့ပါကြောင်း သတင်းရရှိပါသည်။ Source: လွိုင်လင်ခရိုင်ဦးစီးမှူးရုံး (ဘစမ) #ar #shn_apr2020
-
Covid-19 ရောဂါအသိပညာပေး သတိပေးနှိုးဆော်ခြင်း
လူမူဝန်ထမ်း၊ ကယ်ဆယ်ရေးနှင့်ပြန်လည်နေရာချထားရေးဝန်ကြီးဌာန၊ ဘေးအန္တရာယ်ဆိုင်ရာစီမံခန့်ခွဲမှုဦးစီးဌာန၊ ကျောက်မဲခရိုင်ဦးစီးမှူးရုံးမှ တာဝန်ရှိသူများသည် (၂၅-၄-၂၀၂၀)ရက်နေ့တွင် ကျောက်မဲမြို့နယ်အတွင်းရှိ ဗူးခါးကျေးရွာ၊ နားခေါ်ကျေးရွာ၊ လွယ်ခေါ်ကျေးရွာများသို့ ကွင်းဆင်း၍ COVID-19 ရောဂါကူးစက်ပျံ့နှံမှုများမဖြစ်ပွားစေရန်အတွက် ဆောင်ရန်၊ ရှောင်ရန်များကို မြန်မာ၊ ရှမ်းဘာသာစကားများဖြင့် အသိပေးဟောပြောဆောင်ရွက်ခဲ့ကြောင်း သတင်းရရှိပါသည်။ #ar #shn_apr2020 Source: ကျောက်မဲခရိုင်ဦးစီးမှူးရုံး (ဘစမ)
-
COVID -19 ကူးစက်ရောဂါနှင့်ပတ်သက်၍ အသိပညာပေးဟောပြောမှုသတင်း
လူမှုဝန်ထမ်း၊ ကယ်ဆယ်ရေးနှင့် ပြန်လည်နေရာချထားရေးဝန်ကြီးဌာန၊ ဘေးအန္တရာယ်ဆိုင်ရာစီမံ ခန့်ခွဲမှုဉီးစီးဌာန၊ ပြည်ထောင်စုနယ်မြေ၊ နေပြည်တော်တိုင်းဦးစီးမှူးရုံးမှ တာဝန်ရှိသူများသည် (၂၅-၄-၂၀၂၀) ရက်နေ့ (၁၀:၀၀) အချိန်မှ (၁၅:၀၀) အချိန်အထိ ပြည်သူများအား COVID-19 ရောဂါကူးစက်ပြန့်နှံ့မှုများ မဖြစ်ပွားစေရန်အတွက် သိရှိလိုက်နာဆောင်ရွက်ရမည့်အချက်များနှင့် ပတ်သက်၍ အသိပညာပေးခြင်းကို ဒက္ခိဏခရိုင်၊ လယ်ဝေးမြို့နယ်၊ သစ်ကြိမ်းကျေးရွာအုပ်စု၊ ဟေမာန်ကျေးရွာ၊ ဗောဓိကုန်းကျေးရွာ၊ ကြာကန်ကျေးရွာ၊ အောင်ချမ်းသာကျေးရွာ၊ ရွာသစ်ကျေးရွာနှင့် အောင်မင်္ဂလာကျေးရွာများအတွင်းရှိ ပြည်သူများသို့ ထိရောက်စွာ လိုက်လံအသိပေးဆောင်ရွက်ခဲ့ကြောင်း သတင်းရရှိပါသည်။ #ar #npw_apr2020 Source: နေပြည်တော်တိုင်းဦးစီးမှူးရုံး (ဘစမ)
-
Covid-19 ရောဂါအသိပညာပေး ဆောင်ရွက်ခြင်း
လူမှုဝန်ထမ်း၊ ကယ်ဆယ်ရေးနှင့်ပြန်လည်နေရာချထားရေးဝန်ကြီးဌာန၊ ဘေးအန္တရာယ်ဆိုင်ရာစီမံခန့်ခွဲမှုဦးစီးဌာန၊ ယင်းမာပင်ခရိုင်ဦးစီးမှူးရုံးမှ တာဝန်ရှိသူများသည်(၂၅-၄-၂၀၂၀)ရက်နေ့တွင် (၀၉း၀၀)အချိန်မှစ၍ (၁၅း၀၀)အချိန်ထိ ယင်းမာပင်မြို့နယ်၊ နှုံးကျးရွာ၊ ကျောက်မှော်ကျးရွာ၊ ကျွန်းပေါ်ကျေးရွာ၊ နှောပင်ကျေးရွာ၊ ကျောက်ကုန်းကျေးရွာ၊ ကြက်လျှာကျေးရွာ၊ အင်းပက်ကျေးရွာ၊ ပန်ထိမ်ပြင်ကျေးရွာ၊ နဘူးတောကျေးရွာ၊ အောင်ဇေယျကုန်း၊ ကွေ့ချောင်းကျေးရွာ၊ အောင်မိုးကျေးရွာ၊ တယ်ပင်ကန်ကျေးရွာ၊ ကောင်းဆင့်ကျေးရွာ၊ နှောရိုးကျေးရွာများအတွင်း အသံချဲ့စက်ဖြင့် Covid 19ရောဂါ ကာကွယ်ထိန်းချုပ်ရေးဆိုင်ရာ လိုက်နာရန်အချက်များအား ယင်းမာပင်မြို့ သင်္ဂဟ လူမှုကူညီရေးအသင်း နှင့်အတူ အသိပညာပေးနှိုးဆော်မှုများ ဆောင်ရွက်ခဲ့ကြောင်း သတင်းရရှိပါသည်။ #ar #sgg_apr2020 Source: … Read more









