Category Archives: News
-
သဘာဝဘေးအန္တရာယ်အသိပညာပေး လက်ကမ်းစာစောင်များဖြန့်ဝေခြင်းနှင့် COVID -19 ကူးစက်ရောဂါနှင့်ပတ်သက်၍ အသိပညာပေးခြင်းများဆောင်ရွက်မှုသတင်း
လူမှုဝန်ထမ်း၊ ကယ်ဆယ်ရေးနှင့် ပြန်လည်နေရာချထားရေးဝန်ကြီးဌာန၊ ဘေးအန္တရာယ်ဆိုင်ရာစီမံခန့်ခွဲမှုဉီးစီးဌာန၊ ကန့်ဘလူခရိုင်ဦးစီးမှူးရုံးမှ တာဝန်ရှိသူများသည် (၄-၅-၂၀၂၀) ရက်နေ့ ကန့်ဘလူမြို့နယ်၊ ထန်းကုန်းကျေးရွာအုပ်စု၊ ထန်းကုန်းကျေးရွာ၊ လယ်လှကျေးရွာ၊ ယောကျေးရွာ၊ ဇီးပင်သာကျေးရွာများသို့သွားရောက်၍မိဘပြည်သူများအား COVID-19ရောဂါ ကူးစက်မှုမဖြစ်ပွားစေရေးအတွက် သိရှိပြီးလိုက်နာဆောင်ရွက်ရန် အသိပေးနှိုးဆော်ခြင်းနှင့် သဘာဝဘေးအန္တရာယ်နှင့်ပတ်သက်၍ မိုးကြိုးဘေး၊လေပြင်းဘေးအသိပညာပေးလက်ကမ်းစာစောင်များလည်း ဖြန့်ဝေပေးခဲ့ပါကြောင်း သတင်းရရှိပါသည်။ Source: ကန့်ဘလူခရိုင်ဦးစီးမှူးရုံး(ဘစမ) #ar #sgg_may2020
-
လေဘေးထောက်ပံ့မှုသတင်း
လူမှုဝန်ထမ်း၊ ကယ်ဆယ်ရေးနှင့် ပြန်လည်နေရာချထားရေးဝန်ကြီးဌာန၊ ဘေးအန္တရာယ်ဆိုင်ရာစီမံခန့်ခွဲ မှုဉီးစီးဌာန၊ ကသာခရိုင်ဦးစီးမှူးရုံးမှ တာဝန်ရှိသူများသည် ကသာခရိုင်၊ အင်းတော်မြို့နယ်အတွင်း၌ (၃၀-၄-၂၀၂၀) ရက်နေ့တွင် ဖြစ်ပွားခဲ့သော လေဘေးကြောင့် ဘေးသင့်နေအိမ် (၈) လုံးအတွက် အိမ်ဆောက် ပစ္စည်းဖိုးနှင့် ဆန်ရိက္ခာဖိုးငွေ (၅၃၄,၃၀၀/-) ကျပ်နှင့် ကသာမြို့နယ်အတွင်း၌ အမိုးလန်နေအိမ် (၁၀) လုံးအတွက် အိမ်ဆောက်ပစ္စည်းဖိုးနှင့် ဆန်ရိက္ခာဖိုးငွေ (၄၈၇,၁၀၀/-) ကျပ်တို့အား (၄-၅-၂၀၂၀) ရက်နေ့၊ (၁၁:၃၀) နာရီအချိန်တွင် ဘေးသင့်ပြည်သူများလက်ဝယ်အရောက် သွားရောက်ထောက်ပံ့ပေး အပ်ခဲ့ ကြောင်း သတင်းရရှိပါသည်။ #ha_sgw #sgg_may2020 … Read more
-
Covid-19 ကူးစက်ရောဂါနှင့်ပတ်သက်၍ အသိပညာပေးခြင်းများ ဆောင်ရွက်မှုသတင်း
လူမှုဝန်ထမ်း၊ ကယ်ဆယ်ရေးနှင့် ပြန်လည်နေရာချထားရေးဝန်ကြီးဌာန၊ ဘေးအန္တရာယ်ဆိုင်ရာ စီမံခန့်ခွဲမှုဦးစီးဌာန၊ ရေစကြိုမြို့နယ်ဦးစီးမှူးရုံးမှ တာဝန်ရှိသူများသည် (၄-၅-၂၀၂၀) ရက်နေ့ တွင် (၀၈:၀၀)နာရီမှစတင်၍(၁၄:၀၀)နာရီအချိန်ထိ ရေစကြိုမြို့နယ်၊ ပခန်းငယ်ကျေးရွာအုပ်စု၊ပခန်းငယ်ကျေးရွာ၊ ချစ်သူကျေးရွာ၊ သင့်သည်ကျေးရွာ၊ ကန်ဒေါင့်ကျေးရွာအုပ်စု၊ ကန်ဒေါင့်ကျေး ရွာ၊ ဇီကုန်းကျေးရွာအုပ်စု၊ ဇီးကုန်းကျွန်းကျေးရွာ၊ အလယ်သောင်ကျေးရွာအုပ်စု၊ သူဌေးကုန်း ကျေးရွာ၊ အလယ်သောင်ကျေးရွာ၊ ဇီးကွဲကျွန်းကျေးရွာ၊ ဂွတ်ကြီးကျေးရွာ၊ အလယ်ကျောကျေး ရွာအုပ်စု၊ အလယ်ကျောကျေးရွာ၊ ငါးပယ်ကျေးရွာ၊ ဇီးပင်ကုန်းကျေးရွာ၊ နှောင်းဘကျေးရွာအုပ်စု၊ နှောင်းဘကျေးရွာ၊ ငါးမြှားလေးကျေးရွာ၊ ငါးမြှားကြီးကျေးရွာအုပ်စု၊ ငါးမြှားကြီးကျေးရွာ၊ ဆင်မရဲ ကျေးရွာအုပ်စု၊ ဆင်မရဲကျေးရွာနှင့် … Read more
-
COVID -19 ကူးစက်ရောဂါနှင့်ပတ်သက်၍ အသိပညာပေးခြင်းများ ဆောင်ရွက်မှုသတင်း
လူမှုဝန်ထမ်း၊ ကယ်ဆယ်ရေးနှင့် ပြန်လည်နေရာချထားရေးဝန်ကြီးဌာန၊ ဘေးအန္တရာယ်ဆိုင်ရာစီမံခန့်ခွဲမှုဉီးစီးဌာန၊ ဘီးလင်းမြို့နယ်ဦးစီးမှူးရုံးမှ တာဝန်ရှိသူများသည် (၄-၅-၂၀၂၀) ရက်နေ့ (၀၇:၀၀)မှ စတင်ပြီးဘီးလင်းမြို့နယ်၊ ဇွဲကလာကျေးရွာအုပ်စုအတွင်းရှိ ဇွဲကလာကျေးရွာ၊ ဇုတ်သုတ်ကျေးရွာအုပ်စုအတွင်းရှိ ဇုတ်သုတ်ရွာကြီးကျေးရွာနှင့်ဇုတ်သုတ် ရွာလေးကျေးရွာတို့တွင် COVID -19 ကူးစက်ရောဂါနှင့်ပတ်သက်ပြီး ဆောင်ရန်/ ရှောင်ရန် တို့ကို ကျေးရွာအုပ်ချုပ်ရေးမှူးများနှင့်အတူ ပူးပေါင်း၍ ဆောင်ရွက်လျက်ရှိကြောင်း သတင်းရရှိပါသည်။ Source: ဘီးလင်းမြို့နယ်ဦးစီးမှူးရုံး(ဘစမ) #ar #mon_may2020
-
Covid-19 ကူးစက်ရောဂါနှင့်ပတ်သက်၍ အသိပညာပေးခြင်းများ ဆောင်ရွက်မှုသတင်း
လူမှုဝန်ထမ်း၊ ကယ်ဆယ်ရေးနှင့် ပြန်လည်နေရာချထားရေးဝန်ကြီးဌာန၊ ဘေးအန္တရာယ်ဆိုင်ရာ စီမံခန့်ခွဲမှုဦးစီးဌာန၊ မင်းဘူးခရိုင်ဦးစီးမှူးရုံးမှ တာဝန်ရှိသူများသည် (၄-၅-၂၀၂၀) ရက်နေ့တွင် မင်းဘူး(စကု)မြို့နယ်၊ ချောင်းဖြူကျေးရွာ၊ သီးကုန်းကျေးရွာ၊ မုန်ထောင်ကျေးရွာနှင့် မုန်ထောင် ရွာမကျေးရွာများအတွင်း Covid-19 ရောဂါကူးစက်ပျံ့နှံ့မှုမဖြစ်ပွားစေရန် သိရှိလိုက်နာ ဆောင်ရွက်ရမည့်အချက်များကို ခရိုင်မီးသတ်ဦးစီးဌာနမှ တာဝန်ရှိသူများ၊ ကျေးရွာအုပ်ချုပ်ရေးမှူးများ၊ ရပ်မိရပ်ဖများနှင့် ပူးပေါင်း၍ အသိပေးဆောင်ရွက်ခဲ့ကြောင်း သတင်းရရှိပါသည်။ #ar #mgy_may2020 Source: မင်းဘူးခရိုင်ဦးစီးမှူးရုံး (ဘစမ)
-
သောက်သုံးရေဖြန့်ဝေပေးမှုသတင်း
လူမှုဝန်ထမ်း၊ ကယ်ဆယ်ရေးနှင့် ပြန်လည်နေရာချထားရေးဝန်ကြီးဌာန၊ ဘေးအန္တရာယ်ဆိုင်ရာစီမံခန့်ခွဲ မှုဉီးစီးဌာန၊ မကွေးတိုင်းဒေသကြီးဦးစီးမှူးရုံးမှ တာဝန်ရှိသူများသည် သောက်သုံးရေခက်ခဲသော မကွေး မြို့နယ်၊ ကြာကန်ကျေးရွာအုပ်စု၊ ကြာကန်ကျေးရွာ(ကားဂိတ်တန်း)၊ ဦးဝင်းကြည်(တဲတိုက်)၊ ဒေါ်အေး (တဲတိုက်)နှင့် အောင်ချမ်းသာကွက်သစ်ပိုင်းရှိ အိမ်ခြေ (၁၀၅) လုံး၊ အိမ်ထောင်စု (၁၁၃) စု၊ လူဦးရေ (၅၀၇) ဦးတို့အတွက် သောက်သုံးရေဂါလံ (၆၀၀၀) အား ( ၄- ၅-၂၀၂၀) ရက်နေ့ (၁၁:၀၀) နာရီ အချိန်တွင် သွားရောက်ဖြန့်ဝေပေးခဲ့ပါကြောင်းသတင်းရရှိပါသည်။ #ha_drg #mgy_may2020 Source: မကွေးတိုင်းဒေသကြီးဦးစီးမှူးရုံး(ဘစမ)
-
COVID -19 ကူးစက်ရောဂါနှင့်ပတ်သက်၍ အသိပညာပေးခြင်းများ ဆောင်ရွက်မှုသတင်း
လူမှုဝန်ထမ်း၊ ကယ်ဆယ်ရေးနှင့် ပြန်လည်နေရာချထားရေးဝန်ကြီးဌာန၊ ဘေးအန္တရာယ်ဆိုင်ရာစီမံခန့်ခွဲမှုဉီးစီးဌာန၊ ကျောက်မဲခရိုင်ဦးစီးမှူးရုံးမှ တာဝန်ရှိသူများသည် (၄-၅-၂၀၂၀) ရက်နေ့တွင် ကျောက်မဲမြို့အတွင်းရှိ မွေတော်ကျေးရွာ၊ နားတွမ်ကျေးရွာနှင့် ဆိုင်းခေါင်ကျေးရွာများတွင် COVID-19 ရောဂါကူးစက်ပျံ့နှံမှုများမဖြစ်ပွားစေရန်အတွက် ဆောင်ရန်၊ ရှောင်ရန်များကို မြန်မာ၊ ရှမ်းဘာသာစကားများဖြင့် အသိပေးဟောပြောဆောင်ရွက်ခဲ့ပါကြောင်း သတင်းရရှိပါသည်။ Source: ကျောက်မဲခရိုင်ဦးစီးမှူးရုံး(ဘစမ) #ar #shn_may2020
-
COVID -19 ကူးစက်ရောဂါနှင့်ပတ်သက်၍ အသိပညာပေးခြင်းများ ဆောင်ရွက်မှုသတင်း
လူမှုဝန်ထမ်း၊ ကယ်ဆယ်ရေးနှင့် ပြန်လည်နေရာချထားရေးဝန်ကြီးဌာန၊ ဘေးအန္တရာယ်ဆိုင်ရာစီမံခန့်ခွဲ မှုဉီးစီးဌာန၊ မကွေးတိုင်းဒေသကြီးဦးစီးမှူးရုံးမှ တာဝန်ရှိသူများသည် (၄-၅-၂၀၂၀) ရက်နေ့ နံနက် (၀၇:၀၀) အချိန်မှ စတင်ပြီး မကွေးမြို့နယ်၊ ဂွေးချောင်း(တောင်)ကျေးရွာ၊ ဂွေးချောင်း(မြောက်)ကျေးရွာနှင့် ဘုရားကုန်းကျေးရွာများသို့ လှည့်လည်ပြီး COVID -19 ကူးစက်ရောဂါနှင့်ပတ်သက်ပြီး ဆောင်ရန်/ ရှောင်ရန်တို့ကို ရပ်ကွက်အုပ်ချုပ်ရေးမှူးများ၊ လူမှုဝန်ထမ်းဦးစီးဌာန၊ ကျန်းမာရေးဦးစီးဌာနတို့နှင့်အတူ ပူးပေါင်း၍ ရပ်ကွက်/ ကျေးရွာနေပြည်သူတို့အား အသိပညာပေးဟောပြောဆောင်ရွက်ခဲ့ပါကြောင်း သတင်းရရှိပါသည်။ #ar #mgy_may2020 Source: မကွေးတိုင်းဒေသကြီးဦးစီးမှူးရုံး(ဘစမ)
-
COVID -19 ကူးစက်ရောဂါနှင့်ပတ်သက်၍ အသိပညာပေးခြင်းများ ဆောင်ရွက်မှုသတင်း
လူမှုဝန်ထမ်း၊ ကယ်ဆယ်ရေးနှင့် ပြန်လည်နေရာချထားရေးဝန်ကြီးဌာန၊ ဘေးအန္တရာယ်ဆိုင်ရာစီမံခန့်ခွဲမှုဉီးစီးဌာန၊ ဆိပ်ဖြူ မြို့နယ်ဦးစီးမှူးရုံးမှ တာဝန်ရှိသူများသည် (၄-၅-၂၀၂၀)ရက်နေ့ နံနက် (၀၈:၀၀) အချိန်မှ (၁၁:၀၀) အချိန်အထိ ကျေးရွာအုပ်ချုပ်ရေးမှူးနှင့်အတူပူးပေါင်း၍ မကွေးတိုင်းဒေသကြီး၊ ပခုက္ကူခရိုင်၊ ဆိပ်ဖြူမြို့နယ်၊ ပင်းတလဲကျေးရွာအုပ်စုရှိ ပင်းတလဲကျေးရွာ ၊ ချောင်းမကြီးကျေးရွာအုပ်စုရှိ ချောင်းမကြီး(ရှေ့)ကျေးရွာ၊ ချောင်းမကြီး(နောက်)ကျေးရွာ၊ မယ်ဇလီကွေ့ ကျေးရွာနှင့် တူရွင်းမျော ကျေးရွာတို့တွင် လှည့်လည်၍ covid 19 ရောဂါနှင့်ပတ်သက်ပြီး ဆောင်ရန်/ရှောင်ရန် အချက်များအား အသိပညာပေးခြင်းများ ဆောင်ရွက်ခဲ့ပါကြောင်း သတင်းရရှိပါသည်။ Source: ဆိပ်ဖြူ မြို့နယ်ဦးစီးမှူးရုံး(ဘစမ) #ar … Read more
-
မော်လိုက်မြို့နယ်၊ ကျေးရွာများအတွင်း COVID-19 ကူးစက်ရောဂါနှင့်ပတ်သက်၍ အသိပညာပေး ဆောင်ရွက်မှုသတင်း
လူမှုဝန်ထမ်း၊ ကယ်ဆယ်ရေးနှင့် ပြန်လည်နေရာချထားရေးဝန်ကြီးဌာန၊ ဘေးအန္တရာယ်ဆိုင်ရာ စီမံခန့်ခွဲမှုဦးစီးဌာန၊ မော်လိုက်ခရိုင်ဦးစီးမှူးရုံးမှ တာဝန်ရှိသူများသည် (၄-၅-၂၀၂၀) ရက်နေ့တွင် စစ်ကိုင်းတိုင်းဒေသကြီး၊ မော်လိုက်မြို့နယ်အတွင်းရှိ သာနန်းတောကျေးရွာနှင့် ခုန်သာကျေးရွာများ၌ COVID-19 ရောဂါကူးစက်ပျံ့နှံ့မှုများမဖြစ်ပွားစေရန် အများပြည်သူများ အလွယ်တကူသိရှိလိုက်နာဆောင်ရွက်ရန်အချက်များကို ကျေးရွာအုပ်ချုပ်ရေးမှူးများ၊ ရပ်မိ၊ ရပ်ဖများနှင့်အတူ အသိပညာပေး ဆောင်ရွက်ခဲ့ကြောင်း သတင်းရရှိပါသည်။ #ar #sgg_may2020 Source: မော်လိုက်ခရိုင်ဦးစီးမှူးရုံး (ဘစမ)









