လူမှုဝန်ထမ်း၊ ကယ်ဆယ်ရေးနှင့် ပြန်လည်နေရာချထားရေးဝန်ကြီးဌာန၊ ဘေးအန္တရာယ်ဆိုင်ရာစီမံခန့်ခွဲ မှုဉီးစီးဌာန၊ မကွေးတိုင်းဒေသကြီးဦးစီးမှူးရုံးမှ တာဝန်ရှိသူများသည် သောက်သုံးရေခက်ခဲသော မကွေး မြို့နယ်၊ ကြာကန်ကျေးရွာအုပ်စု၊ ကြာကန်ကျေးရွာ(ကားဂိတ်တန်း)၊ ဦးဝင်းကြည်(တဲတိုက်)၊ ဒေါ်အေး (တဲတိုက်)နှင့် အောင်ချမ်းသာကွက်သစ်ပိုင်းရှိ အိမ်ခြေ (၁၀၅) လုံး၊ အိမ်ထောင်စု (၁၁၃) စု၊ လူဦးရေ (၅၀၇) ဦးတို့အတွက် သောက်သုံးရေဂါလံ (၆၀၀၀) အား ( ၄- ၅-၂၀၂၀) ရက်နေ့ (၁၁:၀၀) နာရီ အချိန်တွင် သွားရောက်ဖြန့်ဝေပေးခဲ့ပါကြောင်းသတင်းရရှိပါသည်။
#ha_drg
#mgy_may2020
Source: မကွေးတိုင်းဒေသကြီးဦးစီးမှူးရုံး(ဘစမ)