Category Archives: News
-
COVID-19 ရောဂါနှင့် ပတ်သက်၍ အသိပညာပေးလုပ်ငန်းများဆောင်ရွက်မှုသတင်း
လူမှုဝန်ထမ်း၊ ကယ်ဆယ်ရေးနှင့်ပြန်လည်နေရာချထားရေး ဝန်ကြီးထားဌာန၊ ဘေးအန္တရာယ်ဆိုင်ရာစီမံခန့်ခွဲမှုဉီးစီးဌာန၊ မွန် ပြည်နယ်ဉီးစီးမှူးရုံးမှ တာဝန်ရှိသူများသည် (၁၂-၅-၂၀၂၀) ရက်နေ့ မွန်ပြည်နယ်၊ မော်လမြိုင်မြို့နယ်၊ ကော့လှာကျေးရွာနှင့် ဖဲထော်ကျေးရွာတို့တွင် COVID -19 ကူးစက်ရောဂါနှင့်ပတ်သက်၍ ကြိုတင်ကာကွယ် ထိန်းချုပ်နိုင်ရန် ပြည်သူများထံသို့ အသိပညာပေး ပန်ကြားချက်များ အား အသံချဲ့စက်များဖြင့် လှည့်လည်အသိပေး ဟောပြောခြင်း၊ ဗီနိုင်းပိုစတာပေးအပ်ခြင်းများ ဆောင်ရွက်ခဲ့ပါကြောင်း သတင်းရရှိပါသည်။ #ar #mon_may2020 Source: မွန်ပြည်နယ်ဦးစီးမှူးရုံး (ဘစမ)
-
Covid-19 ကူးစက်ရောဂါအသိပညာပေး ဆောင်ရွက်ခြင်းနှင့် သဘာဝဘေးအသိပညာပေးလက်ကမ်းစာစောင်များ ဖြန့်ဝေခြင်း
လူမှုဝန်ထမ်း၊ ကယ်ဆယ်ရေးနှင့်ပြန်လည်နေရာချထားရေးဝန်ကြီးဌာန၊ ဘေးအန္တရာယ်ဆိုင်ရာစီမံခန့်ခွဲမှုဦးစီးဌာန၊ မော်လိုက်ခရိုင်ဉီးစီးမှူးရုံးမှ တာဝန်ရှိသူများသည် ရပ်မိ/ဖများနှင့်ပူးပေါင်းပြီး (၁၂.၅.၂၀၂၀)ရက်နေ့တွင် ကုန်းခါတွန်ကျေးရွာနှင့် ရေခါတွန်ကျေးရွာတို့တွင် COVID.19 ရောဂါကူးစက်ပြန့်ပွါးမှုမရှိစေရေး ဆောင်ရန်ရှောင်ရန်အချက်များအား အသိပညာပေးနိုးဆော်ခဲ့ပြီး ကျေးရွာများအတွင်း ငလျင်ဘေး၊ မီးဘေးနှင့် မုန်တိုင်းဘေးအသိပညာပေးလက်ကမ်းစာစောင်များဖြန့်ဝေခဲ့ကြောင်း သတင်းရရှိပါသည်။ #ar #sgg_may2020 Source: မော်လိုက်ခရိုင်ဦးစီးမှူးရုံး (ဘစမ)
-
Covid-19 ကူးစက်ရောဂါအသိပညာပေး ဆောင်ရွက်ခြင်း
လူမူဝန်ထမ်း၊ ကယ်ဆယ်ရေးနှင့်ပြန်လည်ပြန်လည်နေရာချထားရေးဝန်ကြီးဌာန၊ ဘေးအန္တရာယ်ဆိုင်ရာစီမံခန့်ခွဲမှုဉီးစီးဌာန၊ ကြာအင်းဆိပ်ကြီးမြို့နယ်ဉီးစီးမှူးရုံးမှတာဝန်ရှိသူများသည် (၁၂.၅.၂၀၂၀)ရက်နေ့နံနက် (၀၈း၀၀)နာရီမှနေ့လည်(၁း၀၀)နာရီအချိန်ထိ ကြာအင်းဆိပ်ကြီးမြို့နယ်အတွင်းရှိ ဇမိရတနာစျေး အမှတ်(၁)၊ အမှတ်(၂)၊ အမှတ်(၃)၊ အမှတ်(၄)၊ အမှတ်(၅)၊ အမှတ်(၆)ရပ်ကွက်များသို့ သွားရောက်၍ COVID-19 ရောဂါပျံ့နှံ့မှုများမဖြစ်ပွားစေရန်အတွက် အသံချဲ့စက်များဖြင့် အသိပညာပေးဟောပြောခြင်းများ ဆောင်ရွက်ခဲ့ကြောင်း သတင်းရရှိပါသည်။ #ar #krn_may2020 Source: ကြာအင်းဆိပ်ကြီးမြို့နယ်ဦးစီးမှူးရုံး (ဘစမ)
-
COVID-19 ရောဂါနှင့် ပတ်သက်၍ အသိပညာပေးလုပ်ငန်းများဆောင်ရွက်မှုသတင်း
လူမှုဝန်ထမ်း၊ ကယ်ဆယ်ရေးနှင့်ပြန်လည်နေရာချထားရေးဝန်ကြီး ထားဌာန၊ ဘေးအန္တရာယ်ဆိုင်ရာစီမံခန့်ခွဲမှုဉီးစီးဌာန၊ လပွတ္တာ ခရိုင်ဉီးစီးမှူးရုံးမှ တာဝန်ရှိသူများသည် (၁၂.၅.၂၀၂၀) ရက်နေ့တွင်၊ နံနက်(၀၉:၀၀) နာရီမှ (၁၂:၀၀)နာရီအချိန်အထိ လပွတ္တာ မြို့နယ်၊ ဘာတာကုန်း ကျေးရွာအုပ်စု၊ ဘာတာကုန်းကျေးရွာ၊ အနန်းကုန်းကျေးရွာ၊ ကနစိုငုတ်ကျေးရွာနှင့် ကျောက်အိုင်ကျေးရွာ များသို့သွားရောက်၍ COVID – 19 နှင့်ပတ်သက်၍ ဆောင်ရန်/ရေှာင်ရန်များအား လိုက်နာဆောင်ရွက်သွားကြရန် လှည့်လည်၍ အသိပညာပေး ပြောကြားခဲ့ပါကြောင်း သတင်းရရှိပါသည်။ #ar #ayy_may2020 Source: လပွတ္တာခရိုင်ဦးစီးမှူးရုံး (ဘစမ)
-
COVID -19 ကူးစက်ရောဂါနှင့်ပတ်သက်၍ အသိပညာပေးဆောင်ရွက်မှုသတင်း
လူမှုဝန်ထမ်း၊ ကယ်ဆယ်ရေးနှင့် ပြန်လည်နေရာချထားရေးဝန်ကြီးဌာန၊ ဘေးအန္တရာယ်ဆိုင်ရာစီမံ ခန့်ခွဲမှုဦးစီးဌာန၊ ကော့ကရိတ်ခရိုင်ဦးစီးမှူးရုံးမှ တာဝန်ရှိသူများသည်(၁၂-၅-၂၀၂၀)ရက်နေ့၊ နံနက် (၀၈:၀၀)နာရီချိန်မှ နေ့လည်(၁၂:၀၀)နာရီချိန်ထိ မီးသတ်ဦးစီးဌာန၊ ပြန်ကြားရေးနှင့် ပြည်သူ့ ဆက်ဆံရေး ဦးစီးဌာနတို့နှင့်ပူးပေါင်း၍ ကော့ကရိတ်မြို့၊ လောင်းကိုင်ကျေးရွာအုပ်စုအတွင်းရှိ လောင်းကိုင်ကျေးရွာ၊ ဖားကျကျေးရွာ၊ နောင်တလားကျေးရွာ၊ မိတလန်းနိုင်ကျေးရွာနှင့် ကမော့ကတူးကျေးရွာတို့၌ COVID-19 ကူးစက်မြန်အဆုတ်ရောင်ရောဂါ ပြန့်ပွားမှုမရှိစေရေးအတွက် ဆောင်ရန်/ရှောင်ရန်တို့အား အသံချဲ့စက်ဖြင့်ကျေးရွာနေပြည်သူများသို့ အသိပညာပေး ဆောင်ရွက်ခဲ့ ကြောင်း သတင်းရရှိပါသည်။ Source: ကော့ကရိတ်ခရိုင်ဦးစီးမှူးရုံး (ဘစမ) #ar #krn_may2020
-
Covid-19 ရောဂါကြိုတင်ကာကွယ်ရေး အသိပညာပေးဆောင်ရွက်ခြင်း
လူမှုဝန်ထမ်း၊ ကယ်ဆယ်ရေးနှင့်ပြန်လည်နေရာချထားရေးဝန်ကြီးဌာန၊ ဘေးအန္တရာယ်ဆိုင်ရာစီမံခန့်ခွဲမှုဦးစီးဌာန၊ ဟင်္သာတခရိုင်ဦးစီးမှူးရုံးမှ တာဝန်ရှိသူများသည် (၁၂-၅-၂၀၂၀) ရက်နေ့ (၀၉:၀၀)နာရီချိန်မှ (၁၂း၀၀ )နာရီထိ လေးမျက်နှာမြို့နယ်အတွင်းရှိ လက်သမား(ကရင်)အုပ်စု၊ လက်သမား(ကရင်)ကျေးရွာ၊ လက်သမား(မြန်မာ)အုပ်စု၊ လက်သမားကျေးရွာ၊ အိုင်ဇောက်ကျေးရွာ၊ နှမ်းကုန်းကျေးရွာ၊ ခွေးသေကျေးရွာတို့တွင် လှည့်လည်ပြီး လတ်တလောဖြစ်ပွါးလျှက်ရှိသောCOVID-19 ကူးစက်ရောဂါနှင့်ပတ်သက်ပြီး ဆောင်ရန်/ရှောင်ရန်များအား ကျေးရွာနေပြည်သူများအား အသိပညာပေးနှိုးဆော်ခြင်းများဆောင်ရွက်ခဲ့ကြောင်း သတင်းရရှိပါသည်။ #ar #ayy_may2020 Source: ဟင်္သာတခရိုင်ဦးစီးမှူးရုံး (ဘစမ)
-
COVID -19 ကူးစက်ရောဂါနှင့်ပတ်သက်၍ အသိပညာပေးဆောင်ရွက်မှုသတင်း
လူမှုဝန်ထမ်း၊ ကယ်ဆယ်ရေးနှင့် ပြန်လည်နေရာချထားရေးဝန်ကြီးဌာန၊ ဘေးအန္တရာယ်ဆိုင်ရာစီမံ ခန့်ခွဲမှုဦးစီးဌာန၊ ဂန့်ဂေါခရိုင်ဦးစီးမှူးရုံးမှ တာဝန်ရှိသူများသည် (၁၁-၅-၂၀၂၀)ရက်နေ့ (ဝ၈:၃၀) နာရီမှ (၁၇:၃၀) နာရီအချိန်ထိ မြို့နယ်အထွေထွေအုပ်ချုပ်ရေးဦးစီးဌာန၊ ဌာနဆိုင်ရာများမှ တာဝန်ရှိသူများဖြင့်ပူးပေါင်း၍ လတ်တလောနိုင်ငံအသီးသီးတွင် ကူးစက်ပြန့်ပွားလျက်ရှိသည့် COVID-19 ရောဂါကြိုတင်ကာကွယ်ရေးအတွက် ဂန့်ဂေါခရိုင်အတွင်း ယာဉ်ဝင်/ထွက်အတွက် စီးနင်းလိုက်ပါလာသော ခရီးသည်များအား ကိုယ်အပူချိန်တိုင်းထွာပေးခြင်းနှင့် ပြည်တွင်း/ပမှ ပြန်လာသူများအား စာရင်းပြုစုခြင်းတို့ကို ဆောင်ရွက်ခဲ့ကြောင်း သတင်းရရှိပါသည်။ Source: ဂန့်ဂေါခရိုင်ဦးစီးမှူးရုံး (ဘစမ) #ar #mgy_may2020
-
COVID-19 ရောဂါနှင့် ပတ်သက်၍ အသိပညာပေးလုပ်ငန်းများဆောင်ရွက်မှုသတင်း
လူမှုဝန်ထမ်း၊ ကယ်ဆယ်ရေးနှင့်ပြန်လည်နေရာချထားရေးဝန်ကြီးဌာန၊ ဘေးအန္တရာယ်ဆိုင်ရာစီမံခန့်ခွမှုဦးစီးဌာန၊ တာချီလိတ် မြို့နယ်ဦးစီးမှူးရုံးမှ တာဝန်ရှိသူများသည် (၁၂-၅-၂၀၂၀) ရက်နေ့တွင် တာချီလိတ်မြို့၊ မိုင်းဖုန်းကျေးရွာအုပ်စု၊ ဝမ်ဆောက်ခုံ ကျေးရွာ၊ ဝမ်မိုင်(၁)ကျေးရွာ၌ Covid-19 ရောဂါကူးစက်ပျံ့နှံ့မှုမဖြစ်ပွားစေရန် သိရှိလိုက်နာဆောင်ရွက်ရမည့်အချက်များကို ရှမ်းဘာသာ၊ မြန်မာဘာသာဖြင့် လှည့်လည်ဆောသြခဲ့ပြီး အသိပညာပေး လုပ်ငန်းများဆောင်ရွက်ခဲ့ပါကြောင်း သတင်းရရှိပါသည်။ #ar #shn_may2020 Source: တာချီလိတ်မြို့နယ်ဦးစီးမှူးရုံး (ဘစမ)
-
သောက်သုံးရေဖြန့်ဝေမှုသတင်း
လူမှုဝန်ထမ်း၊ ကယ်ဆယ်ရေးနှင့် ပြန်လည်နေရာချထားရေးဝန်ကြီးဌာန၊ ဘေးအန္တရာယ်ဆိုင်ရာစီမံ ခန့်ခွဲမှုဦးစီးဌာန၊ ရေစကြိုမြို့နယ်ဦးစီးမှူးရုံးမှတာဝန်ရှိသူများသည် (၁၂-၅-၂၀၂၀)ရက်နေ့၊ (၁၀:၀၀)နာရီအချိန်တွင် ရေစကြိုမြို့နယ်၊ ထန်ငြယ်တောကျေးရွာအုပ်စု၊ ကွမ်းသီးကန်ကျေးရွာရှိ အိမ်ခြေ (၁၉၃) လုံး၊ အိမ်ထောင်စု (၁၉၉)စု၊ လူဦးရေ(၉၂၁)ဦးတို့အတွက် သောက်သုံးရေဂါလံ (၃၆၀၀)အား ရင်ခွင်မဲ့ကလေးငယ်များလျော့ချရေးနှင့် ကာကွယ်စောင့်ရှောက်ရေးအသင်း၊ လူငယ်လုပ်ငန်းအဖွဲ့တို့နှင့်ပူးပေါင်းကာ သွားရောက် ဖြန့်ဝေခဲ့ပါကြောင်း သတင်းရရှိပါသည်။ Source: ရေစကြိုမြို့နယ်ဦးစီးမှူးရုံး (ဘစမ) #ha_drg #mgy_may2020
-
Covid-19 ရောဂါကြိုတင်ကာကွယ်ရေး အသိပညာပေးဆောင်ရွက်ခြင်း
လူမှုဝန်ထမ်း၊ ကယ်ဆယ်ရေးနှင့်ပြန်လည်နေရာချထားရေးဝန်ကြီးဌာန၊ ဘေးအန္တရာယ်ဆိုင်ရာစီမံခန့်ခွဲမှုဦးစီးဌာန၊ မကွေးတိုင်းဒေသကြီး၊ ပခုက္ကူခရိုင်၊ ဆိပ်ဖြူမြို့နယ် ဦးစီးမှူးရုံးမှတာဝန်ရှိသူများသည် (၁၂.၅.၂၀၂၀)ရက်နေ့ နံနက် (၀၇:၀၀) အချိန်မှ (၁၀:၀၀) အချိန်အထိ ကျေးရွာအုပ်ချုပ်ရေးမှူးနှင့်အတူပူးပေါင်း၍ မြင်ကဝကျေးရွာ အုပ်စုရှိ မြင်ကဝကျေးရွာ၊ ဆူးလေကုန်းကျေးရွာ၊ ကျီးပင်ကျေးရွာနှင့် အောက်ဆိပ်ကျေးရွာတို့တွင် လှည့်လည်၍ covid 19 ရောဂါနှင့်ပတ်သက်ပြီး ဆောင်ရန်၊ရှောင်ရန် အချက်များအား အသိပညာပေးခြင်းများ ဆောင်ရွက်ခဲ့ကြောင်း သတင်းရရှိပါသည်။ #ar #mgy_may2020 Source: ဆိပ်ဖြူမြို့နယ်ဦးစီးမှူးရုံး (ဘစမ)









