လူမူဝန်ထမ်း၊ ကယ်ဆယ်ရေးနှင့်ပြန်လည်ပြန်လည်နေရာချထားရေးဝန်ကြီးဌာန၊ ဘေးအန္တရာယ်ဆိုင်ရာစီမံခန့်ခွဲမှုဉီးစီးဌာန၊ ကြာအင်းဆိပ်ကြီးမြို့နယ်ဉီးစီးမှူးရုံးမှတာဝန်ရှိသူများသည် (၁၂.၅.၂၀၂၀)ရက်နေ့နံနက် (၀၈း၀၀)နာရီမှနေ့လည်(၁း၀၀)နာရီအချိန်ထိ ကြာအင်းဆိပ်ကြီးမြို့နယ်အတွင်းရှိ ဇမိရတနာစျေး အမှတ်(၁)၊ အမှတ်(၂)၊ အမှတ်(၃)၊ အမှတ်(၄)၊ အမှတ်(၅)၊ အမှတ်(၆)ရပ်ကွက်များသို့ သွားရောက်၍ COVID-19 ရောဂါပျံ့နှံ့မှုများမဖြစ်ပွားစေရန်အတွက် အသံချဲ့စက်များဖြင့် အသိပညာပေးဟောပြောခြင်းများ ဆောင်ရွက်ခဲ့ကြောင်း သတင်းရရှိပါသည်။
#ar
#krn_may2020
Source: ကြာအင်းဆိပ်ကြီးမြို့နယ်ဦးစီးမှူးရုံး (ဘစမ)