Category Archives: News
-
မင်းဘူးမြို့၊ အဝိုင်းပတ်၌ COVID-19 ရောဂါကာကွယ်ရေးအတွက် အသိပညာပေးလုပ်ငန်းများ ဆောင်ရွက်မှုသတင်း
လူမှုဝန်ထမ်း၊ ကယ်ဆယ်ရေးနှင့် ပြန်လည်နေရာချထားရေး ဝန်ကြီးဌာန၊ ဘေးအန္တရာယ်ဆိုင်ရာစီမံခန့်ခွဲမှုဦးစီးဌာန၊ မင်းဘူးခရိုင် ဦးစီးမှူးရုံးမှ တာဝန်ရှိသူများသည် မြို့နယ်အထွေထွေအုပ်ချုပ်ရေးဦးစီး ဌာနနှင့် ဌာနဆိုင်ရာများမှ တာဝန်ရှိသူများနှင့်ပူးပေါင်း၍ (၂၃-၅-၂၀၂၀) ရက်နေ့၊ (ဝ၇:၀၀) နာရီမှ (၀၉:၃၀) နာရီအချိန်ထိ COVID-19 ရောဂါကာကွယ်ရေးအတွက် မင်းဘူးမြို့၊ အဝိုင်းပတ်၌ နှာခေါင်းစည်း (Mask) တပ်ဆင်ခြင်းမရှိဘဲ ယာဉ်များဖြင့် စီးနင်းလိုက်ပါလာသော ပြည်သူများအား အသိပညာပေးခြင်းလုပ်ငန်းများ ဆောင်ရွက် ခဲ့ပါကြောင်း သတင်းရရှိပါသည်။ #ar #mgy_may2020 Source: မင်းဘူးခရိုင်ဦးစီးမှူးရုံး (ဘစမ)
-
COVID-19 ကူးစက်ရောဂါနှင့်စပ်လျဉ်း၍ အသိပညာပေးခြင်းဆောင်ရွက်မှုသတင်း
လူမှုဝန်ထမ်း၊ ကယ်ဆယ်ရေးနှင့် ပြန်လည်နေရာချထားရေးဝန်ကြီးဌာန၊ ဘေးအန္တရာယ်ဆိုင်ရာစီမံခန့်ခွဲမှုဦးစီး ဌာန၊ ပဲခူးတိုင်းဒေသကြီးဦးစီးမှူးရုံးမှတာဝန်ရှိသူများသည် (၂၃-၅-၂၀၂၀) ရက်နေ့တွင် ဇီးကုန်းမြို့နယ်၊ လယ်မကျေးရွာ၊ တာပွန်ကျေးရွာ၊ ဝက်ကော်ကျေးရွာ၊ ဝက်စားပိုးကျေးရွာ၊ မယင်းကျေးရွာ၊ အမှတ်(၃)ရပ်ကွက်နှင့် အမှတ်(၄)ရပ်ကွက်တို့၌ COVID-19 ကူးစက်ရောဂါနှင့်စပ်လျဉ်း၍ ဆောင်ရန်/ရှောင်ရန်အချက်များကို အသိပညာပေးနှိုးဆော်ခဲ့ပါကြောင်း သတင်းရရှိပါသည်။ #ar #bgo_may2020 Source: ပဲခူးတိုင်းဒေသကြီးဦးစီးမှူးရုံး(ဘစမ)
-
COVID-19 ကူးစက်ရောဂါနှင့်စပ်လျဉ်း၍ အသိပညာပေးခြင်းဆောင်ရွက်မှုသတင်း
လူမှုဝန်ထမ်း၊ ကယ်ဆယ်ရေးနှင့် ပြန်လည်နေရာချထားရေးဝန်ကြီးဌာန၊ ဘေးအန္တရာယ်ဆိုင်ရာစီမံခန့်ခွဲမှုဦးစီး ဌာန၊ မကွေးတိုင်းဒေသကြီးဦးစီးမှူးရုံးမှတာဝန်ရှိသူများသည် (၂၂-၅-၂၀၂၀) ရက်နေ့၊ (၀၇:၀၀) နာရီအချိန်မှစတင်၍ မြို့သစ်မြို့နယ်၊ လှေဝန်းကျေးရွာ၊ ရေပြည့်ကျေးရွာနှင့် ဆင်ဖြူချီကျေးရွာများ၌ COVID-19 ကူးစက်ရောဂါနှင့်စပ်လျဉ်း၍ ဆောင်ရန်/ရှောင်ရန်အချက်များကို ရပ်ကွက်အုပ်ချုပ်ရေးမှူးတို့နှင့်ပူးပေါင်း၍ အသိပညာပေးနှိုးဆော်ခဲ့ပါကြောင်း သတင်းရရှိပါသည်။ #ar #mgy_may2020 Source: မကွေးတိုင်းဒေသကြီးဦးစီးမှူးရုံး(ဘစမ)
-
COVID-19 ရောဂါနှင့် ပတ်သက်၍ အသိပညာပေးလုပ်ငန်းများဆောင်ရွက်မှုသတင်း
လူမှုဝန်ထမ်း၊ ကယ်ဆယ်ရေးနှင့် ပြန်လည်နေရာချထားရေး ဝန်ကြီးဌာန၊ ဘေးအန္တရာယ်ဆိုင်ရာစီမံခန့်ခွဲမှုဦးစီးဌာန၊ သာပေါင်း မြို့နယ်ဦးစီးမှူးရုံးမှ တာဝန်ရှိသူများသည် ပုသိမ်ခရိုင်၊ သာပေါင်းမြို့နယ်၊ ရှမ်းကွင်းကျေးရွာအုပ်စု၊ ရှမ်းကွင်းကျေးရွာ၊ လယ်တီ ချောင်ကျေးရွာ၊ ညောင်ကုန်းကျေးရွာ၌ ကျေးရွာအုပ်စုအုပ်ချုပ်ရေးမှူး၊ရပ်မိရပ်ဖများ၊ ကျေးရွာရှိတာ၀န်ရှိသူများနှင့်အတူ (၂၂-၅-၂၀၂၀)ရက်နေ့၌ (၁၁:၄၅)နာရီအချိန်၌ လက်တလောနိုင်ငံအသီးသီးတွင် ကူးစက်ပြန့်ပွားလျက်ရှိသော COVID-19 ကူးစက် ရောဂါနှင့်ပတ်သက်ပြီး ဆောင်ရန်/ရှောင်ရန်များကို ကျေးရွာ/ရပ်ကွက်နေပြည်သူတို့အား အသိပညာပေးဟောပြော ဆောင်ရွက်ခဲ့ ပါကြောင်း သတင်းရရှိပါသည်။ #ar #ayy_may2020 Source: သာပေါင်းမြို့နယ်ဦးစီးမှူးရုံး (ဘစမ)
-
COVID-19 ကူးစက်ရောဂါနှင့်စပ်လျဉ်း၍ အသိပညာပေးခြင်းဆောင်ရွက်မှုသတင်း
လူမှုဝန်ထမ်း၊ ကယ်ဆယ်ရေးနှင့် ပြန်လည်နေရာချထားရေးဝန်ကြီးဌာန၊ ဘေးအန္တရာယ်ဆိုင်ရာစီမံခန့်ခွဲမှုဦးစီး ဌာန၊ မိုးမိတ်မြို့နယ်ဦးစီးမှူးရုံးမှတာဝန်ရှိသူများသည် လူမှုဝန်ထမ်းဦးစီးဌာနနှင့်ပူးပေါင်း၍ (၂၂-၅-၂၀၂၀) ရက်နေ့တွင် မိုးမိတ်မြို့နယ်၊ မိုးဘုံကျေးရွာ Quarantine Center ရှိပြည်သူများကို စိတ်ဖိစီးမှုလျော့နည်းစေရန်၊ စိတ်အပန်းပြေစေရန်နှင့် COVID-19 ကူးစက်ရောဂါနှင့်စပ်လျဉ်း၍ လိုက်နာဆောင်ရွက်ရန်လိုအပ်ချက်များအား အသိပညာပေးခြင်းအစီအစဉ်ကို ဆောင်ရွက်ခဲ့ပါကြောင်း သတင်းရရှိပါသည်။ #ar #shn_may2020 Source: မိုးမိတ်မြို့နယ်ဦးစီးမှူးရုံး(ဘစမ)
-
မြန်အောင်မြို့နယ် လေပြင်းဘေးသင့်ပြည်သူများအတွက် ထောက်ပံ့မှုသတင်း
လူမှုဝန်ထမ်း၊ ကယ်ဆယ်ရေးနှင့် ပြန်လည်နေရာချထားရေးဝန်ကြီးဌာန၊ ဘေးအန္တရာယ်ဆိုင်ရာစီမံခန့်ခွဲမှုဦးစီးဌာန၊ ဟင်္သာတခရိုင်ဦးစီးမှူးရုံးမှ တာဝန်ရှိသူများသည် မြန်အောင်မြို့နယ်၊ ကနောင်မြို့၊ ရိုက်စုရပ်ကွက်၌ (၂၁-၅-၂၀၂၀) ရက်နေ့တွင် ဖြစ်ပွားခဲ့သော လေပြင်းတိုက်ခတ်မှုကြောင့် ပြိုကျပျက်စီးခဲ့သော အိမ်ခြေ(၁)လုံး၊ ၎င်းအိမ်ထောင်စု (၁)စုရှိ လူဦးရေ(၁)ဦးတို့အတွက် ကယ်ဆယ်ရေးပစ္စည်း (၁၆)မျိုး၊ အိမ်ဆောက်ပစ္စည်းဖိုးထောက်ပံ့ငွေ (၁၀၀၀၀၀) ကျပ်၊ ဆန်ရိက္ခာဖိုးငွေ (၂၁၀၀) ကျပ်၊ စုစုပေါင်းထောက်ပံ့ငွေ (၁၀၂၁၀၀) ကျပ်တိတိကိုလည်းကောင်း၊ မြန်အောင်မြို့နယ်၊ ကျွဲတဲကုန်းအုပ်စု၊ ဒေါင့်ကြီးရွာ၌ (၂၁-၅-၂၀၂၀) ရက်နေ့တွင် ဖြစ်ပွားခဲ့သော လေပြင်းတိုက်ခတ်မှုကြောင့် အမိုးလန်ပျက်စီးခဲ့သော အိမ်ခြေ(၂)လုံး၊ ၎င်းအိမ်ထောင်စု (၂)စုရှိ … Read more
-
မြဝတီမြို့အတွင်း COVID-19 ကူးစက်ရောဂါနှင့်ပတ်သက်၍ အသိပညာပေး ဆောင်ရွက်မှုသတင်း
လူမှုဝန်ထမ်း၊ ကယ်ဆယ်ရေးနှင့် ပြန်လည်နေရာချထားရေးဝန်ကြီးဌာန၊ ဘေးအန္တရာယ်ဆိုင်ရာစီမံခန့်ခွဲမှုဦးစီးဌာန၊ မြဝတီခရိုင်ဦးစီးမှူးရုံးမှ တာဝန်ရှိသူများသည် (၂၂-၅-၂၀၂၀) ရက်နေ့တွင် ပြန်လည်ထူထောင်ရေးဦးစီးဌာန၊ ပြန်ကြားရေးနှင့် ပြန်သူ့ဆက်ဆံရေးဦးစီးဌာန၊ မြန်မာနိုင်ငံကြက်ခြေနီအသင်းတို့နှင့်ပူးပေါင်း၍ မြဝတီမြို့အတွင်းရှိ မယ်ထော်သလေးကျေးရွာ၊ ထီးမယ်ဝါးခီးကျေးရွာ၊ မင်းလက်ပံကျေးရွာ၊ ဖလူးကြီးကျေးရွာနှင့် ဖလူးလေးကျေးရွာတို့၌ Covid-19 ကူးစက်ရောဂါနှင့်ပတ်သက်၍ အများပြည်သူများ သိရှိလိုက်နာရန်အချက်များအား အသိပညာပေးဆောင်ရွက်ခဲ့ကြောင်း သတင်းရရှိပါသည်။ #ar #krn_may2020 Source: မြဝတီခရိုင်ဦးစီးမှူးရုံး (ဘစမ)
-
မြိတ်မြို့နယ်အတွင်း COVID-19 ကူးစက်ရောဂါနှင့်ပတ်သက်၍ အသိပညာပေး ဆောင်ရွက်မှုသတင်း
လူမှုဝန်ထမ်း၊ ကယ်ဆယ်ရေးနှင့် ပြန်လည်နေရာချထားရေးဝန်ကြီးဌာန၊ ဘေးအန္တရာယ်ဆိုင်ရာစီမံခန့်ခွဲမှုဦးစီးဌာန၊ မြိတ်ခရိုင်ဦးစီးမှူးရုံးမှ တာဝန်ရှိသူများသည် (၂၂-၅-၂၀၂၀) ရက်နေ့တွင် မြိတ်မြို့နယ် စလွန်း၊ တောင်ရှည်၊ တောင်ညို၊ ပြင်းတောင်၊ တောင်ယာထဲနှင့် တပ်တောင်ကျေးရွာများအတွင်း COVID-19 ရောဂါကူးစက်ပျံ့နှံ့မှုများ မရှိစေရေးအတွက် အသိပညာပေးဆော်သြခြင်းနှင့် ဗီနိုင်းပိုစတာကပ်ခြင်းတို့အား ဆောက်ရွက်ခဲ့ကြောင်း သတင်းရရှိပါသည်။ #ar #tny_may2020 Source: မြိတ်ခရိုင်ဦးစီးမှူးရုံး (ဘစမ)
-
ဂန့်ဂေါခရိုင်အတွင်း ယာဉ် ဝင်/ထွက်နေရာများ၌ COVID-19 ရောဂါကြိုတင်ကာကွယ်ရေးလုပ်ငန်းများ ဆောင်ရွက်မှုသတင်း
လူမှုဝန်ထမ်း၊ ကယ်ဆယ်ရေးနှင့် ပြန်လည်နေရာချထားရေးဝန်ကြီးဌာန၊ ဘေးအန္တရာယ်ဆိုင်ရာစီမံခန့်ခွဲမှုဦးစီးဌာန၊ ဂန့်ဂေါခရိုင်ဦးစီးမှူးရုံးမှ တာဝန်ရှိသူများသည် မြို့နယ်အထွေထွေအုပ်ချုပ်ရေးဦးစီးဌာနနှင့် ဌာနဆိုင်ရာများမှ တာဝန်ရှိသူများနှင့်ပူးပေါင်း၍ (၂၂-၅-၂၀၂၀) ရက်နေ့၊ (ဝ၈:၃၀) နာရီမှ (၁၇:၃၀) နာရီအချိန်ထိ COVID-19 ရောဂါကြိုတင်ကာကွယ်ရေးအတွက် ဂန့်ဂေါခရိုင်အတွင်း ယာဉ် ဝင်/ထွက်နေရာများ၌ ယာဉ်များဖြင့် စီးနင်းလိုက်ပါလာသော ခရီးသည်များအား ကိုယ်အပူချိန်တိုင်းထွာပေးခြင်းနှင့် ပြည်တွင်း/ပမှ ပြန်လာသူများအား စာရင်းပြုစုခြင်းတို့ကို ဆောင်ရွက်ခဲ့ကြောင်း သတင်းရရှိပါသည်။ #ar #mgy_may2020 Source: ဂန့်ဂေါခရိုင်ဦးစီးမှူးရုံး (ဘစမ)
-
Covid-19 ကူးစက်ရောဂါနှင့်ပတ်သက်၍ ပြည်သူများအားအသိပညာပေးနှိုးဆော်မှုသတင်း
လူမှုဝန်ထမ်း၊ ကယ်ဆယ်ရေးနှင့် ပြန်လည်နေရာချထားရေးဝန်ကြီးဌာန၊ ဘေးအန္တရာယ်ဆိုင်ရာစီမံခန့်ခွဲမှုဉီးစီးဌာန၊ ဖျာပုံခရိုင်ဦးစီးမှူးရုံးမှတာဝန်ရှိသူများသည် (၂၂-၅-၂၀၂၀) ရက်နေ့ နံနက် (၁၂:၃၀) အချိန်မှ ညနေ(၁၅:၃၀) အချိန်အထိ ပြည်သူများအား COVID-19 ရောဂါကူးစက်ပြန့်နှံ့မှုများ မဖြစ်ပွားစေရေး သိရှိလိုက်နာဆောင်ရွက်ရမည့် အချက်များနှင့် ပတ်သက်၍ အသိပညာပေးခြင်းကို ဒေးဒရဲမြို့နယ်၊ သောကြာကျေးရွာအုပ်စု၊ ဌက်ချောင်းကျေးရွာ၊ တမံစုကျေးရွာ၊ ကျုံလှကျေးရွာ၊ ဂွေးချောင်းကျေးရွာ၊ ဂွေးကုန်းအထက်၊ ဂွေးကုန်းအောက်ကျေးရွာ၊ ရေပလုံကွေ့ကျေးရွာ၊ ကျုံလွတ်တမံကျေးရွာ၊ မင်္ဂလာသောင်တန်းကျေးရွာရှိ ပြည်သူများသို့ ထိရောက်စွာ လိုက်လံအသိပေးဆောင်ရွက်ခဲ့ပြီး အသိပညာပေးဗီနိူင်းများကိုလည်း ပေးအပ်ခဲ့ပါကြောင်း သတင်းရရှိပါသည်။ #ar #ayy_may2020 Source: … Read more









