Covid-19 ကူးစက်ရောဂါနှင့်ပတ်သက်၍ ပြည်သူများအားအသိပညာပေးနှိုးဆော်မှုသတင်း

လူမှုဝန်ထမ်း၊ ကယ်ဆယ်ရေးနှင့် ပြန်လည်နေရာချထားရေးဝန်ကြီးဌာန၊ ဘေးအန္တရာယ်ဆိုင်ရာစီမံခန့်ခွဲမှုဉီးစီးဌာန၊ ဖျာပုံခရိုင်ဦးစီးမှူးရုံးမှတာဝန်ရှိသူများသည် (၂၂-၅-၂၀၂၀) ရက်နေ့ နံနက် (၁၂:၃၀) အချိန်မှ ညနေ(၁၅:၃၀) အချိန်အထိ ပြည်သူများအား COVID-19 ရောဂါကူးစက်ပြန့်နှံ့မှုများ မဖြစ်ပွားစေရေး သိရှိလိုက်နာဆောင်ရွက်ရမည့် အချက်များနှင့် ပတ်သက်၍ အသိပညာပေးခြင်းကို ​ဒေးဒရဲမြို့နယ်၊ ​သောကြာကျေးရွာအုပ်စု၊ ​ဌက်​ချောင်း​ကျေးရွာ၊ တမံစု​ကျေးရွာ၊ ကျုံလှ​ကျေးရွာ၊​ ဂွေး​ချောင်း​ကျေးရွာ၊ ​ဂွေးကုန်းအထက်၊​ ဂွေးကုန်း​အောက်​ကျေးရွာ၊​ ရေပလုံ​ကွေ့​ကျေးရွာ၊ ကျုံလွတ်တမံ​ကျေးရွာ၊ မင်္ဂလာ​သောင်တန်းကျေးရွာရှိ ပြည်သူများသို့ ထိရောက်စွာ လိုက်လံအသိပေးဆောင်ရွက်ခဲ့ပြီး အသိပညာ​ပေးဗီနိူင်း​များကိုလည်း ပေးအပ်ခဲ့ပါကြောင်း သတင်းရရှိပါသည်။

#ar

#‌ayy_may2020

Source: ဖျာပုံခရိုင်ဦးစီးမှူးရုံး (ဘစမ)

Sign Up

Upcoming Events