Category Archives: News
-
Covid-19ကူးစက်ရောဂါ မဖြစ်စေရန် အသိပညာပေးခြင်းနှင့် သဘာဝဘေးအသိပညာပေးခြင်းများဆောင်ရွက်မှုသတင်း
လူမှုဝန်ထမ်း၊ ကယ်ဆယ်ရေးနှင့် ပြန်လည်နေရာချထားရေးဝန်ကြီးဌာန၊ ဘေးအန္တရာယ်ဆိုင်ရာစီမံခန့်ခွဲမှုဦးစီးဌာန၊ မြောင်းမြခရိုင်ဦးစီးမှူးရုံးမှ တာဝန်ရှိသူများသည် (၉-၉-၂၀၂၀) ရက်နေ့ ၊ (၀၉းဝဝ) နာရီအချိန်မှ (၁၄းဝဝ) နာရီအချိန်အထိ မြောင်းမြခရိုင်၊ ဝါးခယ်မမြို့နယ်အတွင်းရှိ လှေကျင်းရပ်ကွက်၊ မြသိန်းတန်ရပ်ကွက်၊ ရွာလယ်ရပ်ကွက်၊ ဆေးရုံရပ်ကွက်၊ ဈေးရပ်ကွက်၊ ရေကျော်ရပ်ကွက်၊ စာရေးကုန်းရပ်ကွက်၊ မင်းပိုင်းရပ်ကွက်၊ ပတ္တမြားရပ်ကွက်နှင့် သံကြိုးတိုင်ရပ်ကွက်တို့တွင် ကျန်းမာရေးနှင့်အားကစားဝန်ကြီးဌာနမှ ထုတ်ပြန်ထားသော COVID-19 ထိန်းချုပ်ရေးနှင့် အရေးပေါ်တုံ့ပြန်ရေးကော်မတီမှ ထုတ်ပြန်ပြီးဖြစ်သည့် တားမြစ်မိန့်နှင့် ညွှန်ကြားချက်များအားလည်းကောင်း မိုးရာသီတွင်ဖြစ်ပွားလေ့ရှိသည့် ရေဘေး၊ မုန်တိုင်းဘေးနှင့် မိုးကြိုးဘေးစသည့် သဘာဝဘေးအသိပညာပေးဆောင်ရွက်ခြင်းများအား အများပြည်သူများသိရှိလိုက်နာရန် ကွင်းဆင်းလှည့်လည်၍ … Read more
-
Covid-19 ကူးစက်ရောဂါနှင့် မိုးရာသီကာလတွင်ဖြစ်ပေါ်လေ့ရှိသည့် သဘာဝဘေးအန္တရာယ်များနှင့်ပတ်သက်၍ အသိပညာပေးဆောင်ရွက်မှုသတင်း
လူမှုဝန်ထမ်း၊ ကယ်ဆယ်ရေးနှင့် ပြန်လည်နေရာချထားရေးဝန်ကြီးဌာန၊ ဘေးအန္တရာယ်ဆိုင်ရာစီမံခန့်ခွဲမှုဦးစီးဌာန၊ သရက်ခရိုင်ဦးစီးမှူးရုံးမှ တာဝန်ရှိသူများသည် (၉-၉-၂၀၂၀) ရက်နေ့၌ Covid-19 ရောဂါကြိုတင်ကာကွယ်ရေးနှင့် မိုးရာသီတွင်ဖြစ်ပွားလေ့ရှိသည့် သဘာဝဘေးအန္တရာယ်များကို ကြိုတင်ပြင်ဆင်ရေးအသိပညာပေးနိူးဆော်မှုများကို သရက်မြို့နယ်၊ သရက်မြင့်ကျေးရွာ၊ အင်းလယ်ကျေးရွာနှင့် စခန်းကြီးကျေးရွာတို့တွင် ဆောင်ရွက်ခဲ့ပါကြောင်း သတင်းရရှိပါသည်။ Source: သရက်ခရိုင်ဦးစီးမှူးရုံး (ဘစမ) #ar #mgy_sep2020
-
COVID-19 ကူးစက်ရောဂါနှင့်စပ်လျဉ်း၍ အသိပညာပေးခြင်းနှင့် သဘာဝဘေးအန္တရာယ်ဆိုင်ရာအသိပညာပေးခြင်းများ ဆောင်ရွက်မှုသတင်း
လူမှုဝန်ထမ်း၊ ကယ်ဆယ်ရေးနှင့် ပြန်လည်နေရာချထားရေးဝန်ကြီးဌာန၊ ဘေးအန္တရာယ်ဆိုင်ရာစီမံခန့်ခွဲမှုဦးစီးဌာန၊ လပွတ္တာခရိုင်ဦးစီးမှူးရုံးမှ တာဝန်ရှိသူများသည် အထွေထွေအုပ်ချုပ်ရေးဦးစီးဌာနနှင့်အတူ ပူးပေါင်း၍ (၉-၉-၂၀၂၀) ရက်နေ့၊ (၀၈:၀၀) နာရီအချိန်မှစတင်ကာ လပွတ္တာမြို့နယ်၊ သရက်ကုန်းလဲပျောက်ကျေးရွာအုပ်စု၊ သရက်ကုန်းကျေးရွာ၊ အုတ်တွင်းကျေးရွာ၊ ကညင်ချောင်းကျေးရွာ၊ ဖိုးငြိမ်းစုကျေးရွာ၊ ဖိုးမြတ်စုကျေးရွာ၊ ကျုံဖားကျေးရွာ၊ ကမ်းပြိုကျေးရွာနှင့် အုတ်တွင်းကညင်စုကျေးရွာများအတွင်း Covid-19 အသက်ရှူလမ်းကြောင်း ဆိုင်ရာရောဂါနှင့်ပတ်သက်၍ ကျန်းမာရေးနှင့်အားကစား၀န်ကြီးဌာနမှ ထုတ်ပြန်ထားသည့် အသိပေးကြေညာချက်များ၊ သဘာဝဘေးအန္တရာယ်ဆိုင်ရာအသိပညာပေးခြင်းနှင့် လက်ကမ်းစာစောင်များဝေငှခြင်းတို့ ဆောင်ရွက်ခဲ့ကြောင်း သတင်းရရှိပါသည်။ #ar #ayy_sep2020 Source: လပွတ္တာခရိုင်ဦးစီးမှူးရုံး (ဘစမ)
-
Covid-19ကူးစက်ရောဂါ မဖြစ်စေရန် အသိပညာပေးခြင်းနှင့် သဘာဝဘေးအသိပညာပေးခြင်းများဆောင်ရွက်မှုသတင်း
လူမှုဝန်ထမ်း၊ ကယ်ဆယ်ရေးနှင့် ပြန်လည်နေရာချထားရေးဝန်ကြီးဌာန၊ ဘေးအန္တရာယ်ဆိုင်ရာစီမံခန့်ခွဲမှုဦးစီးဌာန၊ ချောင်းဆုံမြို့နယ်ဦးစီးမှူးရုံးမှ တာဝန်ရှိသူများသည် (၉-၉-၂၀၂၀) ရက်နေ့တွင် ချောင်းဆုံမြို့နယ် အတွင်းရှိ ကမာကေးကျေးရွာ နှင့် ကွမ်လှာကျေးရွာတို့၌ COVID-19 ကူးစက်ရောဂါနှင့်စပ်လျဉ်း၍ ဆောင်ရန်/ရှောင်ရန်အချက်များနှင့် ရေဘေး၊ မုန်တိုင်းဘေး၊ မြေပြိုဘေး၊ မိုးကြိုးဘေးတို့နှင့် စပ်လျဉ်း၍ ဆောင်ရန်/ရှောင်ရန်အချက်များကို အသံချဲ့စက်တို့ဖြင့် လှည့်လှည်အသိပညာပေး နှိုးဆော်ခဲ့ပြီး လက်ကမ်းစာစောင်များ ဝေငှပေးခဲ့ပါကြောင်း သတင်းရရှိပါသည်။ Source: ချောင်းဆုံမြို့နယ်ဦးစီးမှူးရုံး (ဘစမ) #ar #mon_sep2020
-
မိုးကြိုးဘေးထောက်ပံ့မှုသတင်း
လူမှုဝန်ထမ်း၊ ကယ်ဆယ်ရေးနှင့် ပြန်လည်နေရာချထားရေးဝန်ကြီးဌာန၊ ဘေးအန္တရာယ်ဆိုင်ရာစီမံခန့်ခွဲမှုဦးစီးဌာန၊ လပွတ္တာခရိုင်ဦးစီးမှူးရုံးမှ တာဝန်ရှိသူများသည် လပွတ္တာမြို့နယ်၊ သရက်ကုန်းလဲပျောက်ကျေးရွာအုပ်စု၊ ကမ်းပြိုစုကျေးရွာ၌ (၇-၉-၂၀၂၀) ရက်နေ့၊ (၁၅:၂၀) နာရီအချိန်တွင် ဖြစ်ပွားခဲ့သော မိုးကြိုးပစ်ခတ်မှုကြောင့် သေဆုံးသူ(၁)ဦးအတွက် ထောက်ပံ့ငွေ(၃၀၀၀၀ဝိ/-)အား (၉-၉-၂၀၂၀)ရက်နေ့၊ (၀၉:၀၀) နာရီအချိန်တွင် သေဆုံးသူ၏မိသားစုဝင်များထံသို့ သွားရောက်ထောက်ပံ့ပေးအပ်ခဲ့ကြောင်း သတင်းရရှိပါသည်။ #ha_tls #ayy_sep2020 Source: လပွတ္တာခရိုင်ဦးစီးမှူးရုံး (ဘစမ)
-
Covid-19ကူးစက်ရောဂါ မဖြစ်စေရန် အသိပညာပေးခြင်းနှင့် သဘာဝဘေးအသိပညာပေးခြင်းများဆောင်ရွက်မှုသတင်း
လူမှုဝန်ထမ်း၊ ကယ်ဆယ်ရေးနှင့် ပြန်လည်နေရာချထားရေးဝန်ကြီးဌာန၊ ဘေးအန္တရာယ်ဆိုင်ရာစီမံခန့်ခွဲမှုဦးစီးဌာန၊ မိုင်းဖြတ်မြို့နယ်ဦးစီးမှူးရုံးမှ တာဝန်ရှိသူများသည် (၉-၉-၂၀၂၀) ရက်နေ့၊ နံနက်ပိုင်းတွင် မိုင်းဖြတ်မြို့နယ်ရှိ ကောင်းမှု ကျေးရွာနှင့် ဘိုရှီးကျေးရွာတို့တွင် covid_19ရောဂါ ဒုတိယလှိုင်း ကူးစက်ပြန့်ပွားမှုမဖြစ်ပွားစေရန်အတွက် ကျေးရွာပြည်သူ များအား covid_19 ရောဂါနှင့်ပတ်သတ်သော ကျန်းမားရေးအမူအကျင့်များ၊ လိုက်နာဆောင်ရွက်ရမည့်စည်းကမ်းချက်နှင့် သဘာဝဘေးအသိပညာတို့အား အသံချဲ့စက်အသုံးပြု၍ ပြည်သူများသိရှိလိုက်နာနိုင်ရန်အတွက် အသိပညာပေးခြင်းနှင့် covid_19 အသိပညာပေးလက်ကမ်းစာစောင်များ၊ သဘာဝဘေးအသိပညာပေးလက်ကမ်းစာစောင်များ၊ Maskများ၊ လက်ဆေးဆပ်ပြာ တို့အား ဖြန့်ဝေပေးခြင်းများ ဆောင်ရွက်ခဲ့ပါကြောင်း သတင်းရရှိပါသည်။ Source: မိုင်းဖြတ်မြို့နယ်ဦးစီးမှူးရုံး (ဘစမ) #ar #shn_sep2020
-
Covid-19 ရောဂါကူးစက်ပျံ့နှံ့မှုများမဖြစ်ပွားစေရန် အသိပညာပေးဆောင်ရွက်မှုသတင်း
လူမှုဝန်ထမ်း၊ ကယ်ဆယ်ရေးနှင့် ပြန်လည်နေရာချထားရေးဝန်ကြီးဌာန၊ ဘေးအန္တရာယ်ဆိုင်ရာစီမံခန့်ခွဲမှုဦးစီးဌာန၊ ရေစကြိုမြို့နယ်ဦးစီးမှူးရုံးမှ တာဝန်ရှိသူများသည် (၉-၉-၂၀၂၀) ရက်နေ့၊ (၀၉:၀၀) နာရီမှ (၁၃:၀၀) နာရီအချိန်ထိ ရေစကြိုမြို့နယ်၊ ဝါယာကျေးရွာအုပ်စု၊ ဝါယာကျေးရွာ၊ အောင်ပန်းကျေးရွာ၊ ကျွန်းဘိုပင်ကျေးရွာ၊ လက်ပံပင်ကျေးရွာနှင့် ကံစွယ်ကျေးရွာများအတွင်း COVID-19 ရောဂါ ကူးစက်ပျံ့နှံ့မှုများ မဖြစ်ပွားစေရန် သိရှိလိုက်နာဆောင်ရွက်ရန်များကို အသိပညာပေးဆောင်ရွက်ခဲ့ကြောင်း သတင်းရရှိပါသည်။ #ar #mgy_sep2020 Source: ရေစကြိုမြို့နယ်ဦးစီးမှူးရုံး (ဘစမ)
-
Covid-19 ကူးစက်ရောဂါ၊ မိုးကြိုးဘေး၊ ရေဘေး၊ မြေပြိုဘေးတို့နှင့်ပတ်သက်၍ ဆောင်ရန်/ရှောင်ရန်အချက်များအား အသိပညာပေးဆောင်ရွက်မှုသတင်း
လူမှုဝန်ထမ်း၊ ကယ်ဆယ်ရေးနှင့် ပြန်လည်နေရာချထားရေးဝန်ကြီးဌာန၊ ဘေးအန္တရာယ်ဆိုင်ရာစီမံခန့်ခွဲမှုဦးစီးဌာန၊ တနင်္သာရီမြို့နယ်ဦးစီးမှူးရုံးမှ တာဝန်ရှိသူများသည် (၉-၉-၂၀၂၀) ရက်နေ့တွင် တနင်္သာရီမြို့နယ်၊ ပဝကျေးရွာအုပ်စု၊ ပဝဝါသကျေးရွာ၊ ပဝချောင်းထဲကျေးရွာ၊ ပဝရွာမကျေးရွာနှင့် ပဝကျွန်းရှည်ကျေးရွာများတွင် Covid-19 အသိပညာပေးခြင်း၊ ပိုစတာနှင့် လက်ကမ်းစာစောင်များဖြန့်ဝေခြင်း၊ မိုးကြိုးဘေး၊ ရေဘေး၊ မြေပြိုဘေးနှင့်ပက်သက်သည့် ဆောင်ရန်/ရှောင်ရန်များအတွက် အသိပညာပေးခြင်းတို့ကို မြို့နယ်ကြက်ခြေနီ၊ ရပ်ကျေးအုပ်ချုပ်ရေးမှုးများနှင့်အတူ နံနက် (၀၈:၀၀) အချိန်မှ နေ့လည် (၁၃:၀၀) အချိန်ထိ ဆောင်ရွက်ခဲ့ပါကြောင်း သတင်းရရှိပါသည်။ Source: တနင်္သာရီမြို့နယ်ဦးစီးမှူးရုံး (ဘစမ) #ar #thy_sep2020
-
Covid-19 ရောဂါကူးစက်ပျံ့နှံ့မှုများမဖြစ်ပွားစေရန်နှင့် မိုးရာသီကာလအတွင်းဖြစ်ပွားလေ့ရှိသည့် ဘေးအန္တရာယ်များနှင့်စပ်လျဉ်း၍ အသိပညာပေးဆောင်ရွက်မှုသတင်း
လူမှုဝန်ထမ်း၊ ကယ်ဆယ်ရေးနှင့် ပြန်လည်နေရာချထားရေးဝန်ကြီးဌာန၊ ဘေးအန္တရာယ်ဆိုင်ရာစီမံခန့်ခွဲမှုဦးစီးဌာန၊ သထုံခရိုင်ဦးစီးမှူးရုံးမှ တာဝန်ရှိသူများသည် (၉-၉-၂၀၂၀) ရက်နေ့၊ (၁၀:၀၀)နာရီအချိန်မှ (၁၃:၀၀) နာရီအချိန်ထိ မွန်ပြည်နယ်၊ သထုံခရိုင်၊ သထုံမြို့နယ်၊ ကျွန်းလေးကျေးရွာနှင့် ကင်မွန်းချုံကျေးရွာများအတွင်း Covid-19 ရောဂါကူးစက်ပျံ့နှံ့မှုများမဖြစ်ပွားစေရန်နှင့် မိုးရာသီကာလအတွင်းဖြစ်ပွားလေ့ရှိသည့် မိုးကြိုးဘေး၊ မုန်တိုင်းဘေး၊ ရေဘေးနှင့် မြေပြိုဘေးအန္တရာယ်များနှင့်စပ်လျဉ်း၍ အသိပညာပေးဟောပြောခြင်းအား ဆောင်ရွက်ခဲ့ကြောင်း သတင်းရရှိပါသည်။ #ar #mon_sep2020 Source: သထုံခရိုင်ဦးစီးမှူးရုံး (ဘစမ)
-
ကမ်းပြိုဘေး ထောက်ပံ့မှုသတင်း
လူမှုဝန်ထမ်း၊ ကယ်ဆယ်ရေးနှင့် ပြန်လည်နေရာချထားရေးဝန်ကြီးဌာန၊ ဘေးအန္တရာယ်ဆိုင်ရာစီမံခန့်ခွဲမှုဦးစီးဌာန၊ သာယာဝတီခရိုင်ဦးစီးမှူးရုံးမှ တာဝန်ရှိသူများသည် မြစ်မခမြစ်ရေတိုက်စားပြီး ကမ်းပြိုမှုကြောင့် သာယာဝတီမြို့နယ်၊ စံရွေးကျေးရွာအုပ်စု၊ စံရွေးကျေးရွာ၌ (၈-၉-၂၀၂၀) ရက်နေ့တွင် ကြိုတင်ဖျက်သိမ်းပြောင်းရွှေ့ခဲ့သည့် နေအိမ် (၃) လုံး၊ ဒေါဝိကျေးရွာအုပ်စု၊ ဒေါဝိကျေးရွာအတွင်း မျောပါနေအိမ် (၁) လုံး၊ စုစုပေါင်းနေအိမ်(၄)လုံးအတွက် အိမ်ဆောက်ပစ္စည်းဖိုး(၄)သိန်းကျပ်၊ လူဦးရေ(၁၅)ဦးအတွက် ဆန်ရိက္ခာဖိုးငွေကျပ် (၃၁၅၀၀/-)နှင့် ကယ်ဆယ်ရေးပစ္စည်း(၁၁)မျိုးပါ ၃အိမ်ထောင်စာ၊ ကယ်ဆယ်ရေးပစ္စည်း(၁၆)မျိုးပါ (၁)အိမ်ထောင်စာတို့အား (၉-၉-၂၀၂၀) ရက်နေ့၊ (၁၃:၀၀) နာရီအချိန်တွင် သာယာဝတီမြို့နယ်ထွေ/အုပ်အစည်းအဝေးခန်းမ၌ မြို့နယ်ထွေ/အုပ်မှတာဝန်ရှိသူများ၊ ကျေးရွာအုပ်ချုပ်ရေးမှူးများနှင့်အတူ ဘေးသင့်ပြည်သူများလက်ဝယ်သို့ ထောက်ပံ့ပေးခဲ့ကြောင်း … Read more









