Category Archives: News
-
COVID-19 စီးပွားရေးကုစားမှုအစီအစဉ် (COVID-19 Economic Relief Plan- CERP) အရ အမ်းမြို့နယ်အတွင်း တိုက်ပွဲရှောင်စခန်းများရှိ အိမ်ထောင်စုများအတွက် ထောက်ပံ့ငွေများ ပေးအပ်မှုသတင်း
လူမှုဝန်ထမ်း၊ ကယ်ဆယ်ရေးနှင့် ပြန်လည်နေရာချထားရေးဝန်ကြီးဌာန၊ ဘေးအန္တရာယ်ဆိုင်ရာစီမံခန့်ခွဲမှုဦးစီးဌာန၊ ကျောက်ဖြူခရိုင်ဦးစီးမှူးရုံးမှ တာဝန်ရှိသူများသည် ရခိုင်ပြည်နယ်၊ ကျောက်ဖြူခရိုင်၊ အမ်းမြို့နယ်အတွင်း တိုက်ပွဲရှောင်စခန်း(၄)ခုရှိ အိမ်ထောင်စု(၄၃၅)စု၊ လူဦးရေ(၁၈၉၄)ဦးအတွက် COVID-19 စီးပွားရေးကုစားမှုအစီအစဉ် (COVID-19 Economic Relief Plan- CERP) အရ စားသောက်ကုန်(၅)မျိုး(ဆန်၊ဆီ၊ဆား၊ပဲ၊ကြက်သွန်နီ)ဝယ်ယူရန် အိမ်ထောင်စု(၁)စုလျှင် (၄၀၀၀၀/-)ကျပ်နှုန်းဖြင့် အိမ်ထောင်စု(၄၃၅)စုအတွက် စုစုပေါင်းထောက်ပံ့ငွေ (၁၇၄၀၀၀၀၀/-) ကျပ်တိတိအား (၁၅-၉-၂၀၂၀) ရက်နေ့၊ (၁၃:၀၀) နာရီအချိန်တွင် ကျောက်ဖြူခရိုင်အထွေထွေအုပ်ချုပ်ရေးဦးစီးဌာန၊ ဒုတိယခရိုင်အုပ်ချုပ်ရေးမှူးထံသို့ လွှဲပြောင်းထောက်ပံ့ပေးအပ်ခဲ့ကြောင်း သတင်းရရှိပါသည်။ #otr #rke_sep2020 Source: ကျောက်ဖြူခရိုင်ဦးစီးမှူးရုံး (ဘစမ)
-
Covid-19ကူးစက်ရောဂါ မဖြစ်စေရန် ကြိုတင်ကာကွယ်ရေးနှင့် သဘာဝဘေးအန္တရာယ် အသိပညာပေးခြင်းများ ဆောင်ရွက်မှု သတင်း
လူမှုဝန်ထမ်း၊ ကယ်ဆယ်ရေးနှင့် ပြန်လည်နေရာချထားရေးဝန်ကြီးဌာန၊ ဘေးအန္တရာယ်ဆိုင်ရာစီမံခန့်ခွဲမှုဦးစီးဌာန၊ သထုံခရိုင်ဦးစီးမှူးရုံးမှ တာဝန်ရှိသူများသည် (၁၅-၉-၂၀၂၀) ရက်နေ့၊(၁၀:၀၀)နာရီအချိန်မှ (၁၄:၀၀) နာရီအချိန်ထိ မွန်ပြည်နယ်၊ သထုံခရိုင်၊ ပေါင်မြို့နယ်၊ ဇင်းကျိုက်ရပ်ကွက်နှင့် ဆားဖိုစုရပ်ကွက်တို့တွင် Covid-19 ရောဂါကူးစက် ပျံ့နှံ့မှုများမဖြစ်ပွားစေရေး နှင့် မိုးရာသီကာလအတွင်းဖြစ်ပွားလေ့ရှိသည့် မိုးကြိုးဘေး၊ မုန်တိုင်းဘေး၊ ရေဘေးနှင့် မြေပြိုဘေး အန္တရာယ်များ ကြိုတင်ပြင်ဆင်ရေး အသိပညာပေးဟောပြောခြင်းအားအသံချဲ့စက်များဖြင့် လည်းကောင်း၊ ရေဘေးအန္တရာယ် ကြိုတင် ကာကွယ်ရေးပြည်သူသို့ အသိပေးနှိုးဆော်ခြင်းအား Handspeaker များဖြင့်လည်းကောင်း အသိပေးနှိုးဆော်ကြေငြာခဲ့ပါကြောင်း သတင်းရရှိပါသည်။ Source: သထုံခရိုင်ဦးစီးမှူးရုံး (ဘစမ) #ar … Read more
-
COVID-19 ကူးစက်ရောဂါနှင့် သဘာဝဘေးအသိပညာပေး ဆောင်ရွက်မှုသတင်း
လူမှုဝန်ထမ်း၊ ကယ်ဆယ်ရေးနှင့် ပြန်လည်နေရာချထားရေးဝန်ကြီးဌာန၊ ဘေးအန္တရာယ်ဆိုင်ရာစီမံခန့်ခွဲမှုဦးစီးဌာန၊ ဟင်္သာတခရိုင်ဦးစီးမှူးရုံးမှ တာဝန်ရှိသူများသည် (၁၅-၉-၂၀၂၀) ရက်နေ့၊ နံနက် (၁၀:၀၀) နာရီချိန်မှ (၁၂:၃၀) နာရီအချိန်ထိ ကြံခင်းမြို့နယ်၊ ကွမ်းအစ်ကုန်းအုပ်စု၊ (ဝန်ထောက်ကွင်း၊ရေလယ်ကျင်း၊သင်ကတိုင်း၊ဂွေးချို၊သာပေါင်း)ကျေးရွာများအတွင်း ကျန်းမာရေးနှင့်အားကစားဝန်ကြီးဌာနမှ ထုတ်ပြန်ထားသော Covid-19 ကူးစက်မှု ဒုတိယလှိုင်း ပြန့်ပွားမှုများ မဖြစ်စေရန် အသိပညာပေးခြင်း၊ ဧရာဝတီတိုင်းဒေသကြီး Covid -19 ထိန်းချုပ်ရေးနှင့် အရေးပေါ်တုံ့ပြန်ရေးကော်မတီမှ အချိန်နှင့်တစ်ပြေးညီ ထုတ်ပြန်လျက်ရှိသည့် တားမြစ်မိန့်နှင့် ညွန်ကြားချက်အားလည်းကောင်း အသိပညာပေးခြင်းနှင့် ရာသီအလိုက်ဖြစ်ပွားတတ်သော သဘာဝဘေးများအန္တရာယ်များနှင့်ပတ်သက်သည့် သဘာဝဘေးအသိပညာပေးခြင်းတို့အား လည်းကောင်း ပြုလုပ်ဆောင်ရွက်ခဲ့ကြောင်း သတင်းရရှိပါသည်။ … Read more
-
Covid-19ကူးစက်ရောဂါ မဖြစ်စေရန် အသိပညာပေးခြင်းနှင့် သဘာဝဘေးအသိပညာပေးခြင်းများဆောင်ရွက်မှုသတင်း
လူမှုဝန်ထမ်း၊ ကယ်ဆယ်ရေးနှင့် ပြန်လည်နေရာချထားရေးဝန်ကြီးဌာန၊ ဘေးအန္တရာယ်ဆိုင်ရာစီမံခန့်ခွဲမှုဦးစီးဌာန၊ နတ်မောက်မြို့နယ်ဦးစီးမှူးရုံးမှ တာဝန်ရှိသူများသည် (၁၅-၉-၂၀၂၀) ရက်နေ့၌ နတ်မောက်မြို့နယ်၊ တွင်းကြီးကျေးရွာအုပ်စု၊ တွင်းကြီးကျေးရွာ၊ ဖလံပင်ကျေးရွာနှင့် ထုံးပေါက်ချိုင်းကျေးရွာအုပ်စု၊ ထုံးပေါက်ချိုင်းကျေးရွာ၊ မြင်သာဂွေးကုန်းကျေးရွာ၊ ညောင်ကုန်းကျေးရွာတို့တွင် COVID-19 ဒုတိယလှိုင်းမဖြစ်ပွားစေရန် ဆောင်ရွက်ရမည့်နည်းလမ်းများနှင့် မိုးရာသီတွင်ဖြစ်ပွား လေ့ရှိသော သဘာဝဘေးအန္တရာယ်များနှင့်ပက်သက်၍ ပြည်သူသို့ အသိပညာပေးလုပ်ငန်းများ ဆောင်ရွက်ခဲ့ပါကြောင်း သတင်းရရှိပါသည်။ Source: နတ်မောက်မြို့နယ်ဦးစီးမှူးရုံး (ဘစမ) #ar #mgy_sep2020
-
Covid-19ကူးစက်ရောဂါ မဖြစ်စေရေးအတွက် အသိပညာပေးခြင်းများ ဆောင်ရွက်မှုသတင်း
လူမှုဝန်ထမ်း၊ ကယ်ဆယ်ရေးနှင့် ပြန်လည်နေရာချထားရေးဝန်ကြီးဌာန၊ ဘေးအန္တရာယ်ဆိုင်ရာစီမံခန့်ခွဲမှုဦးစီးဌာန၊ ဧရာဝတီတိုင်းဒေသကြီးဦးစီးမှူးရုံးမှ တာဝန်ရှိသူများသည် (၁၄-၉-၂၀၂၀) ရက်နေ့ (၁၄:၀၀)နာရီအချိန်မှ (၂၀:၀၀)နာရီအချိန် အထိ သက်ဆိုင်ရာဌာနဆိုင်ရာများ၊ စေတနာ့ဝန်ထမ်းများနှင့်အတူပူးပေါင်း၍ ဧရာဝတီတိုင်းဒေသကြီး၊ ပုသိမ်မြို့၊ မြို့ဝင်တိုးဂိတ် (ကိုးဆူဂိတ်)တို့တွင် Covid-19 ကူးစက်မြန်အဆုတ်ရောင်ရောဂါ ပြန့်ပွားမှုများ မဖြစ်ပွားစေရန်အတွက် သိရှိလိုက်နာရမည့် ဆောင်ရန်/ရှောင်ရန်အချက်များအား အသံချဲ့စက်ဖြင့် အသိပညာပေးဆောင်ရွက်ခဲ့ပါကြောင်း သတင်းရရှိပါသည်။ Source: ဧရာဝတီတိုင်းဒေသကြီးဦးစီးမှူးရုံး (ဘစမ) #ar #ayy_sep2020
-
COVID-19 ကူးစက်ရောဂါနှင့် သဘာဝဘေးအသိပညာပေး ဆောင်ရွက်မှုသတင်း
လူမှုဝန်ထမ်း၊ ကယ်ဆယ်ရေးနှင့် ပြန်လည်နေရာချထားရေးဝန်ကြီးဌာန၊ ဘေးအန္တရာယ်ဆိုင်ရာစီမံခန့်ခွဲမှုဦးစီးဌာန၊ မူဆယ်မြို့နယ်ဦးစီးမှူးရုံးမှ တာဝန်ရှိသူများသည် (၁၅-၉-၂၀၂၀) ရက်နေ့တွင် မူဆယ်မြို့နယ်၊ ခရစ်ယာန်ရပ်ကွက်အတွင်း၌ Covid-19 ဒုတိယလှိုင်းကာလအတွင်း ပြည်သူများလိုက်နာရမည့် ကျန်းမာရေးအမူအကျင့်များကို အသိပညာပေးခြင်းနှင့် သဘာဝဘေးဆိုင်ရာအသိပညာပေးခြင်းများကို ဆောင်ရွက်ခဲ့ပြီး Mask နှင့် အသိပညာပေးလက်ကမ်းစာစောင်များ ဖြန့်ဝေပေးခြင်းတို့ဖြင့် ဆောင်ရွက်ခဲ့ကြောင်း သတင်းရရှိပါသည်။ #ar #shn_sep2020 Source: မူဆယ်မြို့နယ်ဦးစီးမှူးရုံး (ဘစမ)
-
Covid-19ကူးစက်ရောဂါ မဖြစ်စေရန် အသိပညာပေးခြင်းနှင့် သဘာဝဘေးအသိပညာပေးခြင်းများဆောင်ရွက်မှုသတင်း
လူမှုဝန်ထမ်း၊ ကယ်ဆယ်ရေးနှင့် ပြန်လည်နေရာချထားရေးဝန်ကြီးဌာန၊ ဘေးအန္တရာယ်ဆိုင်ရာစီမံခန့်ခွဲမှုဦးစီးဌာန၊ သာပေါင်းမြို့နယ်ဦးစီးမှူးရုံးမှ တာဝန်ရှိသူများသည် (၁၅-၉-၂၀၂၀) ရက်နေ့တွင် (၀၉:၀၀) နာရီအချိန်တွင် Covid-19 ကူးစက် ရောဂါ ဒုတိယလှိုင်း မဖြစ်ပွားစေရန်အသိပညာပေးခြင်းနှင့် သဘာဝဘေးအန္တရာယ် ဆောင်ရန်/ရှောင်ရန်အချက်များကို ကျေးရွာ/ရပ်ကွက်နေမိဘပြည်သူတို့အား အသိပညာပေးဟောပြောဆောင်ရွက်ခဲ့ပါကြောင်း သတင်းရရှိပါသည်။ Source: သာပေါင်းမြို့နယ်ဦးစီးမှူးရုံး (ဘစမ) #ar #ayy_sep2020
-
Covid-19ကူးစက်ရောဂါ မဖြစ်စေရန် အသိပညာပေးခြင်းနှင့် သဘာဝဘေးအသိပညာပေးခြင်းများဆောင်ရွက်မှုသတင်း
လူမှုဝန်ထမ်း၊ ကယ်ဆယ်ရေးနှင့် ပြန်လည်နေရာချထားရေးဝန်ကြီးဌာန၊ ဘေးအန္တရာယ်ဆိုင်ရာစီမံခန့်ခွဲမှုဦးစီးဌာန၊ ညောင်တုန်းမြို့နယ်ဦးစီးမှူးရုံးမှ တာဝန်ရှိသူများသည် (၁၅-၉-၂၀၂၀) ရက်နေ့တွင် ညောင်တုန်းမြို့နယ်၊ မိုးဟုတ်ကျေးရွာအုပ်စု နှင့်ဝါး တောစွန်းကျေးရွာအုပ်စုအတွင်းရှိ ကျေးရွာ(၆)ရွာ၌ Covid_19 ရောဂါ ကူးစပ်ပြန့်ပွားမှု မရှိစေရေးနှင့် ပြည်သူများ နေအိမ်ပြင်ပသို့ သွားလာပါက နှာခေါင်းစည်း (Mask) တပ်ဆင်ရေးအတွက် လှည့်လည်အသိပညာပေးခြင်း၊ covid_19 ရောဂါ ကူးစပ်ပြန့်ပွားမှု မရှိစေရေးအတွက် ကျန်းမာရေးနှင့်အားကစားဝန်ကြီးဌာနမှ ထုတ်ပြန်ထားသော covid_19 ရောဂါ ကြိုတင်ကာကွယ် ထိန်းချုပ်ရေးညွှန်ကြားချက်များအား ကြေညာပေးခြင်း၊ သဘာဝဘေးအန္တရာယ်ဆိုင်ရာအသိပညာပေးခြင်း၊ လက်ကမ်းစာစောင်၊ ပိုစတာများဖြန့်ဝေခြင်း၊ နှာခေါင်းစည်း mask … Read more
-
IDP စခန်းများရှိ ပြည်သူများအတွက် ထုံးအိတ်နှင့် ဆပ်ပြာတောင့်များ ထောက်ပံ့မှုသတင်း
လူမှုဝန်ထမ်း၊ ကယ်ဆယ်ရေးနှင့် ပြန်လည်နေရာချထားရေးဝန်ကြီးဌာန၊ ဘေးအန္တရာယ်ဆိုင်ရာစီမံခန့်ခွဲမှုဦးစီးဌာန၊ ကွတ်ခိုင်မြို့နယ်ဦးစီးမှူးရုံးမှ တာဝန်ရှိသူများသည် (၁၅-၉-၂၀၂၀) ရက်နေ့တွင် ကွတ်ခိုင်မြို့နယ်အတွင်းရှိ မိုင်းယု(ကုန်းစုံ) IDP စခန်းရှိ အိမ်ထောင်စု(၈၂)စု၊ လူဦးရေ(၄၂၄)ဦး၊ မိုင်းယုလေး IDP စခန်းရှိ အိမ်ထောင်စု(၇၇)စု၊ လူဦးရေ(၃၈၉)ဦး၊ နမ့်ဖက်ကာနှစ်ခြင်းအသင်းတော် IDP စခန်းရှိ အိမ်ထောင်စု (၅၇)စု၊ လူဦးရေ(၂၆၃)ဦး၊ နမ့်ဖက်ကာနယ်မြေ(၄) IDP စခန်းရှိ အိမ်ထောင်စု(၃၉)စု၊ လူဦးရေ(၁၂၂)ဦး၊ မုံးစီးကာသိုလိပ်ဘုရားကျောင်း IDP စခန်းရှိ အိမ်ထောင်စု(၂၃)စု၊ လူဦးရေ(၁၅၇)ဦး၊ မုံးစီးပန်ယန်ခါး IDP စခန်းရှိ အိမ်ထောင်စု(၄၅)စု၊ လူဦးရေ(၃၁၉)ဦး၊ … Read more
-
COVID-19 ကူးစက်ရောဂါနှင့်ပတ်သက်၍အသိပညာပေးခြင်းနှင့် သဘာဝဘေးအသိပညာပေး ခြင်းများဆောင်ရွက်မှုသတင်း
လူမှုဝန်ထမ်း၊ ကယ်ဆယ်ရေးနှင့် ပြန်လည်နေရာချထားရေးဝန်ကြီးဌာန၊ ဘေးအန္တရာယ်ဆိုင်ရာ စီမံခန့်ခွဲမှုဦးစီးဌာန၊ ကျိုင်းတုံခရိုင်ဦးစီးမှူးရုံးမှ တာဝန်ရှိသူများသည်(၁၅-၉-၂၀၂၀)ရက်နေ့တွင် ကျိုင်းတုံခရိုင် လူမှုဝန်ထမ်းဦးစီးဌာနနှင့် ပူးပေါင်း၍ ကျိုင်းတုံမြို့နယ်၊ မိုင်းဇင်းကျေးရွာအုပ်စု၊ မိုင်းဇင်းကျေးရွာ၊ ပန်လေ့ကျေးရွာ၊ ပန်လော့ကျေးရွာ၊ နောင်နွန်းကျေးရွာနှင့် ဂျိုးဖြူကျေးရွာတို့၌ Covid-19 ဒုတိယလှိုင်းကာလအတွင်း ပြည်သူများ လိုက်နာရမည့် ကျန်းမာရေးအမူအကျင့်များ အသိပညာပေးခြင်းနှင့် သဘာဝဘေးအန္တရာယ်ဆိုင်ရာ အသိပညာပေးခြင်းများကို Hand Speaker အသံချဲ့စက်များဖြင့် လှည့်လည်ဟောပြောခြင်း ၊ Mask နှင့် အသိပညာပေး လက်ကမ်းစာစောင် ဖြန့်ဝေခြင်းများဆောင်ရွက်ခဲ့ပါကြောင်း သတင်းရရှိပါသည်။ #ar #shn_sep2020 Source: … Read more









