လူမှုဝန်ထမ်း၊ ကယ်ဆယ်ရေးနှင့် ပြန်လည်နေရာချထားရေးဝန်ကြီးဌာန၊ ဘေးအန္တရာယ်ဆိုင်ရာ စီမံခန့်ခွဲမှုဦးစီးဌာန၊ မြောင်းမြခရိုင်ဦးစီးမှူးရုံးမှ တာဝန်ရှိသူများသည် (၁၈-၉-၂၀၂၀) ရက်နေ့ ၊ နံနက် (ဝ၉:၀၀) နာရီအချိန်မှစ၍ နံနက် (၁၂:၀၀) နာရီအချိန်အထိ မြောင်းမြခရိုင်၊ မြောင်းမြ မြို့နယ်အတွင်းရှိ မုဆိုးကွင်းကျေးရွာ၊ ကညင်ကုန်းကျေးရွာ၊ တောင်ဒီးရွာသစ်ကျေးရွာ၊ တောင်ပေါ်စုကျေးရွာတို့တွင် ကျန်းမာရေးနှင့်အားကစားဝန်ကြီးဌာနမှ ထုတ်ပြန်ထားသော COVID-19 ထိန်းချုပ်ရေးနှင့် အရေးပေါ်တုံ့ပြန်ရေးကော်မတီမှ ထုတ်ပြန်ပြီးဖြစ်သည့် တားမြစ်မိန့်နှင့် ညွှန်ကြားချက်များအားလည်းကောင်း၊ မိုးရာသီတွင်ဖြစ်ပွားလေ့ရှိသည့် ရေဘေး၊ မုန်တိုင်းဘေး၊ မိုးကြိုးဘေးနှင့်ပတ်သက်သည့် အသိပညာပေးလုပ်ငန်းများကို အများပြည်သူများသိရှိလိုက်နာရန် ကွင်းဆင်းလှည့်လည်၍ ဆောင်ရွက်ခဲ့ကြောင်း သတင်းရရှိပါသည်။
#ar
#ayy_sep2020
Source: မြောင်းမြခရိုင်ဦးစီးမှူးရုံး (ဘစမ)