Category Archives: News
-
ပဲခူးတိုင်းဒေသကြီး၊ လက်ပံတန်းမြို့နယ်တွင် ရေဘေးဖြစ်ပွားနေစဉ် ဆိုင်ကယ်စီး၍ ရေစီးတွင် မျောပါသေဆုံး သွားသည့် ကျောင်းသား နှစ်ဦးအတွက် ထောက်ပံ့ငွေများ ပေးအပ်မှုသတင်း
ပဲခူးတိုင်းဒေသကြီး၊ လက်ပံတန်းမြို့နယ်တွင် ကျောင်းသားနှစ်ဦး ရေဘေးဖြစ်ပွားနေစဉ် ဆိုင်ကယ်စီး၍ ရေစီးတွင် မျောပါသေဆုံးသွားရာ ၄င်းကျောင်းသားနှစ်ဦးအတွက် ကယ်ဆယ်ရေးနှင့် ပြန်လည်နေရာ ချထားရေးဦးစီးဌာန၊ ပဲခူးတိုင်းဒေသကြီးဦးစီးမှူးရုံးမှ တာဝန်ရှိသူများက ထောက်ပံ့ငွေ (၂)သိန်းကျပ်တိတိအား သွားရောက်ထောက်ပံ့ ခဲ့ကြောင်း သတင်းရရှိပါသည်။
-
ကြို့ပင်ကောက်မြို့နယ်ရေဘေး ထောက်ပံ့ပေးမှုသတင်း
ကယ်ဆယ်ရေးနှင့်ပြန်လည်နေရာချထားရေးဦးစီးဌာန၊ ပြည်ခရိုင်ဦးစီးမှူးရုံးမှ တာဝန်ရှိသူများသည် ကြို့ပင်ကောက်မြို့နယ်ကျေးရွာအချို့တွင်ရေဘေးဖြစ်၍ ပြောင်းရွှေ့သည့်အိမ်ထောင်စု(၂၃)စုမှ လူဦးရေ(၉၈)ဦးအတွက် တစ်အိမ်ထောင်လျှင် ဆီ(၅၀)ကျပ်သား၊ ဆန်ရိက္ခာဖိုး ငွေ(၅) ရက်စာ (၁၇၄၆ဝဝ)ကျပ်ကို(၁၄.၈.၂၀၁၆)နေ့တွင် သွားရောက်ထောက်ပံ့ပေးအပ်ခဲ့ပါကြောင်း သိရှိရပါသည်။
-
ပဲခူးတိုင်းဒေသကြီး၊ သာယာဝတီမြို့နယ်၊ စံရွေး၊ ဒေါဝိ၊ သာယာကုန်းကျေးရွာများမှ ရေဘေးရှောင်ပြည်သူများအား ထောက်ပံ့ငွေပေးအပ်မှုသတင်း
ကယ်ဆယ်ရေးနှင့်ပြန်လည်နေရာချထားရေးဦးစီးဌာန၊ ပြည်ခရိုင်ဦးစီးမှူးရုံးမှတာဝန်ရှိသူများသည် ပဲခူးတိုင်းဒေသကြီး၊ သာယာဝတီမြို့နယ်၊ စံရွေး၊ ဒေါဝိ၊ သာယာကုန်းကျေးရွာများမှ ရေဘေးရှောင်ပြည်သူ (၃၁၅) ဦးအတွက် ထောက်ပံ့ငွေ (၃၁၅,၀၀၀) ကျပ်အား (၁၄-၈-၂၀၁၆) ရက်နေ့တွင် သွားရောက်ထောက်ပံ့ပေးအပ်ခဲ့ကြောင်း သိရှိရပါသည်။ Source: ပြည်ခရိုင်ဦးစီးမှူးရုံး
-
သာယာဝတီမြို့နယ်၊ သတ္တဌာန၊ ရေဘေးကယ်ဆယ်ရေးစခန်းရှိ ရေဘေးရှောင်ပြည်သူများအတွက် ထောက်ပံ့ပေးမှုသတင်း
ကယ်ဆယ်ရေးနှင့်ပြန်လည်နေရာချထားရေးဦးစီးဌာန၊ ပြည်ခရိုင်ဦးစီးမှူးရုံးမှတာဝန်ရှိသူများသည် သာယာဝတီမြို့နယ်၊ သတ္တဌာန၊ ရေဘေးကယ်ဆယ်ရေးစခန်းရှိ ရေဘေးရှောင်ပြည်သူ (၁၂၈၇) ဦးအတွက် ဆန်ရိက္ခာဖိုးငွေ (၁၀) ရက်စာ (၃,၈၆၁,၀၀၀) ကျပ် အား (၁၄-၈-၂၀၁၆) ရက်နေ့တွင် သွားရောက်ထောက်ပံ့ပေးအပ်ခဲ့ကြောင်း သိရှိရပါသည်။ Source: ပြည်ခရိုင်ဦးစီးမှူးရုံး
-
ပဲခူးတိုင်းဒေသကြီး၊ ဒိုက်ဦးမြို့နယ်၊ ပုကိုင်ကျေးရွာအုပ်စုရှိ လေဘေးသင့်အိမ်ထောင်စုများအား သွားရောက် ထောက်ပံ့မှုသတင်း
ကယ်ဆယ်ရေးနှင့် ပြန်လည်နေရာချထားရေးဦးစီးဌာန၊ ပဲခူးတိုင်းဒေသကြီးဦးစီးမှူးရုံးမှ တာဝန်ရှိသူများသည် ပဲခူးတိုင်းဒေသကြီး၊ ဒိုက်ဦးမြို့နယ်၊ ပုကိုင်ကျေးရွာအုပ်စုရှိ လေဘေးကြောင့် အိမ်ပြိုလဲသွားသော(၂)အိမ်ထောင်စာ အတွက် ကယ်ဆယ်ရေးပစ္စည်း(၉)မျိုး၊ အိမ်ဆောက်ပစ္စည်းဖိုးငွေ (၁)သိန်းနှင့် ဆန်ရိက္ခာဖိုး (၃)ရက်စာ (၉၀၀၀) ကျပ် စုစုပေါင်း (၁၀၉၀၀၀)ကျပ်အား (၁၅-၈-၂၀၁၆) ရက်နေ့တွင် သွားရောက်ထောက်ပံ့ပေးအပ်ခဲ့ကြောင်း သတင်းရရှိပါသည်။
-
ပဲခူးတိုင်းဒေသကြီး၊ သနပ်ပင်မြို့နယ်၊ ခလပ်ရွာနှင့် ညဏ်ထွန်းရွာရှိ လေဘေးသင့် ပြည်သူများထံ သွားရောက် ထောက်ပံ့မှုသတင်း
ကယ်ဆယ်ရေးနှင့် ပြန်လည်နေရာချထားရေးဦးစီးဌာန၊ ပဲခူးတိုင်းဒေသကြီးဦးစီးမှူးရုံးမှ တာဝန်ရှိသူများသည် သနပ်ပင်မြို့နယ်၊ ခလပ်ရွာနှင့် ညဏ်ထွန်းရွာတို့ရှိ လေဘေးသင့်ပြိုလဲအိမ်ထောင်စု(၁)စု၊ အမိုးလန်အိမ်ထောင်စု(၂)စု အတွက် (၃)အိမ်ထောင်စာ အိမ်ဆောက်ပစ္စည်းဖိုး (၉၀၀၀၀)ကျပ်အား (၁၅-၈-၂၀၁၆) ရက်နေ့တွင် သွားရောက် ထောက်ပံ့ခဲ့ကြောင်း သတင်းရရှိပါသည်။









