Category Archives: News
-
ရေဘေးသင့်ပြည်သူများအတွက်အလှူငွေများပေးအပ်ခြင်းနှင့် မိုင်းအန္တရာယ်အသိပညာပေးနှင့် မိုင်းရှင်းလင်းခြင်းဆိုင်ရာ သရုပ်ပြပွဲကျင်းပပြုလုပ်မှုသတင်း
မြန်မာနိုင်ငံအတွင်း ဖြစ်ပွားလျက်ရှိသော ရေဘေးသင့်ပြည်သူများအတွက် မြန်မာနိုင်ငံဆိုင်ရာ တရုတ်ပြည်သူ့သမ္မတနိုင်ငံသံရုံး၊ သံအမတ်ကြီးနှင့်သံရုံးဝန်ထမ်းမိသားစုများက လှူဒါန်းငွေကျပ် (၂၀) သန်းအားသံအမတ်ကြီး Mr.Hong Liang ကလည်းကောင်း၊ State Power Investment Corporation က လှူဒါန်းငွေကျပ် (၁၀) သန်းနှင့် Huawei Myanmar ကလှူဒါန်းငွေကျပ် (၁၀) သန်းအား တာဝန်ရှိသူများကလည်းကောင်း ယနေ့နံနက်ပိုင်းတွင် နေပြည်တော်ရှိ ဝန်ကြီးရုံး အစည်းအဝေးခန်းမ၌ လာရောက်လှူဒါန်းရာ အမျိုးသားသဘာဝဘေးအန္တရာယ်ဆိုင်ရာ စီမံခန့်ခွဲမှုကော်မတီ ဒုတိယဉက္ကဌ၊ လူမှုဝန်ထမ်း၊ ကယ်ဆယ်ရေးနှင့်ပြန်လည်နေရာချထားရေးဝန်ကြီးဌာန၊ ပြည်ထောင်စုဝန်ကြီး ဒေါက်တာဝင်းမြတ်အေး က လက်ခံရယူပြီး … Read more
-
ငလျင်လှုပ်ခတ်မှုသတင်းနှင့် လူမှုဝန်ထမ်း၊ ကယ်ဆယ်ရေးနှင့်ပြန်လည်နေရာချထားရေးဝန်ကြီးဌာန၏ဆောင်ရွက်ချက်
၁။ ၂၀၁၆ခုနှစ်၊ ဩဂုတ်လ (၂၄) ရက်နေ့ မြန်မာစံတော်ချိန် (၁၇) နာရီ (၀၄) မိနစ် (၅၅) စက္ကန့်အချိန်တွင် မန္တလေးမြေငလျင်စခန်းမှ အနောက်တောင်ဘက် (၁၂၃) မိုင်ခန့်ကွာဝေးသော မြန်မာနိုင်ငံပြည်တွင်း (ချောက်မြို့၏အနောက်ဘက် (၁၂)မိုင်ခန့်အကွာ) ကို ဗဟိုပြု၍ အင်အားရစ်(ခ်)တာစကေး (၆.၈) အဆင့်ရှိ အင်အားပြင်းထန်သောမြေငလျင်တစ်ခုလှုပ်ရှားသွားကြောင်း မိုးလေဝသနှင့်ဇလဗေဒညွှန်ကြားမှုဦးစီးဌာနမှ သတင်းထုတ်ပြန်ခဲ့ပါသည်။ ၂။ ငလျင်လှုပ်ခတ်မှုနှင့်ပတ်သက်၍ လူမှုဝန်ထမ်း၊ကယ်ဆယ်ရေးနှင့်ပြန်လည်နေရာချထားရေးဝန်ကြီးဌာန၊ ပြည်ထောင်စုဝန်ကြီးကိုယ်တိုင်ဝန်ကြီးဌာနတွင်ဖွင့်လှစ်ထားရှိသည့် အရေးပေါ် အခြေအနေစီမံခန့်ခွဲမှုဗဟိုဌာနတွင် လမ်းညွှန်ကြီးကြပ်၍လည်းကောင်း၊ တိုင်းဒေသကြီး/ပြည်နယ် ကယ်ဆယ်ရေးနှင့်ပြန်လည်နေရာချထားရေးဦးစီးဌာနဦးစီးမှူးရုံးများနှင့်ဆက်သွယ်၍လည်းကောင်းသတင်းရယူဆောင်ရွက်ခဲ့ပါသည်။ စုံစမ်းမှုများအရ မန္တလေးတိုင်းဒေသကြီး၊ ညောင်ဦးမြိို့နယ်၊ ပုဂံရှေးဟောင်းယဉ်ကျေးမှုနယ်မြေတွင် … Read more
-
အင်အားပြင်းထန်သော ငလျင်ကြီးများ လှုပ်ခတ်ပြီးနောက် နောက်ဆက်တွဲငလျင်ငယ်များ ထပ်မံလှုပ်ခတ်နိုင်သည့်အတွက် ပြည်သူများအနေဖြင့်သတိပြုနေထိုင်ကြရန် အသိပေးနှိုးဆော်ခြင်း
၂၀၁၆ ခုနှစ်၊ သြဂုတ်လ (၂၄) ရက်နေ့ မြန်မာစံတော်ချိန် (၁၇)နာရီ (၀၄)မိနစ် (၅၅) စက္ကန့်အချိန်တွင် မန္တလေး မြေငလျင် စခန်းမှ အနောက်တောင်ဘက် (၁၂၃)မိုင်ခန့် ကွာဝေးသော မြန်မာနိုင်ငံပြည်တွင်း (ချောက်မြိ့ု၏ အနောက်ဘက် (၁၂)မိုင်ခန့်အကွာ)ကို ဗဟိုပြု၍ အင်အားရစ်(ခ်)တာစကေး (၆.၈)အဆင့်ရှိအင်အားပြင်းထန်သော မြေငလျင် တစ်ခုလှုပ်ရှားသွားကြောင်း မိုးလေဝသနှင့် ဇလဗေဒညွှန်ကြားမှုဦးစီးဌာနမှ ထုတ်ပြန်ခဲ့ပါသည်။ သို့ဖြစ်ပါ၍ အင်အားပြင်းထန်သော ငလျင်ကြီးများ လှုပ်ခတ်ပြီးနောက် နောက်ဆက်တွဲငလျင်ငယ်များ ထပ်မံလှုပ်ခတ်နိုင်သည့်အတွက် ငလျင်ဗဟိုပြု၍ လှုပ်ခတ်ခဲ့သည့်ဒေသတစ်ဝိုက်နှင့် ငလျင်လှုပ်ခြင်းကို ခံစားခဲ့ရသည့် ဒေသများမှ ပြည်သူများအနေဖြင့် … Read more
-
မကွေးတိုင်းဒေသကြီး၊ ပခုက္ကူခရိုင်၊ ပခုက္ကူမြို့နယ်၊ အနောက်ဆယ်လံကျေးရွာ ကမ်းပြိုဘေးသင့်ပြည်သူများအတွက် ထောက်ပံ့မှုများ ပေးအပ်မှုသတင်း
မကွေးတိုင်းဒေသကြီး၊ ပခုက္ကူခရိုင်၊ ပခုက္ကူမြို့နယ်၊ အနောက်ဆယ်လံကျေးရွာတွင် သြဂုတ်လအတွင်း မြစ်ရေမြင့်တက်မှုကြောင့် ကမ်းပါးပြိုကျမှုဖြစ်ပွားခဲ့ရာ အိမ်ခြေ (၃၀) အိမ်ထောင်စု (၃၀) မှ လူဦးရေ (၁၂၁) ဦးတို့အား ဘေးလွတ်ကင်းရာနေရာသို့ ရွှေ့ပြောင်းပေးခဲ့ပြီးဖြစ်ပါသည်။ အဆိုပါကြိုတင်ရွှေ့ပြောင်းခဲ့သည့် အိမ်ထောင်စုများအတွက် ပခုက္ကူခရိုင်ဦးစီးမှူးရုံး (ကဆရ) မှ တာဝန်ရှိသူများသည် အိမ်ထောင်စု (၃၀) စုအတွက် ကယ်ဆယ်ရေးပစ္စည်း (၄) မျိုး၊ ဆန်ရိက္ခာဖိုးငွေ (၁၀၈,၉၀၀) ကျပ်တိတိနှင့် အိမ်ဆောက်ပစ္စည်းဖိုးငွေ (၆၀၀,၀၀၀) ကျပ်တိတိတို့ကို မြို့နယ်အထွေထွေအုပ်ချုပ်ရေးဦးစီးဌာနမှတဆင့် ဘေးသင့်ပြည်သူများထံသို့ (၂၄-၈-၂၀၁၆) ရက်နေ့တွင် ထောက်ပံ့ပေးခဲ့ကြောင်း … Read more
-
တိုင်းဒေသကြီး/ပြည်နယ်များအတွင်းရှိ မြို့နယ်များအလိုက် (၁၅-၇-၂၀၁၆)ရက်နေ့မှ (၂၃-၈-၂၀၁၆)ရက်နေ့အထိ ရေဘေးကြောင့်ထိခိုက်ပျက်စီးခဲ့သည့် အိမ်ထောင်စုနှင့်လူဦးရေပြပုံ
https://drive.google.com/open?id=1DCakyTIVPP3tAhNuuNvlPSmPlAA&usp=sharing
-
တိုင်းဒေသကြီး/ပြည်နယ်များအလိုက် (၁၅-၇-၂၀၁၆)ရက်နေ့မှ (၂၃-၈-၂၀၁၆)ရက်နေ့အထိ ရေဘေးကြောင့်ထိခိုက်ပျက်စီးခဲ့သည့် အိမ်ထောင်စုနှင့်လူဦးရေပြပုံ
https://drive.google.com/open?id=1UHaqeBfJIecprwoEQ9bomi7DoSo&usp=sharing
-
ရခိုင်ပြည်နယ်၊ စစ်တွေမြို့နယ်တွင် UNOCHA နှင့်ပူးပေါင်း၍ အရေးပေါ် Simulation Exercise ကျင်းပပြုလုပ်ခဲ့မှုသတင်း
ကယ်ဆယ်ရေးနှင့် ပြန်လည်နေရာချထားရေးဦးစီးဌာန ရခိုင်ပြည်နယ်ဦးစီးမှူးရုံးနှင့် UNOCHA တို့ပူးပေါင်း၍ အရေးပေါ် Simulation Exercise ကို (၂၄-၈-၂၀၁၆) ရက်နေ့က ရခိုင်ပြည်နယ်၊ စစ်တွေမြို့နယ်၊ မင်းသူရိန်ခန်းမတွင် လူဦးရေ (၄၆)ဦးဖြင့်ကျင်းပပြုလုပ်ခဲ့ကြောင်း သတင်းရရှိပါသည်။
-
မကွေးတိုင်းဒေသကြီး၊ အောင်လံမြို့နယ်၊ ကြက်ရုံးလေးရွာတွင် ချောင်းရေတိုက်စားမျောပါခဲ့သည့် အိမ်ထောင်စု အတွက်ထောက်ပံ့မှုသတင်း
မကွေးတိုင်းဒေသကြီး၊ အောင်လံမြို့နယ်၊ ကြက်ရုံးလေးရွာတွင် ချောင်းရေတိုက်စားမျောပါခဲ့သည့် အိမ်ထောင်စု တစ်စုအတွက် ကယ်ဆယ်ရေးပစ္စည်း (၉)မျိုးနှင့် အိမ်ဆောက်ပစ္စည်းဖိုးငွေ (၅၀၀၀၀)ကျပ်အား သရက်ခရိုင် ဦးစီးမှူးရုံး (ကဆရ)မှ (၂၃-၈-၂၀၁၆)ရက်နေ့တွင် သွားရောက်ထောက်ပံ့ပေးအပ်ခဲ့ကြောင်း သတင်းရရှိပါသည်။









