Category Archives: News
-
ပုသိမ်ကြီးမြို့နယ်၊ ရေထွက်ကျေးရွာရှိ မီးဘေးသင့်ပြည်သူများအတွက် ထောက်ပံ့မှုသတင်း
လူမှုဝန်ထမ်း၊ ကယ်ဆယ်ရေးနှင့်ပြန်လည်နေရာချထားရေးဝန်ကြီးဌာန၊ ကယ်ဆယ်ရေးနှင့်ပြန်လည်နေရာချထားရေးဦးစီးဌာန၊ မန္တလေးတိုင်း ဒေသကြီးဦးစီးမှုးရုံးမှ တာဝန်ရှိသူများသည် (၁၁-၁-၂၀၁၇) နေ့တွင်ဖြစ်ပွားသော ပုသိမ်ကြီးမြို့နယ်၊ ရေထွက်ကျေးရွာ မီးဘေးသင့်အိမ်ထောင်စု (၅) စုသို့ ပုသိမ်ကြီးမြို့နယ်ထွေအုပ်၊ ရေထွက်ကျေးရွာရပ်ကျေးအုပ်ချုပ်ရေးမှူးများနှင့်အတူ နေ့ချင်းကွင်းဆင်းစီစစ်ခြင်း မီးဘေးသင့်လူဦးရေနှင့် လိုအပ်ချက်များကို စစ်တမ်းကောင်ယူခြင်းတို့ဆောင်ရွက်ခဲ့ပြီး၊ ကယ်ဆယ်ရေးပစ္စည်း (၉) မျိုး (၅) အိမ်ထောင်စုစာ၊ family kit၊ hygiene kit ၊ငါးသေတ္တာဗူး၊ ဆန်၊ ရေနှင့်အရေးပေါ်စားစရာများထောက်ပံ့ပေးအပ်ခဲ့ပါသည်။ သေဆုံးသူ (မ) ၂၉နှစ်အတွက် ထောက်ပံ့ငွေနှင့် အိမ်ဆောက် ပစ္စည်းဖိုးများ ဆက်လက်ထောက်ပံ့နိုင်ရေး ဆောင်ရွက်လျက်ရှိပါကြောင်း သတင်းရရှိပါသည်။ … Read more
-
မီးဘေးနှင့် သဘာဝဘေးအန္တရာယ်ဆိုင်ရာ အသိပညာပေးဆွေးနွေးပွဲကျင်းပပြုလုပ်ခြင်းနှင့် သဘာဝဘေးအန္တရာယ်ကြိုတင်သတိပေး DAN Mobile Application ကို မိုဘိုင်းဖုန်းများတွင် ထည့်သွင်းအသုံးပြုပုံအား ရှင်းလင်းဆွေးနွေးမှုသတင်း
(၁၁-၁-၂၀၁၇) ရက်နေ့တွင် ဖျာပုံခရိုင်ကယ်ဆယ်ရေးနှင့် ပြန်လည်နေရာချထားရေးဦးစီးမှူးရုံးသည် မီးသတ်ဦးစီးဌာနနှင့် ပူးပေါင်း၍ ဖျာပုံမြို့ အ.ထ.က (၃) ကျောင်း၌ ကျောင်းသား/သူများအား မီးဘေးနှင့် သဘာဝဘေးအန္တရာယ်ဆိုင်ရာများ အသိပညာပေးဆွေးနွေး၍ လက်ကမ်းစာစောင်များ နံရံကပ်ပိုစတာများ ဝေငှပေးခဲ့ပြီး သဘာဝဘေးအန္တရာယ်ကြိုတင်သတိပေး DAN Mobile Application ကို မိုဘိုင်းဖုန်းများတွင် ထည့်သွင်းအသုံးပြုပုံအား ရှင်းလင်းဆွေးနွေးခြင်းများ ဆောင်ရွက်ခဲ့ကြောင်း သိရှိရပါသည်။ Source: ဖျာပုံခရိုင်ဦးစီးမှူးရုံး (ကဆရ)
-
မော်လိုက်ခရိုင်၊ မော်လိုက်မြို့နယ်တွင် သဘာဝဘေးအသိပညာပေးဟောပြောပွဲကျင်းပခြင်း
ကယ်ဆယ်ရေးနှင့် ပြန်လည်နေရာချထားရေးဦးစီးဌာန၊ မော်လိုက်ခရိုင်ဦးစီးမှူးရုံးမှ တာဝန်ရှိသူများသည် (၁၁-၁-၂၀၁၇)ရက်နေ့ (၁၀း၃၀)အချိန်မှ (၁၂း၀၀)အချိန်ထိ ချင်းတွင်းမြစ်မှ နှစ်စဉ် ရေလွှမ်းလေ့ရှိသော မော်လိုက်မြို့နယ်၊ ပန်းသာကျေးရွာအခြေခံပညာအထက်တန်းကျောင်းတွင် သဘာဝဘေးအန္တရာယ်များကျ ရောက်လာပါက ကျောင်းသား/သူများအနေဖြင့် မိမိကိုယ်ကို ကာကွယ်နိုင်စေရန်နှင့် ထိခိုက်ဆုံးရှုံးမှုလျော့ကျစေရေးကို ရည်ရွယ်၍ သဘာဝဘေးအသိပညာပေး ဟောပြောဆွေးနွေးပြီး လက်ကမ်းစာစောင်များကိုကျောင်းသားများအားလည်းကောင်း၊ ပိုစတာများအား ကျောင်းအုပ်ဆရာမကြီးထံပေးအပ်ခဲ့ပါသည်။
-
ကျောက်မဲမြို့နယ်၊ မိုင်းလုံမြို့နယ်ခွဲ၊ ညောင်မောင်းကျေးရွာရှိ တိုက်ပွဲရှောင်ပြည်သူများအတွက် ထောက်ပံ့မှုသတင်း
လူမှုဝန်ထမ်း၊ ကယ်ဆယ်ရေးနှင့်ပြန်လည်နေရာချထားရေးဝန်ကြီးဌာန၊ ကယ်ဆယ်ရေးနှင့်ပြန်လည်နေရာချထားရေးဦးစီးဌာန၊ ကျောက်မဲခရိုင် ဦးစီးမှူးရုံးမှ တာဝန်ရှိသူများသည် ကျောက်မဲခရိုင်၊ ကျောက်မဲမြို့နယ်၊ မိုင်းလုံမြို့နယ်ခွဲ၊ ညောင်မောင်းကျေးရွာတွင် တိုက်ပွဲဖြစ်ပွားမှုကြောင့် ဘုန်းကြီးကျောင်း (၁) ကျောင်းနှင့် လူနေအိမ် (၁၉) လုံးပျက်စီးမှုအတွက် ဘုန်းကြီးကျောင်း (၁) ကျောင်းလျှင် (၆ဝဝဝဝိ/-) နှုန်း လူနေအိမ် (၁) လုံး လျှင် (၅ဝဝဝဝ/-) နှုန်း (၁၉) လုံးအတွက် (၉၅ဝဝဝဝ/-) ကျပ်၊ စုစုပေါင်း (၁၀၁ဝဝဝဝ/-) ကျပ်အား (၁၁-၁-၂၀၁၇) ရက်နေ့တွင် သက်ဆိုင်ရာသို့ လွှဲပြောင်းထောက်ပံ့ပေးခဲ့ကြောင်း သတင်းရရှိပါသည်။ … Read more
-
ပခုက္ကူခရိုင်၊ ပခုက္ကူမြို့နယ်၊ ကွန်းကျေးရွာအုပ်စု၌ သဘာဝဘေးအသိပညာပေးဟောပြောပွဲပြုလုပ်သည့်သတင်း
လူမှုဝန်ထမ်း၊ ကယ်ဆယ်ရေးနှင့် ပြန်လည်နေရာချထားရေးဝန်ကြီးဌာန၊ ကယ်ဆယ်ရေးနှင့်ပြန်လည်နေရာချထားရေးဦးစီးဌာန၊ မကွေးတိုင်း ဒေသကြီး၊ ပခုက္ကူခရိုင်ဦးစီးမှူးရုံးမှ တာဝန်ရှိသူများသည် (၁၁-၁-၂၀၁၇) ရက်နေ့တွင် ပခုက္ကူခရိုင်၊ ပခုက္ကူမြို့နယ်၊ ကွန်းကျေးရွာအုပ်စု၌ သဘာဝဘေးအသိပညာပေးဟောပြောပွဲ ကျင်းပပြုလုပ်ခဲ့ပြီး လက်ကမ်းစာစောင်များဝေဌခြင်းနှင့်လူမှုဝန်ထမ်း၊ ကယ်ဆယ်ရေးနှင့် ပြန်လည်နေရာ ချထားရေးဝန်ကြီးဌာန၊ ပြည်ထောင်စုဝန်ကြီး၏ ရက် (၁၀၀) အလွန် ဆောင်ရွက်မည့်စီမံကိန်းများတွင် တစ်ခုအပါအဝင်ဖြစ်သည့် သဘာဝဘေးနှင့် စပ်လျဉ်းသည့် ပုံမှန်သတင်းများနှင့် အရေးကြီးသတင်းများ၊ မိုးလေဝသသတင်းများနှင့် မြန်မာနိုင်ငံအတွင်း သဘာဝဘေးအန္တရာယ်လျော့ပါးရေး ဆောင်ရွက်ချက် သတင်းများကိုအချိန်နှင့် တပြေးညီပေးပို့ခြင်း၊ ဖြစ်ပေါ်လာနိုင်သည့် ဘေးအန္တရာယ်နှင့်စပ်လျဉ်းသည့် ကြိုတင်သတိပေး Message ပေးပို့သည့်စနစ်၊ … Read more
-
မကွေးမြို့နယ်၊ မကြီးကန်ကျေးရွာအုပ်စု၊ ပုထိုးစမ်းကျေးရွာ၌ သဘာဝဘေးအသိပညာပေး ဟောပြောပွဲပြုလုပ်မှုသတင်း
လူမှုဝန်ထမ်း၊ ကယ်ဆယ်ရေးနှင့်ပြန်လည်နေရာချထားရေးဝန်ကြီးဌာန၊ ကယ်ဆယ်ရေးနှင့်ပြန်လည်နေရာချထားရေးဦးစီးဌာန၊ မကွေးတိုင်းဒေသ ကြီးဦးစီးမှူးရုံးမှ တာဝန်ရှိသူများသည် မကွေးမြို့နယ်၊ မကြီးကန်ကျေးရွာအုပ်စု၊ ပုထိုးစမ်းကျေးရွာ၌ သဘာဝဘေးအန္တရာယ်အသိပညာပေး ဟောပြောပွဲကို (၁၀-၁-၂၀၁၇) ရက်နေ့တွင် ကျင်းပပြုလုပ်ခဲ့ပြီး လက်ကမ်းစာစောင်များ ဝေငှခြင်း၊ လူမှုဝန်ထမ်း၊ ကယ်ဆယ်ရေးနှင့်ပြန်လည် နေရာချထားရေး၏ ဝန်ကြီးဌာန၊ ပြည်ထောင်စုဝန်ကြီး၏ ရက် (၁၀၀) အလွန်ဆောင်ရွက်မည့်စီမံကိန်းများတွင် တစ်ခုအပါအဝင်ဖြစ်သော သဘာဝ ဘေးနှင့်စပ်လျဉ်းသည့် သတင်းများ၊ အရေးကြီးသတင်းများ၊ မိုးလေဝသသတင်းများနှင့် မြန်မာနိုင်ငံအတွင်းသဘာဝဘေးလျော့ပါးရေး ဆောင် ရွက်ချက်သတင်းများကို အချိန်နှင့်တပြေးညီပေးပို့ခြင်းဖြစ်ပေါ်လာနိုင်သည့် ဘေးအန္တရာယ်နှင့်စပ်လျဉ်းသည့် ကြိုတင်သတိပေး Message ပေးပို့ သည့်စနစ် အရေးကြီးဖုန်းနံပါတ်နှင့် … Read more
-
သရက်ခရိုင်၊ အောင်လံမြို့ရှိ မိုဘိုင်းဖုန်းအရောင်းဆိုင်များ၌ DAN Mobile Application နှင့် DAN Mobile Application Sticker များ ဖြန့်ဝေမှုသတင်း
လူမှုဝန်ထမ်း၊ ကယ်ဆယ်ရေးနှင့် ပြန်လည်နေရာချထားရေးဝန်ကြီးဌာန ပြည်ထောင်စုဝန်ကြီး၏ ရက် ၁၀၀ အလွန်ဆောင်ရွက်မည့်စီမံကိန်းများအရ ကယ်ဆယ်ရေးနှင့် ပြန်လည်နေရာချထားရေးဦးစီးဌာနသရက်ခရိုင်ဦးစီးမှူးရုံးမှ တာဝန်ရှိသူများသည် (၁၀-၁-၂၀၁၇) ရက်နေ့တွင် သရက်ခရိုင်၊ အောင်လံမြို့ရှိ မိုဘိုင်းဖုန်းအရောင်းဆိုင်များ၌ သဘာဝဘေးအန္တရာယ်နှင့်စပ်လျဉ်းသည့် ပုံမှန်သတင်းများ အရေးကြီးမိုးလေဝသသတင်းများ အရေးပေါ်ဖုန်းနံပါတ်များ သဘာဝဘေးအန္တရာယ်ဆောင်ရန် ရှောင်ရန်အချက်များပါဝင်သည့်လက်ကမ်းစာစောင်များ ဘေးအန္တရာယ်နှင့်စပ်လျဉ်းသည့် ကြိုတင်သတိပေးချက်ပေးပို့သည့်စနစ်များပါဝင်သည့် DAN Mobile Application အကြောင်းရှင်းလင်းပြောကြားခြင်းနှင့် DAN Mobile Application Sticker များအား ဖြန့်ဝေခြင်းလုပ်ငန်းများကို ဆောင်ရွက်ခဲ့ပါကြောင်း သိရှိရပါသည်။ Source: သရက်ခရိုင်ဦးစီးမှူးရုံး (ကဆရ)
-
မြန်မာနိုင်ငံသဘာဝဘေးလျော့ပါးရေးလုပ်ငန်းစီမံချက် (၂၀၁၆) ရေးဆွဲရေး ဒုတိယအကြိမ် အစည်းအဝေးကျင်းပမှုသတင်း
နေပြည်တော် ဇန်နဝါရီ (၁၀) ထိရောက်သောဘေးအန္တရာယ်ဆိုင်ရာ စီမံခန့်ခွဲမှုလုပ်ငန်းအစီအစဉ်များ ချမှတ်ဆောင်ရွက်ြခင်း ြဖင့် ဘေးအန္တရာယ်များကို ကြံ့ကြံ့ခံ ရင်ဆိုင်တုံ့ပြန်နိုင်စွမ်းရှိသော လူ့အသိုက်အဝန်းဖြစ်ပေါ်စေရေးနှင့် ဘေးဒဏ်ခံစားရသော ြပည်သူများအတွက် ပိုမိုကောင်းမွန်သည့် လူနေမှုဘဝရရှိရေး မူဝါဒကိုချမှတ်လျက် လူမှုဝန်ထမ်း၊ ကယ်ဆယ်ရေးနှင့်ပြန်လည်နေရာချထားရေး ဝန်ကြီးဌာနက သဘာဝဘေးလျော့ပါးရေး လုပ်ငန်းများကို အကောင်အထည်ဖော်ဆောင်ရွက်လျက်ရှိပါကြောင်း ယနေ့နံနက်တွင် နေပြည်တော်ရှိ Grand Amara Hotel ၌ ကျင်းပသော “မြန်မာနိုင်ငံ သဘာဝဘေးလျော့ပါးရေးလုပ်ငန်း စီမံချက်ရေးဆွဲရေး အထောက်အကူပြု လုပ်ငန်းအဖွဲ့၏ ဒုတိယအကြိမ်အစည်းအဝေးတွင် လူမှုဝန်ထမ်း၊ ကယ််ဆယ်ရေးနှင့် ပြန်လည်နေရာချထားရေး ဝန်ကြီးဌာန၊ ပြည်ထောင်စုဝန်ကြီး … Read more
-
ဒက္ခိဏသီရိမြို့နယ်အတွင်းရှိ ဖုန်းဆိုင်များနှင့် အများပြည်သူသွားလာလျက်ရှိသည့်နေရာများတွင် DAN Mobile Application အသုံးပြုပုံနည်းလမ်းများနှင့် DAN Moblie Application Sticker များ ဖြန့်ဝေပေးမှုသတင်း
ကယ်ဆယ်ရေးနှင့် ပြန်လည်နေရာချထားရေးဦးစီးဌာန၊ ပြည်ထောင်စုနယ်မြေ၊ နေပြည်တော်တိုင်းဦးစီးမှူးရုံးမှ တာဝန်ရှိသူများသည် (၁၀-၁-၂၀၁၇) ရက်နေ့တွင် ဒက္ခိဏသီရိမြို့နယ်အတွင်းရှိ Mobile Phone အရောင်းစင်တာများ၌ ပြည်သူများ သဘာဝဘေး၊ မိုးလေဝသအခြေအနေနှင့် ကယ်ဆယ်ရေးသတင်းများ အချိန်နှင့်တပြေးညီ သိရှိနိုင်ရန်အတွက် DAN Mobile Application အသုံးပြုပုံနည်းလမ်းများအား လိုက်လံရှင်းပြခဲ့ပြီး အများပြည်သူသွားလာလျက်ရှိသည့်နေရာများ၌ စတစ်ကာများ ကပ်ပေးခြင်းတို့ကို ဆောင်ရွက်ပေးခဲ့ကြောင်း သိရှိရပါသည်။ Source: ပြည်ထောင်စုနယ်မြေ၊ နေပြည်တော်တိုင်းဦးစီးမှူးရုံး (ကဆရ)
-
စစ်ကိုင်းတိုင်းဒေသကြီး၊ ခင်ဦးမြို့နယ်တွင် သဘာဝဘေးအသိပညာပေးဆွေးနွေးဟောပြောပွဲ ကျင်းပပြုလုပ်မှုသတင်း
ကယ်ဆယ်ရေးနှင့် ပြန်လည်နေရာချထားရေးဦးစီးဌာန၊ စစ်ကိုင်းတိုင်းဒေသကြီးဦးစီးမှူးရုံးမှ တာဝန်ရှိသူများသည် (၁၀-၁-၂၀၁၇) ရက်နေ့တွင် ခင်ဦးမြို့နယ် အထွေထွေအုပ်ချုပ်ရေးဦးစီးဌာနရုံးခန်းမ၌ သဘာဝဘေးအသိပညာပေးဆွေးနွေးဟောပြောပွဲ ကျင်းပပြုလုပ်ခဲ့ရာ ခင်ဦးမြို့နယ်ရှိ ရပ်ကွက်/ကျေးရွာ အုပ်ချုပ်ရေးမှူး (၅၆)ဦး တက်ရောက်ခဲ့ကြောင်း သိရှိရပါသည်။ Source : စစ်ကိုင်းတိုင်းဒေသကြီးဦးစီးမှူးရုံး (ကဆရ)









