Category Archives: News
-
မြောင်းမြမြို့နယ်၊ ကညွှတ်ကွင်းကျေးရွာအုပ်စု၊ ကညွွှတ်ကွင်းကျေးရွာ၌ သဘာဝဘေးလျော့ပါးရေးအသိပညာပေးဟောပြောပွဲ ပြုလုပ်မှုသတင်း
(၉-၅-၂၀၁၇) ရက်နေ့၊ (၁ဝးဝ၀-၁၁း၃၀) နာရီအချိန်တွင် ကယ်ဆယ်ရေးနှင့် ပြန်လည်နေရာချထားရေးဦးစီးဌာန မြောင်းမြခရိုင်ဦးစီးမှူးရုံးမှ တာဝန်ရှိသူများသည် မြောင်းမြမြို့နယ်၊ ကညွှတ်ကွင်းကျေးရွာအုပ်စု၊ ကညွွှတ်ကွင်းကျေးရွာ၌ သဘာဝဘေးလျော့ပါးရေးအသိပညာပေးဟောပြောပွဲ ကျင်းပပြုလုပ်ခဲ့ရာ ကျေးရွာနေပြည်သူ (၈၅) ဦး တက်ရောက်ခဲ့ကြောင်း သိရှိရပါသည်။ Source: မြောင်းမြခရိုင်ဦးစီးမှူးရုံး (ကဆရ)
-
သာယာဝတီခရိုင်၊ နတ္တလင်းမြို့၌ လေဘေးကြိုတင်ပြင်ဆင်ရေး ပြည်သူသို့ ပန်ကြားချက် ဆိုင်းဘုတ်စိုက်ထူမှုသတင်း
(၉-၅-၂၀၁၇) ရက်နေ့တွင် ပြည်ခရိုင်ဦးစီးမှူးရုံး (ကဆရ) မှ တာဝန်ရှိသူများနှင့် စေတနာပရဟိတလူငယ်များသည် သာယာဝတီခရိုင်၊ နတ္တလင်းမြို့၌ လေဘေးကြိုတင်ပြင်ဆင်ရေး ပြည်သူသို့ ပန်ကြားချက် ဆိုင်းဘုတ်ကို စိုက်ထူခဲ့ကြောင်း သိရှိရပါသည်။ Source: ပြည်ခရုင်ဦးစီးမှူးရုံး (ကဆရ)
-
ကျောက်မဲခရိုင်၊ သီပေါမြို့နယ်၊ နမ့်လန်ကျေးရွာအုပ်စု၊ မမုံဟိန်ရပ်ကွက်ရှိ မီးဘေးသင့်ပြည်သူများအတွက် ထောက်ပံ့မှုသတင်း
(၆-၅-၂၀၁၇) ရက်နေ့တွင် ကျောက်မဲခရိုင်၊ သီပေါမြို့နယ်၊ နမ့်လန်ကျေးရွာအုပ်စု၊ မမုံဟိန်ရပ်ကွက် နယ်မြေ ၃ ၌ မီေးလာင်ကျွမ်းမှုကြောင့် သေဆုံးခဲ့သူ (၂) ဦးအတွက် တစ်ဦးလျှင် (၃၀၀၀၀၀) ကျပ်နှုန်းဖြင့် စုစုပေါင်း (၆၀၀၀၀၀) ကျပ်နှင့် နေအိမ် (၁) လုံးအတွက် အိမ်ဆောင်ပစ္စည်းဖိုးငွေ (၂၀၀၀၀၀) ကျပ်တို့အား ကျောက်မဲခရိုင်ဦးစီးမှူးရုံး (ကဆရ) မှ တာဝန်ရှိသူများသည် (၉-၅-၂၀၁၇) ရက်နေ့တွင် သွားရောက်ထောက်ပံ့ခဲ့ကြောင်း သိရှိရပါသည်။ Source: ကျောက်မဲခရိုင်ဦးစီးမှူးရုံး (ကဆရ)
-
ကမ်းပြိုဘေးဖြစ်ပွားမှုကြောင့် ပြောင်းရွှေ့ပြည်သူများအတွက် ထောက်ပံ့မှုသတင်း
ကယ်ဆယ်ရေးနှင့်ပြန်လည်နေရာချထားရေးဦးစီးဌာန၊ မကွေးတိုင်းဒေသကြီးဦးစီးမှူးရုံးမှ တာဝန်ရှိသူများသည် (၃-၅-၂၀၁၇) ရက်နေ့မှ (၆-၅-၂၀၁၇) ရက်နေ့ထိ ဧရာဝတီမြစ်ရေတိုက်စားကမ်းပါးပြိုကျမှုကြောင့် ပြောင်းရွှေ့ခဲ့ရသော အိမ်ခြေ (၈) လုံး၊ လူဦးရေ (၃၀) ဦးအတွက် ကယ်ဆယ်ရေးပစ္စည်း၊ အိမ်ဆောက်ပစ္စည်းဖိုး (၈၀၀၀၀၀/-) ကျပ်နှင့် ဆန်ရိက္ခာဖိုး (၆၃၀၀၀/-) ကျပ်တို့ကို (၉-၅-၂၀၁၇) ရက်နေ့တွင် ထောက်ပံ့ပေးအပ်ခဲ့ကြောင်း သတင်းရရှိပါသည်။ Source: မကွေးတိုင်းဒေသကြီးဦးစီးမှူးရုံး (ကဆရ)
-
ကျိုက်ထိုမြို့နယ်မုပ္ပလင်ကျေးရွာ လေဘေးသင့်ပြည်သူများအတွက် ထောက်ပံ့ပေးမှုသတင်း
ကယ်ဆယ်ရေးနှင့်ပြန်လည်နေရာချထားရေးဦးစီးဌာန သထုံခရိုင်ဦးစီးမှူးရုံးမှ တာဝန်ရှိသူများသည် မွန်ပြည်နယ် သထုံခရိုင် ကျိုက်ထိုမြိုနယ်မုပ္ပလင်ကျေးရွာ တွင်(၈.၅.၂၀၁၇)နေ့ မိုးသည်းထန်ပြီး လေပြင်းတိုက်ခတ်မှုကြောင့် သစ်ပင်ပိ ပြိုလဲအိမ်(၁)အိမ်ထောင်စာအတွက် ကယ်ဆယ်ရေး ပစ္စည်း (၁၅)မျိုးနှင့်အတူ အိမ်ဆောက်ပစ္စည်ဖိုး၊ဆန်ဖိုးငွေ စုစုပေါင်း (၁၀၆၃၀၀/-) အား သထုံခရိုင် ကယ်ဆယ်ရေးနှင့် ပြန်လည်နေရာချထားရေးဦးစီးဌာန သထုံခရိုင်ဦးစီးမှူးရုံးမှ (၉-၅-၂၀၁၇) ရက်နေ့ တွင်သွားရောက် ထောက်ပံ့ပေးခဲ့ ကြောင်းသတင်းရရှိပါသည်။ Source: သထုံခရိုင်ဦးစီးမှူးရုံး (ကဆရ)
-
လယ်ဝေးမြို့နယ်၊ စမတောင်ပရဟိတဂေဟာ၌ သဘာဝဘေးအန္တရာယ်ကြိုတင်ကာကွယ်ရေးအသိပညာပေးဆောင်ရွက်မှုသတင်း
နေပြည်တော်ဦးစီးမှူးရုံး (ကဆရ) မှ တာဝန်ရှိသူများသည် (၈-၅-၂၀၁၇) ရက်နေ့တွင် ပြည်ထောင်စုနယ်မြေ ကလေးသူငယ်ဆိုင်ရာအခွင့်အရေးကော်မတီ၏ လှုပ်ရှားမှုအဖြစ် လူမှုဝန်ထမ်းဦးစီးဌာနနှင့်ပူးပေါင်း၍ လယ်ဝေးမြို့နယ် စမတောင်ပရဟိတဂေဟာရှိ ကလေးသူငယ် (၆၀၀) ကျော်အား သဘာဝဘေးအန္တရာယ်ကြိုတင်ကာကွယ်ရေးအသိပညာပေးခြင်းကို ဆောင်ရွက်ခဲ့ကြောင်း သိရှိရပါသည်။ Source: ပြည်ထောင်စုနယ်မြေ၊ နေပြည်တော်တိုင်းဦးစီးမှူးရုံး (ကဆရ)
-
မကွေးမြို့နယ်၊ ကြာကန်ရွာ (မြောက်ပိုင်း) ဦးကျော်စိန်တဲတိုင်၊ ဒေါ်ဖွားကင်း တဲတိုက်နှင့် ဗိုလ်တဲ တဲတိုက်ရှိ ပြည်သူများအတွက် သောက်သုံး ရေဖြန့်ဝေပေး မှုသတင်း
ကယ်ဆယ်ရေးနှင့်ပြန်လည်နေရာချထားရေးဦးစီးဌာန၊ မကွေးတိုင်းဒေသကြီး ဦးစီးမှူးရုံးမှ တာဝန်ရှိသူများသည် (၉-၅-၂၀၁၇) ရက်နေ့တွင် မကွေးမြို့နယ် ကြာကန်ရွာ (မြောက်ပိုင်း) ဦးကျော်စိန်တဲတိုင်၊ ဒေါ်ဖွားကင်းတဲတိုက်နှင့် ဗိုလ်တဲတဲတိုက် စုစုပေါင်းအိမ်ခြေ (၃၂၀)၊ စုစုပေါင်းအိမ်ထောင်စု (၃၃၀) စုစုပေါင်းလူဦးရေ (၆၄၀၀) ဦး အတွက် သောက်သုံးရေဂါလံ (၆၄၀၀) ကို (၁၁း၀၀)နာရီအချိန်တွင် သွားရောက်ဖြန့်ဝေပေးခဲ့ကြောင်း သတင်းရရှိပါသည်။ Source: မကွေးတိုင်းဒေသကြီးဦးစီးမှူးရုံး (ကဆရ)
-
ပဲခူးခရိုင်၊ ဒိုက်ဦးမြို့နယ်၊ သပြေတန်းကျေးရွာအုပ်စုနှင့် ပွဲတမော့ကျေးရွာအုပ်စုရှိ လေဘေးသင့်အိမ်ထောင်စုများအတွက် ထောက်ပံ့ငွေများ ပေးအပ်မှုသတင်း
(၅-၅-၂၀၁၇) ရက်နေ့တွင် ပဲခူးတိုင်းဒေသကြီး၊ ပဲခူးခရိုင်၊ ဒိုက်ဦးမြို့နယ်၊ သပြေတန်းကျေးရွာအုပ်စုနှင့် ပွဲတမော့ကျေးရွာအုပ်စုတို့၌ ဖြစ်ပွားခဲ့သော လေဘေးကြောင့် အမိုးလန်ခဲ့သည့် နေအိမ် (၅) လုံးနှင့် ဘုန်းတော်ကြီးကျောင်း ဆွမ်းစာဆောင်ပြိုကျမှုတို့အတွက် ထောက်ပံ့ငွေ (၁၆၀၀၀၀ိ/-) ကျပ်အား ပဲခူးတိုင်းဒေသကြီးဦးစီးမှူးရုံး (ကဆရ) မှ တာဝန်ရှိသူများသည် (၈-၅-၂၀၁၇) ရက်နေ့တွင် ထောက်ပံ့ပေးပြီးဖြစ်ကြောင်း သိရှိရပါသည်။ Source: ပဲခူးတိုင်းဒေသကြီးဦးစီးမှူးရုံး (ကဆရ)
-
ဧရာဝတီတိုင်းဒေသကြီး၊ ပုသိမ်ခရိုင်၊ ငပုတောမြို့နယ်၊ ငါးရန့်ချောင်းကျေးရွာ အုပ်စု၊ တောင်ကျောင်းကျေးရွာ၌ မုန်တိုင်းဇာတ်တိုက်လေ့ကျင့်ခန်း ဆောင်ရွက်မှုသတင်း
ကယ်ဆယ်ရေးနှင့်ပြန်လည်နေရာချထားရေးဦးစီးဌာန၊ ဧရာဝတီတိုင်းဒေသကြီးဦးစီးမှူးရုံးမှ တာဝန်ရှိသူများသည် (၉-၅-၂၀၁၇) ရက်နေ့တွင် ဧရာဝတီတိုင်းဒေသကြီး၊ ပုသိမ်ခရိုင်၊ ငပုတောမြို့နယ်၊ ငါးရန့်ချောင်းကျေးရွာအုပ်စု၊ တောင်ကျောင်းကျေးရွာ၌ ငပုတောမြို့နယ်၊ မီးသတ်တပ်ဖွဲ့၊ ကြက်ခြေနီ၊YMCA နှင့် CWS အဖွဲ့တို့ပူးပေါင်း၍ မုန်တိုင်းဇာတ်တိုက်လေ့ကျင့်ခန်းအား တောင်ကျောင်းကျေးရွာရှိ အလက (ခွဲ) ကျောင်းတွင် ကျေးရွာဘေးအန္တရာယ်စီမံခန့်ခွဲမှုအဖွဲ့ဝင်များနှင့် ကျင်းပပြုလုပ်ခဲ့ရာ တောင်ကျောင်းကျေးရွာနှင့် ကျောက်ရေတွင်းကျေးရွာများမှ ကျေးရွာသူ၊ ကျေးရွာသားအင်အား စုစုပေါင်း (၁၅၀) ဦးတက်ရောက်ခဲ့ကြောင်း သတင်းရရှိပါသည်။ Source: ဧရာဝတီတိုင်းဒေသကြီးဦးစီးမှူးရုံး (ကဆရ)
-
ကမ်းပြိုဘေးဖြစ်ပွားမှုကြောင့် ပြောင်းရွှေ့ပြည်သူများအတွက် ထောက်ပံ့မှုသတင်း
ကယ်ဆယ်ရေးနှင့်ပြန်လည်နေရာချထားရေးဦးစီးဌာန၊ ပခုက္ကူခရိုင်ဦးစီးမှူးရုံးမှ တာဝန်ရှိသူများသည် (၅-၅-၂၀၁၇) မှ (၇-၅-၂၀၁၇) ရက်နေ့ထိ ပခုက္ကူခရိုင်၊ ရေစကြိုမြို့နယ်၊ ဗလဗကျေးရွာအုပ်စု၊ ဗလဗကျေးရွာတွင် ဧရာဝတီမြစ်ရေတိုက်စားမှုကြောင့် ကမ်းပြိုမှုဖြစ်ပွားရာ ပြောင်းရွှေ့အိမ်ခြေ (၇) လုံး၊ အိမ်ထောင်စု (၇) စု အတွက် ကယ်ဆယ်ရေးပစ္စည်း (၄) မျိုး၊ လူဦးရေ (၃၃) ဦးတို့အတွက် ဆန်ရိက္ခာ (၇) ရက်စာ (၆၉၃၀၀/-) ကျပ်၊ အိမ်ဆောက်ပစ္စည်းဖိုးငွေ (၇၀၀၀၀၀/-) ကျပ်၊ စုစုပေါင်း (၇၆၉၃၀၀/-) ကျပ်အား ကျေးရွာ အုပ်ချုပ်ရေးမှူးရုံး၌ ဘေးသင့်ပြည်သူများသို့ … Read more









