Category Archives: News
-
လေပြင်းဘေးထောက်ပံ့မှုသတင်း
ကယ်ဆယ်ရေးနှင့်ပြန်လည်နေရာချထားရေးဦးစီးဌာန၊ ဧရာဝတီတိုင်းဒေသကြီးဦးစီးမှူးရုံးမှ တာဝန်ရှိသူများသည် (၉-၅-၂၀၁၇)ရက်နေ့၌ လေပြင်းတိုက်ခတ်မှုကြောင့် ဧရာဝတီတိုင်းဒေသကြီး၊ ပုသိမ်ခရိုင်၊ ရေကြည်မြို့နယ်၊ အင်းလျာကုန်းကျေးရွာအုပ်စု၊ ဆင်ကူးအရှေ့စုကျေးရွာတွင် ပြိုကျပျက်စီးခဲ့သည့် နေအိမ် (၁) လုံးအတွက် ကယ်ဆယ်ရေးပစ္စည်း (၂၂) မျိုးပါ Family Kits (၁) ပုံး၊ အိမ်ဆောက်ပစ္စည်းဖိုး (၁၀၀၀၀၀ိ/-)၊ အမိုးလန်ပျက်စီး နေအိမ် (၁) လုံးအတွက် ကယ်ဆယ်ရေးပစ္စည်း (၉) မျိုး (ပလပ်စတစ်ပုံးပါ) (၁) အိမ်ထောင်စုစာနှင့် အိမ်ဆောက်ပစ္စည်းဖိုး (၁၀၀၀၀၀ိ/-)၊ လူဦးရေ (၁၃) ဦးအတွက် ဆန်ရိက္ခာ (၇) … Read more
-
“သဘာဝဘေးသင့်ပြည်သူများအတွက်ထောက်ပံ့မှုနှုန်းထားများအားပြည်သူသို့တင်ပြချက်”
လူမှုဝန်ထမ်း၊ကယ်ဆယ်ရေးနှင့်ပြန်လည်နေရာချထားရေးဝန်ကြီးဌာန၏ ပြည်သူ့အတွက်ပိုမို ထိရောက်စွာ ကူညီထောက်ပံ့ပေးနေမှုအား ပွင့်လင်းမြင်သာစွာ တင်ပြခြင်းဖြစ်ပါသည်။ ၂၀၁၇-၂၀၁၈ ဘဏ္ဍာနှစ်တွင် အောက်ပါအတိုင်းတိုးမြှင့်ထောက်ပံ့မည်ဖြစ်ပါသည်-
-
လူမှုဝန်ထမ်း၊ကယ်ဆယ်ရေးနှင့်ပြန်လည်နေရာချထားရေးဝန်ကြီးဌာန၊ရန်ကုန်တိုင်းဒေသကြီးအတွင်း Monitoring and Evaluation Team အဖွဲ့၏ကွင်းဆင်းလေ့လာမှုအခြေအနေသတင်း
လူမှုဝန်ထမ်း၊ ကယ်ဆယ်ရေးနှင့် ပြန်လည်နေရာချထားရေးဝန်ကြီးဌာန၏ Monitoring and Evaluation Team အဖွဲ့သည် (၁၃-၅-၂၀၁၇) ရက်နေ့၊ နံနက်(၉)နာရီအချိန်တွင် ရန်ကုန်တိုင်းဒေသကြီး၊ ရွှေပြည်သာမြို့နယ်၊ (၁၄)ရပ်ကွက်နှင့် ဒ(၁၇) ရပ်ကွက်တို့တွင် AAR Japan အဖွဲ့အစည်းမှ အကောင်အထည်ဖော် ဆောင်ရွက်လျက်ရှိသည့် မသန်စွမ်းသူများ ပြန်လည်ထူထောင်ရေးလုပ်ငန်းများ၊ အသိပညာပေးလုပ်ငန်းများ၊ ဝင်ငွေရှာဖွေရေးအတွက် တစ်နိုင်တစ်ပိုင်စီးပွားရေးလုပ်ငန်းများပံ့ပိုး ပေးခြင်း နှင့် အသက်မွေးပညာသင်တန်းများပို့ချပေးခြင်းအစရှိသည့် လုပ်ငန်းများ အကောင်အထည်ဖော်နိုင်မှု အခြေအနေများကို သွားရောက်လေ့လာခဲ့ပါသည်။ M&E အဖွဲ့သည် အဆိုပါစီမံကိန်းနယ်မြေမှ ကိုယ့်အား ကိုယ်ကိုးအဖွဲ့များနှင့် ကိုယ်တိုင်တွေ့ဆုံ၍ ၎င်းတို့ … Read more
-
ဘီးလင်းမြို့နယ်အတွင်း ပြည်သူများအတွက် သောက်သုံးရေဖြန့်ဝေပေးမှုသတင်း
ကယ်ဆယ်ရေးနှင့်ပြန်လည်နေရာချထားရေးဦးစီးဌာန၊ သထုံခရိုင်ဦးစီးမှူးရုံးမှ တာဝန်ရှိသူများသည် (၁၂-၅-၂၀၁၇) ရက်နေ့တွင် ဘီးလင်းမြို့ နယ် အတွင်းရှိ သောက်သုံးရေရှားပါးသော ကန်သာယာရပ်ကွက်(၈) ၊ တိုးချဲ့ ရပ်ကွက်(၂ လမ်း၊ ၃လမ်း၊ ၄လမ်း၊ ၅လမ်း) ရပ်ကွက်များရှိ အိမ်ထောင်စု(၃၀၀) လူဦးရေ (၁၆၀၀)ဦးတို့အား သောက််သုံးရေ ဂါလံ(၆၀၀၀)အား သွားရောက်လှူ ဒါန်းဖြန့်ဝေပေးခဲ့ကြောင်း သတင်းရရှိပါသည်။Source: သထုံခရိုင်ဦးစီးမှူးရုံး (ကဆရ)
-
လူမှုဝန်ထမ်း၊ ကယ်ဆယ်ရေးနှင့် ပြန်လည်နေရာချထားရေးဝန်ကြီးဌာန Monitorong and Evaluation Team အဖွဲ့၏ ကွင်းဆင်းလေ့လာမှုအခြေအနေသတင်း
လူမှုဝန်ထမ်း၊ ကယ်ဆယ်ရေးနှင့် ပြန်လည်နေရာချထားရေးဝန်ကြီးဌာန၏ Monitorong and Evaluation Team အဖွဲ့သည် (၁၂-၅-၂၀၁၇) ရက်နေ့၊ နေ့လည် (၁၂:၀၀) နာရီအချိန်တွင် ဧရာဝတီတိုင်းဒေသကြီး၊ မြောင်းမြခရိုင်၊ သရက်ချောင်းကျေးရွာနှင့် ရွာအစွန်အဖျားတွင် AVSI အဖွဲ့မှ အကောင်အထည်ဖော်ဆောင်ရွက်လျက်ရှိသည့် အစုအဖွဲ့ပိုင် ဆန်စက်၊ စပါးသိုလှောင်ရုံနှင့် ရေငံဒဏ်ခံနှင့် ရေမြုပ်ဒဏ်ခံမျိုး စပါးသိုလှောင်ရုံများ တည်ဆောက်၍ ရွာသူရွာသားများ၏ ဝင်ငွေတိုးပွားရေးလုပ်ငန်းများဆောင်ရွက်ထားမှုအခြေအနေ၊ Community School ဖွင့်လှစ်၍ ဆင်းရဲနွမ်းပါးသည့် မိသားစုများမှ ကလေးများကို ပညာသင်ကြားစောင့်ရှောက်ထားမှု၊ သဘာဝဘေးအန္တရာယ်လျော့ပါးရေးဆိုင်ရာအသိပညာပေးခြင်းနှင့် ဇာတ်တိုက်လေ့ကျင့်မှုများဆောင်ရွက်ထားမှု၊ အမျိုးသမီးအသက်မွေးဝမ်းကျောင်းသင်တန်းများဖွင့်လှစ်ပို့ချမှုတို့နှင့်စပ်လျဉ်း၍ ကွင်းဆင်းလေ့လာမှုများ … Read more
-
ကျိုက်မရောမြို့နယ်၊သံကလောင်ကျေးရွာ၌ သဘာဝဘေးအန္တရာယ်ဆိုင်ရာ အသိပညာပေးဟောပြောပွဲ ပြုလုပ်မှုသတင်း
(၁၂-၅-၂၀၁၇) ရက်နေ့တွင် ကယ်ဆယ်ရေးနှင့် ပြန်လည်နေရာချထားရေးဦးစီးဌာန၊ မွန်ပြည်နယ်ဦးစီးမှူးရုံးမှှ တာဝန်ရှိသူများသည် ကျိုက်မရောမြို့နယ်၊သံကလောင်ကျေးရွာ၌သဘာဝ ဘေးအန္တ ရာယ် ဆိုင်ရာအသိပညာပေးဟောပြောပွဲပြုလုပ်ခဲ့ပြီးံ သဘာဝဘေးအသိပညာပေးလက်ကမ်းစာစောင်များဖြန့်ဝေခဲ့ပါသည်။အဆိုပါဟောပြောပွဲသို့ ကျေးရွာသူ/ရွာသား (၂၀၀) ဦးတက်ရောက်ခဲ့ကြောင်း သိရှိရပါသည်။Source: မွန်ပြည်နယ်ဦးစီးမှူးရုံး (ကဆရ)
-
ဘီးလင်းမြို့နယ်၊ ဆရာစံရပ်ကွက်၊ ဒညင်းကုန်းဘုန်းတော်ကြီးကျောင်းအတွက် ထောက်ပံ့ငွေပေးအပ်မှုသတင်း
ကယ်ဆယ်ရေးနှင့်ပြန်လည်နေရာချထားရေးဦးစီးဌာန၊ သထုံခရိုင်ဦးစီးမှူးရုံးမှ တာဝန်ရှိသူများသည် (၁၁-၅-၂၀၁၇) ရက်နေ့တွင် မိုးသည်းထန်စွာရွာသွန်းပြီး လေပြင်းတိုက်ခတ်ခဲ့မှုကြောင့် ဘေးသင့်ခဲ့သော မွန်ပြည်နယ်၊ သထုံခရိုင်၊ ဘီးလင်းမြို့နယ်၊ ဆရာစံရပ်ကွက်၊ ဒညင်းကုန်းဘုန်းတော်ကြီးကျောင်းအတွက် ထောက်ပံ့ငွေ (၁၀၀,၀၀၀) ကျပ်အား (၁၂-၅-၂၀၁၇) ရက်နေ့တွင် သွားရောက်ထောက်ပံ့ပေးအပ်ခဲ့ကြောင်း သတင်းရရှိပါသည်။ Source: သထုံခရိုင်ဦးစီးမှူးရုံး (ကဆရ)
-
သဘာဝဘေးအန္တရာယ်လျော့ချရေးနှင့် ကြိုတင်ပြင်ဆင်ရေး ပြည်နယ်အဆင့် (နည်းပြ) သင်တန်းဖွင့်လှစ်မှုသတင်း
ကယ်ဆယ်ရေးနှင့်ပြန်လည်နေရာချထားရေးဦးစီးဌာန၊ မွန်ပြည်နယ်ဦးစီးမှူးရုံးမှ တာဝန်ရှိသူများသည် (၁၂-၅-၂၀၁၇) ရက်နေ့တွင် မွန်ပြည်နယ် ပညာရေးမှူးရုံး၊ SDC ၊ UNICEF အဖွဲ့တို့နှင့် ပူးပေါင်း၍ မွန်ပြည်နယ်အတွင်းရှိ ဆရာ/ဆရာမ (၅၇) ဦးတို့အား သဘာဝဘေးအန္တရာယ်လျော့ချရေးနှင့် ကြိုတင်ပြင်ဆင်ရေး ပြည်နယ်အဆင့် (နည်းပြ) သင်တန်းအား မော်လမြိုင်မြို့ အမှတ် (၁) အခြေခံပညာအထက်တန်းကျောင်း၌ ဖွင့်လှစ်ခဲ့ကြောင်း သတင်းရရှိပါသည်။ Source: မွန်ပြည်နယ်ဦးစီးမှူးရုံး (ကဆရ)
-
ဟင်္သာတခရိုင်၊ အင်္ဂပူမြို့နယ်အတွင်း လေဘေးသင့်ပြည်သူများအတွက် ထောက်ပံ့မှုသတင်း
ကယ်ဆယ်ရေးနှင့်ပြန်လည်နေရာ ချထားရေးဦးစီးဌာန ဟင်္သာတခရိုင် အင်္ဂပူမြို့နယ် ကွင်းလှကျေးရွာအုပ်စု ဝက်ကြီးချောင်းကျေးရွာ(၉.၅.၂၀၁၇)နေ့ တွင် ဖြစ်ပွားသော လေဘေးကြောင့် တစ်စိတ်တစ်ပိုင်း ပျက်စီးဆုံးရှုံးသော အိမ်ခြေ(၁)လုံးအတွက် အိမ်ဆောက်ပစ္စည်းရန်ပုံငွေ(၇၀၀၀၀/-) အိမ်ထောင် စု(၁)စုအား ကယ်ဆယ်ရေးပစ္စည်း(၄)မျိုး လေဘေး သင့်ပြည်သူ( ၃ )ဦး အတွက် ဆန်ရိက္ခာ(၇ )ရက်စာ (၆၃၀၀/-) စုစုပေါင်းကယ်ဆယ်ရေးရန်ပုံငွေ(၇၆၃၀၀/- ) တို့ အား အင်္ဂပူ မြို့နယ် အထွေထွေ အုပ်ချုပ် ရေး ဦးစီးဌာနမှ တာဝန်ရှိသူ များနှင့်အတူ ကယ်ဆယ် ရေးနှင့်ပြန်လည် နေရာ ချထားရေး … Read more
-
ကမ်းပြိုဘေးထောက်ပံ့မှုသတင်း
ကယ်ဆယ်ရေးနှင့်ပြန်လည်နေရာချထားရေးဦးစီးဌာန၊ ဟင်္သာတခရိုင်ဦးစီးမှူးရုံးမှ တာဝန်ရှိသူများသည် ဟင်္သာတခရိုင်၊ ကြံခင်းမြို့နယ်၊ ရေလယ်ကျွန်းကျေးရွာအုပ်စု၊ အထက်ကုန်းကျေးရွာတွင် ဧရာဝတီမြစ်ရေတိုက်စားမှုကြောင့် ကမ်းပြိုဘေးဖြစ်ပွားခဲ့ရာ (၉-၅-၂၀၁၇) ရက်နေ့တွင် ကြိုတင်ဖျက်သိမ်းရွှေ့ပြောင်းခဲ့သော ဘေးသင့်အိမ်ခြေ (၁၂) လုံးအတွက် အိမ်ဆောက်ပစ္စည်းဖိုးငွေ (၁,၂၀၀,၀၀၀) ကျပ်၊ကယ်ဆယ်ရေးပစ္စည်း (၄) မျိုး (၁၂) အိမ်ထောင်စာနှင့် ဘေးသင့်လူဦးရေ (၄၅) ဦးအတွက် ဆန်ရိက္ခာဖိုငွေ (၇) ရက်စာ (၉၄,၅၀၀) ကျပ် စုစုပေါင်း (၁,၂၉၄,၅၀၀) ကျပ်တို့အား မြန်မာနိုင်ငံရဲတပ်ဖွဲ့၊ မီးသတ်ဦးစီးဌာန၊ ပြန်/ဆက်ဦးစီးဌာန၊ ကြံခင်းမြို့နယ်အထွေထွေအုပ်ချုပ်ရေးဦးစီးဌာနမှ တာဝန်ရှိသူများနှင့်အတူ (၁၁-၅-၂၀၁၇) ရက်နေ့တွင် … Read more









