ဟင်္သာတခရိုင်၊ အင်္ဂပူမြို့နယ်အတွင်း လေဘေးသင့်ပြည်သူများအတွက် ထောက်ပံ့မှုသတင်း

ကယ်ဆယ်ရေးနှင့်ပြန်လည်နေရာ ချထားရေးဦးစီးဌာန ဟင်္သာတခရိုင် အင်္ဂပူမြို့နယ် ကွင်းလှကျေးရွာအုပ်စု ဝက်ကြီးချောင်းကျေးရွာ(၉.၅.၂၀၁၇)နေ့ တွင် ဖြစ်ပွားသော လေဘေးကြောင့် တစ်စိတ်တစ်ပိုင်း ပျက်စီးဆုံးရှုံးသော အိမ်ခြေ(၁)လုံးအတွက် အိမ်ဆောက်ပစ္စည်းရန်ပုံငွေ(၇၀၀၀၀/-) အိမ်ထောင် စု(၁)စုအား ကယ်ဆယ်ရေးပစ္စည်း(၄)မျိုး လေဘေး သင့်ပြည်သူ( ၃ )ဦး အတွက် ဆန်ရိက္ခာ(၇ )ရက်စာ (၆၃၀၀/-) စုစုပေါင်းကယ်ဆယ်ရေးရန်ပုံငွေ(၇၆၃၀၀/- ) တို့ အား အင်္ဂပူ မြို့နယ် အထွေထွေ အုပ်ချုပ် ရေး ဦးစီးဌာနမှ တာဝန်ရှိသူ များနှင့်အတူ ကယ်ဆယ် ရေးနှင့်ပြန်လည် နေရာ ချထားရေး ဦးစီးဌာနမှ ( ၁၁.၅. ၂၀၁၇ )နေ့တွင် အင်္ဂပူမြို့နယ် အထွေထွေ အုပ်ချုပ် ရေး ဦးစီးဌာန ၌ လေဘေးသင့် ပြည်သူများအား ပေးအပ် ထောက်ပံ့ခဲ့ကြောင်း သတင်းရရှိပါသည်။Source: ဟင်္သာတခရိုင်ဦးစီးမှူးရုံး (ကဆရ)

Sign Up

Upcoming Events