
လူမှုဝန်ထမ်း၊ ကယ်ဆယ်ရေးနှင့် ပြန်လည်နေရာချထားရေးဝန်ကြီးဌာန၏ Monitoring and Evaluation Team အဖွဲ့သည် (၁၃-၅-၂၀၁၇) ရက်နေ့၊ နံနက်(၉)နာရီအချိန်တွင် ရန်ကုန်တိုင်းဒေသကြီး၊ ရွှေပြည်သာမြို့နယ်၊ (၁၄)ရပ်ကွက်နှင့် ဒ(၁၇) ရပ်ကွက်တို့တွင် AAR Japan အဖွဲ့အစည်းမှ အကောင်အထည်ဖော် ဆောင်ရွက်လျက်ရှိသည့် မသန်စွမ်းသူများ ပြန်လည်ထူထောင်ရေးလုပ်ငန်းများ၊ အသိပညာပေးလုပ်ငန်းများ၊ ဝင်ငွေရှာဖွေရေးအတွက် တစ်နိုင်တစ်ပိုင်စီးပွားရေးလုပ်ငန်းများပံ့ပိုး ပေးခြင်း နှင့် အသက်မွေးပညာသင်တန်းများပို့ချပေးခြင်းအစရှိသည့် လုပ်ငန်းများ အကောင်အထည်ဖော်နိုင်မှု အခြေအနေများကို သွားရောက်လေ့လာခဲ့ပါသည်။ M&E အဖွဲ့သည် အဆိုပါစီမံကိန်းနယ်မြေမှ ကိုယ့်အား ကိုယ်ကိုးအဖွဲ့များနှင့် ကိုယ်တိုင်တွေ့ဆုံ၍ ၎င်းတို့ လုပ်ငန်းများဆောင်ရွက်တိုးတက်မှု၊ ကြုံတွေ့ရသည့် အခက်အခဲများ၊ ဝန်ကြီးဌာနမှ ဆောင်ရွက်ပေးစေလိုသည်များ၊ မသန်စွမ်းသူများ ဘက်စုံဖွံ့ဖြိုး တိုးတက် ရေးအတွက် ရေရှည်တည်တံ့စေနိုင်မည့် ရပ်ရွာအခြေပြုနည်းလမ်းများကို မေးမြန်းဆွေးနွေး အကြံပြုခြင်း တို့ကို ဆောင်ရွက်ခဲ့ကြောင်းသတင်းရရှိပါသည်။