Category Archives: News
-
အောင်လံမြို့နယ် လပါးကျေးရွာတွင်လေဘေးသင့်ပြည်သူများအတွက်ထောက်ပံ့မှုသတင်း
ကယ်ဆယ်ရေးနှင့်ပြန်လည်နေရာချထားရေးဦးစီးဌာန၊ သရက်ခရိုင်ဦးစီးမှူးရုံး မှ တာဝန်ရှိ သူများသည် (၁၂-၅-၂၀၁၇) ရက်နေ့ အောင်လံမြို့နယ် လပါးကျေးရွာတွင် လေပြင်းတိုက်ခတ်မှုကြောင့်် အိမ်ထောင် စု (၂) စုအတွက် ဆန်ဖိုးငွေ ၂၁၀၀၀ိ|အိမ်ဆောက်ပစ္စည်းဖိုး ငွေ (၂၀၀၀၀၀/-) စုစုပေါင်း (၂၂၁၀၀၀/-) နှင့် ကယ်ဆယ်ရေးပစ္စည်း(၄)မျိူးအား (၁၃. ၅ .၂၀၁၇) နေ့တွင် သွားရောက်ထောက်ပံ့ ပေးအပ်ခဲ့ကြောင်းသတင်းရရှိ သည်။Source: သရက်ခရိုင်ဦးစီးမှူးရုံး (ကဆရ)
-
မြောက်ဦးမြို့နယ်အတွင်း လေဘေးသင့်ပြည်သူများအတွက်ထောက်ပံ့မှုသတင်း
ကယ်ဆယ်ရေးနှင့်ပြန်လည်နေရာချထားရေးဦးစီးဌာန၊ မြောက်ဦးခရိုင်ဦးစီးမှူးရုံးမှ တာဝန်ရှိ သူများသည် (၁၂-၅-၂၀၁၇) ရက်နေ့ လေပြင်းတိုက်ခတ်မှုကြောင့် မြောက်ဦးမြို့နယ် အတွင်းရှိ ကြာရှည်ကျေးရွာ ချောင်းသစ်ကျေးရွာ ဆင်အိုးချေကျေးရွာနှင့်ရွာမနီကျေးရွာတိုတွင်လေပြင်း တိုက်ခတ်မှုကြောင့် လုံးဝပျက်စီးသွား သောလူနေအိမ်(၂)လုံး အိမ်ထောင်စု(၂)စု အတွက် ကယ်ဆယ်ရေးပစ္စည်း (၉)မျိုးအိမ်ထောင်စု(၂)စုစာနှင့်တစ်စိတ်တစ်ပိုင်းပျက်စီး သွားသော လူနေအိမ်(၁၀)လုံးအတွက် ကဆရပစ္စည်း(၄)မျိုးအိမ်ထောင်စု(၄)စုစာ အား(၁၃-၅-၂၀၁၇) ရက်နေ့တွင်မြောက်ဦးခရိုင်ဦးစီးမှူးရုံံးမှကနဦးသွားရောက်ထောက်ပံ့ပေးခဲ့ပြီးဆန်ရိက္ခာဖိုး နှင့်အိမ်ဆောက်ပစ္စည်းဖိုးများအား ဆက်လက်ထောက်ပံ့ပေးသွားမည်ဖြစ်ကြောင်းသတင်းရရှိ သည်။Source: မြောက်ဦးခရိုင်ဦးစီးမှူးရုံး (ကဆရ)
-
ကနီမြို့နယ်အတွင်း လေဘေးသင့်ပြည်သူများအတွက်ထောက်ပံ့မှုသတင်း
ကယ်ဆယ်ရေးနှင့်ပြန်လည်နေရာချထားရေးဦးစီးဌာန၊ စစ်ကိုင်းတိုင်းဒေသကြီးဦးစီးမှူးရုံးမှ တာဝန်ရှိ သူများသည် (၁၁-၅-၂၀၁၇)ရက်နေ့ လေပြင်းတိုက်ခတ်မှုကြောင့် ကနီမြို့နယ်အတွင်းမှ ဘေးသင့် အိမ်ထောင်စု (၃၃)စုအတွက် အိမ်ဆောက်ပစ္စည်းဖိုးငွေ (၁၀၅၅၀၀၀/-) နှင့် ကယ်ဆယ်ရေးပစ္စည်း (၅၀)မျိုး (၃၃)အိမ်ထောင်စာ အမိုးလန်ဘုန်းကြီးကျောင်း ၁ကျောင်းအတွက် ကျောင်းဆောက် ပစ္စည်း ဖိုးငွေ (၇၀၀၀၀)အား (၁၂-၅-၂၀၁၇)ရက်နေ့တွင်ထောက်ပံ့ပေးခဲ့ကြောင်းသတင်းရရှိ သည်။Source: စစ်ကိုင်းတိုင်းဒေသကြီးဦးစီးမှူးရုံး (ကဆရ)
-
ပခုက္ကူမြို့နယ်အတွင်း လေဘေးသင့်ပြည်သူများအတွက် ထောက်ပံ့မှုသတင်း
ကယ်ဆယ်ရေးနှင့်ပြန်လည်နေရာချထားရေးဦးစီးဌာန၊ ပခုက္ကူခရိုင်ဦးစီးမှူးရုံးမှ တာဝန်ရှိသူများသည် (၇-၅-၂၀၁၇)ရက်နေ့ လေပြင်းတိုက်ခတ်မှုကြောင့် ပခုက္ကူမြို့နယ်၊ကျေးရွာအုပ်စု(၂၂)စု ကျေးရွာ(၇၁) ရွာတို့တွင်ပြိုကျအိမ်ခြေ (၁၄၄)အိမ်၊ အမိုးလန်အိမ်ခြေ (၁၄၄၈)အိမ၊်လူဦးရေ(၆၃၆၈)ဦး၊ဘုန်းကြီး ကျောင်းတစ်ကျောင်းတို့အတွက််ကယ်ဆယ်ရေးပစ္စည်း (၉)မျိုးနှင့် ဆန်ရိက္ခာ(၇)ရက်စာ (၁၃၃၇၂၈၀၀ိ/-) အိမ်ဆောက်ပစ္စည်းဖိုးပြိုကျအိမ်ခြေ(၁၄၄) အိမ်အတွက်(၁၄၄၀၀၀၀၀ိ/-)၊ အမိုးလန်အိမ်ထောင်စု(၁၄၄၈)အိမ် အတွက်(၂၈၉၆၀၀၀၀ိ/-)နှင့်ဘုန်ကြီးကျောင်းတစ်ကျောင်း အတွက်(၁၀၀၀၀၀ိ/-) စုစုပေါင်း (၅၆၈၃၂၈၀၀ိ/-)ကို(၁၂-၅-၂၀၁၇)ရက်နေ့တွင်မြို့နယ် အထွေထွေအုပ်ချုပ်ရေးဦးစီးဌာနအစည်းအဝေးခန်းမ၌ လေဘေးသင့်ပြည်သူများနှင့် ကျေးရွာအုပ်စု အုပ်ချုပ်ရေးမှူးများထံသိုထောက်ပံ့ပေးခဲ့ကြောင်းသတင်းရရှိ သည်။Source: ပခုက္ကူခရိုင်ဦးစီးမှူးရုံး (ကဆရ)
-
မကွေးမြို့နယ်၊ ကြာကန်အုပ်စုသို့ ရေဖြန့်ဝေမှုသတင်း
လူမှုဝန်ထမ်း၊ ကယ်ဆယ်ရေးနှင့်ပြန်လည်နေရာချထားရေးဝန်ကြီးဌာန၊ ကယ်ဆယ်ရေးနှင့်ပြန်လည်နေရာချထားရေးဦးစီးဌာန မကွေးတိုင်းဒေသကြီးဦးစီးမှူးရုံးမှ တာဝန်ရှိသူများသည် (၁၃-၅-၂၀၁၇) ရက်နေ့တွင် မကွေးမြိ်ု့နယ်၊ ကြာကန်အုပ်စု၊ အရှေ့မြောက်ကုန်းတဲတိုက်မှ အိမ်ခြေ (၁၄၅)၊ လူဦးရေ (၇၂၅) တို့အတွက် သောက်သုံးရေ (၆၄၀၀) ဂါလံဖြန့်ဝေပေးခဲ့ကြောင်း သတင်းရရှိပါသည်။ Source: မကွေးတိုင်းဒေသကြီးဦးစီးမှူးရုံး (ကဆရ)
-
ကျိုင်းတုံမြို့နယ်၊ သဘာဝဘေးအသိပညာပေးဟောပြောပွဲပြုလုပ်မှုသတင်း
(၁၃.၅.၂၀၁၇)ရက် (၁၃းဝ၀)နာရီမှ (၁၄း၃၀)နာရီထိ နံနက် (၉းဝ၀) နာရီမှ နေ့လည် (၁၂းဝ၀) နာရီအထိ ကျိုင်းတုံမြို့နယ်၊ ၊ကရုဏာ ကျိုင်းတုံရုံးတွင် တက်ရောက်ဦးရေ (၄၀) အား ဆွေးနွေးပြောကြားပေးခြင်း၊ ဘေး(၈)မျိုးလက်ကမ်းစာစောင် များစောင်ဖြန့်ဝေခြင်း သဘာဝဘေး အသိပညာပေး သင်တန်းပို့ချခဲ့ ကြောင်းသိရှိရပါသည်Source: ကျိုင်းတုံခရိုင်ဦးစီးမှူးရုံး (ကဆရ)
-
ပြည်ထောင်စုဝန်ကြီးဒေါက်တာဝင်းမြတ်အေးအား လူသားချင်း စာနာကူညီရေးနှင့် ပဋိပက္ခစီမံခန့်ခွဲမှုဆိုင်ရာဥရောပသမဂ္ဂ မဟာမင်းကြီး H.E. Mr. Christos Stylianides ဦးဆောင်သောအဖွဲ့မှ လာရောက်တွေ့ဆုံမှုသတင်း
၁၂.၅.၂၀၁၇ ၊ နေပြည်တော် လူမှုဝန်ထမ်း၊ ကယ်ဆယ်ရေးနှင့်ပြန်လည်နေရာချထားရေးဝန်ကြီးဌာန ပြည်ထောင်စုဝန်ကြီးဒေါက်တာဝင်းမြတ်အေးအား EU Commissioner for Humanitarian Aid and Crisis Management ဖြစ်သူ H.E. Mr. Christos Stylianides ဦးဆောင်သောအဖွဲ့က ယနေ့နံနက် (၀၈း၃၀)နာရီတွင် အဆိုပါဝန်ကြီးရုံးမေခလာခန်းမတွင် လာရောက်တွေ့ဆုံခဲ့ပါသည်။ ထိုသို့တွေ့ဆုံရာတွင် ဥရောပသမဂ္ဂက မြန်မာနိုင်ငံအတွက် လူသားချင်းစာနာမှုအကူအညီနှင့် သဘာဝဘေးဒဏ်စီမံခန့်ခွဲမှုများအတွက် ရန်ပုံငွေများထောက်ပံ့ ပေးရန်ကိစ္စများ၊ အစိုးရ၏ဒေသတွင်း ပြန်လည်နေရာချထားရေးလုပ်ငန်းများတွင် ဥရောပသမဂ္ဂကအကူ အညီပေးရေးကိစ္စရပ်များ၊ ရပ်ရွာလူထုများအား သဘာဝ ဘေးဒဏ်ခုခံနိုင်စွမ်းမြင့်မားရေး၊ ဘေးဒဏ်လျော့ပါးရေးဆိုင်ရာ စွမ်းဆောင်ရည် … Read more
-
လေပြင်းဘေးထောက်ပံ့မှုသတင်း
ကယ်ဆယ်ရေးနှင့်ပြန်လည်နေရာချထားရေးဦးစီးဌာန၊ ဧရာဝတီတိုင်းဒေသကြီးဦးစီးမှူးရုံးမှ တာဝန်ရှိသူများသည် (၁၀-၅-၂၀၁၇) ရက်နေ့၌ လေပြင်းတိုက်ခတ်မှုကြောင့် ဧရာဝတီတိုင်းဒေသကြီး၊ ပုသိမ်ခရိုင်၊ ကျောင်းကုန်းမြို့နယ်၊ ဆိပ်ဖူးနီကျေးရွာအုပ်စု၊ ဆိပ်ဖူးနီကြီးကျေးရွာတွင် သစ်ပင်လဲကျ၍ အမိုး/အကာများပျက်စီးခဲ့သည့် နေအိမ် (၁) လုံး၊ အိမ်ထောင်စ ု(၁) စုမှ လူဦးရေ (၄) ဦးအတွက် ကယ်ဆယ်ရေးပစ္စည်း (၉) မျိုး(ပလပ်စတစ်ပုံးပါ) (၁) အိမ်ထောင်စုစာနှင့် အိမ်ဆောက် ပစ္စည်းဖိုး (၁၀၀၀၀၀ိ/-)၊ ဆန်ရိက္ခာ (၇) ရက်စာ (၈၄၀၀ိ/-)၊ စုစုပေါင်း ရန်ပုံငွေ (၁၀၈၄၀၀ိ/-) အား (၁၂-၅-၂၀၁၇) ရက်နေ့တွင် … Read more
-
မုတ်သုန်အကြိုကာလအတွင်း သဘာဝဘေးအသိပညာပေးဟောပြောပွဲပြုလုပ်မှုသတင်း
(၁၃.၅.၂၀၁၇)ရက် (၁၃းဝ၀)နာရီမှ (၁၄း၃၀)နာရီထိ ရခိုင်ပြည်နယ်ဦးစီးမှူးရုံးမှ မုတ်သုန်အကြိုကာ လအတွင်း သဘာဝဘေးအသိပညာပေးဟောပြောပွဲအား စစ်တွေမြို့နယ်၊မောင်နီပြင်ကျေးရွာ၌ ပြည်သူ လူထု(၂၀၀)အား ဆွေးနွေးပြောကြားပေးခြင်း၊ DAN mobile application ဖြန့်ဝေခြင်း၊ ဘေး(၈)မျိုးလက်ကမ်းစာစောင် (၁)မျိုးစီ (၂၀၀)စောင်ဖြန့်ဝေခြင်း၊ ဘေး(၈)မျိုး နံရံကပ်ပိုစတာများအားကျေးရွာ ရပ်ကျေးစာရေးထံလွှဲပြောင်းပေးအပ်ခဲ့ပြီး တက်ရောက်လာသော ပြည်သူလူထူအား အချိုရည်နှင့် မုန့်ကျွေးမွေးဧည့်ခံ ခဲ့ကြောင်းသိရှိရပါသည်။Source: ရခိုင်ပြည်နယ်ဦးစီးမှူးရုံး (ကဆရ)









