ပခုက္ကူမြို့နယ်အတွင်း လေဘေးသင့်ပြည်သူများအတွက် ထောက်ပံ့မှုသတင်း

Pakokku14Pic-02

ကယ်ဆယ်ရေးနှင့်ပြန်လည်နေရာချထားရေးဦးစီးဌာန၊ ပခုက္ကူခရိုင်ဦးစီးမှူးရုံးမှ တာဝန်ရှိသူများသည် (၇-၅-၂၀၁၇)ရက်နေ့ လေပြင်းတိုက်ခတ်မှုကြောင့် ပခုက္ကူမြို့နယ်၊ကျေးရွာအုပ်စု(၂၂)စု ကျေးရွာ(၇၁) ရွာတို့တွင်ပြိုကျအိမ်ခြေ (၁၄၄)အိမ်၊ အမိုးလန်အိမ်ခြေ (၁၄၄၈)အိမ၊်လူဦးရေ(၆၃၆၈)ဦး၊ဘုန်းကြီး ကျောင်းတစ်ကျောင်းတို့အတွက််ကယ်ဆယ်ရေးပစ္စည်း (၉)မျိုးနှင့် ဆန်ရိက္ခာ(၇)ရက်စာ (၁၃၃၇၂၈၀၀ိ/-) အိမ်ဆောက်ပစ္စည်းဖိုးပြိုကျအိမ်ခြေ(၁၄၄) အိမ်အတွက်(၁၄၄၀၀၀၀၀ိ/-)၊ အမိုးလန်အိမ်ထောင်စု(၁၄၄၈)အိမ် အတွက်(၂၈၉၆၀၀၀၀ိ/-)နှင့်ဘုန်ကြီးကျောင်းတစ်ကျောင်း အတွက်(၁၀၀၀၀၀ိ/-) စုစုပေါင်း (၅၆၈၃၂၈၀၀ိ/-)ကို(၁၂-၅-၂၀၁၇)ရက်နေ့တွင်မြို့နယ် အထွေထွေအုပ်ချုပ်ရေးဦးစီးဌာနအစည်းအဝေးခန်းမ၌ လေဘေးသင့်ပြည်သူများနှင့် ကျေးရွာအုပ်စု အုပ်ချုပ်ရေးမှူးများထံသိုထောက်ပံ့ပေးခဲ့ကြောင်းသတင်းရရှိ သည်။Source: ပခုက္ကူခရိုင်ဦးစီးမှူးရုံး (ကဆရ)

Sign Up

Upcoming Events