Category Archives: News
-
မိုးကြိုးဘေးထောက်ပံ့မှုသတင်း
ကယ်ဆယ်ရေးနှင့်ပြန်လည်နေရာချထားရေးဦးစီးဌာန၊ ရှမ်းပြည်နယ်ဦးစီးမှူးရုံးမှ တာဝန်ရှိသူများသည် နောင်ချိုမြို့နယ်၊ လွယ်ပန်းကျေးရွာ၌ မိုးကြိုးဘေးကြောင့် သေဆုံးသူ (၂) ဦးအတွက် ထောက်ပံ့ငွေ (၆) သိန်းကျပ်အား မြို့နယ်ထွေ/အုပ်မှ တဆင့်တပါတည်း ထောက်ပံ့ပေးခဲ့ကြောင်း သတင်းရရှိပါသည်။ Source: ရှမ်းပြည်နယ်ဦးစီးမှူးရုံး (ကဆရ)
-
မီးဘေးထောက်ပံ့မှုသတင်း
ကယ်ဆယ်ရေးနှင့်ပြန်လည်နေရာချထားရေးဦးစီးဌာန၊ ပခုက္ကူခရိုင်ဦးစီးမှူးရုံးမှ တာဝန်ရှိသူများသည် ပခုက္ကူမြို့နယ်၊ နတ်ကျွန်းကျေးရွာအုပ်စု၊ ကင်းမွန်းခါးကျေးရွာ၌ (၂၀-၅-၂၀၁၇) ရက်နေ့တွင် ဖြစ်ပွားခဲ့သော မီးဘေးကြောင့် ဘေးသင့်အိမ်ခြေ (၁) လုံး၊ အိမ်ထောင်စု (၁) စုအတွက် အိမ်ဆောက်ပစ္စည်းဖိုးငွေ (၁၀၀,၀၀၀) ကျပ်၊ ပလပ်စတစ်ပုံးပါ ကယ်ဆယ်ရေးပစ္စည်း (၉) မျိုးနှင့် လူဦးရေ (၆) ဦးအတွက် ဆန်ရိက္ခာဖိုးငွေ (၇) ရက်စာ (၁၂,၆၀၀) ကျပ်၊ စုစုပေါင်း (၁၁၂,၆၀၀) ကျပ်တို့အား (၂၂-၅-၂၀၁၇) ရက်နေ့တွင် ဘေးသင့့်ပြည်သူများထံ သွားရောက်ထောက်ပံ့ပေးအပ်ခဲ့ကြောင်း သတင်းရရှိပါသည်။ Source: … Read more
-
ဇေယျာသီရိမြို့နယ်၊ နန်းသြကျေးရွာဘုန်းတော်ကြီးကျောင်းသို့ ရေသန့်နှင့် သုံးရေများ သွားရောက်လှူဒါန်းမှုသတင်း
ပြည်ထောင်စုနယ်မြေ၊ နေပြည်တော်တိုင်းဦးစီးမှူးရုံး (ကဆရ) မှ တာဝန်ရှိသူများသည် (၂၂-၅-၂၀၁၇) ရက်နေ့တွင် ဇေယျာသီရိမြို့နယ်၊ နန်းသြကျေးရွာဘုန်းတော်ကြီးကျောင်းသို့ ရေသန့်ဂါလံ (၄၅၀) နှင့် သုံးရေ (၄၂၀၀) ဂါလံတို့ကို သွားရောက်လှူဒါန်းခဲ့ကြောင်း သိရှိရပါသည်။ Source: ပြည်ထောင်စုနယ်မြေ၊ နေပြည်တော်တိုင်းဦးစီးမှူးရုံး (ကဆရ)
-
လေဘေးထောက်ပံ့မှုသတင်း
ကယ်ဆယ်ရေးနှင့်ပြန်လည်နေရာချထားရေးဦးစီးဌာန၊ ပခုက္ကူခရိုင်ဦးစီးမှူးရုံးမှ တာဝန်ရှိသူများသည် (၂၂-၅-၂၀၁၇) ရက်နေ့တွင် ကမ္မမြို့၊ အမှတ် (၁) ရပ်ကွက်အတွင်း၌ လေပြင်းတိုက်ခတ်ခဲ့မှုကြောင့် ဘေးသင့်ခဲ့သော သီလရှင်ကျောင်း (၁) ကျောင်းအတွက် ကျောင်းဆောက်ပစ္စည်းဖိုးငွေ (၁၀၀,၀၀၀) ကျပ်အား ကမ္မမြို့နယ်၊ အထွေထွေအုပ်ချုပ်ရေးမှူးရုံးတွင် သွားရောက်ထောက်ပံ့ပေးအပ်ခဲ့ကြောင်း သတင်းရရှိပါသည်။ Source: ပခုက္ကူခရိုင်ဦးစီးမှူးရုံး(ကဆရ)
-
ဟင်္သာတမြို့နယ်၊ ကိုင်းချောင်းကျေးရွာအုပ်စုရှိ ကျေးရွာ (၈) ရွာနေ လေဘေးသင့်ပြည်သူများအား ထောက်ပံ့မှုသတင်း
ဟင်္သာတမြို့နယ်၊ ကိုင်းချောင်းကျေးရွာအုပ်စုရှိ ကျေးရွာ (၈) ရွာ၌ (၂၀-၅-၂၀၁၇) ရက်နေ့တွင် ဖြစ်ပွားခဲ့သော လေပြင်းတိုက်ခတ်မှုကြောင့် ပြိုလဲပျက်စီးခဲ့သည့် အိမ်ခြေ (၁၆) လုံးအတွက် ပလတ်စတစ်ပုံးပါ ကယ်ဆယ်ရေးပစ္စည်း (၉) မျိုး (၁၆) အိမ်ထောင်စာကိုလည်းကောင်း၊ အမိုးလန်ခဲ့သည့်အိမ်ခြေ (၈၆) လုံးအတွက် ကယ်ဆယ်ရေးပစ္စည်း (၄) မျိုး (၈၆) အိမ်ထောင်စာကိုလည်းကောင်း ဟင်္သာတခရိုင်ဦးစီးမှူးရုံး (ကယ်ဆယ်ရေး) မှ ခရိုင်ဦးစီးမှူး၊ မြို့နယ်အုပ်ချုပ်ရေးမှူးနှင့် တာဝန်ရှိသူများသည် (၂၂-၅-၂၀၁၇) ရက်နေ့တွင် လေဘေးဖြစ်ပွားရာ ကိုင်းချောင်းအုပ်စု၊ ကိုင်းချောင်းကျေးရွာရှိ ဓမ္မလင်္ကာရဝါးတောကျောင်းတွင် လေဘေးသင့်ပြည်သူများလက်ဝယ်သို့ … Read more
-
ပခုက္ကူခရိုင်၊ ဆိပ်ဖြူမြို့နယ်၊ ထမ္မကောက်ကျေးရွာအုပ်စု၊ အင်ကြင်းပင်ကျေးရွာ လေဘေးသင့်ပြည်သူများအတွက် ထောက်ပံ့မှုများ ပေးအပ်မှုသတင်း
(၁၃-၅-၂၀၁၇) ရက်နေ့တွင် မကွေးတိုင်းဒေသကြီး၊ ပခုက္ကူခရိုင်၊ ဆိပ်ဖြူမြို့နယ်၊ ထမ္မကောက်ကျေးရွာအုပ်စု၊ အင်ကြင်းပင်ကျေးရွာ၌ လေပြင်းတိုက်ခတ်ခဲ့ရာ အမိုးလန််ခဲ့သည့် အိမ်ခြေ (၁) လုံးအတွက် အိမ်ဆောက်ပစ္စည်းဖိုး (၂၀၀၀၀) ကျပ်၊ လူဦးရေ (၆) ဦးအတွက် ဆန်ရိက္ခာဖိုး (၁၂၆၀၀) ကျပ်နှင့် ကယ်ဆယ်ရေးပစ္စည်း (၄) မျိုး (၁) အိမ်ထောင်စာတို့အား (၂၂-၅-၂၀၁၇) ရက်နေ့တွင် ဆိပ်ဖြူမြို့နယ်အထွေထွအုပ်ချုပ်ရေးဦးစီးဌာနခန်းမ၌ မြို့နယ်အုပ်ချုပ်ရေးမှူးနှင့် ကယ်ဆယ်ရေးနှင့် ပြန်လည်နေရာချထားရေးဦးစီးဌာန၊ ပခုက္ကူခရိုင်ဦးစီးမှူးရုံးမှ တာဝန်ရှိသူများက လေဘေးသင့်ပြည်သူများ၏ လက်ဝယ်အရောက် ထောက်ပံ့ပေးအပ်ခဲ့ကြောင်း သိရှိရပါသည်။ Source: ပခုက္ကူခရိုင်ဦးစီးမှူးရုံး … Read more
-
မိုးကြိုးဘေးထောက်ပံ့မှုသတင်း
ကယ်ဆယ်ရေးနှင့်ပြန်လည်နေရာချထားရေးဦးစီးဌာန၊ ဖျာပုံခရိုင်ဦးစီးမှူးရုံးမှတာဝန်ရှိသူများသည် (၁၈-၅-၂၀၁၇)ရက်နေ့တွင် ဖျာပုံမြို့နယ်၊ ဒေးဒလူကျေးရွာအုပ်စု၊ ၀ါးချောင်းကျေးရွာနေ မိုးကြိုးထိမှန်ပြီးသေဆုံးခဲ့သော ပြည်သူ (၁) ဦးအတွက် ထောက်ပံ့ငွေ (၃၀၀,၀၀၀ိ/-) ကျပ်နှင့် ဆေးရုံတက်နေရသော ပြည်သူ (၁) ဦးအတွက် ထောက်ပံ့ငွေ (၅၀,၀၀၀ိ/-) ကျပ်၊ စုစုပေါင်း (၃၅၀,၀၀၀ိ/-) ကျပ်တို့ကို (၂၂-၅-၂၀၁၇) ရက်နေ့တွင် သက်ဆိုင်ရာတာဝန်ရှိသူများထံသို့ သွားရောက်ထောက်ပံ့ပေးခဲ့ကြောင်း သတင်းရရှိပါသည်။ Source: ဖျာပုံခရိုင်ဦးစီးမှူးရုံး(ကဆရ)
-
ကျောက်မဲမြို့နယ်၊ အမှတ် (၈) ရပ်ကွက်၊ သန္တိသုခဓမ္မာရုံသို့ ထပ်မံရောက် ရှိလာသော တိုက်ပွဲရှောင်ပြည်သူများအား ထောက်ပံ့မှုသတင်း
ကယ်ဆယ်ရေးနှင့်ပြန်လည်နေရာချထားရေးဦးစီးဌာန၊ ကျောက်မဲခရိုင်ဦးစီးမှူးရုံးမှ တာဝန်ရှိသူများသည် (၂၂-၅-၂၀၁၇) ရက်နေ့တွင် ကျောက်မဲမြို့နယ်၊ အမှတ် (၈) ရပ်ကွက်၊ သန္တိသုခဓမ္မာရုံသို့ထပ်မံရောက်ရှိလာသော တိုက်ပွဲရှောင်ပြည်သူ အိမ်ထောင်စု (၁၄) စုမှ လူဦးရေ (၅၀) ဦး အတွက် ကယ်ဆယ်ရေးပစ္စည်း (၉) မျိုး (၁၄) စုစာနှင့် လူ (၅၀) ဦးအတွက် ဆန်ရိက္ခာ (၇) ရက်စာ (၁၀၅၀၀၀/-) ကျပ်အား (၂၂-၅-၂၀၁၇) ရက်နေ့တွင် သွားရောက်ထောက်ပံ့ပေးခဲ့ကြောင်း သတင်းရရှိပါသည်။ Source: ကျောက်မဲခရိုင်ဦးစီးမှူး (ကဆရ)
-
မိုးကြိုးဘေးထောက်ပံ့မှုသတင်း
ကယ်ဆယ်ရေးနှင့်ပြန်လည်နေရာချထားရေးဦးစီးဌာန၊ မြောက်ဦးခရိုင်ဦးစီးမှူးရုံးမှတာဝန်ရှိသူများသည် (၂၁-၅-၂၀၁၇)ရက်နေ့တွင် ကျောက်တော်မြို့နယ်၊ အပေါက်ဝကျေးရွာအုပ်စု၊ အပေါက်ဝကျေးရွာ(ပေါ်တော်မူ)တွင် မိုးကြိုးထိမှန်ပြီး ဆေးရုံတက်နေရသော ပြည်သူ (၁) ဦးအား (၂၂-၅-၂၀၁၇) ရက်နေ့တွင် ထောက်ပံ့ငွေ (၅၀,၀၀၀ိ/-)ကျပ်ကို အပေါက်ဝတိုက်နယ်ဆေးရုံသို့ သွားရောက်ထောက်ပံ့ပေးခဲ့ကြောင်း သတင်းရရှိပါသည်။Source: မြောက်ဦးခရိုင်ဦးစီးမှူးရုံး(ကဆရ)
-
လပွတ္တာမြို့နယ်၊ ဘိုင်းဒေါင့်ချောင်းကျေးရွာအုပ်စု၊ ဘိုင်းဒေါင့်ချောင်းကျေးရွာ၊ ဘိ့ုကုန်းကျေးရွာ၊ ချစ်တီးကုန်းကျေးရွာ၊ မြယာကုန်းကျေးရွာ၊ ဖိုးတုံးကျေးရွာနှင့် လွှဇာကျေးရွာအုပ်စု၊ မြင်းကကုန်းကျေးရွာများနေ လေဘေးသင့်ပြည်သူုများနှင့် ဘိုင်းဒေါင့်ချောင်းကျေရွာအုပ်စု၊ ကတန်းလေးကျေးရွာနေ မိုးကြိုးထိမှန်သေဆုံးသူ (၁) ဦးအတွက် ထောက်ပံ့မှုများ ပေးအပ်မှုသတင်း
လပွတ္တာမြို့နယ်၊ ဘိုင်းဒေါင့်ချောင်းကျေးရွာအုပ်စု၊ ဘိုင်းဒေါင့်ချောင်းကျေးရွာ၊ ဘိ့ုကုန်းကျေးရွာ၊ ချစ်တီးကုန်းကျေးရွာ၊ မြယာကုန်းကျေးရွာ၊ ဖိုးတုံးကျေးရွာနှင့် လွှဇာကျေးရွာအုပ်စု၊ မြင်းကကုန်းကျေးရွာတို့၌ လေပြင်းဘေးကြုံတွေ့ခဲ့ရသော အိမ်ထောင်စုစုစုပေါင်း (၁၃) စုအတွက် ကယ်ဆယ်ရေးပစ္စည်း (၂၂) မျိုးပါ(၁၀) ပုံး၊ ကယ်ဆယ်ရေးပစ္စည်း (၁၀) မျိုးပါ (၃) ပုံးနှင့် ဘိုင်းဒေါင့်ချောင်းကျေရွာအုပ်စု၊ ကတန်းလေးကျေးရွာ၌ မိုးကြိုးထိမှန်သေဆုံး (၁) ဦးအတွက် ထောက်ပ့ံရန်ပုံငွေ (၃၀၀၀၀၀) ကျပ်တို့ကို လပွတ္တာခရိုင်ဦးစီးမှူးရုံး (ကဆရ) မှ တာဝန်ရှိသူများသည် မြို့နယ်ထွေ/အုပ်၊ မြို့နယ်NLD အဖွဲ့ဝင်များ၊ ကြက်ခြေနီတပ်ဖွဲ့ဝင်များနှင့်အတူ (၂၂-၅-၂၀၁၇) ရက်နေ့၊ … Read more









