Category Archives: News
-
လေဘေးထောက်ပံ့မှုသတင်း
ကယ်ဆယ်ရေးနှင့်ပြန်လည်နေရာချထားရေးဦးစီးဌာန၊ ပြည်ခရိုင်ဦးစီးမှူးရုံးမှ တာဝန်ရှိသူ သာယာဝတီ ခရိုင် အုတ်ဖိုမြို့နယ်၊ နနွင်းကုန်းကျေးရွာအုပ်စု (၃ဝ့၅့၂၀၁၇)ရက်နေ့နှင့်မတောင့်တကျေးရွာအုပ် စု(၁၁-၆-၂၀၁၇)ရက်နေ့ လေဘေးအမိုးလန်နေအိမ် ရလုံးအတွက် ထောက်ပံ့ငွေကျပ်( ၃၃၄၅၀၀) ကျပ်အား (၂၁-၆-၂၀၁၇)ရက်နေ့တွင် သွားရောက်ပေးအပ်ထောက်ပံ့ခဲ့ကြောင်း သတင်းရရှိပါသည် Source:ပြည်ခရိုင်ဦးစီးမှူးရုံး(ကဆရ)
-
သဘာဝဘေးအသိပညာပေးဟောပြောပွဲများကျင်းပပြုလုပ်မှုသတင်း
လူမှုဝန်ထမ်း၊ကယ်ဆယ်ရေးနှင့်ပြန်လည်နေရာချထားရေးဝန်ကြီးဌာန၊ကယ်ဆယ်ရေးနှင့်ပြန်လည်နေ ရာချထားရေးဦးစီးဌာန၊ ကျိုင်းတုံခရိုင်ဦးစီးမှူးရုံးမှ တာဝန်ရှိသူများသည် သဘာဝဘေးအသိပညာပေး ဆွေးနွေးဟောပြောပွဲအား (၂၂-၆-၂၀၁၇)ရက်နေ့တွင် မိုင်းဆတ်မြို့နယ်၊မယ်ဆွမ်မြောက်ရပ်ကွက်တွင် သဘာဝဘေး အသိပညာပေး ဟောပြောပွဲ ပြုလုပ်ဆောင်ရွက်ခဲ့ပြီး တက်ရောက် (၁၅၀) ဦး တက်ရောက် ခဲ့ကြောင်းသတင်းရရှိပါသည်။Source: ကျိုင်းတုံခရိုင််ဦးစီးမှူးရုံး (ကဆရ)
-
သဘာဝဘေးအသိပညာပေးဟောပြောပွဲကျင်းပပြုလုပ်မှုသတင်း
ကယ်ဆယ်ရေးနှင့်ပြန်လည်နေရာချထားရေးဦးစီးဌာန၊ လားရှိုးခရိုင်ဦးစီးမှူးရုံးမှ တာဝန်ရှိသူများသည် (၂၁-၆-၂၀၁၇) ရက်နေ့တွင် မိုင်းရယ်မြို့နယ်၊ မန်ပုံကျေးရွာ၌ (၁၀:၀၀) နာရီအချိန်မှ (၁၁:၃၀) နာရီအချိန်ထိ အင်အား (၇၀) ဦးခန့်အား သဘာဝဘေးအသိပညာပေးဟောပြောပွဲကျင်းပပြုလုပ်ခဲ့ပြီး ဘေးနှင့်ပတ်သက်သော လက်ကမ်းစာစောင်များကိုလည်း ဖြန့်ဝေပေးခဲ့ကြောင်း သတင်းရရှိပါသည်။ Source: လားရှိုးခရိုင်ဦးစီးမှူးရုံး (ကဆရ)
-
မီးဘေးထောက်ပံ့လှူဒါန်းမှုသတင်း
ကယ်ဆယ်ရေးနှင့်ပြန်လည်နေရာချထားရေးဦးစီးဌာန၊ တနင်္သာရီတိုင်းဦးစီီးမှူးရုံးမှ တာဝန်ရှိသူများ သည်(၁၅.၆.၂၀၁၇)ရက်နေ့ ထားဝယ်မြို့၊ကနိင်းဒါကျေးရွာယွန်းဘုန်းတော်ကြီးကျောင်းတွင် မီးဘေး သင့်ခဲ့သည့် ကျောင်းဆောင်ကြီးအတွက် ထောက်ပံ့ငွေ (၃)သိန်း နှင့်သံဃာတော် ငါးပါးအတွက် သင်္ကန်းဒွိစုံ (၅) စုံဆက်ကပ်လှူဒါန်းခဲ့ပြီး တိုင်းဒေသကြီးအစိုးရအဖွဲ့ မှဝန်ကြီးချုပ်နှင့် ဝန်ကြီးများ တက်ရောက်ခဲ့ပြီး အစိုးရအဖွဲ့မှ ထောက်ပံ့ငွေ(၁၀)သိန်းအား (၁၇.၆.၂၀၁၇) ရက်နေ့တွင်လှူဒါန်း ခဲ့ကြောင်းသတင်းရရှိပါသည်Source:တနင်္သာရီတိုင်းဦးစီီးမှူးရုံး(ကဆရ)
-
အသိပညာပေးဟောပြောပွဲ ကျင်းပပြုလုပ်မှုသတင်း
ကယ်ဆယ်ရေးနှင့်ပြန်လည်နေရာချထားရေးဦးစီးဌာန၊ မြိတ်ခရိုင်ဦးစီးမှူးရုံးမှ တာဝန်ရှိသူများသည် (၂၂-၆-၂၀၁၇) ရက်နေ့တွင် မြိတ်မြို့နယ်၊ သံသရာအေးဘုန်းတော်ကြီးပညာသင်ကျောင်း၌ ဆရာ/ဆရာမများနှင့် ကျောင်းသား/ကျောင်းသူ စုစုပေါင်း (၁၈၈) ဦးအား သဘာဝဘေးအန္တရာယ်နှင့် ပတ်သက်သည့် အကြောင်းအရာများအား ဆွေးနွေးဟောပြောခြင်း၊ ဆောင်ရန်/ရှောင်ရန်များအား ဟောပြောခြင်း၊ လက်ကမ်းစာစောင်များဝေငှပေးခြင်း၊ နံရံကပ်ပိုစတာများပေးအပ်ခြင်း၊ ကျောင်းသုံးဗလာစာအုပ်နှင့် ဘောလ်ပင်များပေးအပ်ခြင်းနှင့် မုန်တိုင်းအသိပညာပေးဗီနိုင်များကိုလည်းပေးအပ်ခဲ့ကြောင်း သတင်းရရှိပါသည်။ Source: မြိတ်ခရိုင်ဦးစီးမှူးရုံး (ကဆရ)
-
ကယ်ဆယ်ရေးပစ္စည်းနှင့် ထောက်ပံ့ငွေပေးအပ်မှုသတင်း
ကယ်ဆယ်ရေးနှင့်ပြန်လည်နေရာချထားရေးဦးစီးဌာန၊ ကသာခရိုင်ဦးစီးမှူးရုံးမှ တာဝန်ရှိသူများသည် ကသာခရိုင်၊ ကသာမြို့နယ်၊ ဒုံးအော့ကျေးရွာအုပ်စု၊ ဒုံးအော့ကျေးရွာ၌ (၂၁-၆-၂၀၁၇) ရက်နေ့တွင် ဧရာဝတီမြစ်ရေတိုက်စားမှုကြောင့် ကမ်းပြို၍ ပြောင်းရွှေ့အိမ်ထောင်စု (၁) စုအတွက် ကယ်ဆယ်ရေးပစ္စည်း (၅) မျိုး နှင့် အိမ်ဆောက်ပစ္စည်းဖိုးငွေ (၁၀၀,၀၀၀) ကျပ်တို့အား (၂၂-၆-၂၀၁၇) ရက်နေ့တွင် ဘေးသင့်ပြည်သူထံအရောက် ထောက်ပံ့ပေးအပ်ခဲ့ကြောင်း သတင်းရရှိပါသည်။ Source: ကသာခရိုင်ဦးစီးမှူးရုံး (ကဆရ)
-
လေဘေးထောက်ပံ့မှုသတင်း
ကယ်ဆယ်ရေးနှင့် ပြန်လည်နေရာချထားရေးဦးစီးဌာန၊ပြည်ခရိုင်ဦးစီးမှူးရုံးမှ တာဝန်ရှိသူ နတ္တလငး်မြို့် နယ် ကျေးရွာအုပ်စု(၇)စု၊ ကျေးရွာ(၁၄)ရွာတွင် (၂၃.၅.၂၀၁၇)ရက်နေ့ လေပြင်းတိုက်ခိုက်မှုကြောင့် လေဘေးသင့့်ပြိုလဲ(၁၂)အိမ်တွက် အိမ်ဆောက်ပစ္စည်းဖိုး (၁၂၀၀၀၀၀) အမိုးလန်နေအိမ်(၆၆)လုံး အတွက် အိမ်ဆောက်ပစ္စည်းဖိုး(၂၃၄၅၀၀၀) ၊ ကယ်ဆယ်ရေးပစ္စည်း(၉)မျိုးနဲ့ ပြိုလဲ (၁၂)အိမ်ရှိ လူ(၆၃)ဦးအတွက်ဆန်ရိက္ခာငွေ( ၁၃၂၃၀၀)ကျပ်ံ၊ စုစုပေါင်းထောက်ပ့့့့့ငွေ (၃၆၇၇၃၀၀)ကျပ်နှင့် (၂၅.၅.၂၀၁၇)ရက်နေ့ အုပ်စု(၂)စုတွင် လေပြင့း်တိုက်ခိုက်မှုကြောင့် အမိုးလန်နေအိမ်(၆)လုံးအတွက် အိမ်ဆောက်ပစ္စည်းဖို့း ထောက်ပ့ံငွေ (၃၃၂၅၀၀)ကျပ်၊ စုစုပေါင်း ထောက်ပံ့ငွေ (၄၀၀၉၈၀၀)ကျပ်အား (၁၉.၆.၂၀၁၇)နတ္တလင်းမြို့နယ်၊ အထွေထွေအုပ်ချုပ်ရေးဥိးစီးဌာနသို့ လေဘေးသင့်ပြည်သူများလက်ဝယ် ပေးအပ်ထောက်ပံ့်ခဲ့ကြောင်း သတင်းရရှိပါသည်။Source: ပြည်ခရိုင်ဦးစီးမှူးရုံး(ကဆရ)
-
သဘာဝဘေးအသိပညာပေးဟောပြောပွဲများကျင်းပပြုလုပ်မှုသတင်း
လူမှုဝန်ထမ်း၊ကယ်ဆယ်ရေးနှင့်ပြန်လည်နေရာချထားရေးဝန်ကြီးဌာန၊ကယ်ဆယ်ရေးနှင့်ပြန်လည်နေ ရာချထားရေးဦးစီးဌာန၊သထုံခရိုင်ဦးစီးမှူးရုံးမှ တာဝန်ရှိသူများသည် သဘာဝဘေးအသိပညာပေး ဆွေးနွေးဟောပြောပွဲအား (၂၂-၆-၂၀၁၇)ရက်နေ့တွင် ကျိုက်ထိုမြို့နယ်၊ စွပ္ပနူး ကျေးရွာ၌မြို့နယ် သဘာဝဘေးစီမံစီမံခန့်ခွဲရေးကော်မတီအဖွဲ့များနှင့်ပူးပေါင်း၍ဘာဝဘေးအန္တရာယ်လျော့ပါးရေးဆိုင်ရာအသိပညာပေးဟောပြောပွဲအားကျင်းပပြုလုပ်ခဲ့ရာ ပြည်သူ (၂၅၀) ဦးတက်ရောက်ခဲ့ပြီးမီးဘေး၊ ရေဘေး၊မုန်တိုင်း ဘေး၊ငလျင်ဘေး၊ဆူနာမီဘေး၊မြေပြိုဘေး၊မိုကြိုးဘေးအသိပညာပေးလက်ကမ်းစာ စောင်များ၊ပိုစတာများ၊ဗွီနိုင်းများဖြန့်ဝေခဲ့ကြောင်းသတင်းရရှိပါသည်။Source:သထုံခရိုင်ဦးစီးမှူးရုံး(ကဆရ)
-
ကမ်းပြိုဘေးထောက်ပံ့မှုသတင်း
ကယ်ဆယ်ရေးနှင့် ပြန်လည်နေရာချထားရေးဦးစီးဌာန၊ မကွေးတိုင်းဒေသကြီးဦးစီးမှူးရုံးမှ တာဝန်ရှိသူ များသည်ရေနံချောင်းမြိ့ုနယ်မာန်မြေမြောက်စုကျေးနှင့်ရွာသာကုန်းကျေးရွာတို့တွင်(၂၀.၆.၂၀၁၇)ရက်နေ့ကဖြစ်ပွားခဲ့သောကမ်ပြိုဘေးတွင်အိမ်ခြေ(၁၈)လုံးအတွက်အိမ်ဆောက်ပစ္စည်းိုး(၁၈၀၀၀၀၀) လူဦးရေ(၇၀)ဦးအတွက်ဆန်(၇)ရက်စာ(၁၄၇၀၀၀)ကျပ်နှင့်ကယ်ဆယ်ရေးပစ္စည်း(၇)မျိုး(၂၁)အိမ်ထောင်စုစာတို့ကို(၂၂.၆.၂၀၁၇)ရက်နေ့ကမြိ့ုနယ်ထွေအုပ်ရုံးတွင်သွားရောက်ထောက်ပံ့ပေးအပ်ခဲ့ကြောင်း သတင်းရရှိပါသည်။Source: မကွေးတိုင်းဒေသကြီးဦးစီးမှူးရုံး(ကဆရ)
-
ထောက်ပံ့ငွေပေးအပ်မှုသတင်း
ကယ်ဆယ်ရေးနှင့်ပြန်လည်နေရာချထားရေးဦးစီးဌာန၊ ဧရာဝတီတိုင်းဒေသကြီးဦးစီးမှူးရုံးမှ တာဝန်ရှိသူများ သည် ဧရာဝတီတိုင်းဒေသကြီး၊ မအူပင်ခရိုင်၊ ပန်းတနော်မြို့နယ်၊ ဓနော်ကျေးရွာအုပ်စု၊ ဆင်ချောင်း ကျေးရွာတွင် (၂၀-၆-၂၀၁၇) ရက်နေ့၌ ဖြစ်ပွားခဲ့သော မိုးကြိုးဘေးကြောင့် သေဆုံးခဲ့သည့် မဝင်းမော်ထွေး (၁၅) နှစ်အတွက် ထောက်ပံ့ငွေ (၃၀၀,၀၀၀)၊ ဒဏ်ရာရရှိ၍ ဆေးရုံတက်ကုသခဲ့ရသည့် မသူဇာဝင်း (၂၈) နှစ်အတွက် ထောက်ပံ့ငွေ (၅၀,၀၀၀)၊ စုစုပေါင်းရန်ပုံငွေ (၃၅၀,၀၀၀) အား (၂၂-၆-၂၀၁၇) ရက်နေ့တွင် မိုးကြိုးဘေးကြောင့် သေဆုံးသူနှင့် ဒဏ်ရာရရှိသူ၏ မိသားစုဝင်များထံသို့ ကွင်းဆင်းထောက်ပံ့ပေးခဲ့ကြောင်း သတင်းရရှိပါသည်။ Source: ဧရာဝတီတိုင်းဒေသကြီးဦးစီးမှူးရုံး(ကဆရ) … Read more









