ကယ်ဆယ်ရေးနှင့်ပြန်လည်နေရာချထားရေးဦးစီးဌာန၊ ဧရာဝတီတိုင်းဒေသကြီးဦးစီးမှူးရုံးမှ တာဝန်ရှိသူများ သည် ဧရာဝတီတိုင်းဒေသကြီး၊ မအူပင်ခရိုင်၊ ပန်းတနော်မြို့နယ်၊ ဓနော်ကျေးရွာအုပ်စု၊ ဆင်ချောင်း ကျေးရွာတွင် (၂၀-၆-၂၀၁၇) ရက်နေ့၌ ဖြစ်ပွားခဲ့သော မိုးကြိုးဘေးကြောင့် သေဆုံးခဲ့သည့် မဝင်းမော်ထွေး (၁၅) နှစ်အတွက် ထောက်ပံ့ငွေ (၃၀၀,၀၀၀)၊ ဒဏ်ရာရရှိ၍ ဆေးရုံတက်ကုသခဲ့ရသည့် မသူဇာဝင်း (၂၈) နှစ်အတွက် ထောက်ပံ့ငွေ (၅၀,၀၀၀)၊ စုစုပေါင်းရန်ပုံငွေ (၃၅၀,၀၀၀) အား (၂၂-၆-၂၀၁၇) ရက်နေ့တွင် မိုးကြိုးဘေးကြောင့် သေဆုံးသူနှင့် ဒဏ်ရာရရှိသူ၏ မိသားစုဝင်များထံသို့ ကွင်းဆင်းထောက်ပံ့ပေးခဲ့ကြောင်း သတင်းရရှိပါသည်။
Source: ဧရာဝတီတိုင်းဒေသကြီးဦးစီးမှူးရုံး(ကဆရ)