Category Archives: News
-
သဘာဝဘေးအန္တရာယ်ဆိုင်ရာအသိပညာပေးဟောပြောပွဲများကျင်းပပြုလုပ်မှုသတင်း
လူမှုဝန်ထမ်း၊ကယ်ဆယ်ရေးနှင့်ပြန်လည်နေရာချထားရေးဝန်ကြီးဌာန၊ကယ်ဆယ်ရေးနှင့်ပြန်လည်နေ ရာချထားရေးဦးစီးဌာန၊ ကျောက်မဲခရိုင််ဦးစီးမှူးရုံးမှတာဝန်ရှိသူများနှင့် (၂၈-၆-၂၀၁၇) ရက်နေ့ သီပေါမြို့နယ်၊ ဘော်ကြိုကျေးရွာအုပ်စု၊ ဘော်ကြိုအုပ်ချုပ်ရေးမှူးရုံးတွင် သဘာဝဘေးအန္တရာယ် နှင့်ပတ်သက်သည့် အကြောင်းအရာများအား ဆွေးနွေးဟောပြောခြင်း၊ လက်ကမ်း စာစောင်များ ဝေငှခြင်းရှောင်ရန်/ဆောင်ရန်များ ဟောပြောခဲ့ပြီး တက်ရောက်သူပြည်သူ (၁၀၀)ဦးတက်ရောက်ခဲ့ ပါကြောင်းသတင်းရ ရှိပါသည်။ Source: ကျောက်မဲခရိုင်ဦးစီးမှူးရုံး (ကဆရ)
-
သဘာဝဘေးအသိပညာပေးဟောပြောပွဲ ကျင်းပပြုလုပ်မှုသတင်း
ကယ်ဆယ်ရေးနှင့်ပြန်လည်နေရာချထားရေးဦးစီးဌာန၊ ကော့ကရိတ်ခရိုင်ဦးစီးမှူးရုံးမှ တာဝန်ရှိသူများသည် ခရိုင်မီးသတ်ဦးစီးဌာန၊ ခရိုင်မိုးလေဝသနှင့် ဇလဗေဒညွှန်ကြားမှုဦးစီးဌာန၊ မြန်မာနိုင်ငံ ကြက်ခြေနီအသင်းတို့နှင့် ပူးပေါင်း၍ (၂၈-၆-၂၀၁၇) ရက်နေ့တွင် ကော့ကရိတ်မြို့နယ်၊ အမှတ် (၅) ရပ်ကွက်၊ သဒ္ဓမ္မပါလ၊ ဓမ္မာရုံ၌ လူဦးရေ (၁၄၆) ဦးအား သဘာဝဘေးအန္တရာယ်ဆိုင်ရာ အသိပညာပေးဟောပြောပွဲကျင်းပပြုလုပ်ခဲ့ပြီး၊ အသိပညာပေးလက်ကမ်းစာစောင်များဝေငှပေးခဲ့ကြောင်း သတင်းရရှိပါသည်။ Source: ကော့ကရိတ်ခရိုင်ဦးစီးမှူးရုံး (ကဆရ)
-
သဘာဝဘေးအသိပညာပေးဟောပြောပွဲ ကျင်းပပြုလုပ်မှုသတင်း
ကယ်ဆယ်ရေးနှင့်ပြန်လည်နေရာချထားရေးဦးစီးဌာန၊ မြိတ်ခရိုင်ဦးစီးမှူးရုံးမှ တာဝန်ရှိသူများသည် (၂၈-၆-၂၀၁၇) ရက်နေ့တွင် မြိတ်မြို့နယ်၊ မြကမ်းသာ အ.မ.က ကျောင်းတွင် သဘာဝဘေးအသိပညာပေးဟောပြောပွဲ ကျင်းပပြုလုပ်ခဲ့ပါသည်။ အဆိုပါဟောပြောပွဲ၌ သဘာဝဘေးအန္တရာယ်နှင့် ပတ်သက်သည့် အကြောင်းအရာများ အားဆွေးနွေးဟောပြောခြင်း၊ ရှောင်ရန်/ဆောင်ရန်အကြောင်းအရာများအား ဟောပြောခြင်း၊ အသိပညာပေး လက်ကမ်းစာစောင်များဝေငှပေးခြင်း၊ နံရံကပ်ပိုစတာများ၊ ကျောင်းသုံးဗလာစာအုပ်နှင့် ခဲတံများ၊ မုန်တိုင်းဘေး/မီးဘေး/ရေဘေး အသိပညာပေးဗီနိုင်းများနှင့် ရေသန့်စင်ဆေးဘူးများကို ဝေငှပေးခဲ့ပါသည်။ အဆိုပါ ဟောပြောပွဲသို့ ဆရာ/ဆရာမများနှင့် ကျေးရွာသူ/သား စုစုပေါင်း (၁၅၅) ဦး တက်ရောက်ခဲ့ကြောင်း သတင်းရရှိပါသည်။ Source: မြိတ်ခရိုင်ဦးစီးမှူးရုံး (ကဆရ)
-
သဘာဝဘေးအန္တရာယ်ဆိုင်ရာအသိပညာပေးဟောပြောပွဲများကျင်းပပြုလုပ်မှုသတင်း
လူမှုဝန်ထမ်း၊ကယ်ဆယ်ရေးနှင့်ပြန်လည်နေရာချထားရေးဝန်ကြီးဌာန၊ကယ်ဆယ်ရေးနှင့်ပြန်လည်နေ ရာချထားရေးဦးစီးဌာန၊လားရှိုးခရိုင်ဦးစီးမှူးရုံးမှတာဝန်ရှိသူများနှင့် (၂၈-၆-၂၀၁၇) ရက်နေ့ လားရှိုးမြို့ အ.ထ.က(၄)ကျောင်းတွင် သဘာဝဘေးအန္တရာယ်နှင့်ပတ်သက်သည့် အကြောင်းအရာများအား ဆွေးနွေးဟောပြောခြင်း၊လက်ကမ်းစာစောင်များဝေငှခြင်းရှောင်ရန်/ဆောင်ရန်များဟောပြောခဲ့ပြီးကျောင်းသားကျောင်းသူများ၊ (၂၀၀)ဦးတက်ရောက်ခဲ့ပါကြောင်းသတင်းရ ရှိပါသည်။Source: လားရှိုးခရိုင်ဦးစီးမှူးရုံး (ကဆရ)
-
သဘာဝဘေးအသိပညာပေးဟောပြောပွဲ ကျင်းပပြုလုပ်မှုသတင်း
ကယ်ဆယ်ရေးနှင့်ပြန်လည်နေရာချထားရေးဦးစီးဌာန၊ ကျောက်မဲခရိုင်ဦးစီးမှူးရုံးမှ တာဝန်ရှိသူများသည် (၂၈-၆-၂၀၁၇) ရက်နေ့တွင် ကျောက်မဲခရိုင်၊ သီပေါမြို့နယ်၊ ပန်စောက်မိန်းကျေးရွာအုပ်စု၊ မြို့ဟောင်းဘုန်းတော်ကြီးကျောင်း၌ လူဦးရေ (၃၀၀) ဦးအား သဘာဝဘေးအသိပညာပေးခြင်းနှင့် အသိပညာပေး လက်ကမ်းစာစောင်များ ဖြန့်ဝေပေးခြင်းများကို ဆောင်ရွက်ခဲ့ပါကြောင်း သတင်းရရှိပါသည်။ Source: ကျောက်မဲခရိုင်ဦးစီးမှူးရုံး (ကဆရ)
-
ရပ်ရွာလူထုအခြေပြု ဘေးအန္တရာယ်လျှော့ချရေးဆိုင်ရာသင်တန်းဖွင့််လှစ်မှုသတင်း
လူမှုဝန်ထမ်း၊ကယ်ဆယ်ရေးနှင့်ပြန်လည်နေရာချထားရေးဝန်ကြီးဌာန၊ကယ်ဆယ်ရေးနှင့်ပြန်လည်နေ ရာချထားရေးဦးစီးဌာန၊ ဖျာပုံခရိုင်ဦးစီးမှူးရုံးမှတာဝန်ရှိသူများနှင့် Luthern World Federation (LWF)အဖွဲ့နှင့်ပူးပေါင်း၍ (၂၇-၆-၂၀၁၇) ရက်နေ့ ဖျာပုံမြို့နယ် သဲအိမ်တမံကျေးရွာအုပ်စု ပုလဲကျေး ရွာတွင် ဒေးဒရဲမြို့နယ်နှင့် ဖျာပုံမြို့နယ်များမှ စီမံချက်ကျေးရွာများရှိ ဒေသခံပြည်သူ (၅၀)ဦးအား ရပ်ရွာလူထုအခြေပြု ဘေးအန္တရာယ်လျှော့ချရေးဆိုင်ရာ သင်တန်းအား(၃) ရက်ကျင်းပပြုလုပ် လျက်ရှိပြီး အဆိုပါသင်တန်းတွင် ဘေးအန္တရာယ်ဆိုင်ရာအခြေခံသဘောတရားများ၊ ကော်မတီဖွဲ့ စည်း၍စနစ်တကျပူးပေါင်းဆောင်ရွက်မှုများ နှင့်ကြိုတင်ပြင်ဆင်ရေးဆိုင်ရာများဆွေနွေး ပို့ချခဲ့ ကြောင်းသတင်းရ ရှိပါသည်။Source:ဖျာပုံခရိုင်ဦးစီးမှူးရုံး(ကဆရ)
-
သဘာဝဘေးအသိပညာပေးဟောပြောပွဲ ကျင်းပပြုလုပ်မှုသတင်း
ကယ်ဆယ်ရေးနှင့်ပြန်လည်နေရာချထားရေးဦးစီးဌာန၊ ကရင်ပြည်နယ်ဦးစီးမှူးရုံးမှ တာဝန်ရှိသူ များသည် (၂၇-၆-၂၀၁၇) ရက်နေ့တွင် ဘားအံမြို့ အ. ထ. က (တောင်ကလေး) ကျောင်း၌ သဘာဝဘေးအသိပညာပေးဟောပြောပွဲ ကျင်းပပြုလုပ်ခဲ့ရာ ဆရာ/ဆရာမများနှင့် ကျောင်းသား/ သူစုစုပေါင်း (၃၅၀) ဦး တက်ရောက်ခဲ့ပြီး တက်ရောက်လာသူများအား သဘာဝဘေးအသိပညာ ပေးဗီနိုင်းများ၊ လက်ကမ်းစာစောင်များနှင့် ကျောင်းသုံးဗလာစာအုပ်များ ဖြန့်ဝေပေးခဲ့ကြောင်း သတင်းရရှိပါသည်။ Source: ကရင်ပြည်နယ်ဦးစီးမှူးရုံး (ကဆရ)
-
သဘာဝဘေးအန္တရာယ်အသိပညာပေးဟောပြောပွဲကျင်းပပြုလုပ်မှုသတင်း
ကယ်ဆယ်ရေးနှင့်ပြန်လည်နေရာချထားရေးဦးစီးဌာန၊မြဝတီခရိုင်ဦးစီးမှူးရုံးမှတာဝန်ရှိသူများ သည် (၂၇.၆. ၂၀၁၇) ရက်နေ့၌ မြဝတီမြို့၊ အမှတ် (၃) ရပ်ကွက်ရှိ အမှတ် (၁) အခြေခံပညာ အလယ်တန်းကျောင်း (ခွဲ) တွင် သဘာဝဘေးအန္တရာယ်အသိပညာပေးဟောပြောပွဲ ကျင်းပရာ ဆရာ/ဆရာမများနှင့် ကျောင်းသား/ကျောင်းသူ (၂၀၀) ဦးခန့်တက်ရောက်ခဲ့ပြီး အဆိုပါ ဟောပြော ပွဲတွင် သဘာဝဘေးအန္တရာယ်များနှင့်ပတ်သက်၍ ဆောင်ရန် / ရှောင်ရန် အချက်အလက်များ အားအသိပညာပေး ဟောပြောခဲ့ပြီး သဘာဝဘေးအသိပညာပေးနံရံကပ်ပိုစတာများနှင့် လက် ကမ်းစာစောင်များဖြန့်ဝေပေးခဲ့ကြောင်းသတင်းရရှိပါသည်။ Source: မြဝတီခရိုင်ဦးစီးမှူးရုံး
-
သဘာဝဘေးအသိပညာပေးဟောပြောပွဲကျင်းပပြုလုပ်မှုသတင်း
လူမှုဝန်ထမ်း၊ကယ်ဆယ်ရေးနှင့်ပြန်လည်နေရာချထားရေးဝန်ကြီးဌာန၊ ကယ်ဆယ်ရေးနှင့်ပြန်လည် နေရာချထားရေးဦးစီးဌာန၊ လားရှိုးခရိုင်ဦးစီးမှူးရုံးမှ တာဝန်ရှိသူများသည် လားရှိုးမြို့နယ်၊ မန်မိုင် ကျေးရွာ ကချင်နစ်ခြင်းခရစ်ယာန်ကျောင်းတွင် သဘာဝဘေးအသိပညာပေး ဟောပြောပွဲကျင်းပ ပြုလုပ်ခဲ့ရာ လူဦးရေ (၁၀၀) ကျော် တက်ရောက်ခဲ့ကြောင်းသတင်းရရှိပါသည်။ Source: လားရှိုးခရိုင်ဦးစီးမှူးရုံး (ကဆရ)
-
သဘာဝဘေးလျော့ပါးရေး စေတနာ့ဝန်ထမ်းလူငယ်ဆင့်ပွား ၁/၂၀၁၇ ဖွင့်ပွဲကျင်းပပြုလုပ်မှုသတင်း
လူမှုဝန်ထမ်း၊ကယ်ဆယ်ရေးနှင့်ပြန်လည်နေရာချထားရေးဝန်ကြီးဌာန၊ကယ်ဆယ်ရေးနှင့် ပြန်လည် နေရာချထားရေးဦးစီးဌာန၊ ကျိုင်းတုံခရိုင်ဦးစီးမှူးရုံးမှ တာဝန်ရှိသူများသည် (၂၇-၆-၂၀၁၇) ရက်နေ့တွင် မိုင်းဖြတ်မြို့နယ် အထွေထွေအုပ်ချုပ်ရေးဦးစီးဌာနအစည်းအဝေးခန်းမတွင် သဘာ ဝဘေးလျော့ပါးရေး စေတနာ့ဝန်ထမ်းလူငယ်ဆင့်ပွား ၁/၂၀၁၇ ဖွင့်ပွဲကျင်းပရာ သင်တန်းသား (၃၀) ဦးတက်ရောက်ကြောင်းသတင်းရရှိပါသည်။ Source: ကျိုင်းတုံခရိုင်ဦးစီးမှူးရုံး (ကဆရ)









