သဘာဝဘေးအသိပညာပေးဟောပြောပွဲ ကျင်းပပြုလုပ်မှုသတင်း

28 Pic02

ကယ်ဆယ်ရေးနှင့်ပြန်လည်နေရာချထားရေးဦးစီးဌာန၊ မြိတ်ခရိုင်ဦးစီးမှူးရုံးမှ တာဝန်ရှိသူများသည် (၂၈-၆-၂၀၁၇) ရက်နေ့တွင် မြိတ်မြို့နယ်၊ မြကမ်းသာ အ.မ.က ကျောင်းတွင် သဘာဝဘေးအသိပညာပေးဟောပြောပွဲ ကျင်းပပြုလုပ်ခဲ့ပါသည်။ အဆိုပါဟောပြောပွဲ၌ သဘာဝဘေးအန္တရာယ်နှင့် ပတ်သက်သည့် အကြောင်းအရာများ အားဆွေးနွေးဟောပြောခြင်း၊ ရှောင်ရန်/ဆောင်ရန်အကြောင်းအရာများအား ဟောပြောခြင်း၊ အသိပညာပေး လက်ကမ်းစာစောင်များဝေငှပေးခြင်း၊ နံရံကပ်ပိုစတာများ၊ ကျောင်းသုံးဗလာစာအုပ်နှင့် ခဲတံများ၊ မုန်တိုင်းဘေး/မီးဘေး/ရေဘေး အသိပညာပေးဗီနိုင်းများနှင့် ရေသန့်စင်ဆေးဘူးများကို ဝေငှပေးခဲ့ပါသည်။ အဆိုပါ ဟောပြောပွဲသို့ ဆရာ/ဆရာမများနှင့် ကျေးရွာသူ/သား စုစုပေါင်း (၁၅၅) ဦး တက်ရောက်ခဲ့ကြောင်း သတင်းရရှိပါသည်။

Source:            မြိတ်ခရိုင်ဦးစီးမှူးရုံး (ကဆရ)

Sign Up

Upcoming Events