Category Archives: News
-
ဟင်္သာတမြို့၊ တောင်လုံးစုအုပ်စု၊ တောင်လုံးစုရွာ၌ လေပြင်းတိုက်ခတ်မှုကြောင့် ဘေးသင့်ခဲ့သည့် အိမ်ထောင်စု (၁) စုအတွက် ထောက်ပံ့မှုသတင်း
(၂၈-၆-၂၀၁၇) ရက်နေ့တွင် ဟင်္သာတခရိုင်ဦးစီးမှူးရုံး (ကဆရ) မှ တာဝန်ရှိသူများသည် ဟင်္သာတမြို့၊ တောင်လုံးစုအုပ်စု၊ တောင်လုံးစုရွာ၌ (၂၁-၆-၂၀၁၇) ရက်နေ့တွင် လေပြင်းတိုက်ခတ်မှုကြောင့် ဘေးသင့်ခဲ့သည့် အိမ်ထောင်စု (၁) စုအတွက် အိမ်ဆောက်ပစ္စည်းဖိုး (၉၀၀၀၀) ကျပ်၊ ဆန်ရိက္ခာဖိုး (၆၃၀၀) ကျပ်နှင့် ကယ်ဆယ်ရေးပစ္စည်း (၄) မျိုးတို့ကို ထောက်ပံ့ပေးခဲ့ကြောင်း သိရှိရပါသည်။ Source: ဟင်္သာတခရိုင်ဦးစီးမှူးရုံး (ကဆရ)
-
ဟင်္သာတမြို့၊ စခန်းကြီးအုပ်စု၊ စခန်းကြီးရွာ၌ လေပြင်းတိုက်ခတ်မှုကြောင့် အမိုးလန်ပျက်စီးခဲ့သည့် ဘုန်းကြီးကျောင်း (၁) ကျောင်းအတွက် ထောက်ပံ့ငွေများ ပေးအပ်မှုသတင်း
(၂၈-၆-၂၀၁၇) ရက်နေ့တွင် ဟင်္သာတခရိုင်ဦးစီးမှူးရုံး (ကဆရ) မှ တာဝန်ရှိသူများသည် ဟင်္သာတမြို့၊ စခန်းကြီးအုပ်စု၊ စခန်းကြီးရွာ၌ လေပြင်းတိုက်ခတ်မှုကြောင့် အမိုးလန်ပျက်စီးခဲ့သည့် ဘုန်းကြီးကျောင်း (၁) ကျောင်းအတွက် ထောက်ပံ့ငွေ (၁) သိန်းကျပ်အား တာဝန်ရှိသူများထံ ထောက်ပံ့ပေးခဲ့ကြောင်း သိရှိရပါသည်။ Source: ဟင်္သာတခရိုင်ဦးစီးမှူးရုံး (ကဆရ)
-
သဘာဝဘေးအန္တရာယ်အသိပညာပေးဟောပြောပွဲကျင်းပပြုလုပ်မှုသတင်း
ကယ်ဆယ်ရေးနှင့်ပြန်လည်နေရာချထားရေးဦးစီးဌာန၊ လပွတ္တာခရိုင်ဦးစီးမှူးရုံးမှ တာဝန်ရှိသူများသည် (၂၉.၆. ၂၀၁၇) ရက်နေ့၌ လပွတ္တာမြို့နယ၊် ကြာကန်ကျေးရွာအုပ်စု ကြာကန်ကျေးရွာ၌ သဘာဝ ဘေးအန္တရာယ် အသိပညာပေးဟောပြောပွဲကျင်းပရာ ကျေးရွာနေပြည်သူ (၂၀၀) ဦးခန့်တက် ရောက်ခဲ့ပြီး အဆိုပါဟောပြောပွဲတွင် သဘာဝဘေးအန္တရာယ်များ နှင့်ပတ်သက်၍ ဆောင်ရန် ရှောင်ရန် အချက်အလက်များအား အသိပညာပေးဟောပြောခဲ့ပြီး DAN Mobile Application အသုံးပြုပုံ၊ သဘာဝဘေး အသိပညာပေးနံရံကပ်ပိုစတာများနှင့် လက်ကမ်းစာစောင်များ ဖြန့်ဝေပေးခဲ့ကြောင်း သတင်းရ ရှိပါသည်။ Source းလပွတ္တာခရိုင်ဦးစီးမှူးရုံး (ကဆရ)
-
သဘာဝဘေးအန္တရာယ်အသိပညာပေးဟောပြောပွဲကျင်းပပြုလုပ်မှုသတင်း
ကယ်ဆယ်ရေးနှင့်ပြန်လည်နေရာချထားရေးဦးစီးဌာန၊ မြဝတီခရိုင်ဦးစီးမှူးရုံးမှ တာဝန်ရှိသူများသည် (၂၉.၆. ၂၀၁၇) ရက်နေ့၌ မြဝတီမြို့၊ အမှတ် (၂) အခြေခံပညာ အလယ်တန်းကျောင်း တွင် သဘာဝဘေးအန္တရာယ် အသိပညာပေးဟောပြောပွဲကျင်းပရာ ဆရာ/ဆရာမများနှင့် ကျောင်းသား/ ကျောင်းသူ (၂၀၀) ဦးခန့်တက်ရောက်ခဲ့ပြီး အဆိုပါဟောပြောပွဲတွင် သဘာဝဘေးအန္တရာယ်များ နှင့်ပတ်သက်၍ ဆောင်ရန် ရှောင်ရန် အချက်အလက်များအား အသိပညာပေးဟောပြောခဲ့ပြီး သဘာဝဘေး အသိပညာပေးနံရံကပ်ပိုစတာများနှင့် လက်ကမ်းစာစောင်များ ဖြန့်ဝေပေးခဲ့ကြောင်း သတင်းရ ရှိပါသည်။Source းမြဝတီခရိုင်ဦးစီးမှူးရုံး(ကဆရ)
-
ကလေးသူငယ်အခွင့်အရေး အပြည့်အဝဖော်ဆောင်ပေးနိုင်ရန် ပြည်ထောင်စုဝန်ကြီး ဒေါက်တာဝင်းမြတ်အေး မှာကြား
(၂၉-၆-၂၀၁၇) ၊ နေပြည်တော် စေတနာ့ဝန်ထမ်းအဖွဲ့အစည်းများ ထောက်ပံ့ရေးစည်းမျဉ်းနှင့် ဂေဟာ၊ သင်တန်းကျောင်းများတွင် အနိမ့်ဆုံးရှိရမည့် ပြုစုစောင့်ရှောက်ခြင်းနှင့် ကာကွယ်ပေးခြင်းဆိုင်ရာ စံချိန်စံညွှန်းများ ပြင်ဆင်ရေးဆွဲရေးဆိုင်ရာ အလုပ်ရုံဆွေးနွေးပွဲကို (၂၉-၆-၂၀၁၇) ရက်နေ့၊ နံနက်ပိုင်းက နေပြည်တော်၊ မင်္ဂလာသီရိဟိုတယ်တွင် ကျင်းပပြုလုပ်ရာ လူမှုဝန်ထမ်း၊ ကယ်ဆယ်ရေးနှင့် ပြန်လည်နေရာချထားရေးဝန်ကြီးဌာန၊ ပြည်ထောင်စုဝန်ကြီး ဒေါက်တာဝင်းမြတ်အေး တက်ရောက်အမှာစကား ပြောကြားပါသည်။ ပြည်ထောင်စုဝန်ကြီးက ပရဟိတလုပ်ငန်းများကို စေတနာ့ဝန်ထမ်းအဖွဲ့အစည်းများက နည်းမျိုးစုံဖြင့် ဆောင်ရွက်လျက်ရှိပြီး ဆောင်ရွက်မှုပုံစံမှာလည်း အမျိုးမျိုးရှိသည်ကို လေ့လာတွေ့ရှိရပါကြောင်း၊ အချို့ဂေဟာများသည် အစိုးရအသိအမှတ်ပြုဖြစ်ပြီး (၃၄၅) ခုရှိကြောင်း၊ အစိုးရအသိအမှတ်မပြုရသေးသော ပရဟိတဂေဟာ … Read more
-
(၂၀၁၇-၂၀၁၈) ဘဏ္ဍာရေးနှစ် ကယ်ဆယ်ရေးထောက်ပံ့မှုလုပ်ငန်းများနှင့် စပ်လျဉ်းသည့် ညှိနှိုင်းအစည်းအဝေးကျင်းပမှုသတင်း
လူမှုဝန်ထမ်း၊ ကယ်ဆယ်ရေးနှင့်ပြန်လည်နေရာချထားရေးဝန်ကြီးဌာန၊ ကယ်ဆယ်ရေးနှင့်ပြန်လည်နေရာချထားရေးဦးစီးဌာန အစည်းအဝေး ခန်းမ၌ (၂၉-၆-၂၀၁၇) ရက်နေ့တွင် (၂၀၁၇-၂၀၁၈) ဘဏ္ဍာရေးနှစ် ကယ်ဆယ်ရေးထောက်ပံ့မှုလုပ်ငန်းများနှင့် စပ်လျဉ်းသည့် ညှိနှိုင်းအစည်း အဝေးကို ကျင်းပပြုလုပ်ရာ ညွှန်ကြားရေးမှူးချုပ်ဦးဆောင်၍ သက်ဆိုင်ရာတိုင်းဒေသကြီး၊ ပြည်နယ်ဦးစီးမှူးများ၊ သင်တန်းကျောင်း ကျောင်း အုပ်ကြီးတို့ တက်ရောက်ခဲ့ပါသည်။ အဆိုပါ အစည်းအဝေး၌ ရန်ပုံငွေတောင်းခံခြင်း၊ သုံးစွဲခြင်း၊ ကယ်ဆယ်ရေးပစ္စည်းများ ထောက်ပံ့ပေးခြင်း နှင့်စပ်လျဉ်းပြီး လိုက်နာရမည့် စည်းမျဉ်း၊ စည်းကမ်း၊ လုပ်ထုံးလုပ်နည်းများ၊ လိုအပ်သည်များကို ပေါင်းစပ်ညှိနှိုင်းဆွေးနွေးခဲ့ပါကြောင်း သတင်းရရှိပါသည်။
-
လားရှိုးမြို့နယ်၊ ဝိန်းထန်ကျေးရွာ၊ ဝိန်းထန်ဘုန်းတော်ကြီးကျောင်း၌ သဘာဝဘေးအသိပညာပေးဟောပြောပွဲ ပြုလုပ်မှုသတင်း
ကယ်ဆယ်ရေးနှင့် ပြန်လည်နေရာချထားရေးဦးစီးဌာန၊ လားရှိုးခရိုင်ဦးစီးမှူးရုံးမှ တာဝန်ရှိသူများသည် (၂၉-၆-၂၀၁၇) ရက်နေ့၊ (၁ဝးဝ၀~၁၁းဝ၀) နာရီအချိန်တွင် လားရှိုးမြို့နယ်၊ ဝိန်းထန်ကျေးရွာ၊ ဝိန်းထန်ဘုန်းတော်ကြီးကျောင်း၌ သဘာဝဘေးအသိပညာပေးဟောပြောပွဲ ကျင်းပပြုလုပ်ခဲ့ရာ ကျေးရွာနေပြည်သူ (၁၅၀) ဦးခန့် တက်ရောက်ခဲ့ပါသည်။ အဆိုပါဟောပြောပွဲတက်ရောက်လာသူများထံ လားရှိုးခရိုင်ဦးစီးမှူးရုံး (ကဆရ) မှ တာဝန်ရှိသူများက လက်ကမ်းစာစောင်များအား ဖြန့်ဝေပေးခဲ့ကြောင်း သိရှိရပါသည်။ Source: လားရှိုးခရိုင်ဦးစီးမှူးရုံး (ကဆရ)
-
သဘာဝဘေးအန္တရာယ်ဆိုင်ရာ အသိပညာပေးဟောပြောပွဲ ကျင်းပပြုလုပ်မှုသတင်း
ကယ်ဆယ်ရေးနှင့်ပြန်လည်နေရာချထားရေးဦးစီးဌာန၊ လားရှိုးခရိုင်ဦးစီးမှူးရုံးမှ တာဝန်ရှိသူများသည် (၂၈-၆-၂၀၁၇) ရက်နေ့၊ (၁၄:၁၅) နာရီအချိန်မှ (၁၅:၃၀) နာရီအချိန်ထိ လားရှိုးမြို့၊ အမျိုးသမီးအိမ်တွင်းမှု သက်မွေးလုပ်ငန်းပညာသင်တန်းကျောင်းမှ သင်တန်းသူ (၁၀၀) ဦးခန့်အား သဘာဝဘေးအန္တရာယ်ဆိုင်ရာ အသိပညာပေးဟောပြောပွဲကျင်းပပြုလုပ်ခဲ့ပြီး အသိပညာပေးလက်ကမ်းစာစောင်များ ဖြန့်ဝေပေးခဲ့ကြောင်း သတင်းရရှိပါသည်။ Source: လားရှိုးခရိုင်ဦးစီးမှူးရုံး (ကဆရ)
-
ရခိုင်ပြည်နယ်ဝန်ကြီးချုပ်၏ မောင်တောခရီးစဉ်အတွင်း မောင်တောမြို့နယ် စံကားပင်ရင်းကျေးရွာအုပ်စု တရိန်းကျေးရွာ တိုင်းရင်းသားများအား ကယ်ဆယ်ရေးပစ္စည်းများထောက်ပံ့ပေးမှုသတင်း
(၂၈-၆-၂၀၁၇) ရက်နေ့တွင် ရခိုင်ပြည်နယ်ဝန်ကြီးချုပ်၏ မောင်တောခရီးစဉ်အတွင်း မောင်တောခရိုင်ဦးစီးမှူးရုံး (ကဆရ) မှ တာဝန်ရှိသူများသည် မောင်တောမြို့နယ် စံကားပင်ရင်းကျေးရွာအုပ်စု တရိန်းကျေးရွာ တိုင်းရင်းသားများအတွက် ကယ်ဆယ်ရေပစ္စည်း (၁၀) မျိုး (၈၇) အိမ်ထောင်စာအား ထောက်ပံ့ပေးခဲ့ကြောင်း သိရှိရပါသည်။ Source: မောင်တောခရိုင်ဦးစီးမှူးရုံး (ကဆရ)
-
ကယ်ဆယ်ရေးပစ္စည်းနှင့် ထောက်ပံ့ငွေပေးအပ်မှုသတင်း
ကယ်ဆယ်ရေးနှင့်ပြန်လည်နေရာချထားရေးဦးစီးဌာန၊ လားရှိုးခရိုင်ဦးစီးမှူးရုံးမှ တာဝန်ရှိသူများသည် နမ့်ဆန်မြို့နယ်၊ နမ့်လင်းခမ်းအုပ်စု၊ မန်လန်းရွာမှ (၂၈-၆-၂၀၁၇) ရက်နေ့တွင် လားရှိုးမြို့နယ် နောင်ဖော့အုပ်စု၊ လွယ်လမ့်ရွာဘုန်းတော်ကြီးကျောင်းသို့ရောက်ရှိလာသော တိုက်ပွဲရှောင်ပြည်သူမိသားစု (၇) စု ကျား (၁၁) ဦး မ (၁၆) ဦး စုစုပေါင်း (၂၇) ဦးတို့အတွက် ဆန်ရိက္ခာ(၇) ရက်စာ (၅၆,၇၀၀) ကျပ်၊ တစ်အိမ်ထောင်လျှင် ဆီ (၅၀) သား (၁၄,၀၀၀)၊ ငါးသေတ္တာ (၃) ဘူး (၇,၃၅၀) နှင့် ပလပ်စတစ်ပုံးပါ ကယ်ဆယ်ရေးပစ္စည်း (၁၀) … Read more









