ကယ်ဆယ်ရေးနှင့်ပြန်လည်နေရာချထားရေးဦးစီးဌာန၊ လားရှိုးခရိုင်ဦးစီးမှူးရုံးမှ တာဝန်ရှိသူများသည် နမ့်ဆန်မြို့နယ်၊ နမ့်လင်းခမ်းအုပ်စု၊ မန်လန်းရွာမှ (၂၈-၆-၂၀၁၇) ရက်နေ့တွင် လားရှိုးမြို့နယ် နောင်ဖော့အုပ်စု၊ လွယ်လမ့်ရွာဘုန်းတော်ကြီးကျောင်းသို့ရောက်ရှိလာသော တိုက်ပွဲရှောင်ပြည်သူမိသားစု (၇) စု ကျား (၁၁) ဦး မ (၁၆) ဦး စုစုပေါင်း (၂၇) ဦးတို့အတွက် ဆန်ရိက္ခာ(၇) ရက်စာ (၅၆,၇၀၀) ကျပ်၊ တစ်အိမ်ထောင်လျှင် ဆီ (၅၀) သား (၁၄,၀၀၀)၊ ငါးသေတ္တာ (၃) ဘူး (၇,၃၅၀) နှင့် ပလပ်စတစ်ပုံးပါ ကယ်ဆယ်ရေးပစ္စည်း (၁၀) မျိုးတို့အား (၂၈-၆-၂၀၁၇) ရက်နေ့ (၁၆:၃၀) နာရီအချိန်တွင် သွားရောက်ထောက်ပံ့ပေးအပ်ခဲ့ကြောင်း သတင်းရရှိပါသည်။
Source: လားရှိုးခရိုင်ဦးစီးမှူးရုံး (ကဆရ)