Category Archives: News
-
ပြည်ခရိုင်၊ ပန်းတောင်းမြို့နယ်၊ ကျွန်းမီးကျေးရွာအုပ်စု၊ ကျွန်းမီးကျေးရွာ၌ ကမ်းပြိုဘေးကြောင့် ရွှေ့ပြောင်းခဲ့သော ပြည်သူများအတွက် ထောက်ပံ့ငွေများ ပေးအပ်မှုသတင်း
ပြည်ခရိုင်၊ ပန်းတောင်းမြို့နယ်၊ ကျွန်းမီးကျေးရွာအုပ်စု၊ ကျွန်းမီးကျေးရွာ၌ (၂၇-၇-၂၀၁၇) ရက်နေ့တွင် ကမ်းပြိုမှုကြောင့် ရွှေ့ပြောင်းခဲ့ရသော နေအိမ် (၁၇) လုံးအတွက် နေအိမ် (၁) လုံးလျှင် (၁) သိန်းနှုန်းဖြင့် အိမ်ဆောက်ပစ္စည်းဖိုးငွေ (၁၇) သိန်းအား ပြည်ခရိုင်ဦးစီးမှူးရုံး (ကဆရ) မှ တာဝန်ရှိသူများသည် (၁-၈-၂၀၁၇) ရက်နေ့တွင် ထောက်ပံ့ပေးအပ်ခဲ့ကြောင်း သိရှိရပါသည်။ Source: ပြည်ခရိုင်ဦးစီးမှူးရုံး (ကဆရ)
-
သဘာဝဘေးအန္တရာယ်ဆိုင်ရာအသိပညာပေးဟောပြောပွဲများကျင်းပပြုလုပ်မှုသတင်း
လူမှုဝန်ထမ်း၊ကယ်ဆယ်ရေးနှင့်ပြန်လည်နေရာချထားရေးဝန်ကြီးဌာန၊ကယ်ဆယ်ရေးနှင့်ပြန်လည်နေ ရာချထားရေးဦးစီးဌာန၊ ကျိုင်းတုံခရိုင်ဦးစီးမှူးရုံးမှ တာဝန်ရှိသူများသည် (၁-၈-၂၀၁၇)နေ့တွင် ကျိုင်းတုံမြို့ ကတ်တောင်ကျေးရွာအုပ်စု ကတ်တောင် ကျေးရွာတွင် ပြည်သူလူထု (၅၅)ဦးအား သဘာဝဘေးအသိပညာပေးဟောပြောဆွေးနွေးခဲ့ပြီး သဘာဝဘေးအသိပညာပေးလက်ကမ်းစာစောင်များဖြန့်ဝေခဲ့ကြောင်းသတင်းရရှိပါသည်။Source: ကျိုင်းတုံခရိုင်ဦးစီးမှူးရုံး (ကဆရ)
-
တိုက်ပွဲရှောင်ပြည်သူများအားထောက်ပ့ံမှုသတင်း
လူမှုဝန်ထမ်း၊ကယ်ဆယ်ရေးနှင့်ပြန်လည်နေရာချထားရေးဝန်ကြီးဌာန၊ကယ်ဆယ်ရေးနှင့်ပြန်လည်နေ ရာချထားရေးဦးစီးဌာန၊ ကချင်ပြည်နယ်ဦးစီးမှူးရုံးမှ တာဝန်ရှိသူများသည် မြစ်ကြီးနားမြို့နယ်သို့ တနိုင်းမြို့နယ်၊ တိန်ကောက်ကျေးရွာမှ ရောက်ရှိလာသော တိုက်ပွဲရှောင်ပြည်သူများအား ယာယီ တည်းခိုနေထိုင်သော မြစ်ကြီးနားမြို့၊ နန်းကွေ့ အုပ်စုနယ်မြေ(၇)၊ ကဘူဒမ်းကျေးရွာ၊ ခရစ်တော်၏ အသင်းတော်တွင် ကယ်ဆယ်ရေးပစ္စည်း (၁၇) မျိူ း (၂၁) အိမ်ထောင်စုစာ၊ ဆန်ရိက္ခာဖိုး (၇ )ရက်စာ (၁၁၃၄၀၀/- )အား (၁-၈-၂၀၁၇)ရက်နေ့ တွင် ကွင်းဆင်းထောက်ပံ့ခဲ့ကြောင်းသတင်းရရှိပါသည်။Source: ကချင်ပြည်နယ်ဦးစီးမှူးရုံး (ကဆရ)
-
ဥတ္တရသီရိမြို့နယ်၊ တောင်ညိုအုပ်စု၊ မရမ်းခုံကျေးရွာရှိ ရေဝင်အိမ်များနေ ပြည်သူများအတွက် ဆန်ရိက္ခာဖိုးငွေများ ထောက်ပံ့မှုသတင်း
(၃၀-၇-၂၀၁၇) ရက်နေ့တွင် ပြည်ထောင်စုနယ်မြေဦးစီးမှူးရုံး (ကဆရ) မှ တာဝန်ရှိသူများသည် ဥတ္တရသီရိမြို့နယ်၊ တောင်ညိုအုပ်စု၊ မရမ်းခုံကျေးရွာရှိ ရေဝင်အိမ် (၇) အိမ်မှ လူဦးရေ (၁၉) ဦးအတွက် ဆန်ရိက္ခာ(၇)ရက်စာဖိုးငွေ ( ၃၉၉၀၀) ကျပ်အား သွားရောက်ထောက်ပံ့ခဲ့ကြောင်း သိရှိရပါသည်။ Source: ပြည်ထောင်စုနယ်မြေဦးစီးမှူးရုံး (ကဆရ)
-
မြေပြိုဘေးထောက်ပ့ံမှုသတင်း
လူမှုဝန်ထမ်း၊ကယ်ဆယ်ရေးနှင့်ပြန်လည်နေရာချထားရေးဝန်ကြီးဌာန၊ကယ်ဆယ်ရေးနှင့်ပြန်လည်နေ ရာချထားရေးဦးစီးဌာန၊ မွန်ပြည်နယ်ဦးစီးမှူးရုံးမှ တာဝန်ရှိသူများသည် (၃၀-၇-၂၀၁၇)နေ့တွင် မြေပြိုမှုကြောင့် တစ်စိတ်တစ်ပိုင်းပျက်စီးခဲ့သည့် လူနေအိမ်(၃)လုံံး အိမ်ထောင်စု(၃)စုမှ လူဦးရေ(၁၂)ဦး အတွက်ကယ်ဆယ်ရေးပစ္စည်း(၁၀)မျိုး အိမ်ဆောက်ပစ္စည်းဖိုးငွေ (၁၅၀၀၀၀/-) ဆန်ဖိုးငွေ (၇) ရက်စာ (၂၅၂၀၀/-) စုစုပေါင်း (၁၇၅၂၀၀/-) တို့အား (၃၁.၇.၂၀၁၇) ရက်နေ့တွင်ထောက်ပ့ံခဲ့ကြောင်းသ တင်းရရှိပါသည်။Source: မွန်ပြည်နယ်ဦးစီးမှူးရုံး (ကဆရ)
-
ကယ်ဆယ်ရေးပစ္စည်းနှင့် ထောက်ပံ့ငွေပေးအပ်မှုသတင်း
ကယ်ဆယ်ရေးနှင့်ပြန်လည်နေရာချထားရေးဦးစီးဌာန၊ ဟင်္သာတခရိုင်ဦးစီးမှူးရုံးမှ တာဝန်ရှိသူများသည အင်္ဂပူမြို့နယ်၊ စစ်ကုန်းအုပ်စု၊ သဒ္ဒမ္မကျွန်းကျေးရွာ၌ (၂၈-၇-၂၀၁၇) ရက်နေ့တွင် ဖြစ်ပွားခဲ့သော ကမ်းပြိုဘေးကြောင့် ဘေးသင့်ခဲ့သော အိမ်ထောင်စု (၁၁) စုအတွက် ကယ်ဆယ်ရေးပစ္စည်း (၄) မျိုး၊ အိမ်ဆောက်ပစ္စည်းဖိုးငွေ (၁,၁၀၀,၀၀၀) ကျပ်နှင့် ဆန်ရိက္ခာဖိုးငွေ (၈၈,၂၀၀) ကျပ်တို့အားလည်းကောင်း၊ အင်္ဂပူမြို့နယ်၊ သက္ကယ်တန်းအုပ်စု၊ လက်ျားကုန်းရွာ၊ ဘုရားကျွန်းရွာ၌ (၂၈-၇-၂၀၁၇) ရက်နေ့တွင် ဖြစ်ပွားခဲ့သော ကမ်းပြိုဘေးကြောင့် ဘေးသင့်ခဲ့သော အိမ်ထောင်စု (၈) စုအတွက် ကယ်ဆယ်ရေးပစ္စည်း (၄) မျိုး၊ အိမ်ဆောက်ပစ္စည်းဖိုးငွေ (၈၀၀,၀၀၀) … Read more
-
ချင်းတွင်းမြစ်ရေမြင့်တက်မှုကြောင့် ပြောင်းရွှေ့နေထိုင်ကြသော အိမ်ထောင်စုများအတွက် ထောက်ပံ့မှု သတင်း
ကယ်ဆယ်ရေးနှင့်ပြန်လည်နေရာချထားရေးဦးစီးဌာန၊ မော်လိုက်ခရိုင်ဦးစီးမှူးရုံးမှ တာဝန်ရှိသူများ သည်ချင်းတွင်းမြစ်ရေမြင့်တက်မှုကြောင့့်ထောက်ပံ့ရန်ကျန်ရှိသော ကျေးရွာအုပ်စု (၁၅)ရွာ ပြောင်းရွှေ့ အိမ်ထောင်စု (၂၅၉)စုတွက် ကယ်ဆယ်ရေးပစ္စည်း (၅)မျိုး ကမ်းပါးပြိုခြင်းကြောင့် ကြိုတင်ဖျက်သိမ်း အိမ်ထောင်စု (၈)စုတွက် ကယ်ဆယ်ရေးပစ္စည်း (၁၀)မျိုး အိမ်ဆောက်ပစ္စည်းဖိုး ငွေ(၈၀၀၀၀၀) နှင့်လူဦးရေပေါင်း (၁၃၇၈)ဦးတွက်ဆန်ရိက္ခာဖိုးငွေ (၂၈၉၃၈၀၀)ကျပ်တိတိအား (၃၁.၇.၂၀၁၇)နေ့ မော်လိုက်မြို့အထွေထွေအုပ်ချုပ်ရေးဦးစီးဌာန အစည်းအဝေးခန်းမ အုပ်ချုပ်ရေးမှူးများ အစည်းအဝေး တွင် ဘေးသင့်ပြည်သူများထောက်ပံ့ခဲ့ကြောင်းသတင်းရရှိပါသည်။Source:မော်လိုက်ခရိုင်ဦးစီးမှူးရုံး(ကဆရ)
-
ပုသိမ်ခရိုင်၊ ကျောင်းကုန်းမြို့နယ်အတွင်း ဒါးကမြစ်ရေမြင့်တက်မှုကြောင့် ရေဘေးယာယီခိုလှုံသည့်နေရာသို့ ပြောင်းရွှေ့ခိုလှုံလျက်ရှိသည့် ရေဘေးရှောင်ပြည်သူများအတွက် ဆန်ရိက္ခာဖိုးငွေများအား လွှဲပြောင်းထောက်ပံ့ပေးမှုသတင်း
ဧရာ၀တီတိုင်းဒေသကြီး၊ ပုသိမ်ခရိုင်၊ ကျောင်းကုန်းမြို့နယ်အတွင်း ဒါးကမြစ်ရေမြင့်တက်မှုကြောင့် ရေဘေးယာယီခိုလှုံသည့်နေရာသို့ နေအိမ် (၈၈၇) လုံး၊ အိမ်ထောင်စု (၈၈၇) စုမှ လူဦးရေ ကျား (၁၄၈၅) ဦး၊ မ (၁၆၅၇) ဦး၊ စုစုပေါင်း (၃၁၄၂) ဦး ပြောင်းရွှေ့ခိုလှုံလျက်ရှိရာ အဆိုပါရေဘေးရှောင်ပြည်သူများအတွက် ဆန်ရိက္ခာ(၇)ရက်စာရန်ပုံငွေ (၆၅၉၈၂၀၀) ကျပ်တိတိအား (၃၁-၇-၂၀၁၇) ရက်နေ့တွင် ဧရာ၀တီတိုင်းဒေသကြီးဦးစီးမှူးရုံး (ကဆရ) မှ တာဝန်ရှိသူများသည် ကျောင်းကုန်းမြို့နယ်သဘာ၀ဘေးအန္တရာယ်ဆိုင်ရာစီမံခန့်ခွဲမှုအဖွဲ့ ဥက္ကဌနှင့် တာဝန်ရှိသူများထံသို့ လွှဲပြောင်းထောက်ပံ့ပေးအပ်ခဲ့ကြောင်း သိရှိရပါသည်။ Source: ဧရာ၀တီတိုင်းဒေသကြီးဦးစီးမှူးရုံး (ကဆရ)
-
သဘာဝဘေးအန္တရာယ်ဆိုင်ရာအသိပညာပေးဟောပြောပွဲများကျင်းပပြုလုပ်မှုသတင်း
လူမှုဝန်ထမ်း၊ကယ်ဆယ်ရေးနှင့်ပြန်လည်နေရာချထားရေးဝန်ကြီးဌာန၊ကယ်ဆယ်ရေးနှင့်ပြန်လည်နေ ရာချထားရေးဦးစီးဌာန၊ လားရှိုးခရိုင်ဦးစီးမှူးရုံးမှ တာဝန်ရှိသူများသည် (၃၁-၇-၂၀၁၇)နေ့တွင် တန့်ယန်းမြို့နယ် မိုင်းပတ်ကျေးရွာ အခြေခံပညာအထက်တန်းကျောင်းခွဲ၌ ပြည်သူလူထုဆရာ ဆရာမ ကျောင်းသူကျောင်းသားအင်အား (၄၅၀)ဦးအား သဘာဝဘေးအသိပညာပေးဟောပြောဆွေးနွေးခဲ့ပြီး သဘာဝဘေးအသိပညာပေးလက်ကမ်းစာစောင်များဖြန့်ဝေခဲ့ကြောင်းသတင်းရရှိပါသည်။Source: လားရှိုးခရိုင်ဦးစီးမှူးရုံး (ကဆရ)









