Category Archives: News
-
ကယ်ဆယ်ရေးပစ္စည်းနှင့် ထောက်ပံ့ငွေပေးအပ်မှုသတင်း
ကယ်ဆယ်ရေးနှင့်ပြန်လည်နေရာချထားရေးဦးဌာန၊ ကျောက်မဲခရိုင်ဦးစီးမှူးရုံးမှ တာဝန်ရှိသူများသည် ကျောက်မဲခရိုင်၊ ကျောက်မဲမြို့နယ်၊ ပန်ကွမ်ကျေးရွာအုပ်စု၊ ပန်ဖျက်ကျေးရွာ၌ (၂၁-၈-၂၀၁၇) ရက်နေ့တွင် ဖြစ်ပွားခဲ့သော မီးဘေးကြောင့် ဘေးသင့် ခဲ့သော အိမ်ထောင်စု (၁) စုအတွက် ကယ်ဆယ်ရေးပစ္စည်း (၉) မျိုး၊ အိမ်ဆောက်ပစ္စည်းဖိုးငွေ (၂၀၀,၀၀၀) ကျပ်နှင့် လူဦးရေ (၆) ဦးအတွက် ဆန်ရိက္ခာဖိုးငွေ (၇) ရက်စာ (၁၂,၆၀၀) ကျပ်တို့အား (၂၂-၈-၂၀၁၇) ရက်နေ့တွင် ထောက်ပံ့ပေးအပ်ခဲ့ကြောင်း သတင်း ရရှိပါသည်။ Source: ကျောက်မဲခရိုင်ဦးစီးမှူးရုံး(ကဆရ)
-
ချင်းတွင်းမြစ်ရေကြီးမှုကြောင့်ကလေးဝမြို့နယ်အတွင်းရွှေ့ပြောင်းပြည်သူများအား ထောက်ပံ့ပေးမှုသတင်း
လူမှုဝန်ထမ်း၊ ကယ်ဆယ်ရေးနှင့်ပြန်လည်နေရာချထားရေးဝန်ကြီးဌာန၊ ကယ်ဆယ်ရေးနှင့်ပြန်လည်နေရာချထား ရေးဦးစီးဌာန၊ ကလေးခရိုင်ဦးစီးမှူးရုံးမှတာဝန်ရှိသူများသည် ကလေးဝမြို့နယ်အတွင်းရပ်ကွက်(၂) ခုနှင့်ကျေးရွာ ပေါင်း(၂၀)တွင် ချင်းတွင်းမြစ်ရေကြီးမှုကြောင့်(၂၀-၈-၂၀၁၇) နေ့၌အိမ်ထောင်စု(၇၇)စုနှင့် လူဦးရေ(၂၃၄)ဦးတို့သည် ရေလွတ်ရာ သို့ရွှေ့ပြောင်းခဲ့ရသည့်အတွက် ဆန်ရိက္ခာဖိုးငွေစုစုပေါင်း (၄၉၁၄၀၀ိ/-) အား(၂၂-၈-၂၀၁၇) နေ့တွင် ကလေးဝမြို့နယ် အုပ်ချုပ်ရေးမှူးဦးဇော်လင်းထံ လွှဲပြောင်းထောက်ပံ့ပေးအပ်ခဲ့ ကြောင်း သတင်းရရှိပါသည်။Source – ကလေးခရိုင်ဦးစီးမှူးရုံး (ကဆရ)
-
မယ်စဲ့မြို့၌ သဘာဝဘေးအန္တရာယ်ဆိုင်ရာစွမ်းဆောင်ရည်မြှင့်တင်မှုသင်တန်း ဖွင့်လှစ်မှုသတင်း
ကယ်ဆယ်ရေးနှင့် ပြန်လည်နေရာချထားရေးဦးစီးဌာန၊ ကယားပြည်နယ်ဦးစီးမှူးရုံးနှင့် IRC အဖွဲ့တို့ပူးပေါင်း၍ သဘာဝဘေးအန္တရာယ်ဆိုင်ရာစွမ်းဆောင်ရည်မြှင့်တင်မှုသင်တန်းကို (၁၆-၈-၂၀၁၇) နေ့မှ (၁၈-၈-၂၀၁၇) နေ့အထိ မယ်စဲ့မြို့၌ ဖွင့်လှစ်ခဲ့ရာ သင်တန်းသား၊ သင်တန်းသူ စုစုပေါင်း (၂၂) ဦး တက်ရောက်ခဲ့ကြောင်း သိရှိရပါသည်။ Source: ကယားပြည်နယ်ဦးစီးမှူးရုံး (ကဆရ)
-
ဘိုကလေးမြို့၊ မဟာအောင်တော်မူဘုရားဝင်းအတွင်းရှိ ချိုကြည်တန်ဆောင်း၌ ရပ်ရွာလူထုအခြေပြု ဘေးအန္တရာယ်ကြောင့် ဆုံးရှုံးနိုင်ခြေ စီမံခန့်ခွဲမှုသင်တန်း ဖွင့်လှစ်မှုသတင်း
(၂၁-၈-၂၀၁၇) ရက်နေ့တွင် ဖျာပုံခရိုင်ဦးစီးမှူးရုံး (ကဆရ) သည် UN Volunteers အဖွဲ့နှင့်ပူးပေါင်း၍ ရပ်ရွာလူထုအခြေပြု ဘေးအန္တရာယ်ကြောင့် ဆုံးရုံးနိုင်ခြေ စီမံခန့်ခွဲမှုသင်တန်းဖွင့်ပွဲအား ဘိုကလေးမြို့၊ မဟာအောင်တော်မူဘုရားဝင်းအတွင်းရှိ ချိုကြည်တန်ဆောင်း၌ ကျင်းပခဲ့ရာ အင်အား (၁၅၀) ကျော် တက်ရောက်ခဲ့ပါသည်။ အဆိုပါသင်တန်းဖွင့်ပွဲအခမ်းအနားသို့ ဘိုကလေးမြို့ အမျိုးသားလွှတ်တော်ကိုယ်စားလှယ် ဒေါ်မေသန်းနွဲ့က အဖွင့်အမှာစကားပြောကြားခြင်း၊ ဘိုကလေးမြို့ အထွေထွေအုပ်ချုပ်ရေးဦးစီးဌာန၊ မြို့နယ်အုပ်ချုပ်ရေးက ကြိုဆိုနှုတ်ခွန်းဆက်စကားပြောကြားခြင်းနှင့် ကယ်ဆယ်ရေးနှင့် ပြန်လည်နေရာချထားရေးဦးစီးဌာန၊ ဖျာပုံခရိုင်ဦးစီးမှူး ဒုတိယညွှန်ကြားရေးမှူး ဦးစိုးလှိုင်က သင်တန်းဖွင့်လှစ်ရခြင်းနှင့်ပတ်သက်၍ ရှင်းလင်းဆွေးနွေးခြင်းများ ပြုလုပ်ခဲ့ပါသည်။ သင်တန်းအား (၂၁-၈-၂၀၁၇) မှ … Read more
-
သဘာဝဘေးအန္တရာယ်ဆိုင်ရာအသိပညာပေးဟောပြောပွဲများကျင်းပပြုလုပ်မှုသတင်း
လူမှုဝန်ထမ်း၊ ကယ်ဆယ်ရေးနှင့်ပြန်လည်နေရာချထားရေးဝန်ကြီးဌာန၊ ကယ်ဆယ်ရေးနှင့်ပြန်လည်နေ ရာချထားရေးဦးစီးဌာန၊ သရက်ခရိုင်ဦးစီးမှူးရုံးမှတာဝန်ရှိသူများသည် (၂၁-၈-၂၀၁၇) နေ့တွင် ကံမမြို့နယ၊် ရေနံ့သကျေးရွာတွင် သဘာဝဘေးလျော့ပားရေအသိပညာပေးဟော ကျင်းပပြုလုပ်ခဲ့ပြီး အသိပညာပေးလက်ကမ်းစာစောင်များ မိုးကြိုးဘေးဗီနိုင်းပိုစတာများကို ဖြန့်ဝေပေးခဲ့ပြီး အဆိုပါဟောေ ပြာပွဲသို့ ကျေးရွာပြည်လူဦးရေ (၇၁)ဦးတက်ရောက် ခဲ့ကြောင်းသတင်း ရရှိပါ သည်။Source: သရက်ခရိုင်ဦးစီးမှူးရုံး (ကဆရ)
-
လူမှုကာကွယ်စောင့်ရှောက်ရေးနှင့် သဘာဝဘေးအန္တရာယ်စီမံခန့်ခွဲမှုကဏ္ဍဆိုင်ရာ ပေါင်းစပ် ညှိနှိုင်းရေးအဖွဲ့ အစည်းအဝေးသို့ ပြည်ထောင်စုဝန်ကြီး ဒေါက်တာဝင်းမြတ်အေး တက်ရောက်အမှာစကားပြောကြားမှုသတင်း
နေပြည်တော်၊ ၂၁.၈.၂၀၁၇ လူမှုဝန်ထမ်း၊ ကယ်ဆယ်ရေးနှင့် ပြန်လည်နေရာချထားရေးဝန်ကြီးဌာနသည် လူမှုကာကွယ်စောင့်ရှောက်ရေးလုပ်ငန်းများနှင့် သဘာဝဘေးအန္တရာယ်စီမံခန့်ခွဲမှုဆိုင်ရာ ကဏ္ဍများနှင့်ပတ်သက်၍ နိုင်ငံအတွင်းရှိ လူမှုကာကွယ် စောင့်ရှောက်ရေးလုပ်ငန်းများနှင့် သဘာဝဘေးအန္တရာယ်စီမံခန့်ခွဲရေးဆိုင်ရာ ကိစ္စရပ်များ တွင် နိုင်ငံတကာအဖွဲ့အစည်းများ၊ ဖွံ့ဖြိုးမှုမိတ်ဖက်အဖွဲ့အစည်းများနှင့် ပေါင်းစပ်ညှိနှိုင်းရေးကို တာဝန်ယူဆောင်ရွက်လျက် ရှိပါသည်။ လူမှုကာကွယ်စောင့်ရှောက်ရေးနှင့် သဘာဝဘေးအန္တရာယ်စီမံခန့်ခွဲမှုညှိနှိုင်းရေးအဖွဲ့ အစည်းအဝေးကို ယနေ့နံနက်ပိုင်းက လူမှုဝန်ထမ်း၊ ကယ်ဆယ်ရေးနှင့် ပြန်လည်နေရာ ချထားရေးဝန်ကြီးဌာန၊ အစည်းအဝေးခန်းမ၌ ကျင်းပပြုလုပ်ရာ ပြည်ထောင်စုဝန်ကြီး ဒေါက်တာဝင်းမြတ်အေး တက်ရောက် အမှာစကားပြောကြားပါသည်။ ပြည်ထောင်စု ဝန်ကြီးက ယနေ့အစည်းအဝေးသည် လူမှုကာကွယ်စောင့်ရှောက်ရေးနှင့် သဘာဝဘေး အန္တရာယ်စီမံခန့်ခွဲမှုကဏ္ဍအတွက် ပေါင်းစပ်ညှိနှိုင်းရေးအဖွဲ့ … Read more
-
ကမ်းပြိုဘေးထောက်ပံ့ပေးမှုသတင်း
လူမှုဝန်ထမ်း၊ ကယ်ဆယ်ရေးနှင့်ပြန်လည်နေရာချထားရေးဝန်ကြီးဌာန၊ ကယ်ဆယ်ရေးနှင့်ပြန်လည်နေ ရာချထား ရေးဦးစီးဌာန၊ ဟင်္သာတခရိုင်ဦးစီးမှူးရုံးမှတာဝန်ရှိသူများသည် ဟင်္သာတမြို့နယ်၊ အိပ်ပျက်အုပ်စု၊ ဖောင်ဆိပ်ကျေး ရွာတွင် (၁၈.၈.၂၀၁၇) နေ့ဖြစ်ပွားသော ကမ်းပြိုဘေးသင့် အိမ်ခြေ ၁ လုံး၊ အိမ်ထောင်စု ၁ စု၊ လူဦးရေ ၄ ဦးအား ထောက်ပံ့ခြင်း ကယ်ဆယ်ရေးပစ္စည်း ၄ မျိုး အိမ်ဆောက်ပစ္စည်းဖိုး ၁၀၀၀၀၀ ကျပ် ဆန်ရိက္ခာဖိုး ၈၄၀၀ ကျပ် စုစုပေါင်း ကယ်ဆယ်ရေးရန်ပုံငွေ ၁၀၈၄၀၀ ကျပ်ကို ဘေးသင့်ပြည်သူများလက်ဝယ်သို့ ကွင်းဆင်းထောက်ပံ့ပေးအပ်ခဲ့ကြောင်း သတင်းရရှိပါသည်။Source – … Read more
-
သဘာဝဘေးအသိပညာပေးဟောပြောပွဲ ကျင်းပပြုလုပ်မှုသတင်း
ကယ်ဆယ်ရေးနှင့်ပြန်လည်နေရာချထားရေးဦးဌာန၊ကျိုင်းတုံခရိုင်ဦးစီးမှူးရုံးမှတာဝန်ရှိသူများသည် (၂၁-၈-၂၀၁၇) ရက် နေ့တွင် ကျိုင်းတုံမြို့၊ အမှတ် (၂) ရပ်ကွက်၊ ကျိုင်းကာကျေးရွာရှိ ပြည်သူလူထု (၅၀) ဦးခန့်အား သဘာဝဘေးအသိပညာပေးဟော ပြောပွဲကျင်းပပြုလုပ်ခဲ့ကြောင်း သတင်းရရှိပါသည်။ Source: ကျိုင်းတုံခရိုင်ဦးစီးမှူးရုံး(ကဆရ)
-
သဘာဝဘေးအန္တရာယ်ဆိုင်ရာအသိပညာပေးဟောပြောပွဲများကျင်းပပြုလုပ်မှုသတင်း
လူမှုဝန်ထမ်း၊ကယ်ဆယ်ရေးနှင့်ပြန်လည်နေရာချထားရေးဝန်ကြီးဌာန၊ကယ်ဆယ်ရေးနှင့်ပြန်လည်နေ ရာချထားရေးဦးစီးဌာန၊ ကျိုင်တုံခရိုင်ဦးစီးမှူးရုံးမှတာဝန်ရှိသူများသည် (၂၁.၈.၂၀၁၇) ရက်နေ့ ကျိုင်းတုံမြို့၊အမှတ်(၂)ရပ်ကွက်၊ ဆောင်းပျက်ကျေးရွာ၌ သဘာဝဘေးအန္တရာယ်ဆိုင်ရာအသိ ပညာပေးဟော ပြောပွဲပြုလုပ်ခဲ့ရာပြည်သူလူထု၁၂၀ဦးတက်ရောက်ခခဲ့ကြောင်း သတင်းရရှိပါသည်။Source: ကျိုင်တုံခရိုင်ဦးစီးမှူးရုံး (ကဆရ)









