လူမှုကာကွယ်စောင့်ရှောက်ရေးနှင့် သဘာဝဘေးအန္တရာယ်စီမံခန့်ခွဲမှုကဏ္ဍဆိုင်ရာ ပေါင်းစပ် ညှိနှိုင်းရေးအဖွဲ့ အစည်းအဝေးသို့ ပြည်ထောင်စုဝန်ကြီး ဒေါက်တာဝင်းမြတ်အေး တက်ရောက်အမှာစကားပြောကြားမှုသတင်း

နေပြည်တော်၊ ၂၁.၈.၂၀၁၇
လူမှုဝန်ထမ်း၊ ကယ်ဆယ်ရေးနှင့် ပြန်လည်နေရာချထားရေးဝန်ကြီးဌာနသည် လူမှုကာကွယ်စောင့်ရှောက်ရေးလုပ်ငန်းများနှင့် သဘာဝဘေးအန္တရာယ်စီမံခန့်ခွဲမှုဆိုင်ရာ ကဏ္ဍများနှင့်ပတ်သက်၍ နိုင်ငံအတွင်းရှိ လူမှုကာကွယ် စောင့်ရှောက်ရေးလုပ်ငန်းများနှင့် သဘာဝဘေးအန္တရာယ်စီမံခန့်ခွဲရေးဆိုင်ရာ ကိစ္စရပ်များ တွင် နိုင်ငံတကာအဖွဲ့အစည်းများ၊ ဖွံ့ဖြိုးမှုမိတ်ဖက်အဖွဲ့အစည်းများနှင့် ပေါင်းစပ်ညှိနှိုင်းရေးကို တာဝန်ယူဆောင်ရွက်လျက် ရှိပါသည်။
လူမှုကာကွယ်စောင့်ရှောက်ရေးနှင့် သဘာဝဘေးအန္တရာယ်စီမံခန့်ခွဲမှုညှိနှိုင်းရေးအဖွဲ့ အစည်းအဝေးကို ယနေ့နံနက်ပိုင်းက လူမှုဝန်ထမ်း၊ ကယ်ဆယ်ရေးနှင့် ပြန်လည်နေရာ ချထားရေးဝန်ကြီးဌာန၊ အစည်းအဝေးခန်းမ၌ ကျင်းပပြုလုပ်ရာ ပြည်ထောင်စုဝန်ကြီး ဒေါက်တာဝင်းမြတ်အေး တက်ရောက် အမှာစကားပြောကြားပါသည်။ ပြည်ထောင်စု ဝန်ကြီးက ယနေ့အစည်းအဝေးသည် လူမှုကာကွယ်စောင့်ရှောက်ရေးနှင့် သဘာဝဘေး အန္တရာယ်စီမံခန့်ခွဲမှုကဏ္ဍအတွက် ပေါင်းစပ်ညှိနှိုင်းရေးအဖွဲ့ ဖွဲ့စည်းဆောင်ရွက် သွားနိုင်ရေး ဖြစ်ပါကြောင်း၊ အစိုးရသစ် တာဝန်ယူပြီးနောက်ပိုင်းမှာ သက်ဆိုင်ရာကဏ္ဍများအလိုက် ဖွံံဖြိုးမှုမိတ်ဖက်များနဲ့ ပေါင်းစပ်ညှိနှိုင်း နိုင်ရေး ရည်ရွယ်ပြီး ကဏ္ဍဆိုင်ရာ ပေါင်းစပ်ညှိနှိုင်း အဖွဲ့(၁၀)ဖွဲ့ ဖွဲ့စည်းဆောင်ရွက်သွားမည်ဖြစ်ပါကြောင်း၊ ထိုကဏ္ဍဆိုင်ရာ ပေါင်းစပ်ညှိနှိုင်း ရေးအဖွဲ့များအား ဖွံ့ဖြိုးမှုအထောက်အပံ့များ ပေါင်းစပ်ညှိနှိုင်းရေးဌာန Development Assistance Coordination Unit (DACU)က ဦးဆောင် ကြီးကြပ်သွားမည်ဖြစ်ပါကြောင်း၊ မိမိတို့ပေါင်းစပ်ညှိနှိုင်းရေးအဖွဲ့အနေဖြင့် ဖွံ့ဖြိုးမှုမိတ်ဖက် အထောက်အပံ့ဆိုင်ရာ ကိစ္စရပ် များနှင့်ပတ်သက်၍ ပေါင်းစပ်ညှိနှိုင်း ဆောင်ရွက်ရာတွင် နိုင်ငံတော်၏ အခန်းကဏ္ဍအား မြှင့်တင်ရေး၊ထိရောက်အကျိုးရှိသော ဖွံ့ဖြိုးမှုုအထောက်အပံ့များဖြစ်စေရေး၊ ပွင့်လင်းမြင်သာ မှုနှင့် တာဝန်ခံမှုရှိစေရေး စသည့်အချက်များအား မူဝါဒများအနေဖြင့် ချမှတ်ဆောင်ရွက်သွား မည် ဖြစ်ကြောင်း၊ မြန်မာနိုင်ငံသဘာဝဘေး လျော့ပါးရေး လုပ်ငန်းစီမံချက်(၂၀၁၇)ကိုလည်း သက်ဆိုင်ရာဝန်ကြီးဌာန၊ အဖွဲ့အစည်းများ၊ တိုင်းဒေသကြီး/ပြည်နယ်အစိုးရများ၏ ဦးစားပေး လုပ်ငန်းစဉ်များနှင့်ချိတ်ဆက်၍ ရေးဆွဲထားခြင်းဖြစ်ပြီး လက်ရှိအခြေအနေအရ မဖြစ်မနေ ဆောင်ရွက်ရန်လိုအပ်နေသည့် စီမံကိန်းများကို သက်ဆိုင်ရာဝန်ကြီးဌာန၊ အဖွဲ့အစည်း အသီးသီးမှ သတ်မှတ်ပေးရန်လိုအပ်ကြောင်း၊ ယခုကဲ့သို့ပေါင်းစပ်ညှိနှိုင်းဆောင်ရွက်ခြင်းဖြင့် ရန်ပုံငွေတိုးပွားရေးလုပ်ငန်းများအတွက် အရေးပါသကဲ့သို့ ရန်ပုံငွေလိုအပ်ချက်များကိုလည်း ထိထိရောက်ရောက် ဖြည့်ဆည်းဆောင်ရွက်နိုင်မည် ဖြစ်ပါကြောင်း၊ အချို့သောစီမံကိန်း များသည် အစိုးရဘတ်ဂျက်တွင် ထည့်သွင်းတင်ပြဆောင်ရွက်မည်ဖြစ်သော်လည်း အခြား သောနည်းပညာနှင့် လူ့စွမ်းအားအရင်းအမြစ်ဆိုင်ရာ လိုအပ်ချက်များရှိခဲ့လျှင်လည်း ပေါင်းစပ်ညှိနှိုင်းခြင်းဖြင့် ပိုမိုထိရောက်စွာ ပူးပေါင်းဆောင်ရွက်နိုင်မည်ဖြစ်ပါကြောင်း၊ မိတ်ဖက်အဖွဲ့အစည်းများ၏ နိုင်ငံဆိုင်ရာအစီအစဉ်များ၊ နှစ်အလိုက်လုပ်ငန်းစီမံချက်များ တွင်လည်း ကဏ္ဍအလိုက် စီမံကိန်းများကို ကြိုတင်ထည့်သွင်းလျာထားရန် လိုအပ်ပါကြောင်း ပြောကြားခဲ့ပါသည်။
ယင်းနောက် လူမှုဝန်ထမ်း၊ ကယ်ဆယ်ရေးနှင့် ပြန်လည်နေရာချထားရေးဝန်ကြီးဌာန အမြဲတမ်းအတွင်းဝန်က လူမှုကာကွယ်စောင့်ရှောက်ရေးနှင့် သဘာဝဘေးအန္တရာယ်စီမံ ခန့်ခွဲမှုကဏ္ဍဆိုင်ရာ ပေါင်းစပ်ညှိနှိုင်းရေးအဖွဲ့အနေဖြင့် ဆောင်ရွက်သွားမည့် လုပ်ငန်း တာဝန်များအား လည်းကောင်း၊ ကယ်ဆယ်ရေးနှင့် ပြန်လည်နေရာချထားရေးဦးစီးဌာန၊ ညွှန်ကြားရေးမှူးချုပ်ဒေါက်တာကိုကိုနိုင်နှင့်လူမှုဝန်ထမ်းဦးစီးဌာန ခေတ္တညွှန်ကြားရေးမှူးချုပ် ဒေါက်တာစန်းစန်းအေးတို့က သက်ဆိုင်ရာကဏ္ဍများအလိုက် ဦးစားပေးလုပ်ငန်းများ၊ လက်ရှိ အကောင်အထည်ဖော် ဆောင်ရွက်မှုအ‌ခြေအနေနှင့် လိုအပ်ချက်များအားလည်းကောင်း ရှင်းလင်းဆွေးနွေးခဲ့ပါသည်။
ဆက်လက်ပြီး တက်ရောက်လာသော ဆက်စပ်ဝန်ကြီးဌာနများ၊ ကုလသမဂ္ဂအဖွဲ့ အစည်းများ၊ နိုင်ငံတကာနှင့်ပြည်တွင်းအစိုးရမဟုတ်သော အဖွဲ့အစည်းများမှကိုယ်စားလှယ် များက ပေါင်းစပ်ညှိနှိုင်းရေးအဖွဲ့က ဆောင်ရွက်သွားမည်‌့ လုပ်ငန်းတာဝန်များနှင့် စပ်လျဉ်းပြီး ဝိုင်းဝန်းအကြံပြု ဆွေးနွေးခဲ့ကြကြောင်း သတင်းရရှိပါသည်။
Unicode Version

Sign Up

Upcoming Events