ချင်းတွင်းမြစ်ရေကြီးမှုကြောင့်ကလေးဝမြို့နယ်အတွင်းရွှေ့ပြောင်းပြည်သူများအား ထောက်ပံ့ပေးမှုသတင်း

လူမှုဝန်ထမ်း၊ ကယ်ဆယ်ရေးနှင့်ပြန်လည်နေရာချထားရေးဝန်ကြီးဌာန၊ ကယ်ဆယ်ရေးနှင့်ပြန်လည်နေရာချထား ရေးဦးစီးဌာန၊ ကလေးခရိုင်ဦးစီးမှူးရုံးမှတာဝန်‌ရှိသူများသည် ကလေးဝမြို့နယ်အတွင်းရပ်ကွက်(၂) ခုနှင့်ကျေးရွာ ပေါင်း(၂၀)တွင် ချင်းတွင်းမြစ်ရေကြီးမှုကြောင့်(၂၀-၈-၂၀၁၇) နေ့၌အိမ်ထောင်စု(၇၇)စုနှင့် လူဦးရေ(၂၃၄)ဦးတို့သည် ရေလွတ်ရာ သို့ရွှေ့ပြောင်းခဲ့ရသည့်အတွက် ဆန်ရိက္ခာဖိုးငွေစုစုပေါင်း (၄၉၁၄၀၀ိ/-) အား(၂၂-၈-၂၀၁၇) နေ့တွင် ကလေးဝမြို့နယ် အုပ်ချုပ်ရေးမှူးဦးဇော်လင်းထံ လွှဲပြောင်းထောက်ပံ့ပေးအပ်ခဲ့ ကြောင်း သတင်းရရှိပါသည်။Source – ကလေးခရိုင်ဦးစီးမှူးရုံး (ကဆရ)

Sign Up

Upcoming Events