Category Archives: News
-
သဘာဝဘေးလျော့ပါးရေး အသိပညာပေးဟောပြောပွဲ ကျင်းပပြုလုပ်မှုသတင်း
ကယ်ဆယ်ရေးနှင့်ပြန်လည်နေရာချထားရေးဦးဌာန၊ ခန္တီးခရိုင်ဦးစီးမှူးရုံးမှ တာဝန်ရှိသူများသည် ခန္တီးမြို့၊ အခြေခံပညာအထက်တန်းကျောင်းမှ ကျောင်းသား/ကျောင်းသူ (၃၂၀) ဦးအား သဘာဝဘေးအန္တရာယ်ဆိုင်ရာအသိ ပညာပေးဟောပြောပွဲကျင်းပပြုလုပ်ခဲ့ပြီး လက်ကမ်းစာစောင်များဝေငှပေးခဲ့ကြောင်း သတင်းရရှိပါသည်။ Source: ခန္တီးခရိုင်ဦးစီးမှူးရုံး(ကဆရ)
-
သဘာဝဘေးလျော့ပါးရေး အသိပညာပေးဟောပြောပွဲ ကျင်းပပြုလုပ်မှုသတင်း
ကယ်ဆယ်ရေးနှင့်ပြန်လည်နေရာချထားရေးဦးဌာန၊ ကျိုင်းတုံခရိုင်ဦးစီးမှူးရုံးမှ တာဝန်ရှိသူများသည် (၂၄-၈-၂၀၁၇) ရက်နေ့တွင် နောင်ဖါရပ် အထက (၃) ကျောင်း၌ ဆရာ/ဆရာများနှင့် ကျောင်းသား/ကျောင်းသူ စုစုပေါင်း (၄၁၅) ဦးအား မြန်မာနိုင်ငံတွင် ဖြစ်ပေါ်နေသည့် သဘာဝဘေးအန္တရာယ်များအကြောင်းရှင်းလင်းပြောကြားခြင်း၊ သဘာ ဝဘေးအန္တရာယ်များဖြစ်ပေါ်လာပါက ဆောင်ရန်/ရှောင်ရန်များအကြောင်း ရှင်းလင်းပြောကြားခြင်း၊ လက်တွေ့သရုပ်ပြ လေ့ကျင့်ခြင်း၊ ဦးစီးဌာနလုပ်ငန်းတာဝန်များနှင့် ရည်ရွယ်ချက်များကို ရှင်းလင်းပြောကြားခြင်း၊ အသိပညာပေးလက်ကမ်း စာစောင်များဖြန့်ဝေပေးခြင်း၊ ပိုစတာများပေးအပ်ခြင်းနှင့် ပညာပေးဗီဒိယိုပြသခြင်းများကို ဆောင်ရွက်ခဲ့ပါကြောင်း သတင်းရရှိပါသည်။ Source: ကျိုင်းတုံခရိုင်ဦးစီးမှူးရုံး(ကဆရ)
-
ကယ်ဆယ်ရေးပစ္စည်းနှင့် ထောက်ပံ့ငွေပေးအပ်မှုသတင်း
ကယ်ဆယ်ရေးနှင့်ပြန်လည်နေရာချထားရေးဦးဌာန၊ မကွေးတိုင်းဒေသကြီးဦးစီးမှူးရုံးမှ တာဝန်ရှိသူများသည် ပခုက္ကူခရိုင်၊ ရေစကြိုမြို့နယ်၊ ဆင်ခြေယာကျေးရွာအုပ်စု၊ ဇရပ်နီကျေးရွာ၌ (၁၇-၈-၂၀၁၇) ရက်နေ့တွင် ချင်းတွင်းမြစ်ရေ တိုက်စားမှုကြောင့် ကမ်းပြိုမှုဖြစ်ပွားခဲ့ရာ ကမ်းပြိုဘေးသင့်အိမ်ခြေ (၁၁) လုံး၊ အိမ်ထောင်စု (၁၁) စု၊ လူဦးရေ (၅၁) ဦး တို့အတွက် ကယ်ဆယ်ရေးပစ္စည်း (၉) မျိုး၊ ဆန်ရိက္ခာ (၇) ရက်စာ (၁၀၇,၁၀၀) ကျပ်နှင့် အိမ်ဆောက်ပစ္စည်းဖိုးငွေ (၁,၁၀၀,၀၀၀) ကျပ်၊ စုစုပေါင်း ထောက်ပံ့ငွေ (၁,၂၀၇,၁၀၀) ကျပ်တို့အား (၂၃-၈-၂၀၁၇) ရက်နေ့တွင် ရေစကြိုမြို့နယ် … Read more
-
သဘာဝဘေးလျော့ပါးရေး အသိပညာပေးဟောပြောပွဲ ကျင်းပပြုလုပ်မှုသတင်း
ကယ်ဆယ်ရေးနှင့်ပြန်လည်နေရာချထားရေးဦးဌာန၊ သထုံခရိုင်ဦးစီးမှူးရုံးမှ တာဝန်ရှိသူများသည် (၂၃-၈-၂၀၁၇) ရက်နေ့တွင် ကျိုက်ထိုမြို့နယ်၊ စစ်တောင်းကျေးရွာ ရွာလယ်ဓမ္မာရုံတွင် ပြည်သူလူထု (၂၀၀) ဦးခန့်အား လည်းကောင်း မုပ္ပလင်းကျေးရွာ ရွာလယ်ဓမ္မာရုံတွင် ပြည်သူလူထု (၁၅၀) ဦးအားလည်းကောင်း သဘာဝဘေး လျော့ပါးရေး အသိပညာပေးဟောပြောပွဲ ကျင်းပပြုလုပ်ခဲ့ပြီး အသိပညာပေးလက်ကမ်းစာစောင်များနှင့် ပိုစတာများအား ဖြန့်ဝေပေးခဲ့ကြောင်း သတင်းရရှိပါသည်။ Source: သထုံခရိုင်ဦးစီးမှူးရုံး(ကဆရ)
-
သဘာဝဘေးအသိပညာပေးဟောပြောပွဲ ကျင်းပပြုလုပ်မှုသတင်း
ကယ်ဆယ်ရေးနှင့်ပြန်လည်နေရာချထားရေးဦးဌာန၊ မွန်ပြည်နယ်ဦးစီးမှူးရုံးမှ တာဝန်ရှိသူများသည် (၂၄-၈-၂၀၁၇) ရက်နေ့တွင် မော်လမြိုင်မြို့နယ်၊ ရိုးဂိုးကျေးရွာရှိ ပြည်သူလူထု (၂၀၀) ဦးခန့်အား သဘာဝဘေးအသိပညာ ပေးဟောပြောဆွေးနွေးခြင်း၊ အသိပညာပေးလက်ကမ်းစာစောင်များဖြန့်ဝေပေးခြင်းနှင့် အသိပညာပေးဗီနိုင်းပေးအပ် ခြင်းများကို ဆောင်ရွက်ခဲ့ပါကြောင်း သတင်းရရှိပါသည်။ Source: မွန်ပြည်နယ်ဦးစီးမှူးရုံး(ကဆရ)
-
ထောက်ပံ့ငွေပေးအပ်မှုသတင်း
လူမှုဝန်ထမ်း၊ ကယ်ဆယ်ရေးနှင့်ပြန်လည်နေရာချထားရေးဝန်ကြီးဌာန၊ ကယ်ဆယ်ရေးနှင့်ပြန်လည်နေရာချထား ရေးဦးစီးဌာန၊ ကော့သောင်းခရိုင်ဦးစီးမှူးရုံးမှတာဝန်ရှိသူများသည် (၂၃-၈-၂၀၁၇) နေ့တွင်ထိုင်းနိုင်ငံမှ ပြန်လည်ရောက်ရှိလာသော အထောက်အထားမဲ့ မြန်မာအလုပ်သမား ၃၉ဦးအား ကော့သောင်းခရိုင်ဦးစီးမှူးရုံးမှ ကြိုဆိုခဲ့ အဆိုပါ ၃၉ဦးအနက်မှ ခရီးစရိတ်အခက်အခဲရှိသူ ၁၀ဦးကို တစ်ဦးလျှင် (၂၀၀၀၀)နှုန်းဖြင့် ခရီးစရိတ်စုစုပေါင်း (၂၀၀၀၀၀)ကို ထောက်ပံ့ပေးအပ်ခဲ့ပါကြောင်းတင်းရရှိပါသည်။Source: ကော့သောင်းခရိုင်ဦးစီးမှူးရုံး (ကဆရ)
-
သဘာဝဘေးအန္တရာယ်ဆိုင်ရာအသိပညာပေးဟောပြောပွဲများကျင်းပပြုလုပ်မှုသတင်း
လူမှုဝန်ထမ်း၊ ကယ်ဆယ်ရေးနှင့်ပြန်လည်နေရာချထားရေးဝန်ကြီးဌာန၊ ကယ်ဆယ်ရေးနှင့်ပြန်လည်နေရာချထား ရေးဦးစီးဌာန၊ မြောင်းမြခရိုင်မှတာဝန်ရှိသူများသည် (၂၃-၈-၂၀၁၇) နေ့တွင် အိမ်မဲမြို့ အ.ထ.က (၁)နှင့် အ.ထ.က(၂)ကျောင်း များသို့သဘာဝဘေးအသိပညာပေးဟော ပြောပွဲအားအဖွဲ့(၂)ဖွဲ့ခွဲ၍နံနက် (၁၀း၀၀) နာရီမှနေ့လည် (၁၂း၀၀)နာရီထိဟော ပြောပွဲအား ပြုလုပ်ခဲ့ရာ ကျောင်းတစ်ကျောင်းလျှင်ကျောင်းသားကျောင်းသူ (၃၅၀)ဦး တက်ရောက်ခဲ့ပြီးသဘာဝဘေးနှင့်ပတ်သက်သည့်ဆောင်ရန် ရှောင်ရန်များ ဟောပြောခြင်းပုံစံငယ်များဖြင့်ပြ သခြင်း ဦးစီးဌာနလုပ်ငန်းတာဝန်များရှင်းလင်းခြင်း လက်ကမ်းစာစောင်များဝေဌခြင်း ကျောင်းအုပ်ဆရာမကြီးထံသို့ ဘေး (၈) မျိုးပိုစတာ များပေးအပ်ခဲ့ကြောင်းသတင်းရရှိပါသည်။Source: မြောင်းမြခရိုင်ဦးစီးမှူးရုံး (ကဆရ)









