လူမှုဝန်ထမ်း၊ ကယ်ဆယ်ရေးနှင့်ပြန်လည်နေရာချထားရေးဝန်ကြီးဌာန၊ ကယ်ဆယ်ရေးနှင့်ပြန်လည်နေရာချထား ရေးဦးစီးဌာန၊ မြောင်းမြခရိုင်မှတာဝန်ရှိသူများသည် (၂၃-၈-၂၀၁၇) နေ့တွင် အိမ်မဲမြို့ အ.ထ.က (၁)နှင့် အ.ထ.က(၂)ကျောင်း များသို့သဘာဝဘေးအသိပညာပေးဟော ပြောပွဲအားအဖွဲ့(၂)ဖွဲ့ခွဲ၍နံနက် (၁၀း၀၀) နာရီမှနေ့လည် (၁၂း၀၀)နာရီထိဟော ပြောပွဲအား ပြုလုပ်ခဲ့ရာ ကျောင်းတစ်ကျောင်းလျှင်ကျောင်းသားကျောင်းသူ (၃၅၀)ဦး တက်ရောက်ခဲ့ပြီးသဘာဝဘေးနှင့်ပတ်သက်သည့်ဆောင်ရန် ရှောင်ရန်များ ဟောပြောခြင်းပုံစံငယ်များဖြင့်ပြ သခြင်း ဦးစီးဌာနလုပ်ငန်းတာဝန်များရှင်းလင်းခြင်း လက်ကမ်းစာစောင်များဝေဌခြင်း ကျောင်းအုပ်ဆရာမကြီးထံသို့ ဘေး (၈) မျိုးပိုစတာ များပေးအပ်ခဲ့ကြောင်းသတင်းရရှိပါသည်။Source: မြောင်းမြခရိုင်ဦးစီးမှူးရုံး (ကဆရ)