Category Archives: News
-
လေပြင်းဘေးထောက်ပံ့မှုသတင်း
ကယ်ဆယ်ရေးနှင့်ပြန်လည်နေရာချထားရေးဦးစီးဌာန၊ မွန်ပြည်နယ်ဦးစီးမှူးရုံးမှ တာဝန်ရှိသူ များသည် (၃၁.၈.၂၀၁၇)ရက်နေ့ သံဖြူဇရပ်မြို့နယ်၊ ကျိုက္ခမီမြို့၊ အောင်သုခရပ်ကွက်တွင်လေပြင်းတိုက်ခတ်ပီး သစ်ပင်ပြိုလဲမှုကြောင့်တစ်စိတ်တစ်ပိုင်းပျက်စီးခဲ့သည့် လူနေအိမ်(၂)လုံးအတွက် အိမ်ဆောက်ပစ္စည်းဖိုးငွေ (၁၃၀၀၀၀)၊ လူဦးရေ (၁၄)ဦးအတွက် (၇)ရက်စာဆန်ရိက္ခာ (၂၅၄၀၀)၊ ကယ်ဆယ်ရေးပစ္စည်း (၁၀)မျိုး (၂)အိမ်ထောင်စာအား ထောက်ပံ့ပေးအပ်ခဲ့ ကြောင်းသတင်းရရှိပါသည်။Source: မွန်ပြည်နယ်ဦးစီးမှူးရုံး(ကဆရ)
-
အလှူငွေလက်ခံရရှိမှုသတင်း
ကယ်ဆယ်ရေးနှင့်ပြန်လည်နေရာချထားရေးဦးဌာန၊ ရန်ကုန်တိုင်းဒေသကြီးဦးစီးမှူးရုံးသို့ ယာဉ်-ဝယ်ရောင်း/ အကျိုးဆောင် လူမှုရေးအသင်းအဖွဲ့ (ရန်ကုန်) မှ ရခိုင်ပြည်နယ်အတွင်းရှိ ဒေသခံတိုင်းရင်းသားများ၏ အရေးပေါ် လိုအပ်ချက်များအား ဖြည့်ဆည်းဆောင်ရွက်နိုင်ရန်အတွက် အလှူငွေ ကျပ်သိန်း (၃၀) အား (၃၁-၈-၂၀၁၇) ရက်နေ့တွင် လာရောက်လှူဒါန်းခဲ့ရာ ရန်ကုန်တိုင်းဒေသကြီးဦးစီးမှူးရုံးတာဝန်ရှိသူတစ်ဦးမှ လက်ခံရယူခဲ့ပြီး ဂုဏ်ပြုမှတ်တမ်းလွှာ အား ပြန်လည်ပေးအပ်ခဲ့ကြောင်း သတင်းရရှိပါသည်။ Source: ရန်ကုန်တိုင်းဒေသကြီးဦးစီးမှူးရုံး(ကဆရ)
-
သဘာဝဘေးအသိပညာပေး ဟောပြောပွဲကျင်းပပြုလုပ်မှုသတင်း
ကယ်ဆယ်ရေးနှင့်ပြန်လည်နေရာချထားရေးဦးဌာန၊ လားရှိုးခရိုင်ဦးစီးမှူးရုံးမှ တာဝန်ရှိသူများသည် (၃၀-၈-၂၀၁၇) ရက်နေ့ (၁၃:၀၀) နာရီအချိန်မှ (၁၄:၃၀) နာရီအချိန်ထိ လားရှိုးမြို့၊ ရပ်ကွက်(၉) ရပ်ကွက် အုပ်ချုပ်ရေးမှူး ရုံးတွင် ရပ်ကွက်အတွင်းရှိ ပြည်သူလူထု (၇၀) ဦးခန့်အား သဘာဝဘေးအသိပညာပေးဟောပြောပွဲ ကျင်းပပြုလုပ်ခဲ့ပြီး အသိပညာပေးလက်ကမ်းစာစောင်များဝေငှပေးခဲ့ကြောင်း သတင်းရရှိပါသည်။ Source: လားရှိုးခရိုင်ဦးစီးမှူးရုံး(ကဆရ)
-
မီးဘေးထောက်ပံ့မှုသတင်း
ကယ်ဆယ်ရေးနှင့်ပြန်လည်နေရာချထားရေးဦးဌာန၊ ဗန်းမော်ခရိုင်ဦးစီးမှူးရုံးမှ တာဝန်ရှိသူများသည် ဗန်းမော် ခရိုင်၊ မိုးမောက်မြို့၊ (၇) မိုင်အောင်မြေကျေးရွာ၌ (၁၈-၈-၂၀၁၇) ရက်နေ့တွင် ဖြစ်ပွားခဲ့သော မီးဘေးကြောင့် ဘေးသင့် ခဲ့သော အိမ်ထောင်စု (၁) စု၊ လူဦးရေ (၈) ဦးအတွက် ကယ်ဆယ်ရေးပစ္စည်း (၉) မျိုး၊ အိမ်ဆောက်ပစ္စည်းဖိုးငွေ (၁၀၀,၀၀၀) ကျပ်နှင့် ဆန်ရိက္ခာဖိုးငွေ (၇) ရက်စာ (၁၁၆,၈၀၀) ကျပ်တို့အား (၃၁-၈-၂၀၁၇) ရက်နေ့တွင် သွားရောက် ထောက်ပံ့ပေးအပ်ခဲ့ကြောင်း သတင်းရရှိပါသည်။ Source: ဗန်းမော်ခရိုင်ဦးစီးမှူးရုံး(ကဆရ)
-
သဘာဝဘေးအသိပညာပေး ဟောပြောပွဲကျင်းပပြုလုပ်မှုသတင်း
ကယ်ဆယ်ရေးနှင့်ပြန်လည်နေရာချထားရေးဦးဌာန၊ကော့သောင်းခရိုင်ဦးစီးမှူးရုံးမှ တာဝန်ရှိသူများသည် (၂၉-၈-၂၀၁၇) ရက်နေ့တွင် ကော့သောင်းမြို့၊ ရွှေဇင်ယော်ရပ်ကွက် မူလွန်ကျောင်း၌ ကျောင်းသား/ကျောင်းသူ (၂၀၀) ကျော်အား သဘာဝဘေးအသိပညာပေးဟောပြောပွဲ ကျင်းပပြုလုပ်ခဲ့ပါကြောင်း သတင်းရရှိပါသည်။ Source: ကော့သောင်းခရိုင်ဦးစီးမှူးရုံး(ကဆရ)
-
ထောက်ပံ့ငွေပေးအပ်မှုသတင်း
လူမှုဝန်ထမ်း၊ကယ်ဆယ်ရေးနှင့်ပြန်လည်နေရာချထားရေးဝန်ကြီးဌာန၊အမြဲတမ်းအတွင်းဝန် ဦးစိုးအောင်သည် (၃၁-၈ -၂၀၁၇)ရက်နေ့ ၁၁း၃၀နာရီတွင် အသေးစားစက်မှု လက်မှုလုပ်ငန်းဦ စီးဌာန၊ ရက်ကန်း ကျောင်း(စစ်တွေ)သို့သွား ရောက်ပြီး သင်တန်းသူများအား တွေ့ဆုံအားပေးစကား ပြောကြားခဲ့ ပြီး ရခိုင်ပြည်နယ်လူမှုစီးပွားဘဝ ဖွံ့ဖြိုးတိုးတက် ရေးလုပ်ငန်းများအ တွက် ရက်ကန်းစင် (၇)လုံး ပြုပြင်ရန် ထောက်ပံ့ငွေ (၇)သိန်းအား ရက်ကန်းစက်ကျောင်း (စစ်တွေ ) သို့ ပေးအပ်ထောက်ပံ့ခဲ့ပါသည်။Source: ရခိုင်ပြည်နယ်ဦးစီးမှူးရုံး(ကဆရ)
-
ကမ်းပြိုဘေးထောက်ပံ့မှုသတင်း
လူမှုဝန်ထမ်း၊ကယ်ဆယ်ရေးနှင့်ပြန်လည်နေရာချထားရေးဝန်ကြီးဌာန၊ ကယ်ဆယ်ရေးနှင့်ပြန်လည်နေရာချထားရေး ဦးစီးဌာန၊ကလေးခရိုင်ဦးစီးမှူးရုံးမှ တာဝန်ရှိသူများသည် ကလေးခရိုင်၊ကလေးဝမြို့နယ်၊ဆင်ခေါင်းကျေးရွာအုပ်စု၊ ကျွဲနံကျေးရွာတွင်(၂၇-၈-၂၀၁၇) နေ့၌ ချင်းတွင်းမြစ်ကမ်းပါးဘေးရှိ နေအိမ်(၁)လုံးသည် မြစ်ကမ်းပါးပြို ကျနိုင်သည့် အခြေအနေကြုံတွေ့ရသဖြင့် နေအိမ်(၁) လုံး၊အိမ်ထောင်စု(၁)စု၊ လူဦးရေ(၁)ဦး သည်ကြိုတင်ဖျက်သိမ်း ပြောင်းရွှေ့ခဲ့မှုကြောင့် အိမ်ဆောက်ပစ္စည်းဘိုးငွေ (၁၀၀၀၀၀ိ/-)နှင့်အတူဆန်ရိက္ခာဘိုးငွေ (၂၁၀၀ိ/-)စုစုပေါင်း (၁၀၂၁၀၀ိ/-)တိတိအား (၃၁-၈-၂၀၁၇) နေ့တွင် ကလေးဝမြို့နယ်အထွေထွေအုပ်ချုပ်ရေးဦးစီးဌာန အစည်းအဝေးခန်း မ၌ ပြောင်းရွှေ့ အိမ်ထောင်စုထံကလေးဝမြို့နယ်အုပ်ချုပ်ရေးမှူးနှင့်အတူထောက်ပံ့ပေးအပ်ခဲ့ပါ သည်။Source: ကလေးခရိုင်ဦးစီးမှူးရုံး (ကဆရ)
-
တောင်တွင်းကြီးမြို့နယ်၊ ပေပင်ယားအုပ်စု၊ ကျောင်းတော်ရာကျေးရွာနေ မိုးကြိုးပစ်သေဆုံးသူအတွက် ထောက်ပံ့ငွေပေးအပ်မှုသတင်း
မကွေးတိုင်းဒေသကြီး၊ တောင်တွင်းကြီးမြို့နယ်၊ ပေပင်ယားအုပ်စု၊ ကျောင်းတော်ရာကျေးရွာနေ ဦးနေမျိုးအောင် (၂၃) နှစ်သည် (၂၇-၈-၂၀၁၇) ရက်နေ့၊ (၁၉းဝဝ) နာရီအချိန်ခန့်တွင် ယာခင်းထဲ၌ နှမ်းထောင်စောင့်နေရာမှ မိုးကြိုးထိမှန်သေဆုံးခဲ့ရာ မကွေးတိုင်းဒေသကြီးဦးစီးမှူးရုံး (ကဆရ) မှ တာဝန်ရှိသူများသည် ထောက်ပ့ံငွေ (၃) သိန်းကျပ်တိတိကို ကျန်ရစ်သူမိခင်ထံသို့ (၃၁-၈-၂၀၁၇) ရက်နေ့တွင် ထောက်ပ့ံခဲ့ကြောင်း သိရှိရပါသည်။ Source: မကွေးတိုင်းဒေသကြီးဦးစီးမှူးရုံး (ကဆရ)
-
ကမ်းပြိုဘေးသင့် အိမ်ထောင်စုများအတွက် ထောက်ပံ့မှုသတင်း
ကယ်ဆယ်ရေးနှင့်ပြန်လည်နေရာချထားရေးဦးဌာန၊ ဟင်္သာတခရိုင်ဦးစီးမှူးရုံးမှ တာဝန်ရှိသူများသည် ဟင်္သာတမြို့နယ်၊ အင်္ဂရမ်းအုပ်စု၊ အုတ်ရှစ်ကုန်းကျေးရွာ၌ (၂၂-၈-၂၀၁၇) ရက်နေ့တွင် ဖြစ်ပွားခဲ့သော ကမ်းပြိုဘေးကြောင့် ဘေးသင့်ခဲ့သောအိမ်ထောင်စု (၈) စု၊ လူဦးရေ (၂၅) ဦးအတွက် ကယ်ဆယ်ရေးပစ္စည်း (၄) မျိုး (၈) အိမ်ထောင်စာ၊ အိမ်ဆောက်ပစ္စည်းဖိုးငွေ (၈၀၀,၀၀၀) ကျပ်နှင့် ဆန်ရိက္ခာဖိုးငွေ (၅၂,၅၀၀) ကျပ်တို့အား (၃၀-၈-၂၀၁၇) ရက်နေ့တွင် ဘေးသင့်ပြည်သူများလက်ဝယ်သို့ ကွင်းဆင်းထောက်ပံ့ပေးအပ်ခဲ့ကြောင်း သတင်းရရှိပါသည်။ Source: ဟင်္သာတခရိုင်ဦးစီးမှူးရုံး (ကဆရ)









