Category Archives: News
-
မိုင်းယောင်းမြို့နယ်၊ မုန်လိုက်ကျေးရွာအုပ်စု၌ သဘာဝဘေးအသိပညာပေးဟောပြောပွဲ ကျင်းပပြုလုပ်မှုသတင်း
ကယ်ဆယ်ရေးနှင့် ပြန်လည်နေရာချထားရေးဦးစီးဌာန၊ ကျိုင်းတုံခရိုင်ဦးစီးမှူးရုံးမှ တာဝန်ရှိသူများသည် (၂၆-၉-၂၀၁၇) ရက်နေ့၊ (၀၉းဝဝ) နာရီအချိန်တွင် မိုင်းယောင်းမြို့နယ်၊ မုန်လိုက်ကျေးရွာအုပ်စု၌ သဘာဝဘေးအသိပညာပေးဟောပြောပွဲ ကျင်းပပြုလုပ်ရာ တာဝန်ရှိသူများက မြန််မာနိုင်ငံတွင် ဖြစ်ပေါ်နေသည့် သဘာဝဘေးအန္တရာယ်များအကြောင်း၊ သဘာဝဘေးအန္တရာယ်ဖြစ်ပွားလာပါက ဆောင်ရန်၊ ရှောင်ရန်များ၊ ဦးစီးဌာန၏လုပ်ငန်းတာဝန်များနှင့် ရည်ရွယ်ချက်တို့ကို ရှင်းလင်းပြောကြားပြီး သရုပ်ပြလေ့ကျင့်ခြင်းနှင့် လက်ကမ်းစာစောင်များဖြန့်ဝေခြင်းတို့ ဆောင်ရွက်ခဲ့ပါသည်။ ဟောပြောပွဲသို့ ကျောင်းသူ/သား (၁၂၀) ဦးတက်ရောက်ခဲ့ကြောင်း သိရှိရပါသည်။ Source: ကျိုင်းတုံခရိုင်ဦးစီးမှူးရုံး (ကဆရ)
-
ကချင်ပြည်နယ်၊ မြစ်ကြီးနားမြို့၊ လယ်ကုန်းရပ်ကွက် မီးဘေးသင့်ပြည်သူများအတွက် ထောက်ပံ့မှုသတင်း
ကချင်ပြည်နယ်၊ မြစ်ကြီးနားမြို့၊ လယ်ကုန်းရပ်ကွက်၌ (၂၁-၉-၂၀၁၇) ရက်နေ့တွင် ဖြစ်ပွားခဲ့သော မီးဘေးကြောင့် ဘေးသင့်ခဲ့သည့် အိမ်ခြေ (၃) လုံး၊ အိမ်ထောင်စု (၃) စု၊ လူဦးရေ (၁၃) ဦးတို့အတွက် ကယ်ဆယ်ရေးပစ္စည်း(၁၇)မျိုး (၃) အိမ်ထောင်စုစာ၊ ဆန်ရိက္ခာ(၇)ရက်စာ (၂၇၃၀၀ိ/-)နှင့် အိမ်ဆောက်ပစ္စည်းဖိုး (၆၀၀၀၀၀ိ/-) အား (၂၆-၉-၂၀၁၇) ရက်နေ့တွင် ကချင်ပြည်နယ်ဦးစီးမှူးရုံး (ကဆရ) မှ တာဝန်ရှိသူများက ကွင်းဆင်းထောက်ပံ့ခဲ့ကြောင်း သိရှိရပါသည်။ Source: ကချင်ပြည်နယ်ဦးစီးမှူးရုံး (ကဆရ)
-
မိုးကြိုးထိမှန်သေဆုံးမှုအတွက်ထောက်ပံ့မှုသတင်း
ကယ်ဆယ်ရေးနှင့် ပြန်လည်နေရာချထားရေးဦးစီးဌာန၊ ပြည်ထောင်စုနယ်မြေ၊ နေပြည်တော်တိုင်းဦးမှူးရုံးမှတာဝန်ရှိသူများသည် (၂၂-၉-၂၀၁၇)ရက်နေ့တွင် လယ်ဝေးမြို့နယ်၊ ကျသောင်းတောင်အုပ်စု၊ ကျောက်မဆင်ချောင်းအနီးရှိ ယာကွက်အတွင်း နွားကျောင်းရန်ထွက်သွားရာမှ မိုးကြိုးထိမှန်သေဆုံးခဲ့သော ပြည်သူတစ်ဦးအတွက် ထောက်ပံ့ငွေ (၃၀၀,၀၀ဝိ/-) ကျပ်တိတိအား (၂၅-၉-၂၀၁၇)ရက်နေ့တွင် မိသားစုဝင်များထံသို့ ကွင်းဆင်းထောက်ပံ့ပေးခဲ့ကြောင်း သတင်းရရှိပါသည်။Source: ပြည်ထောင်စုနယ်မြေ၊ နေပြည်တော်တိုင်းဦးမှူးရုံး (ကဆရ)
-
မီးဘေးထောက်ပံ့မှုသတင်း
ကယ်ဆယ်ရေးနှင့် ပြန်လည်နေရာချထားရေးဦးစီးဌာန၊ ပြည်ထောင်စုနယ်မြေ၊ နေပြည်တော်တိုင်းဦးမှူးရုံးမှတာဝန်ရှိသူများသည် (၂၁-၉-၂၀၁၇)ရက်နေ့တွင် ပုဗ္ဗသီရိ မြို့နယ်၊ ဝဏ္ဏဒီပရပ်ကွက် စွယ်တော်(၁၄)လမ်းနှင့် ဧရာဝတီ(၄)လမ်းထောင့်၊ အိမ်အမှတ်(၃၄၃၄၂)တွင် ဖြစ်ပွားခဲ့သောမီးဘေးအတွက် ကယ်ဆယ်ရေးပစ္စည်း (၁၆) မျိုး (၁) အိမ်ထောင်စုစာ၊ အိမ်ဆောက် ပစ္စည်းဖိုးငွေ(၂၀၀,၀၀ဝိ/-)ကျပ်နှင့် ဆန်ရိက္ခာဖိုးငွေ (၁၀,၅၀ဝိ/-) ကျပ်၊ စုစုပေါင်း (၂၁၀,၅၀ဝိ/-)ကျပ် တို့အား (၂၅-၉-၂၀၁၇)ရက်နေ့တွင် ကွင်းဆင်းထောက်ပံ့ပေးခဲ့ကြောင်း သတင်းရရှိပါသည်။ Source: ပြည်ထောင်စုနယ်မြေ၊ နေပြည်တော်တိုင်းဦးမှူးရုံး (ကဆရ)
-
မိုင်းပေါက်ကွဲမှုကြောင့် ဒဏ်ရာရရှိသူအတွက် ထောက်ပံ့မှုသတင်း
မိုးညှင်းမြို့နယ်၊ တကွင်းကျေးရွာ၊ ရပ်ကွက် (၁၁) ၌ နေထိုင်သူမောင်စိုး(ခ)စိုးမင်းဦး (၂၀)နှစ် (ဘ)ဦးစိန်ထွန်းသည် (၂၇-၈-၂၀၁၇) ရက်နေ့၊ (၁၈း၃၀) နာရီအချိန်တွင် နန့်ပဒဲကျေးရွာအလွန် (၅) မိုင်ခန့်အကွာ လမ်းဘေး၌ အပေါ့စွန့်ရာမှ မိုင်းပေါက်ကွဲမှုကြောင့် ဒဏ်ရာရရှိသူ လူကြီး (၁) ဦးအတွက် ထောက်ပံ့ငွေ (၅၀၀၀၀ိ/-) အား (၂၅-၉-၂၀၁၇) ရက်နေ့တွင် မိုးညှင်းခရိုင်ဦးစီးမှူးမှ တာဝန်ရှိသူများ (ကဆရ) မှ တကွင်းကျေးရွာအုပ်ချုပ်ရေးမှူးရုံးမှတဆင့် ဘေးသင့်ပြည်သူထံသို့ သွားရောက်ထောက်ပံ့ခဲ့ကြောင်း သိရှိရပါသည်။ Source: မိုးညှင်းခရိုင်ဦးစီးဌာန (ကဆရ)
-
မသန်စွမ်းသူများ၏ အခွင့်အရေးများဆိုင်ရာအမျိုးသားကော်မတီကို ဖွဲ့စည်းပြီးဖြစ်သဖြင့် ပိုမိုကောင်းမွန် သော ကာကွယ်စောင့်ရှောက်မှုလုပ်ငန်းများကို ပူးပေါင်းဆောင်ရွက်ရန် ပြည်ထောင်စုဝန်ကြီး တိုက်တွန်းပြောကြား
လူမှုဝန်ထမ်း၊ ကယ်ဆယ်ရေးနှင့်ပြန်လည်နေရာချထားရေးဝန်ကြီးဌာန၊ ပြည်ထောင်စုဝန်ကြီး ဒေါက်တာဝင်းမြတ်အေးသည် နံနက်ပိုင်းတွင် ရန်ကုန်မြို့ရှိ သက်ကြီးရွယ်အိုများ နေ့ပိုင်းစောင့်ရှောက်ရေးဂေဟာ ဧည့်ခန်းမ၌ မြန်မာနိုင်ငံမသန်စွမ်းသူများ အဖွဲ့ချုပ်မှ တာဝန်ရှိသူများနှင့် တွေ့ဆုံ၍ မသန်စွမ်းသူများနှင့် စပ်လျဉ်းပြီး ရှေ့ဆက်ဆောင်ရွက်မည့် အစီအစဉ်များကို ဆွေးနွေးကြပါသည်။ ရှေ့ဦးစွာ ပြည်ထောင်စုဝန်ကြီးက မသန်စွမ်းသူများဆိုင်ရာ ဥပဒေကို ၂၀၁၅ခုနှစ်တွင် အတည်ပြု ပြဌာန်းခဲ့ပြီး နည်းဥပဒေနှင့်မသန်စွမ်းသူများ၏ အခွင့်အရေးများဆိုင်ရာ အမျိုးသားကော်မတီတို့ကို ထုတ်ပြန်ရန်အတွက် အဆင်သင့်ဖြစ်နေပြီဖြစ်ပါကြောင်း၊ လူမှုကာကွယ်စောင့်ရှောင့်ရေးနည်းလမ်းများကို အသုံးပြုပြီး ဆောင်ရွက်ရာတွင် မသန်စွမ်းသူများနှင့်ပတ်သက်၍လည်း ဦးစားပေးထည့်သွင်းအလေးပေး ဆောင်ရွက်ပေးနေပါကြောင်း၊ နည်းဥပဒေပေါ်ပေါက်လာပြီဖြစ်၍ အမျိုးသားကော်မတီ၏ ဦးဆောင်ညှိနှိုင်းဆောင်ရွက်မှုဖြင့် မသန်စွမ်းသူများ၏ … Read more
-
သဘာဝဘေးအသိပညာပေးဟောပြောပွဲ ကျင်းပပြုလုပ်မှုသတင်း
ကယ်ဆယ်ရေးနှင့် ပြန်လည်နေရာချထားရေးဦးစီးဌာန၊ ရှမ်းပြည်နယ်ဦးစီးမှူးရုံးမှ တာဝန်ရှိသူများသည် (၂၅-၉-၂၀၁၇) ရက်နေ့တွင် ဟိုပုံးမြို့နယ်၊ ပုန်းအယ်ကျေးရွာမှ ပြည်သူလူထု (၁၀၀) ဦးအား သဘာဝဘေး အသိပညာ ပေးဟောပြောပွဲ ကျင်းပပြုလုပ်ခဲ့ပြီး အသိပညာပေးလက်ကမ်းစာစောင်များ ဖြန့်ဝေပေးခဲ့ကြောင်း သတင်းရရှိပါ သည်။ Source: ရှမ်းပြည်နယ်ဦးစီးမှူးရုံး(ကဆရ)
-
ဘေးအန္တရာယ်စီမံခန့်ခွဲမှုစွမ်းဆောင်ရည်မြှင့်တင်ခြင်းအလုပ်ရုံဆွေးနွေးပွဲကျင်းပပြုလုပ်မှုသတင်း
ကယ်ဆယ်ရေးနှင့် ပြန်လည်နေရာချထားရေးဦးစီးဌာန၊ ကရင်ပြည်နယ်ဦးစီးမှူးရုံးမှ တာဝန်ရှိသူများ သည် (၂၅-၉-၂၀၁၇) ရက်နေ့တွင် UN_Habitat အဖွဲ့တို့နှင့် ပူးပေါင်း၍ ဘားအံမြို့၊ သီရိဘားအံ ဟိုတယ်၌ ဘေးအန္တရာယ ်စီမံခန့်ခွဲမှုစွမ်းဆောင်ရည် မြှင့်တင်ခြင်း အလုပ်ရုံဆွေးနွေးပွဲအား ကျင်းပပြုလုပ်ခဲ့ရာ ကရင်ပြည်နယ်၊ ဗမာ တိုင်းရင်းသားလူမျိုးရေးရာဝန်ကြီး ဦးတေဇထွဋ်လှိုင်ထွေးမှ အဖွင့်အမှာစကားပြောကြားခဲ့ပြီး ကရင်ပြည်နယ် ဦးစီးမှူးမှ သဘာဝဘေးစီမံခန့်ခွဲမှုကော်မတီဖွဲ့စည်းပုံ အခန်းကဏ္ဍနှင့် တာဝန်ဝတ္တရားများအား ရှင်းလင်း ဆွေးနွေးခဲ့ပါသည်။ အဆိုပါ အလုပ်ရုံဆွေးနွေးပွဲသို့ ပြည်နယ် သဘာဝဘေးစီမံခန့်ခွဲမှုကော်မတီအဖွဲ့ဝင် (၃၉) ဦး၊ ဘားအံ မြဝတီ ကော့ကရိတ်နှင့် ဖာပွန် … Read more









