Category Archives: News
-
Union Enterprise for Humanitarian Assistance Resettlement and Development in Rakhine (UEHRD) စီမံကိန်းနှင့်ပတ်သက်၍ လူသားချင်းစာနာမှု အကူအညီအထောက်အပံ့ပေးရေးကိစ္စရပ်များ စနစ်တကျအကောင်အထည်ဖော် ဆောင်ရွက်နိုင်ရေး ညှိနှိုင်းဆွေးနွေး
ရန်ကုန်၊ ၂၁-၁၀-၂၀၁၇ ရက်နေ့ ရခိုင်ပြည်နယ်အတွင်း လူသားချင်းစာနာမှု အကူအညီအထောက်အပံ့ပေးရေး၊ ပြန်လည်နေရာချထားရေးဖွံ့ဖြိုးရေးစီမံကိန်း(UEHRD)နှင့်ပတ်သက်၍ လူသားချင်းစာနာမှု အကူအညီအထောက်အပံ့ေပးရေးကိစ္စရပ်များကို စနစ်တကျအကောင်အထည်ဖော် ဆောင် ရွက်နိုင်ရေး ညှိနှိုင်းဆွေးနွေးပွဲကို ယနေ့နံနက်ပိုင်းက ရန်ကုန်တိုင်းဒေသကြီး၊ ကယ်ဆယ် ရေးနှင့် ပြန်လည်နေရာချထားရေး ဦးစီးမှူးရုံး အစည်းအဝေးခန်းမ၌ ကျင်းပပြုလုပ်ရာ လူမှုဝန်ထမ်း၊ ကယ်ဆယ်ရေးနှင့်ပြန်လည်နေရာချထားရေးဝန်ကြီးဌာန၊ ပြည်ထောင်စု ဝန်ကြီး ဒေါက်တာဝင်းမြတ်အေး တက်ရောက်အမှာစကားပြောကြားပါသည်။ ပြည်ထောင်စုဝန်ကြီးက ရခိုင်ပြည်နယ် ဖွံ့ဖြိုးရေးအတွက် ဆောင်ရွက်မည့် ကဏ္ဍစုံ လုပ်ငန်းစဉ်များတွင် ပူးပေါင်းပါဝင်ဆောင်ရွက်နိုင်ရေးအတွက် နိုင်ငံတော်၏ အတိုင်ပင်ခံ ပုဂ္ဂိုလ် ဥက္ကဌအဖြစ်ဆောင်ရွက်သော UEHRD ကော်မတီကို … Read more
-
ဖျာပုံမြို့နယ်၊ အမာမြို့၊ ဘဝသစ်ကျေးရွာအုပ်စု၊ ဘဝသစ်ကျေးရွာ၌ သဘာဝဘေးအန္တရာယ်စီမံခန့်ခွဲမှုဆိုင်ရာသင်တန်းဖွင့်လှစ်မှုသတင်း
ဖျာပုံခရိုင်ဦးစီးမှူးရုံး (ကဆရ) မှ တာဝန်ရှိသူများသည် (၂၁-၁၀-၂၀၁၇) ရက်နေ့တွင် Freda အဖွဲ့နှင့်ပူးပေါင်း၍ ဖျာပုံမြို့နယ်၊ အမာမြို့၊ ဘဝသစ်ကျေးရွာအုပ်စု၊ ဘဝသစ်ကျေးရွာရှိ School Cum Shelter ၌ ကျေးရွာ (၃) ရွာမှ လူငယ် (၂၄) ဦးအား သဘာဝဘေးအန္တရာယ်စီမံခန့်ခွဲမှုဘာသာရပ်အား သင်ကြားပို့ချပေးလျက်ရှိပြီး အဆိုပါသင်တန်းမှာ (၂၁-၁၀-၂၀၁၇) မှ (၂၃-၁၀-၂၀၁၇) ထိ (၃) ရက်ကြာဖွင့်လှစ်မည်ဖြစ်ကြောင်း သိရှိရပါသည်။ Source: ဖျာပုံခရိုင်ဦးစီးမှူးရုံး (ကဆရ)
-
မကွေးမြို့နယ်၊ ကျစ်စုံပွေးကျေးရွာ၌ သဘာဝဘေးလျော့ပါးရေးအသိပညာပေးဟောပြောပွဲကျင်းပမှုသတင်း
ကယ်ဆယ်ရေးနှင့် ပြန်လည်နေရာချထားရေးဦးစီးဌာန၊ မကွေးတိုင်းဒေသကြီးဦးစီးမှူးရုံးမှ တာဝန်ရှိသူများသည် မကွေးမြို့နယ်၊ ကျစ်စုံပွေးကျေးရွာ၌ သဘာဝဘေးလျော့ပါးရေးအသိပညာပေးဟောပြောပွဲအား (၂၀-၁၀-၂၀၁၇) ရက်နေ့တွင် ကျင်းပပြုလုပ်ခဲ့ရာ ကျေးရွာသူ၊ ကျေးရွာသား စုစုပေါင်း (၈၀) ဦး တက်ရောက်ခဲ့ပြီး တက်ရောက်လာသူများအား သဘာဝဘေးမကျရောက်မီ၊ ကျရောက်နေစဉ်၊ ကျရောက်ပြီး နောက်ဆောင်ရွက်ရမည့် ဆောင်ရန်၊ ရှောင်ရန််များ ရှင်းလင်းပေးခြင်းနှင့် လက်ကမ်းစာစောင်များ ဖြန့်ဝေပေးခြင်းတို့ကို ဆောင်ရွက်ခဲ့ကြောင်း သိရှိရပါသည်။ Source: မကွေးတိုင်းဒေသကြီးဦးစီးမှူးရုုံး(ကဆရ)
-
ရခိုင်ပြည်နယ်အတွင်း လူသားချင်းစာနာမှုအကူအညီ အထောက်အပံ့ပေးရေး၊ ပြန်လည်နေရာချထားရေးဖွံ့ဖြိုးရေးစီမံကိန်း(UEHRD)လုပ်ငန်းများကို တိုင်းဒေသကြီး/ ပြည်နယ်အစိုးရအဖွဲ့များနှင့်အတူ ပူးပေါင်းအကောင်အထည်ဖော် ဆောင်ရွက်
အောက်တိုဘာလ (၂၀)ရက် ရခိုင်ပြည်နယ်ဆိုင်ရာ အကြံပြုချက်များအပေါ် အကောင်အထည်ဖော်ရေးကော်မတီ ပူးတွဲ ဥက္ကဌ ရခိုင်ပြည်နယ်ဝန်ကြီးချုပ် ဦးညီပုသည် ကော်မတီတွဲဖက်အတွင်းရေးမှူး၊ လူမှှှုဝန်ထမ်း၊ ကယ်ဆယ်ရေးနှင့်ပြန်လည်နေရာချထားရေးဝန်ကြီးဌာန၊ ဒုတိယဝန်ကြီး ဦးစိုးအောင်၊ ရန်ကုန်တိုင်း ဒေသကြီးအစိုးရအဖွဲ့၊ လျှပ်စစ်၊ စက်မှုလက်မှုလမ်းပန်းဆက်သွယ်ရေးဝန်ကြီး ဒေါ်နီလာကျော်၊ ကော်မတီဝင် ဝန်ကြီးဌာနများမှ ဌာနအကြီးအကဲများ၊ ပြည်နယ်အဆင့်ဌာနဆိုင်ရာများနှင့်အတူ ရခိုင်ပြည်နယ် အစိုးရအဖွဲ့အတွင်းရှိ ပြည်သူများအလုပ်အကိုင်အခွင့်အလမ်းအသစ်များ ဖော်ထုတ် နိုင်ရေးအတွက် စစ်တွေမြို့ ဆတ်ရိုးကျရပ်ကွက်ရှိ (ခိုင်ပြည်စိုး) အထည်ချုပ်စက်ရုံ စတင် ဖွင့်လှစ်သည့်အခမ်းအနားသို့ (၂၀-၁၀-၂၀၁၇) ရက်နေ့၊ နံနက်ပိုင်းတွင် တက်ရောက်ခဲ့ပါသည်။ အခမ်းအနားတွင် ပြည်နယ်ဝန်ကြီးချုပ်က … Read more
-
မိုးညှင်းမြို့၊ အရှေ့စုရပ်ကွက် ၄ လမ်း၌ ဖြစ်ပွားခဲ့သော မီးလောင်ကျွမ်းမှုကြောင့် ဘေးသင့်ခဲ့သော အိမ်ထောင်စုအတွက် ထောက်ပံ့မှုသတင်း
(၂၈-၉-၂၀၁၇) ရက်နေ့တွင် မိုးညှင်းမြို့၊ အရှေ့စုရပ်ကွက် ၄ လမ်း၌ ဖြစ်ပွားခဲ့သော မီးလောင်ကျွမ်းမှုကြောင့် ဘေးသင့်ခဲ့သော အိမ်ထောင်စု (၁) စုအတွက် (၂၀-၁၀-၂၀၁၇) ရက်နေ့တွင် မိုးညှင်းခရိုင်ဦးစီးမှူးရုံး (ကဆရ) မှ တာဝန်ရှိသူများသည် မြို့နယ်အထွေထွေအုပ်ချုပ်ရေးဦးစီးဌာနမှ တာဝန်ရှိသူများသည် ကယ်ဆယ်ရေးပစ္စည်း (၉) မျိူး၊ အိမ်ဆောက်ပစ္စည်းဖိုးငွေ (၂၀၀၀၀၀) ကျပ်နှင့် ဆန်ရိက္ခာဖိုးငွေ (၂၁၀၀၀) ကျပ်တိတိကို သွားရောက်ထောက်ပံ့ပေးအပ်ခဲ့ကြောင်း သိရှိရပါသည်။ Source: မိုးညှင်းခရိုင်ဦးစီးမှူးရုံး (ကဆရ)
-
မြောင်းမြခရိုင်၊ ဝါးခယ်မမြို့နယ်၊ ရေကျော်ကျေးရွာ၌ ကမ်းပြိုဘေးကြောင့် ဘေးသင့်ခဲ့သည့် အိမ်ထောင်စုများအတွက် ထောက်ပံ့မှုသတင်း
မြောင်းမြခရိုင်၊ ဝါးခယ်မမြို့နယ်၊ ရေကျော်ကျေးရွာ၌ ကမ်းပြိုဘေးကြောင့် ပြိုကျပျက်စီးခဲ့သည့် အိမ်ခြေ (၂) လုံးနှင့်၊ ရွှေ့ပြောင်းခဲ့သည့် အိမ်ခြေ (၂) လုံး၊ လူဦးရေစုစုပေါင်း (၁၉) ဦးတို့အတွက် အိမ်ဆောက်ပစ္စည်းဖိုးငွေ (၄၀၀၀၀၀) ကျပ်နှင့် ဆန်ရိက္ခာဖိုးငွေ (၃၉၉၀၀) ကျပ်၊ စုစုပေါင်းငွေ (၄၃၉၉၀၀) ကျပ်အား ကယ်ဆယ်ရေးနှင့် ပြန်လည်နေရာချထားရေးဦးစီးဌာန၊ မြောင်းမြခရိုင်ဦးစီးမှူးရုံးမှ (၁၈-၁၀-၂၀၁၇) ရက်နေ့တွင် သွားရောက်ထောက်ပံ့ခဲ့ကြောင်း သိရှိရပါသည်။ Source: မြောင်းမြခရိုင်ဦးစီးမှူးရုံး (ကဆရ)
-
သဘာဝဘေးအန္တရာယ်ဆိုင်ရာအသိပညာပေးဟောပြောပွဲများကျင်းပပြုလုပ်မှုသတင်း
လူမှုဝန်ထမ်း၊ကယ်ဆယ်ရေးနှင့်ပြန်လည်နေရာချထားရေးဝန်ကြီးဌာန၊ ကယ်ဆယ်ရေးနှင့်ပြန်လည်နေရာချထား ရေးဦးစီးဌာန ရှမ်းပြည်နယ်ဦးစီးမှူးရုံးမှ တာဝန်ရှိသူများသည် (၂၀.၁၀.၂၀၁၇) ရက်နေ့ နေ့လည်ပိုင်းတွင် အထက (၆) တောင်ကြီးမြို့၌ သဘာဝဘေးအသိပညာပေးဟောပြောပွဲ ကျင်းပပြုလုပ်ခဲ့ရာအင်အား(၅၀၀)ခန့်တက်ရောက်ခဲ့ပြီး လက်ကမ်းစာစောင်များ ဖြန့်ဝေခြင်း နှင့် ဗွီနိုင်းပိုစတာ ပေးအပ်ခြင်းများ ဆောင်ရွက်ခဲ့ကြောင်းသတင်းရရှိပါသည်။Source: ရှမ်းပြည်နယ်ဦးစီးမှူးရုံး (ကဆရ) Unicode Version
-
ကမ်းပြိုဘေးထောက်ပံ့မှုသတင်း
လူမှုဝန်ထမ်း၊ကယ်ဆယ်ရေးနှင့်ပြန်လည်နေရာချထားရေးဝန်ကြီးဌာန၊ ကယ်ဆယ်ရေးနှင့်ပြန်လည်နေရာချထားရေး ဦးစီးဌာန၊ဟင်္သာတခရိုုင်ဦးစီးမှူးရုံး မှတာဝန်ရှိသူများသည် (၂၀-၁၀-၂၀၁၇)ရက်နေ့တွင်ဟင်္သာတမြို့နယ်၊ မြို့ကွင်းကျေးရွာအုပ်စု၊ အလယ်စုကျေးရွာတွင် ၁၂.၁၀.၂၀၁၇ ရက်နေ့တွင် ဖြစ်ပွားသော ကမ်းပြိုဘေးသင့်အိမ်ထောင်စု ၁ စု၊ လူဦးရေ ၁၂ ဦးအတွက် ကယ်ဆယ်ရေးပစ္စည်း (၄) မျိုး (၁) အိမ်ထောင်စာကို၎င်း အိမ်ဆောက်ပစ္စည်းဖိုး (၁၀၀၀၀၀) ကျပ် ၊ ဆန်ရိက္ခာဖိုး (၂၅၂၀၀) ကျပ် စုစုပေါင်းကယ်ဆယ်ရေးရန်ပုံငွေ (၁၂၅၂၀၀) ကျပ်ကိုဘေးသင့်ပြည်သူများလက်ဝယ်သို့ ကွင်းဆင်းထောက်ပံ့ခဲ့ဲကြောင်းသတင်းရရှိပါသည်။Source: ဟင်္သာတခရိုင်ဦးစီးမှူးရုံး(ကဆရ)
-
ဖျာပုံမြို့နယ်၊ အုတ်တွင်းကျေးရွာနှင့် ၀ါးချောင်းကျေးရွာတို့၌ သဘာဝဘေးအသိပညာပေးဟောပြောမှုသတင်း
(၂၀-၁၀-၂၀၁၇) ရက်နေ့တွင် ဖျာပုံခရိုင်ဦးစီးမှူးရုံး (ကဆရ) မှတာဝန်ရှိသူများသည် ဖျာပုံမြို့နယ်၊ အုတ်တွင်းကျေးရွာနှင့် ၀ါးချောင်းကျေးရွာတို့၌ SDC မှလှူဒါန်းထားသော School Cum Shelter များသို့ အဆိုပါအဖွဲ့အစည်းမှ တာဝန်ရှိသူများနှင့်အတူ လိုက်ပါ၍ ကျောင်းသား၊ ကျောင်းသူလေးမျာအား သဘာဝဘေးအသိပညာပေးဟောပြောခြင်းနှင့် ကျန်းမာရေးအသိပညာပေးဟောပြောခြင်းများပြုလုပ်ခဲ့ကြကြောင်း သိရှိရပါသည်။ Source: ဖျာပုံခရိုင်ဦးစီးမှူးရုံး (ကဆရ)
-
ဖျာပုံမြို့နယ်၊ ဆိပ်မကျေးရွာရှိ School Cum Shelter ၌ သဘာဝဘေးအန္တရာယ်ဆိုင်ရာအသိပညာပေးဟောပြောပွဲ ပြုလုပ်မှုသတင်း
(၁၉-၁၀-၂၀၁၇) ရက်နေ့တွင် ဖျာပုံခရိုင််ဦးစီးမှူးရုံး (ကဆရ) မှတာဝန်ရှိသူများနှင့် SDC၊ လူမှုဖွံ့ဖြိုးတိုးတက်ရေးအဖွဲ့မှ တာဝန်ရှိသူများသည် ဖျာပုံမြို့နယ်၊ ဆိပ်မကျေးရွာရှိ SDC မှ လှူဒါန်းထားသော School Cum Shelter ၌ ကျောင်းသူ၊ ကျောင်းသားများအား သဘာဝဘေးအန္တရာယ်ဆိုင်ရာ ဆောင်ရန်၊ ရှောင်ရန်များကို ဟောပြောခဲ့ပြီး ဗီနိုင်းပိုစတာများ ဖြန့်ဝေအသိပညာပေးခဲ့ပြီး SDC မှတာဝန်ရှိသူများက ကျောင်းတွင်းလှည့်လည်ကြည့်ရှုခဲ့ကြသည်။ ထို့နောက် တာဝန်ရှိသူများသည် ဖျာပုံမြို့နယ်၊ ညောင်လန်းကူကျေးရွာရှိ School Cum Shelter သို့ သွားရောက်ကြည့်ရှုခဲ့ကြောင်း သိရှိရပါသည်။ Source: ဖျာပုံခရိုင်ဦးစီးမှူးရုံး … Read more









