လူမှုဝန်ထမ်း၊ကယ်ဆယ်ရေးနှင့်ပြန်လည်နေရာချထားရေးဝန်ကြီးဌာန၊ ကယ်ဆယ်ရေးနှင့်ပြန်လည်နေရာချထားရေး ဦးစီးဌာန၊ဟင်္သာတခရိုုင်ဦးစီးမှူးရုံး မှတာဝန်ရှိသူများသည် (၂၀-၁၀-၂၀၁၇)ရက်နေ့တွင်ဟင်္သာတမြို့နယ်၊ မြို့ကွင်းကျေးရွာအုပ်စု၊ အလယ်စုကျေးရွာတွင် ၁၂.၁၀.၂၀၁၇ ရက်နေ့တွင် ဖြစ်ပွားသော ကမ်းပြိုဘေးသင့်အိမ်ထောင်စု ၁ စု၊ လူဦးရေ ၁၂ ဦးအတွက် ကယ်ဆယ်ရေးပစ္စည်း (၄) မျိုး (၁) အိမ်ထောင်စာကို၎င်း အိမ်ဆောက်ပစ္စည်းဖိုး (၁၀၀၀၀၀) ကျပ် ၊ ဆန်ရိက္ခာဖိုး (၂၅၂၀၀) ကျပ် စုစုပေါင်းကယ်ဆယ်ရေးရန်ပုံငွေ (၁၂၅၂၀၀) ကျပ်ကိုဘေးသင့်ပြည်သူများလက်ဝယ်သို့ ကွင်းဆင်းထောက်ပံ့ခဲ့ဲကြောင်းသတင်းရရှိပါသည်။Source: ဟင်္သာတခရိုင်ဦးစီးမှူးရုံး(ကဆရ)