(၁၉-၁၀-၂၀၁၇) ရက်နေ့တွင် ဖျာပုံခရိုင််ဦးစီးမှူးရုံး (ကဆရ) မှတာဝန်ရှိသူများနှင့် SDC၊ လူမှုဖွံ့ဖြိုးတိုးတက်ရေးအဖွဲ့မှ တာဝန်ရှိသူများသည် ဖျာပုံမြို့နယ်၊ ဆိပ်မကျေးရွာရှိ SDC မှ လှူဒါန်းထားသော School Cum Shelter ၌ ကျောင်းသူ၊ ကျောင်းသားများအား သဘာဝဘေးအန္တရာယ်ဆိုင်ရာ ဆောင်ရန်၊ ရှောင်ရန်များကို ဟောပြောခဲ့ပြီး ဗီနိုင်းပိုစတာများ ဖြန့်ဝေအသိပညာပေးခဲ့ပြီး SDC မှတာဝန်ရှိသူများက ကျောင်းတွင်းလှည့်လည်ကြည့်ရှုခဲ့ကြသည်။ ထို့နောက် တာဝန်ရှိသူများသည် ဖျာပုံမြို့နယ်၊ ညောင်လန်းကူကျေးရွာရှိ School Cum Shelter သို့ သွားရောက်ကြည့်ရှုခဲ့ကြောင်း သိရှိရပါသည်။
Source: ဖျာပုံခရိုင်ဦးစီးမှူးရုံး (ကဆရ)