Category Archives: News
-
ဘုတ်ပြင်းမြို့၌ သဘာဝဘေးအသိပညာပေးဟောပြောပွဲ ကျင်းပပြုလုပ်မှုသတင်း
================================================= Source: ကော့သောင်းခရိုင်ဦးစီးမှူးရုံး (ကဆရ) =================================================== ကော့သောင်းခရိုင်ဦးစီးမှူးရုံး (ကဆရ) မှ တာဝန်ရှိသူများသည် (၁၅-၁၁-၂၀၁၇) ရက်နေ့တွင် ဘုတ်ပြင်းမြို့၌ သဘာဝဘေးအသိပညာပေးဟောပြောပွဲကျင်းပပြုလုပ်ရာ ဌာနဆိုင်ရာများ၊ CSO များ တက်ရောက်ခဲ့ကြပါသည်။ အဆိုပါဟောပြောပွဲသို့ တက်ရောက်သူ (၁၁၀) ဦးခန့်ရှိကြောင်း သိရှိရပါသည်။
-
မအူပင်ခရိုင် ပန်းတနော်မြို့နယ်၊ ကဿဝင်ကျေးရွာအုပ်စု၊ မြစိမ်းကျွန်းကျေးရွာ ကမ်းပြိုဘေးထောက်ပံ့မှု သတင်း
ကယ်ဆယ်ရေးနှင့်ပြန်လည်နေရာချထားရေးဦးစီးဌာန၊ မအူပင်ခရိုင်ဦးစီးမှူးရုံးမှ တာဝန်ရှိသူများသည် မအူပင် ခရိုင်၊ မအူပင်ခရိုင် ပန်းတနော်မြို့နယ်၊ကဿဝင်ကျေးရွာအုပ်စု၊ မြစိမ်းကျွန်းကျေးရွာ၌ (၃၁-၁၀-၂၀၁၇) ရက် နေ့၌ဖြစ်ပွားခဲ့သော ကမ်းပြိုဘေးကြောင့် ဘေးသင့်နေအိမ် (၄) လုံး၊ အိမ်ထောင်စု (၄) စုအတွက် ကယ်ဆယ်ရေး ပစ္စည်း (၁၀)မျိုး၊ အိမ်ဆောက်ပစ္စည်းဖိုးငွေ (၄၀၀,၀၀၀) ကျပ်နှင့် ဆန်ရိက္ခာဖိုးငွေ (၇) ရက်စာ (၄၂,၀၀၀) ကျပ်တို့အား (၁၅-၁၁-၂၀၁၇) ရက်နေ့တွင် သွားရောက်ထောက်ပံ့ပေးအပ်ခဲ့ကြောင်း သတင်းရရှိပါသည်။ Source: မအူပင်ခရိုင်ဦးစီးမှူးရုံး(ကဆရ)
-
သဘာဝဘေးလျော့ပါးရေးအသိပညာပေးဟောပြောပွဲကျင်းပပြုလုပ်မှုသတင်း
ကယ်ဆယ်ရေးနှင့်ပြန်လည်နေရာချထားရေးဦးစီးဌာန ဧရာဝတီတိုင်းဒေသကြီးဦးစီးမှူးရုံးမှ တာဝန်ရှိသူများ သည် (၁၆-၁၁-၂၀၁၇) ရက်နေ့တွင် ကန်ကြီးထောင့်မြို့နယ်၊ သဘော့ငူကျေးရွာအုပ်စု၊ ဖားစည်ကွင်း ကျေးရွာမှ ကျေးရွာအုပ်ချုပ်ရေးမှူး ရပ်မိရပ်ဖအပါအဝင် ကျေးရွာပြည်သူလူထုလူထု (၁၅၀) ခန့်အား သဘာဝဘေး လျော့ပါးရေးအသိပညာပေးဟောပြောပွဲပြုလုပ်ခဲ့ပြီး အသိပညာပေးလက်ကမ်းစာစောင်ဝေငှပေးခြင်းနှင့် ပိုစတာ ပေးအပ်ခြင်းများကို ဆောင်ရွက်ခဲ့ပါကြောင်း သတင်းရရှိပါသည်။ Source: ဧရာဝတီတိုင်းဒေသကြီးဦးစီးမှူးရုံး(ကဆရ)
-
ကျောက်တံခါးမြို့နယ်၊ ခင်ကြီးစုကျေးရွာအုပ်စု၊ ကြီးခင်စုကျေးရွာ လေဘေးသင့်ပြည်သူများအတွက် ထောက်ပံ့မှုသတင်း
================================================= Source: ပဲခူးတိုင်းဒေသကြီးဦးစီးမှူးရုံး (ကဆရ) ================================================= ပဲခူးခရိုင်၊ ကျောက်တံခါးမြို့နယ်၊ ခင်ကြီးစုကျေးရွာအုပ်စု၊ ကြီးခင်စုကျေးရွာ၌ (၁၂-၁၁-၂၀၁၇) ရက်နေ့တွင် လေဘေးဖြစ်ပွားမှုကြောင့် ဘေးသင့်ခဲ့သည့် အိမ် ၂ အိမ်အတွက် အိမ်ဆောက်ပစ္စည်းဖိုး (၁) သိန်း၊ လူဦးရေ (၁၂) ဦးစာအတွက် ဆန်ရရက်စာဖိုး (၂၅၂၀၀) ကျပ်၊ စုစုပေါင်း (၁၂၅၂၀၀) ကျပ်အား (၁၆-၁၁-၂၀၁၇) ရက်နေ့တွင် ပဲခူးတိုင်းဒေသကြီးဦးစီးမှူးရုံး (ကဆရ) မှ တာဝန်ရှိသူများသည် ဘေးသင့်သူများထံ သွားရောက်ထောက်ပံ့ခဲ့ကြောင်း သိရှိရပါသည်။
-
ထောက်ပံ့ငွေပေးအပ်မှုသတင်း
ကယ်ဆယ်ရေးနှင့် ပြန်လည်နေရာချထားရေးဦးစီးဌာန၊ ဗန်းမော်ခရိုင်ဦးစီးမှူးရုံးမှ တာဝန်ရှိသူများသည် မန်စီမြို့နယ်၊ စီခန်းကြီးကျေးရွာမှ မိုင်းထိဒဏ်ရာရှိသူ (၂) ဦးအတွက် တစ်ဦးလျှင် (၅၀,၀၀၀) ကျပ်နှုန်းဖြင့် (၁၀၀,၀၀၀) ကျပ်အား (၁၆-၁၁-၂၀၁၇) ရက်နေ့တွင် သွားရောက်ထောက်ပံ့ပေးအပ်ခဲ့ကြောင်း သတင်းရရှိပါ သည်။ Source: ဗန်းမော်ခရိုင်ဦးစီးမှူးရုံး(ကဆရ)
-
သဘာဝဘေးအန္တရာယ်ဆိုင်ရာ အသိပညာပေးဟောပြောပွဲ ကျင်းပပြုလုပ်မှုသတင်း
ကယ်ဆယ်ရေးနှင့် ပြန်လည်နေရာချထားရေးဦးစီးဌာန၊ ဗန်းမော်ခရိုင်ဦးစီးမှူးရုံးမှ တာဝန်ရှိသူများသည် (၁၆-၁၁-၂၀၁၇) ရက်နေ့တွင် ဗန်းမော်မြို့ ရောဘတ်စခန်းမှ လူဦးရေ (၁၂၅) ဦးအား သဘာဝဘေးအန္တရာယ်နှင့် ပတ်သက်သည့် ဆောင်ရန်/ရှောင်ရန်များကို ဆွေးနွေးဟောပြောခဲ့ပြီး အသိပညာပေးလက်ကမ်းစာစောင်များ ဖြန့်ဝေပေးခဲ့ကြောင်း သတင်းရရှိပါသည်။ Source: ဗန်းမော်ခရိုင်ဦးစီးမှူးရုံး(ကဆရ)
-
မအူပင်ခရိုင် ပန်းတနော်မြို့နယ်၊ မြစ်ဝကျေးရွာအုပ်စု၊ သံပုရာချောင်းကျေးရွာ ကမ်းပြိုဘေးထောက်ပံ့မှုသတင်း
ကယ်ဆယ်ရေးနှင့်ပြန်လည်နေရာချထားရေးဦးစီးဌာန၊ မအူပင်ခရိုင်ဦးစီးမှူးရုံးမှ တာဝန်ရှိသူများသည် မအူပင် ခရိုင်၊ မအူပင်ခရိုင် ပန်းတနော်မြို့နယ်၊ မြစ်ဝကျေးရွာအုပ်စု၊ သံပုရာချောင်းကျေးရွာ၌ (၁၃-၁၁-၂၀၁၇) ရက် နေ့တွင် ဖြစ်ပွားခဲ့သော ကမ်းပြိုဘေးကြောင့် ကြိုတင်ရွှေ့ပြောင်းနေအိမ် (၁၇) လုံး၊ အိမ်ထောင်စု (၁၇) စု အတွက် ကယ်ဆယ်ရေးပစ္စည်း (၁၀) မျိုး၊ အိမ်ဆောက်ပစ္စည်းဖိုးငွေ (၁,၇၀၀,၀၀၀) ကျပ်နှင့် ဆန်ရိက္ခာဖိုးငွေ (၇) ရက်စာ (၁၇၀,၁၀၀) ကျပ်တို့အား (၁၆-၁၁-၂၀၁၇) ရက်နေ့တွင် ဘေးသင့်ပြည်သူများထံသို့ ထောက်ပံ့ ပေးအပ်ခဲ့ကြောင်း သတင်းရရှိပါသည်။ Source: မအူပင်ခရိုင်ဦးစီးမှူးရုံး(ကဆရ)
-
မအူပင်ခရိုင် ပန်းတနော်မြို့နယ်၊ ရေပေါ်ကြီးကျေးရွာအုပ်စု၊ ကုလားမချောင်ကျေးရွာ ကမ်းပြိုဘေးထောက်ပံ့မှု သတင်း
ကယ်ဆယ်ရေးနှင့်ပြန်လည်နေရာချထားရေးဦးစီးဌာန၊ မအူပင်ခရိုင်ဦးစီးမှူးရုံးမှ တာဝန်ရှိသူများသည် မအူပင်ခရိုင်၊ ပန်းတနော်မြို့နယ်၊ ရေပေါ်ကြီးကျေးရွာအုပ်စု၊ ကုလားမချောင်ကျေးရွာ၌ (၃၁-၁၀-၂၀၁၇) ရက်နေ့နှင့် (၁၄-၁၁-၂၀၁၇) ရက်နေ့တို့တွင် ဖြစ်ပွားခဲ့သည့် ကမ်းပြိုဘေးကြောင့် ကြိုတင်ရွှေ့ပြောင်းနေအိမ် (၅) လုံး၊ အိမ်ထောင်စု (၅) စုအတွက် ကယ်ဆယ်ရေးပစ္စည်း (၁၀)မျိုး၊ အိမ်ဆောက်ပစ္စည်းဖိုးငွေ (၅၀၀,၀၀၀) ကျပ်နှင့် လူဦးရေ (၂၁) ဦးအတွက် ဆန်ရိက္ခာဖိုးငွေ (၇) ရက်စာ (၄၄,၁၀၀) ကျပ်တို့အား(၁၅-၁၁-၂၀၁၇) ရက်နေ့တွင် မအူပင်ခရိုင်ဦးစီးမှူးရုံး ကျေးရွာအုပ်စု အုပ်ချုပ်ရေးမှူးထံသို့ ထောက်ပံ့ပေးအပ်ခဲ့ကြောင်း သတင်း ရရှိပါသည်။ Source: … Read more
-
ကျောက်မဲခရိုင်၊ ကျောက်မဲမြို့နယ်၊ ကွမ်းစလန်းကျေးရွာအုပ်စု၊ ကွမ်းစလန်းကျေးရွာ မီးဘေးထောက်ပံ့မှု သတင်း
ကယ်ဆယ်ရေးနှင့် ပြန်လည်နေရာချထားရေးဦးစီးဌာန၊ ကျောက်မဲခရိုင်ဦးစီးမှူးရုံးမှ တာဝန်ရှိသူများသည် ကျောက်မဲခရိုင်၊ ကျောက်မဲမြို့နယ်၊ ကွမ်းစလန်းကျေးရွာအုပ်စု၊ ကွမ်းစလန်းကျေးရွာ၌ (၁၄-၁၁-၂၀၁၇) ရက်နေ့တွင်ဖြစ်ပွားခဲ့သော မီးဘေးကြောင့် ဘေးသင့်ခဲ့သော အိမ်ခြေ (၁) လုံး၊ အိမ်ထောင်စု (၂) စုမှ လူဦးရေ (၁၅) ဦးအတွက် ကယ်ဆယ်ရေးပစ္စည်း (၉) မျိုး (၂) အိမ်ထောင်စာ၊ အိမ်ဆောက်ပစ္စည်းဖိုးငွေ (၂၀၀,၀၀၀) ကျပ်နှင့် ဆန်ရိက္ခာဖိုးငွေ (၇) ရက်စာ (၃၁,၅၀၀) ကျပ်တို့အား (၁၆-၁၁-၂၀၁၇) ရက်နေ့တွင် ကျောက်မဲမြို့နယ် အထွေထွေအုပ်ချုပ်ရေးဦးစီးဌာနသို့ လွှဲပြောင်းထောက်ပံ့ပေးအပ်ခဲ့ကြောင်း သတင်းရရှိပါသည်။ … Read more









