ကယ်ဆယ်ရေးနှင့် ပြန်လည်နေရာချထားရေးဦးစီးဌာန၊ ကျောက်မဲခရိုင်ဦးစီးမှူးရုံးမှ တာဝန်ရှိသူများသည် ကျောက်မဲခရိုင်၊ ကျောက်မဲမြို့နယ်၊ ကွမ်းစလန်းကျေးရွာအုပ်စု၊ ကွမ်းစလန်းကျေးရွာ၌ (၁၄-၁၁-၂၀၁၇) ရက်နေ့တွင်ဖြစ်ပွားခဲ့သော မီးဘေးကြောင့် ဘေးသင့်ခဲ့သော အိမ်ခြေ (၁) လုံး၊ အိမ်ထောင်စု (၂) စုမှ လူဦးရေ (၁၅) ဦးအတွက် ကယ်ဆယ်ရေးပစ္စည်း (၉) မျိုး (၂) အိမ်ထောင်စာ၊ အိမ်ဆောက်ပစ္စည်းဖိုးငွေ (၂၀၀,၀၀၀) ကျပ်နှင့် ဆန်ရိက္ခာဖိုးငွေ (၇) ရက်စာ (၃၁,၅၀၀) ကျပ်တို့အား (၁၆-၁၁-၂၀၁၇) ရက်နေ့တွင် ကျောက်မဲမြို့နယ် အထွေထွေအုပ်ချုပ်ရေးဦးစီးဌာနသို့ လွှဲပြောင်းထောက်ပံ့ပေးအပ်ခဲ့ကြောင်း သတင်းရရှိပါသည်။
Source: ကျောက်မဲခရိုင်ဦးစီးမှူးရုံး(ကဆရ)