Category Archives: News
-
သဘာဝဘေးအသိပညာပေးဟောပြောပွဲ ကျင်းပပြုလုပ်မှုသတင်း
ဘေးအန္တရာယ်ဆိုင်ရာစီမံခန့်ခွဲမှုဦးစီးဌာန၊ ပဲခူးတိုင်းဒေသကြီးဦးစီးမှူးးရုံးမှ တာဝန်ရှိသူများသည် (၂၂-၂-၂၀၁၈) ရက်နေ့တွင် ပဲခူးတိုင်းဒေသကြီး၊ သာယာဝတီခရိုင်၊ သာယာဝတီမြို့နယ်၊ ရွာကြီးကုန်းရပ်ကွက်၊ သေဌာရာမ ဘုန်းတော်ကြီးကျောင်း၌ လူဦးရေ (၁၅၀) ဦးခန့်အား သဘာဝဘေးအသိပညာပေးဟောပြောပွဲ ကျင်းပပြုလုပ်ခဲ့ပြီး အသိပညာပေးလက်ကမ်းစာစောင်များဖြန့်ဝေပေးခြင်းနှင့် ဗီနိုင်းပိုစတာပေးအပ်ခြင်းများကို ဆောင်ရွက်ခဲ့ပါကြောင်း သတင်းရရှိပါသည်။ Source: ပဲခူးတိုင်းဒေသကြီးဦးစီးမှူးရုံး(ဘစမ)
-
သဘာဝဘေးအသိပညာပေးဟောပြောပွဲ ကျင်းပပြုလုပ်မှုသတင်း
ဘေးအန္တရာယ်ဆိုင်ရာစီမံခန့်ခွဲမှုဦးစီးဌာန၊ ကော့သောင်းခရိုင်ဦးစီးမှူးရုံးမှ တာဝန်ရှိသူများသည် (၂၂-၂-၂၀၁၈) ရက်နေ့တွင် ကော့သောင်းမြို့၊ မလိဝမ်းကျေးရွာမှ ပြည်သူလူထု (၁၀၀) ဦးအား သဘာဝဘေး အသိပညာပေးဟောပြောပွဲ ကျင်းပပြုလုပ်ခဲ့ကြောင်း သတင်းရရှိပါသည်။ Source: ကော့သောင်းခရိုင်ဦးစီးမှူးရုံး(ဘစမ)
-
ဟင်္သာတမြို့နယ် ခြင်ဘို့အုပ်စု ကျောက်ရဲကျေးရွာ ကမ်းပြိုဘေးသင့်ပြည်သူများအတွက် ထောက်ပံ့မှုသတင်း
================================================= Source: ဟင်္သာတခရိုင်ဦးစီးမှူးရုံး(ဘစမ) ================================================= ဘေးအန္တရာယ်ဆိုင်ရာစီမံခန့်ခွဲမှုဦးစီးဌာန ဟင်္သာတခရိုင်ဦးစီးမှူးရုံးမှဝန်ထမ်းများသည် ဟင်္သာတမြို့နယ် ခြင်ဘို့အုပ်စု ကျောက်ရဲကျေးရွာ၌ (၁၄-၂-၂၀၁၈) ရက်နေ့တွင် ကမ်းပြိုမှုကြောင့် ဘေးလွတ်ရာသို့ ရွှေ့ပြောင်းခဲ့ရသော ကမ်းပြိုဘေးသင့်အိမ်ထောင်စု (၂၇) စုအတွက် အိမ်ဆောက်ပစ္စည်းဖိုးငွေ (၂၇၀၀,၀၀၀) ကျပ်နှင့် ဘေးသင့်လူဦးရေ (၁၂၅) ဦးတို့အတွက် ဆန်ရိက္ခာဖိုးငွေ (၇) ရက်စာ (၂၆၂၅၀၀) ကျပ်တို့အား (၂၁-၂-၂၀၁၈) ရက်နေ့တွင် ဘေးသင့်ပြည်သူများလက်ဝယ်အရောက် ကွင်းဆင်းထောက်ပံ့ပေးအပ်ခဲ့ကြောင်း သိရှိရပါသည်။
-
ရခိုင်ပြည်နယ်အတွင်း ဂျပန်နိုင်ငံအစိုးရအထောက်အပံ့ဖြင့် ဆောင်ရွက်သွားမည့် လုပ်ငန်းစီမံကိန်းများ လက်မှတ်ရေးထိုးပွဲအခမ်းအနားကျင်းပမှုသတင်း
၂၂-၂-၂၀၁၈၊ နေပြည်တော် ရခိုင်ပြည်နယ်အတွင်း လူသားချင်းစာနာမှု အကူအညီအထောက်အပံ့ပေးရေး၊ ပြန်လည် နေရာချထားရေး၊ ဖွံ့ဖြိုးရေးပြည်ထောင်စုစီမံကိန်း (UEHRD) လုပ်ငန်းစဉ်များတွင် ပါဝင်ဆောင်ရွက် အားဖြည့်နိုင်ရန် ဂျပန်နိုင်ငံအစိုးရအထောက်အပံ့ဖြင့် သက်ဆိုင်ရာကုလသမဂ္ဂအဖွဲ့ (၆)ဖွဲ့က ပေါင်းစပ် အကောင်အထည်ဖော်ဆောင်ရွက်သွားမည့် စီမံကိန်း(၂)ရပ် လက်မှတ်ရေးထိုးပွဲကို လူမှုဝန်ထမ်း၊ ကယ်ဆယ်ရေးနှင့်ပြန်လည်နေရာချ ထားရေးဝန်ကြီးဌာန၊ အစည်းအဝေးခန်းမ၌ ယနေ့ နေ့လည်ပိုင်းတွင်ကျင်းပခဲ့ရာ ပြည်ထောင်စုဝန်ကြီး ဒေါက်တာဝင်းမြတ်အေး၊ မြန်မာနိုင်ငံ ဆိုင်ရာဂျပန်သံအမတ်ကြီး H.E Mr. Tateshi HIGUCHI, UNICEF, WFP, UNFPA, UNDP, UNHCR, UN Woman … Read more
-
ဟင်္သာတမြို့နယ် ပဲကြီးကျွန်းအုပ်စု၊ ရေလယ်ကျွန်းကျေးရွာ ကမ်းပြိုဘေးသင့်ပြည်သူများအတွက် ထောက်ပံ့မှုသတင်း
================================================= Source: ဟင်္သာတခရိုင်ဦးစီးမှူးရုံး(ဘစမ) ================================================= ဘေးအန္တရာယ်ဆိုင်ရာစီမံခန့်ခွဲမှုဦးစီးဌာန၊ ဟင်္သာတခရိုင်ဦးစီးမှူးရုံးမှ ဝန်ထမ်းများသည် ဟင်္သာတမြို့နယ် ပဲကြီးကျွန်းအုပ်စု၊ ရေလယ်ကျွန်းကျေးရွာ၌ (၁၃-၂-၂၀၁၈) ရက်နေ့တွင် ကမ်းပြိုမှုကြောင့် ဘေးလွတ်ရာသို့ ရွှေ့ပြောင်းခဲ့ရသော ကမ်းပြိုဘေးသင့်အိမ်ထောင်စု (၁၈) စုအတွက် အိမ်ဆောက်ပစ္စည်းဖိုးငွေ (၁၈၀၀,၀၀၀) ကျပ်နှင့် ဘေးသင့်လူဦးရေ (၇၃) ဦး တို့အတွက် ဆန်ရိက္ခာဖိုးငွေ (၇) ရက်စာ (၁၅၃၃၀၀) ကျပ်တို့အား (၂၁-၂-၂၀၁၈) ရက်နေ့တွင် ဘေးသင့်ပြည်သူများလက်ဝယ်အရောက် ကွင်းဆင်းထောက်ပံ့ပေးအပ်ခဲ့ကြောင်း သိရှိရပါသည်။
-
ငလျင်ဘေးကြိုတင်ကာကွယ်ရေးသဏ္ဌာန်တူ ဇာတ်တိုက်လေ့ကျင့်ခန်း ကျင်းပပြုလုပ်မှုသတင်း
ဘေးအန္တရာယ်ဆိုင်ရာစီမံခန့်ခွဲမှုဦးစီးဌာန၊ ကချင်ပြည်နယ်ဦးစီးမှူးရုံးမှ တာဝန်ရှိသူများသည် ဝိုင်းမော်မြို့နယ် အထွေထွေ အုပ်ချုပ်ရေးဦးစီးဌာနတို့ပူးပေါင်း၍ (၂၂-၂-၂၀၁၈) ရက်နေ့၌ ကချင်ပြည်နယ်၊ ဝိုင်းမော်မြို့တွင် ပြည်သူလူထုအတွင်း ဘေးအန္တရာယ်ကြောင့် ဆုံးရှုံးနိုင်ခြေလျှော့ချရေးအတွက် ငလျင်ဘေးကြိုတင်ကာကွယ် ရေးသဏ္ဌာန်တူဇာတ်တိုက်လေ့ကျင့်ခန်းအားကျင်းပပြုလုပ်ခဲ့ရာ ဌာနဆိုင်ရာများ၊ NGO အဖွဲ့အစည်းများ၊ အရပ်ဖက်လူမှုအဖွဲ့အစည်းများ၊ စေတနာ့ဝန်ထမ်းလူငယ်များနှင့် ရပ်ရွာပြည်သူလူထု စုစုပေါင်း (၃၀၀) ဦးခန့် ပါဝင်ခြင်းဖြင့် စုပေါင်းဆောင်ရွက်ခဲ့ပါကြောင်း သတင်းရရှိပါသည်။ Source: ကချင်ပြည်နယ်ဦးစီးမှူးရုံး(ဘစမ)
-
သဘာဝဘေးအန္တရာယ်ဆိုင်ရာ အသိပညာပေးဟောပြောပွဲပြုလုပ်မှုသတင်း
ဘေးအန္တရာယ်ဆိုင်ရာစီမံခန့်ခွဲမှုဦးစီးဌာန၊ ပြည်ထောင်စုနယ်မြေ နေပြည်တော်တိုင်းဦးစီးမှူးရုံးမှ တိုင်းဦးစီးမှူးနှင့်ဝန်ထမ်းများသည်(၂၂-၂-၂၀၁၈)ရက်နေ့တွင် ဇေယျာသီရိမြို့နယ်၊ သာယာကုန်းကျေးရွာအုပ်စု ဝဲကြီးကျေးရွာ၌ ကျေးရွာသူ/ကျေးရွာသား လူဦးရေ (၁၅၀)ဦးရေခန့်အား သဘာဝဘေးအသိပညာပေးဟောပြောခဲ့ပြီး တက်ရောက်လာသူများအား လက်ကမ်းစာစောင်များ၊ သဘာဝဘေးဗီနိုင်းပိုစတာများနှင့် ရေသန့်ဆေးများ ဖြန့်ဝေပေးခဲ့ကြောင်း သတင်းရရှိပါသည်။ Source: ပြည်ထောင်စုနယ်မြေ နေပြည်တော်တိုင်းဦးစီးမှူးရုံး (ဘစမ)
-
စက်သုံးဆီဖိုးရန်ပုံငွေ ထောက်ပံ့မှုသတင်း
လူမှုဝန်ထမ်း၊ ကယ်ဆယ်ရေးနှင့်ပြန်လည်နေရာချထားရေးဝန်ကြီးဌာန၊ ဘေးအန္တရာယ် ဆိုင်ရာစီမံခန့်ခွဲမှုဦးစီးဌာန၊ ဧရာဝတီတိုင်း ဒေသကြီးဦးစီးမှူးရုံးမှ တာဝန်ရှိသူများသည် ပြည်ထောင်စုဝန်ကြီး၏ (၉-၄-၂၀၁၇)ရက်နေ့ ဧရာဝတီတိုင်းဒေသကြီး၊ သာပေါင်းမြို့နယ် ခရီးစဉ်အတွင်း ဒေသခံပြည်သူများ၏တင်ပြမှုအရ လင်းတာကျကျေးရွာ၌ ထောက်ပံ့လှူဒါန်းခဲ့သည့် ရေသန့်စက်(၁)လုံးအား လတ်တ လောရေရရှိနိုင်ရေးအတွက် (၁)လစာ ဆီ(၇၅)ဂါလံ တန်ဖိုးငွေ(၂၈၅၀၀၀/-)ကျပ်အား ကျေးရွာအုပ်ချုပ်ရေးမှူးနှင့် ကျေးရွာရေရရှိရေး ကော်မတီအဖွဲ့ဝင်များထံသို့ (၂၂-၂-၂၀၁၈) ရက်နေ့တွင် ကွင်းဆင်းထောက်ပံ့ပေးအပ်ခဲ့ပါကြောင်း သတင်းရရှိပါသည်။ Source: ဧရာဝတီတိုင်းဒေသကြီးဦးစီးမှူးရုံး (ဘစမ)
-
မီးဘေးသင့်ပြည်သူများအတွက် ထောက်ပံ့မှုသတင်း
-
မီးဘေးထောက်ပံ့မှုသတင်း
ဘေးအန္တရာယ်ဆိုင်ရာစီမံခန့်ခွဲမှုဦးစီးဌာန၊ မြောက်ဦးခရိုင်ဦးစီးမှူးရုံးမှ တာဝန်ရှိသူများသည် မြေပုံမြို့နယ်၊ ကမ်းထောင့် ကြီးမြို့ တောင်ပိုင်းရပ်ကွက်၌ (၁၀-၂-၂၀၁၈) ရက်နေ့တွင် ဖြစ်ပွားခဲ့သော မီးဘေးကြောင့် ဘေးသင့်ခဲ့သော အိမ်ခြေ (၂)၊ အိမ်ထောင်စု (၂)စု၊ လူဦးရေ (၉)ဦးအတွက် ကယ်ဆယ်ရေးပစ္စည်း (၁၀) မျိုး၊ အိမ်ဆောက်ပစ္စည်းဖိုးငွေ (၂၀၀,၀၀၀) ကျပ်နှင့် ဆန်ရိက္ခာဖိုးငွေ (၁၈,၉၀၀) ကျပ်တို့အား (၂၂-၂-၂၀၁၈) ရက်နေ့တွင် အထွေထွေအုပ်ချုပ်ရေး ဦးစီးဌာနသို့ လွှဲပြောင်းထောက်ပံ့ပေးအပ်ခဲ့ကြောင်း သတင်းရရှိပါသည်။ Source: မြောက်ဦးခရိုင်ဦးစီးမှူးရုံး(ဘစမ)