ဘေးအန္တရာယ်ဆိုင်ရာစီမံခန့်ခွဲမှုဦးစီးဌာန၊ ကချင်ပြည်နယ်ဦးစီးမှူးရုံးမှ တာဝန်ရှိသူများသည် ဝိုင်းမော်မြို့နယ် အထွေထွေ အုပ်ချုပ်ရေးဦးစီးဌာနတို့ပူးပေါင်း၍ (၂၂-၂-၂၀၁၈) ရက်နေ့၌ ကချင်ပြည်နယ်၊ ဝိုင်းမော်မြို့တွင် ပြည်သူလူထုအတွင်း ဘေးအန္တရာယ်ကြောင့် ဆုံးရှုံးနိုင်ခြေလျှော့ချရေးအတွက် ငလျင်ဘေးကြိုတင်ကာကွယ် ရေးသဏ္ဌာန်တူဇာတ်တိုက်လေ့ကျင့်ခန်းအားကျင်းပပြုလုပ်ခဲ့ရာ ဌာနဆိုင်ရာများ၊ NGO အဖွဲ့အစည်းများ၊ အရပ်ဖက်လူမှုအဖွဲ့အစည်းများ၊ စေတနာ့ဝန်ထမ်းလူငယ်များနှင့် ရပ်ရွာပြည်သူလူထု စုစုပေါင်း (၃၀၀) ဦးခန့် ပါဝင်ခြင်းဖြင့် စုပေါင်းဆောင်ရွက်ခဲ့ပါကြောင်း သတင်းရရှိပါသည်။
Source: ကချင်ပြည်နယ်ဦးစီးမှူးရုံး(ဘစမ)