Category Archives: News
-
ပဲခူးတိုင်းဒေသကြီး သာယာဝတီခရိုင်၊ လက်ပံတန်းမြို့နယ်ရှိ လေဘေးသင့်ပြည်သူများအား ထောက်ပံ့ပေးမှု သတင်း
ပဲခူးတိုင်းဒေသကြီး သာယာဝတီခရိုင် ၊ လက်ပံတန်းမြို့နယ်၊ ကျေးရွာအုပ်စု(၁၁)စု၊ ကျေးရွာပေါင်း (၃၅)ရွာတို့၌ (၁၉-၄-၂၀၁၈)နေ့အထိ ဖြစ်ပွားခဲ့သော လေဘေးသင့်ပြိုလဲ (၆၈) ၊ အမိုးလန်အိမ်ပေါင်း (၄၅၉)၊ စုစုပေါင်း အိမ်ခြေ (၅၂၇)လုံးတို့အတွက် အိမ်ဆောက်ပစ္စည်းနှင့် ဆန်ရိက္ခာဖိုး၊ စုစုပေါင်း (၂၃,၀၁၅,၈၀၀)ကျပ် နှင့် ကယ်ဆယ် ရေးပစ္စည်း (၉)မျိုး (၆၈)အိမ်ထောင်စာ တို့အား (၂၁-၄-၂၀၁၈)နေ့တွင် ပဲခူးတိုင်းဒေသကြီး လွှတ်တော်ဥက္ကဌ ၊ တိုင်းဒေသကြီးဦးစီးမှူး(ဘစမ)၊ သာယာဝတီခရိုင်ပဲခူးတိုင်းဒေသကြီးနှင့် ပြည်ခရိုင်ဦးစီးမှူးရုံး(ဘစမ) တာဝန်ရှိသူများမှ သွားရောက်ထောက်ပံ့ပေးခဲ့ ကြောင်း သိရှိရပါသည်။ Soruce: ပြည်ခရိုင်ဦးစီးမှူးရုံး … Read more
-
ပဲခူးတိုင်းဒေသကြီး သာယာဝတီခရိုင် ၊ မိုးညိုမြို့နယ်ရှိ လေဘေးသင့်ပြည်သူများအား ထောက်ပံ့ပေးမှုသတင်း
ပဲခူးတိုင်းဒေသကြီး သာယာဝတီခရိုင် ၊ မိုးညိုမြို့နယ်၊ ကျေးရွာအုပ်စု (၆)စု၊ ရပ်ကွက်် (၁)ခု ၊ ကျေးရွာပေါင်း (၃၃)ရွာတို့၌ (၁၉-၄-၂၀၁၈)နေ့အထိ ဖြစ်ပွားခဲ့သော လေဘေးသင့်ပြိုလဲ (၁၉၉) ၊ အမိုးလန်အိမ်ပေါင်း (၇၉၇)၊ စုစုပေါင်း အိမ်ခြေ (၉၉၆)လုံးနှင့် ဒဏ်ရာရသူ ၅ ဦး တို့အတွက် အိမ်ဆောက်ပစ္စည်းနှင့် ဆန်ရိက္ခာဖိုး၊ စုစုပေါင်း (၅၃,၄၂၃,၉၀၀)ကျပ် နှင့် ထောက်ပံ့ရေးပစ္စည်း (၉)မျိုး (၁၉၉)အိမ်ထောင်စာ တို့အား (၂၁-၄-၂၀၁၈)နေ့တွင် ပဲခူးတိုင်းဒေသကြီး လွှတ်တော်ဥက္ကဌ ၊ တိုင်းဒေသကြီး … Read more
-
ပြည်ခရိုင်၊ ရွှေတောင်မြို့နယ်အတွင်း လေဘေးသင့်ပြည်သူများအား ထောက်ပံ့ပေးမှုသတင်း
ပြည်ခရိုင်၊ရွှေတောင်မြို့နယ်၊ ကျေးရွာအုပ်စု ၃ စု၊ ကျေးရွာ ၄ ရွာတွင် (၁၈/၁၉.၄.၂၀၁၈) ရက်နေ့၌ လေပြင်းတိုက်ခတ်မှုကြောင့် လေဘေးသင့် အမိုးလန် နေအိမ်(၅၀)လုံးအတွက် တန်ဖိုးသင့်နှုန်းထားများဖြင့် အိမ်ဆောက်ပစ္စည်းဖိုး ထောက်ပ့ံငွေ (၁,၆၁၇,၁၀၀)ကျပ် ၊ ပြိုလဲနေအိမ် (၅) လုံးအတွက် ထောက်ပံံ့ငွေ (၅၀၀,၀၀၀)ကျပ် ၊ လူဦးရေ ၁၃ ဦးအတွက် ဆန်ဖိုးငွေ (၂၇,၃၀၀)ကျပ်၊ ကယ်ဆယ်ရေး ပစ္စည်း (၁၄) မျိုး ပလပ်စတစ်ပုံးအပါ (၅) ပုံး ၊ စုစုပေါင်းထောက်ပံ့ငွေ (၂,၁၄၄,၄၀၀) … Read more
-
လေဘေးအတွက် ထောက်ပံ့ပေးမှုသတင်း
မအူပင်ခရိုင်၊ ငါးကြီးဂရက်ကျေးရွာ အုပ်စု၊ ကုလားစုကျေးရွာ၌ (၁၉.၄.၂၀၁၈)၇က်နေ့တွင် ဖြစ်ပွားခဲ့သော လေဘေးကြောင့် တစိတ်တပိုင်း ပျက်စီးဆုံးရခဲ့သည့် နေအိမ်(၇)လုံး၊ အိမ်ထောင်စု (၇)စုစာအတွက် အိမ်ဆောက်ပစ္စည်းဖိုး ရန်ပုံငွေ (၇၀၀၀၀)ကျပ်၊ စုစုပေါင်းလူဦးရေ (၂၇)ဦးစာအတွက် ဆန်ရိက္ခာဖိုး ရန်ပုံငွေ (၅၆၇၀၀) ကျပ် စုစုပေါင်း ကယ်ဆယ်ရေးရန်ပုံငွေ (၁၂၆၇၀၀) (ကျပ်တစ်သိန်းနှစ်သောင်းခြောက်ထောင့် ခုနှစ်ရာတိတိ)အား (၂၀.၄.၂၀၁၈)၇က်နေ့တွင် မအူပင်ခရိုင်ဦးစီးမှူးရုံး(ဘစမ)မှ ထောက်ပံ့ပေးအပ်ခဲ့ကြောင်း သိရှိရပါသည်။ Source: မအူပင်ခရိုင်ဦးစီးမှူးရုံး(ဘစမ)
-
ကန့်ဘလူမြို့နယ်အတွင်း လေဘေးသင့်ပြည်သူမျာအား ထောက်ပံ့ပေးမှုသတင်း
ကန့်ဘလူမြို့နယ်အတွင်း ကျေးရွာ(၂၆)ရွာ၌ (၁၈-၄-၂၀၁၈)ရက်နေ့တွင် ဖြစ်ပွားခဲ့သော လေဘေးကြောင့် အမိုးလန်အိမ်ခြေ (၁၄၁) အိမ်၊ ပြိုကျအိမ် (၁) လုံး စုစုပေါင်း (၁၄၂)အိမ် ဘေးသင့်ခဲ့ရာ အမိုးလန်အိမ် (၁၄၁) အိမ်အတွက် ကယ်ဆယ်ရေးပစ္စည်း(၅)မျိုး၊ပြိုကျ (၁) အိမ်အတွက် ကယ်ဆယ်ရေးပစ္စည်း (၁၀) မျိုး၊ စုစုပေါင်း အိမ်ဆောက်ပစ္စည်း ထောက်ပံ့ငွေ (၄,၄၇၀,၀၀၀) ကျပ်တို့ကို ထောက်ပံ့ပေးအပ်ခဲ့ကြောင့် သိရှိရ ပါသည်။ Source: ကန့်ဘလူခရိုင်ဦးစီးမှူးရုံး (ဘစမ)
-
မင်းဘူးမြို့နယ်လေဘေးထောက်ပံ့မှုသတင်း
ဘေးအန္တရာယ်ဆိုင်ရာစီမံခန့်ခွဲမှုဦးစီးဌာန၊ မကွေးတိုင်းဒေသကြီးဦးစီးမှူးရုံးမှ တာဝန်ရှိသူများသည် မင်းဘူးမြို့ နယ်၊ ရပ်ကွက်(၁)ရပ်ကွက်၊ ကျေးရွာ(၁)ရွာတို့တွင် ပြိုကျနေအိမ်(၁)လုံးအတွက် အိမ်ဆောက်ပစ္စည်းဖိုး (၁၀၀,၀၀၀) ကျပ်၊ အမိုးလန်အိမ်ခြေ (၅)လုံးအတွက် အိမ်ဆောက်ပစ္စည်းဖိုး (၁၅၀,၀၀၀)ကျပ်၊ လူဦးရေ(၂၈) ဦးအတွက် ဆန်ရိက္ခာ(၇) ရက်စာ(၅၈,၈၀၀)ကျပ်၊ စုစုပေါင်း(၃၀၈,၈၀၀)ကျပ်နှင့် ကယ်ဆယ်ရေးပစ္စည်း (၁၆)မျိုး၊အိမ်ထောင်စု (၁)စုစာနှင့် ကယ်ဆယ်ရေးပစ္စည်း(၉)မျိုး၊ အိမ်ထောင်စု (၅)စုစာတို့အား (၂၀.၄.၂၀၁၈ ) ရက်နေ့တွင် ဘေးသင့်ပြည်သူများ၏ လက်ဝယ်အရောက် သွားရောက်ထောက်ပံ့ခဲ့ပါကြောင်း သတင်းရရှိပါသည်။ Source:မကွေးတိုင်းဒေသကြီးဦးစီးမှူးရုံး(ဘစမ)
-
တောင်တွင်းကြီးမြို့နယ်လေဘေးထောက်ပံ့မှုသတင်း
ဘေးအန္တရာယ်ဆိုင်ရာစီမံခန့်ခွဲမှုဦးစီးဌာန၊ မကွေးတိုင်းဒေသကြီးဦးစီးမှူးရုံးမှ တာဝန်ရှိသူများသည် တောင်တွင်းကြီး မြို့နယ်၊ တောင်ပြင်(၂)ရပ်ကွက်၊ကျေးရွာ(၄)ရွာတို့တွင် အမိုးလန်အိမ်ခြေ (၉)လုံးအတွက် အိမ်ဆောက်ပစ္စည်းဖိုး (၅၁၀,၀၀၀) ကျပ်၊ ဘုန်းတော်ကြီးကျောင်း(၁)ကျောင်းအတွက် ကျောင်းဆောက်ပစ္စည်းဖိုး (၁၀၀,၀၀၀)ကျပ် ၊လူဦးရေ(၄၂)ဦးအတွက် ဆန်ရိက္ခာ(၇)ရက်စာ (၈၈၂၀၀)ကျပ်၊ စုစုပေါင်း(၆၉၈၂၀၀) ကျပ်နှင့် ကယ်ဆယ်ရေးပစ္စည်း(၉)မျိုး၊အိမ်ထောင်စု (၉)စုစာ တို့အား (၂၀-၄-၂၀၁၈)ရက်နေ့တွင် ဘေးသင့်ပြည်သူများအတွက် သွားရောက်ထောက်ပံ့ပေးခဲ့ပါကြောင်း သတင်း ရရှိပါသည်။ Source:မကွေးတိုင်းဒေသကြီးဦးစီးမှူးရုံး(ဘစမ)
-
ရေနံချောင်းမြို့နယ် လေဘေးထောက်ပံ့မှုသတင်း
ဘေးအန္တရာယ်ဆိုင်ရာစီမံခန့်ခွဲမှုဦးစီးဌာန၊ မကွေးတိုင်းဒေသကြီးဦးစီးမှူးရုံးမှ တာဝန်ရှိသူများသည် ရေနံချောင်း မြို့နယ်၊ ရပ်ကွက်(၃)ရပ်ကွက်၊ ကျေးရွာ(၁၀)ရွာတို့တွင် ပြိုကျနေအိမ်(၁၆)လုံးအတွက် အိမ်ဆောက်ပစ္စည်းဖိုး (၁၆)သိန်း၊ အမိုးလန်အိမ်ခြေ (၃၈)လုံးအတွက် အိမ်ဆောက်ပစ္စည်းဖိုး (၁၉)သိန်း၊ လူဦးရေ(၂၂၉) ဦးအတွက် ဆန်ရိက္ခာ (၇) ရက်စာ(၄၈၀,၉၀၀)ကျပ်၊ စုစုပေါင်း(၃,၉၈၀,၉၀၀) ကျပ်နှင့် ကယ်ဆယ်ရေးပစ္စည်း (၁၆)မျိုး၊အိမ်ထောင်စု (၁၆)စုစာနှင့် ကယ်ဆယ်ရေးပစ္စည်း(၉)မျိုး၊ အိမ်ထောင်စု (၃၈)စုစာတို့အား (၂၀-၄-၂၀၁၈) ရက်နေ့တွင် ဘေးသင့်ပြည်သူများ၏ လက်ဝယ်အရောက် သွားရောက်ထောက်ပံ့ခဲ့ပါကြောင်း သတင်းရရှိပါသည် ။ Source:မကွေးတိုင်းဒေသကြီးဦးစီးမှူးရုံး(ဘစမ)
-
ကမ်းပြိုဘေးထောက်ပံ့မှုသတင်း
ဘေးအန္တရယ်ဆိုင်ရာစီမံခန်ခွဲမှုဦးစီးဌာန၊ မကွေးတိုင်းဒေသကြီးဦးစီးမှူးရုံးမှ တာဝန်ရှိသူများသည် ရေနံချောင်း မြို့နယ်၊ မာန်မြေမြောက်စုကျေးရွာတွင် (၁၇-၄-၂၀၁၈) ရက်နေ့ ကမ်းပြိုဘေးဖြစ်ပွားမှုကြောင့် အိမ်ခြေ(၄)လုံး၊ အိမ်ထောင်စု(၄)စု၊ လူဦးရေ (၁၂)ဦးအတွက် အိမ်ဆောက်ပစ္စည်းဖိုး (၄၀၀၀၀၀) ကျပ်၊ ဆန်ရိက္ခာပစ္စည်းဖိုး (၂၅၂၀၀) ကျပ်၊ စုစုပေါင်း (၄၂၅၂၀၀) ကျပ်နှင့် ကယ်ဆယ်ရေးပစ္စည်း (၉)မျိုး၊ အိမ်ထောင်စု(၄)စုစာတို့အား (၂၀-၄-၂၀၁၈)ရက်နေ့တွင် ဘေးသင့်ပြည်သူများ၏ လက်ဝယ်အရောက် သွားရောက်ထောက်ပံ့ပေးခဲ့ကြောင်း သိရှိရ ပါသည်။ Source: မကွေးတိုင်းဒေသကြီးဦးစီးမှူးရုုံး (ဘစမ)
-
လေဘေးထောက်ပံ့မှုသတင်း
မကွေးတိုင်းဒေသကြီး၊ မကွေးမြို့နယ်၊ ကျေးရွာ(၁၀)ရွာတို့တွင် (၁၉-၄-၂၀၁၈) ရက်နေ့တွင် လေပြင်းဘေး ဖြစ်ပွားခဲ့ပြီး ပြိုကျအိမ်ခြေ(၁)လုံးအတွက် အိမ်ဆောက်ပစ္စည်းဖိုး(၁)သိန်း၊ အမိုးလန်အိမ်ခြေ(၃၀)လုံးအတွက် အိမ်ဆောက်ပစ္စည်းဖိုး (၁၀၈၀၀၀)ကျပ်၊ လူဦးရေ(၁၃၁)ဦးအတွက် ဆန်ရိက္ခာ (၇)ရက်စာဖိုး(၂၇၅၁၀၀)ကျပ်၊ စုစုပေါင်း(၁၄၅၅၁၀၀)ကျပ်နှင့် ကယ်ဆယ်ရေးပစ္စည်းများအား (၂၀-၄-၂၀၁၈)ရက်နေ့တွင် မကွေးတိုင်းဒေသကြီး ဦးစီးမှူးရုံး၊ တာဝန်ရှိသူများမှ ဘေးသင့်ပြည်သူများ၏ လက်ဝယ်အရောက် သွားရောက်ထောက်ပံ့ပေးခဲ့ကြောင်း သိရှိရပါသည်။ Source: မကွေးတိုင်းဒေသကြီးဦးစီးမှူးရုံး(ဘစမ)









