ပဲခူးတိုင်းဒေသကြီး သာယာဝတီခရိုင် ၊ လက်ပံတန်းမြို့နယ်၊ ကျေးရွာအုပ်စု(၁၁)စု၊ ကျေးရွာပေါင်း (၃၅)ရွာတို့၌ (၁၉-၄-၂၀၁၈)နေ့အထိ ဖြစ်ပွားခဲ့သော လေဘေးသင့်ပြိုလဲ (၆၈) ၊ အမိုးလန်အိမ်ပေါင်း (၄၅၉)၊ စုစုပေါင်း အိမ်ခြေ (၅၂၇)လုံးတို့အတွက် အိမ်ဆောက်ပစ္စည်းနှင့် ဆန်ရိက္ခာဖိုး၊ စုစုပေါင်း (၂၃,၀၁၅,၈၀၀)ကျပ် နှင့် ကယ်ဆယ် ရေးပစ္စည်း (၉)မျိုး (၆၈)အိမ်ထောင်စာ တို့အား (၂၁-၄-၂၀၁၈)နေ့တွင် ပဲခူးတိုင်းဒေသကြီး လွှတ်တော်ဥက္ကဌ ၊ တိုင်းဒေသကြီးဦးစီးမှူး(ဘစမ)၊ သာယာဝတီခရိုင်ပဲခူးတိုင်းဒေသကြီးနှင့် ပြည်ခရိုင်ဦးစီးမှူးရုံး(ဘစမ) တာဝန်ရှိသူများမှ သွားရောက်ထောက်ပံ့ပေးခဲ့ ကြောင်း သိရှိရပါသည်။
Soruce: ပြည်ခရိုင်ဦးစီးမှူးရုံး (ဘစမ)