Category Archives: News
-
ထောက်ပံ့မှုသတင်း
ဘေးအန္တရာယ်ဆိုင်ရာစီမံခန့်ခွဲမှုဦးစီးဌာန၊ လပွတ္တာခရိုင်ဦးစီးမှူးရုံးမှ တာဝန်ရှိသူများသည် မော်လမြိုင်ကျွန်း မြို့နယ်၊တံခွန်တိုင်ကျုံဝါးကျေးရွာအုပ်စု၊ ပျဉ်ထောင်စုကျေးရွာ၌ (၅-၅-၂၀၁၈) ရက်နေ့တွင် ဖြစ်ပွားခဲ့သော မိုးကြိုးဘေးကြောင့် သေဆုံးသူ (၁) ဦးအတွက် ထောက်ပံ့ငွေ (၃၀၀,၀၀၀ိ/-) ကျပ်အားလည်းကောင်း၊ မော်လမြိုင်ကျွန်းမြို့နယ်၊ အလယ်ရေကျော်ကျေးရွာအုပ်စု၊ ဒေါင့်ချောင်းကျေးရွာ၌ (၆-၅-၂၀၁၈) ရက်နေ့တွင် ဖြစ်ပွားခဲ့သော မိုးကြိုးဘေးကြောင့် သေဆုံးသူ (၁) ဦးအတွက် ထောက်ပံ့ငွေ (၃၀၀,၀၀၀ိ/-)ကျပ်နှင့် ဒဏ်ရာရှိသူ (၁) ဦးအတွက် ထောက်ပံ့ငွေ (၅၀,၀၀၀ိ/-) ကျပ်၊ စုစုပေါင်း ထောက်ပံ့ငွေ (၃၅၀,၀၀၀ိ/-)ကျပ်အား လည်းကောင်း၊ မော်လမြိုင်ကျွန်းမြို့နယ်၊ သစ်တိုဆိပ်ကျေးရွာအုပ်စု၊ … Read more
-
အသိပညာပေးလုပ်ငန်းများဆောင်ရွက်မှုသတင်း
ဘေးအန္တရာယ်ဆိုင်ရာစီမံခန့်ခွဲမှုဦးစီးဌာန၊ ကယားပြည်နယ်ဦးစီးမှူးရုံးမှ တာဝန်ရှိသူများသည် (၉-၅-၂၀၁၈) ရက်နေ့တွင် ဘောလခဲမြို့နယ် ပြန်ကြားရေးနှင့် ပြည်သူ့ဆက်ဆံရေးဦးစီးဌာနတွင်လည်းကောင်း၊ ဖရူဆို မြို့နယ်၊ ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာနတွင်လည်းကောင်း၊ ဒီးမော့ဆိုမြို့နယ်၊ မြို့မဈေးတွင် လည်းကောင်း လေပြင်းဘေးနှင့် မိုးကြိုးဘေးအန္တရာယ်များအတွက် (၅×၄) ပေ အသိပညာပေးဗီနိုင်းများကို ချိတ်ဆွဲခဲ့ပါကြောင်း သတင်းရရှိပါသည်။ Source: ကယားပြည်နယ်ဦးစီးမှူးရုံး(ဘစမ) #ar #kyh_may2018
-
မီးဘေးသင့်ပြည်သူများအတွက် ထောက်ပံ့မှုသတင်း
ဘေးအန္တရာယ်ဆိုင်ရာစီမံခန့်ခွဲမှုဦးစီးဌာန၊ ကချင်ပြည်နယ်ဦးစီးမှူးရုံးမှ တာဝန်ရှိသူများသည် (၂.၅.၂၀၁၈)ရက်နေ့ (၁၁:၃၀)နာရီအချိန်တွင် ကချင်ပြည်နယ်၊ ဝိုင်းမော်မြို့နယ်၊ ရွှေညောင်ပင်ကျေးရွာ၌ သွပ်မိုးထရံကာမြေစိုက် နေအိမ်(၁)လုံး အိမ်ထောင်စု(၁)စု လူဦးရေ(၂)ဦးတို့ အတွက် ကဆရ (၁၇)မျိုးနှင့် (၃၂)မျိုးပါ Relief Kit (၁)ပုံး (၁)အိမ်ထောင်စုစာ၊ မီးဘေးသင့်အိမ်ခြေ(၁)လုံးအတွက် (၁၀၀၀၀၀/-)ကျပ်၊ ဆန်ရိက္ခာ(၇)ရက်စာ (၂)ဦးအတွက် (၄၂၀၀/-) ကျပ်တို့အား (၉.၅.၂၀၁၈)နေ့ (၁၅:၀၀)နာရီအချိန်တွင် သွားရောက်ထောက်ပံ့ပေးအပ်ခဲ့ ကြောင်း သတင်းရရှိပါသည်။ #ha_fir #kcn_may2018 Source: ကချင်ပြည်နယ်ဦးစီးမှူးရုံး (ဘစမ)
-
ထိုင်းနိုင်ငံ ဘန်ပနွိုင်းဆွိုင်းစခန်းရှိ တိုင်းရင်းသားပြည်သူ (၂၀) ဦးတို့အား ပြန်လည်ကြိုဆိုလက်ခံရေး အခမ်းအနားနှင့် ထောက်ပံ့မှုသတင်း
ထိုင်းနိုင်ငံဘန်ပနွိုင်းဆွိုင်းစခန်းရှိ တိုင်းရင်းသားပြည်သူ (၂၀) ဦးတို့အား ပြန်လည်ကြိုဆိုလက်ခံရေး အခမ်း အနားကို မယ်စဲ့မြို့၊ မြို့နယ်ခန်းမ၌ (၇-၅-၂၀၁၈) ရက်နေ့ (၁၂း၃၀) နာရီအချိန်တွင် ကျင်းပခဲ့ရာ ဘေးအန္တရာယ်ဆိုင်ရာစီမံခန့်ခွဲမှုဦးစီးဌာန၊ ကယားပြည်နယ်ဦးစီးမှူးရုံးမှ အိမ်ဆောက်ပစ္စည်း၊ ဆန်ရိက္ခာဖိုးနှင့် ခရီးစရိတ်စုစုပေါင်း (၁,၆၄၄,၀၀၀ိ/-)ကျပ်နှင့် ကယ်ဆယ်ရေးပစ္စည်း (၉) မျိုး (၁) အိမ်ထောင်စာ၊ Family Kit (၄) အိမ်ထောင်စာတို့ကို ထောက်ပံ့ပေးအပ်ခဲ့ကြောင်း သတင်းရရှိပါသည်။ Source: ကယားပြည်နယ်ဦးစီးမှူးရုံး(ဘစမ) #otr #kyh_may2018
-
ငလျင်အသိပညာပေး ဆွေးနွေးဟောပြောမှုသတင်း
အန္တရာယ်ဆိုင်ရာစီမံခန့်ခွဲမှုဦးစီးဌာန၊ စစ်ကိုင်းတိုင်းဒေသကြီးဦးစီးမှူးရုံးမှ တာဝန်ရှိသူများသည် (၉.၅.၂၀၁၈) ရက်နေ့ နံနက် (၈း၀၀)နာရီ တွင် ကန့်ဘလူမြို့၊ အ.ထ.က(၁)တွင် မွမ်းမံသင်တန်းတက်ရောက်နေသော ဆရာ/ဆရာမ စုစုပေါင်း (၁၅၀)ဦးခန့်အား ငလျင်အသိပညာပေး ဆွေးနွေးဟောပြောခဲ့ပြီး ငလျင်နှင့်ပတ်သက်သည့် လက်ကမ်းစာစောင်များဖြန့်ဝေပေးခဲ့ကြောင်း သတင်းရရှိပါသည်။ #ar #sgg_may2018 Source: စစ်ကိုင်းတိုင်းဒေသကြီးဦးစီးမှူးရုံး (ဘစမ)
-
လေဘေးထောက်ပံ့မှုသတင်း
ဘေးအန္တရာယ်ဆိုင်ရာစီမံခန့်ခွဲမှုဦးစီးဌာန၊ ကယားပြည်နယ်ဦးစီးမှူးရုံးမှ တာဝန်ရှိသူများသည် ကယား ပြည်နယ်၊ ဘောလခဲခရိုင်၊ မယ်စဲ့မြို့နယ်၊ မယ်ဆည်နမ်ကျေးရွာအုပ်စု၊ ကျောက်စုကျေးရွာ၌ (၆-၅-၂၀၁၈) ရက်နေ့တွင် ဖြစ်ပွားခဲ့သော လေဘေးကြောင့် ဘေးသင့်အိမ်ထောင်စု (၁) စုအတွက် ကယ်ဆယ်ရေးပစ္စည်း (၉) မျိုး၊ အိမ်ဆောက်ပစ္စည်းဖိုးငွေ (၁၀၀,၀၀၀ိ/-) ကျပ်နှင့် လူဦးရေ (၅) ဦးအတွက် ဆန်ရိက္ခာဖိုးငွေ (၇) ရက်စာ (၁၀,၅၀၀ိ/-) ကျပ်တို့အား (၇-၅-၂၀၁၈) ရက်နေ့တွင် သွားရောက်ထောက်ပံ့ပေးအပ်ခဲ့ကြောင်း သတင်းရရှိပါသည်။ Source: ကယားပြည်နယ်ဦးစီးမှူးရုံး(ဘစမ) #ha_sgw #kyh_may2018
-
လေဘေးသင့်ပြည်သူများအတွက် ထောက်ပံ့မှုသတင်း
ဘေးအန္တရာယ်ဆိုင်ရာစီမံခန့်ခွဲမှုဦးစီးဌာန၊ ပြည်ထောင်စုနယ်မြေ၊ နေပြည်တော်တိုင်းဦးစီးမှူးရုံးမှ (၈-၅-၂၀၁၈)နေ့တွင် ဖြစ်ပွားခဲ့သောလေဘေးကြောင့် လယ်ဝေးမြို့နယ် လယ်တာကြီးအုပ်စု ချောင်းမငယ်ကျေးရွာ ပြိုလဲနေအိမ်(၁)လုံးအတွက် အိမ်ဆောက်ပစ္စည်းဖိုး (၁၀၀၀၀၀ိ/-) တစ်စိတ်တစ်ပိုင်းပျက်စီး(၄)အိမ်အတွက် (၅၅၀၀၀ိ/-)နှင့် ဘေးသင့်လူဦးရေ(၂၄)ဦးအတွက် ဆန်ရိက္ခာဖိုးငွေ (၅၀၄၀၀ိ/-)၊ စုစုပေါင်း (၂၀၅၄၀၀ိ/-) ကယ်ဆယ်ရေးပစ္စည်း(၁၆)မျိုး(၁)အိမ်ထောင်စာနှင့် (၁၀)မျိုး(၄)အိမ်စာတို့အား (၉.၅.၂၀၁၈)နေ့ (၁၅း၃၀)အချိန်ခန့်တွင် ပြည်သူများလက်ဝယ်သို့ သွားရောက်ထောက်ပံ့ပေးအပ်ခဲ့ကြောင်း သတင်းရရှိပါသည်။ #ha_sgw #npw_may2018 Source: ပြည်ထောင်စုနယ်မြေ၊ နေပြည်တော်တိုင်းဦးစီးမှူးရုံး (ဘစမ)
-
ထောက်ပံ့ငွေပေးအပ်မှုသတင်း
ဘေးအန္တရာယ်ဆိုင်ရာစီမံခန့်ခွဲမှုဦးစီးဌာန၊ ဖျာပုံခရိုင်ဦးစီးမှူးရုံးမှ တာဝန်ရှိသူများသည် (၇-၅-၂၀၁၈) ရက်နေ့ (၁၄း၀၀) နာရီအချိန်တွင် ဘိုကလေးမြို့နယ်၊ ချောင်းဗြဲကြီးကျေးရွာအုပ်စု၊ ပေါက်ဆိန်ကျကျေးရွာ၊ ကဒုံကနိ သစ်တောကြိုးဝိုင်းတွင် သစ်တောအလုပ်သမားတစ်ဦး မိုးကြိုးစက်ကွင်းမိ၍ ဒဏ်ရာရရှိခဲ့သောကြောင့် ထောက်ပံ့ငွေ (၅၀၀၀၀ိ/-) ကျပ်အား (၉-၅-၂၀၁၈) ရက်နေ့ တွင် ဘိုကလေးမြို့နယ်၊ အထွေထွေအုပ်ချုပ်ရေး ဦးစီးဌာနရုံးခန်းမတွင် ကဒုံကနိကျေးရွာ သဘာဝဘေးလျော့ပါးရေးစေတနာ့ဝန်ထမ်းလူငယ်များမှတစ်ဆင့် လွှဲပြောင်းထောက်ပံ့ပေးအပ်ခဲ့ကြောင်း သတင်းရရှိပါသည်။ Source: ဖျာပုံခရိုင်ဦးစီးမှူးရုံး(ဘစမ) #ha_tls #ayy_may2018
-
မကွေးမြို့နယ်အတွင်း၌ သောက်သုံးရေ ဖြန့်ဝေပေးမှုသတင်း
ဘေးအန္တရာယ်ဆိုင်ရာစီမံခန့်ခွဲမှုဦးစီးဌာန၊ မကွေးတိုင်းဒေသကြီးဦးစီးမှူးရုံးမှ တာဝန်ရှိသူများသည် မကွေးမြို့နယ်၊ ကြာကန်ကျေးရွာ၊ ကြားကုန်း(တဲတိုက်)တွင် သောက်သုံးရေ အခက်အခဲဖြစ်နေသော အိမ်ခြေ (၂၀၀) လုံး၊ အိမ်ထောင်စု (၂၀၀) စု၊ လူဦးရေ (၁၀၀၀) ဦးတို့အတွက် ရေဂါလံ (၈၀၀၀) အား (၉-၅-၂၀၁၈) ရက်နေ့ (၁၃း၀၀) နာရီအချိန်တွင် သွားရောက်ဖြန့်ဝေပေးခဲ့ကြောင်း သတင်းရရှိပါသည်။ Source: မကွေးတိုင်းဒေသကြီးဦးစီးမှူးရုံး(ဘစမ) #ha_drg #mgy_may2018
-
လူမှုဝန်ထမ်း၊ ကယ်ဆယ်ရေးနှင့် ပြန်လည်နေရာချထားရေးဝန်ကြီးဌာနမှ ရှမ်းပြည်နယ်(မြောက်ပိုင်း)၊ နမ္မတူမြို့နယ်အတွင်းရှိ တိုက်ပွဲရှောင်ပြည်သူများအတွက် ကူညီထောက်ပံ့ပေးမှုသတင်း
ရှမ်းပြည်နယ်(မြောက်ပိုင်း)၊ ကျောက်မဲခရိုင်၊ နမ္မတူမြို့နယ်အတွင်း၌ (၄-၅-၂၀၁၈)နေ့တွင် မန်ဆာလုံကျေးရွာနှင့် မန်ဆာအွမ်ကျေးရွာ အကြား SSPP အဖွဲ့နှင့် TNLA အဖွဲ့တို့ တိုက်ပွဲများဖြစ်ပွားမှုကြောင့် အိမ်ထောင်စု (၁၇၃)စု၊ လူဦးရေ(၅၈၃)ဦးတို့သည် နမ္မတူမြို့နယ်၊ မိုင်းရင် ဘုန်းတော်ကြီးကျောင်းနှင့် ဝိန်းနန်းဘုန်းတော်ကြီးကျောင်းများသို့ (၇-၅-၂၀၁၈)နေ့တွင် ရောက်ရှိခိုလှုံလျက်ရှိပါကြောင်းနှင့်အဆိုပါ ပြောင်းရွှေ့ ရောက်ရှိလာသည့် တိုက်ပွဲရှောင်ပြည်သူများအတွက် ထောက်ပံ့ကူညီမှုလုပ်ငန်းများကို သက်ဆိုင်ရာအထွေထွေအုပ်ချုပ်ရေးဦးစီးဌာနနှင့် ပူးပေါင်း၍ ဆောင်ရွက်ပေးလျက်ရှိရာ လူမှုဝန်ထမ်း၊ ကယ်ဆယ်ရေးနှင့် ပြန်လည်နေရာချထားရေးဝန်ကြီးဌာနအနေဖြင့် ဆန်ရိက္ခာဖိုးငွေ (၁,၂၂၄,၃၀၀ိ/-)နှင့် ကယ်ဆယ်ရေးပစ္စည်း(၉)မျိုး၊ (၁၇၃)အိမ်ထောင်စာတို့ကို (၈-၅-၂၀၁၈)နေ့နှင့် (၉-၅-၂၀၁၈)နေ့တို့တွင် ထောက်ပံ့ပေး ခဲ့ကြောင်း သတင်းရရှိပါသည်။ … Read more









