Category Archives: News
-
ထောက်ပံ့ငွေပေးအပ်မှုသတင်း
လူမှုဝန်ထမ်း၊ ကယ်ဆယ်ရေးနှင့် ပြန်လည်နေရာချထားရေးဝန်ကြီးဌာန၊ ဘေးအန္တရာယ်ဆိုင်ရာစီမံခန့်ခွဲမှု ဦးစီးဌာန၊ ကရင်ပြည်နယ်ဦးစီးမှူးရုံးမှ တာဝန်ရှိသူများသည် လှိုင်းဘွဲ့မြို့နယ်၊ မြလေးကျေးရွာအုပ်စု၊ အလန်းကျေးရွာ၌ (၁၂-၅-၂၀၁၈) ရက်နေ့တွင် ဖြစ်ပွားခဲ့သော သံလွင်မြစ်ကမ်းပြိုကျမှုကြောင့် သေဆုံးသူ (၁) ဦးအတွက် ထောက်ပံ့ငွေ (၃၀၀,၀၀၀ိ/-) ကျပ်နှင့် ဒဏ်ရာရလူနာ (၁) ဦးအတွက် ထောက်ပံ့ငွေ (၅၀,၀၀၀ိ/-) ကျပ်၊ စုစုပေါင်း ထောက်ပံ့ငွေ (၃၅၀,၀၀၀ိ/-) ကျပ်တို့အား (၂၃-၅-၂၀၁၈) ရက်နေ့တွင် ထောက်ပံ့ပေးအပ်ခဲ့ကြောင်း သတင်းရရှိပါသည်။ Source: ကရင်ပြည်နယ်ဦးစီးမှူးရုံး(ဘစမ) #ha_rbe #krn_may2018
-
ငလျင်ဘေးအန္တရာယ်ဆိုင်ရာအသိပညာပေးဆွေးနွေးဟောပြောခြင်းနှင့် လက်တွေ့လေ့ကျင့်ခြင်းများ ဆောင်ရွက်မှုသတင်း
လူမှုဝန်ထမ်း၊ ကယ်ဆယ်ရေးနှင့် ပြန်လည်နေရာချထားရေးဝန်ကြီးဌာန၊ ဘေးအန္တရာယ်ဆိုင်ရာစီမံခန့်ခွဲမှု ဦးစီးဌာန၊ မအူပင်ခရိုင်ဦးစီးမှူးရုံးမှ တာဝန်ရှိသူများသည် (၂၃-၅-၂၀၁၈) ရက်နေ့၊ (၀၈း၀၀) အချိန်မှ (၁၀း၀၀) နာရီအချိန်ထိ မအူပင်မြို့နယ်၊ အ.ထ.က (၁) ၌ (Grade-2) မွမ်းမံသင်တန်း တက်ရောက် နေသောဆရာ/ဆရာမ (၃၅၀) ဦးအား ငလျင်ဘေးအန္တရာယ်ဆိုင်ရာ အသိပညာပေးဆွေးနွေးဟောပြော ခြင်းနှင့် လက်တွေ့လေ့ကျင့်ခြင်းများကို ဆောင်ရွက်ခဲ့ပါကြောင်း သတင်းရရှိပါသည်။ Source: မအူပင်ခရိုင်ဦးစီးမှူးရုံး(ဘစမ) #ar_eqk #ayy_may2018
-
ငလျင်ဘေးအန္တရာယ်ဆိုင်ရာအသိပညာပေးဆွေးနွေးဟောပြောခြင်းနှင့် လက်တွေ့လေ့ကျင့်ခြင်းများ ဆောင်ရွက်မှုသတင်း
လူမှုဝန်ထမ်း၊ ကယ်ဆယ်ရေးနှင့် ပြန်လည်နေရာချထားရေးဝန်ကြီးဌာန၊ ဘေးအန္တရာယ်ဆိုင်ရာစီမံခန့်ခွဲမှု ဦးစီးဌာန၊ ဧရာဝတီတိုင်းဒေသကြီးဦးစီးမှူးရုံးမှ တာဝန်ရှိသူများသည် (၂၃-၅-၂၀၁၈) ရက်နေ့တွင် ပုသိမ် ခရိုင်၊ ငပုတောမြို့နယ်၊ အမှတ် (၁) အခြေခံပညာအထက်တန်းကျောင်း၌ ဒုတိယတန်းသင်ရိုးသစ်မွမ်းမံ သင်တန်းတက်ရောက်နေသော ဆရာ/ဆရာမ (၂၀၀) ဦးတို့အား (၀၉း၀၀) အချိန်မှ (၁၁း၀၀) နာရီ အချိန်အထိ ငလျင်ဘေးအန္တရာယ်ဆိုင်ရာအသိပညာပေးဟောပြောဆွေးနွေးခြင်းနှင့် လက်တွေ့လေ့ကျင့် ခြင်းများကို ဆောင်ရွက်ခဲ့ပါကြောင်း သတင်းရရှိပါသည်။ Source: ဧရာဝတီတိုင်းဒေသကြီးဦးစီးမှူးရုံး(ဘစမ) #ar_eqk #ayy_may2018
-
ငလျင်ဘေးအန္တရာယ်ဆိုင်ရာအသိပညာပေးဆွေးနွေးဟောပြောခြင်းနှင့် လက်တွေ့လေ့ကျင့်ခြင်းများ ဆောင်ရွက်မှုသတင်း
ဘေးအန္တရာယ်ဆိုင်ရာစီမံခန့်ခွဲမှုဦးစီးဌာန၊ ရန်ကုန်တိုင်းဒေသကြီးဦးစီးမှူးရုံးမှ တာဝန်ရှိသူများသည် UNDP မှတာဝန်ရှိသူများ၊ UN-Habitat မှတာဝန်ရှိသူများ၊ Action Aid Myanmar မှတာဝန်ရှိသူများ၊ Plan International Myanmar မှ တာဝန်ရှိသူများနှင့်ပူးပေါင်း၍ (၂၃-၅-၂၀၁၈) ရက်နေ့၊ (၁၀း၀၀)အချိန်မှ (၁၂း၀၀) နာရီအချိန်အထိ အနောက်ပိုင်းခရိုင်၊ အလုံမြို့နယ်၊ အမှတ် (၆) အခြေခံပညာအထက်တန်း ကျောင်း၌ ဒုတိယတန်း သင်ရိုးသစ်မွမ်းမံသင်တန်း တက်ရောက်နေသော ဆရာ/ဆရာမ(၁၅၀)ဦးတို့အား ငလျင်ဘေးအန္တရာယ်ဆိုင်ရာ အသိပညာပေးဆွေးနွေးဟောပြောခြင်း၊ လက်တွေ့လေ့ကျင့်ခြင်းများ ဆောင်ရွက်ခြင်းနှင့် အသိပညာပေးလက်ကမ်းစာစောင်ဖြန့်ဝေပေးခြင်းများကို ဆောင်ရွက်ခဲ့ပါကြောင်း သတင်းရရှိပါသည်။ Source: ရန်ကုန်တိုင်းဒေသကြီးဦးစီးမှူးရုံး(ဘစမ) … Read more
-
ငလျင်ဘေးအန္တရာယ်ဆိုင်ရာ အသိပညာပေးဆွေးနွေးပွဲနှင့် ဇာတ်တိုက်လေ့ကျင့့်ခန်းဆောင်ရွက်မှုသတင်း
ဘေးအန္တရာယ်ဆိုင်ရာစီမံခန့့်ခွဲမှုဦးစီးဌာန၊ ပြည်ခရိုင်ဦးစီးမှူးရုံးမှ တာဝန်ရှိသူများသည် (၂၃.၅.၂၀၁၈)နေ့၊ (၀၉း၀၀)နာရီချိန်မှ (၁၄း၀၀)နာရီချိန်ထိ ပဲခူးတိုင်းဒေသကြီး၊ ပြည်ခရိုင်၊ ပြည်မြို့နယ်၊ အထက်တန်းကျောင်းတွင် Grade-2 သင်ရိုးသစ်မွမ်းမံသင်တန်း၌ “ငလျင်ဘေးအန္တရာယ်ဆိုင်ရာအသိပညာပေးဆွေးနွေးပွဲနှင့် ဇာတ်တိုက်လေ့ကျင့့်ခန်း” အား ပြုလုပ်ကျင်းပခဲ့ရာ ရွှေတောင်မြို့နယ်ပညာရေးမှူး၊ ဒုတိယမြို့နယ်ပညာရေး မှူး၊ သင်တန်းကြီးကြပ်ရေးမှူးများနှင့် ဆရာ၊ ဆရာမအင်အား (၁၀၀၀)ဦးခန့်တက်ရောက်ခဲ့ကြောင်းနှင့် ယင်းတက်ရောက်လာသူ ဆရာ/ ဆရာမများမှ ကျန်သင်တန်းသား/သူများအား ဆင့့်ပွားပြန်လည်ပို့ချသွားမည်ဖြစ်ပြီး ငလျင်အသိပညာပေးလက်ကမ်းစာစောင်များလည်းဖြန့်ေ၀ ပေးခဲ့ကြောင်း သတင်းရရှိပါသည်။ #ar_eqk #ayy_may2018 Source: ပြည်ခရိုင်ဦးစီးမှူးရုံး (ဘစမ)
-
ငလျင်ဘေးအန္တရာယ်ဆိုင်ရာအသိပညာပေးဆွေးနွေးပွဲနှင့် လက်တွေ့သဏ္ဍာန်တူလေ့ကျင့်ခြင်းများ ဆောင်ရွက်မှုသတင်း
ဘေးအန္တရာယ်ဆိုင်ရာစီမံခန့်ခွဲမှုဦးစီးဌာန၊ ကချင်ပြည်နယ်ဦးစီးမှူးရုံးမှ တာဝန်ရှိသူများသည် (၂၃-၅-၂၀၁၈) ရက်နေ့တွင် ကချင်ပြည်နယ်၊ ဝိုင်းမော်မြို့၊ အ.ထ.က (၂) ကျောင်း၌ (Grade-2) သင်ရိုးသစ် ဆိုင်ရာ မြို့နယ်အဆင့်သင်တန်းတက်ရောက်နေသော ကျောင်းပေါင်း (၁၄၇) ကျောင်းမှ ဆရာ/ဆရာမ (၅၇၄) ဦးတို့အား (၀၉း၀၀) အချိန်မှ (၁၁း၀၀) နာရီအချိန်အထိ ငလျင်ဘေးအန္တရာယ်ဆိုင်ရာအသိပညာ ပေးဆွေးနွေးခြင်းနှင့် လက်တွေ့သဏ္ဍာန်တူလေ့ကျင့်ခြင်းများကို ဆောင်ရွက်ခဲ့ပါကြောင်း သတင်းရရှိပါ သည်။ Source: ကချင်ပြည်နယ်ဦးစီးမှူးရုံး(ဘစမ) #ar_eqk #kcn_may2018
-
မိုးကြိုးဘေးကြောင့် သေဆုံးသူအတွက် ထောက်ပံ့မှုသတင်း
ဘေးအန္တရာယ်ဆိုင်ရာစီမံခန့့်ခွဲမှုဦးစီးဌာန၊ ဖျာပုံခရိုင်ဦးစီးမှူးရုံးမှ တာဝန်ရှိသူများသည် ဖျာပုံမြို့နယ်၊ အမာမြို့၊ တယ်ပင်ဆိပ်ကျေးရွာအုပ်စု၊ ဖိုးဦးစံကျေးရွာနေ မချစ်ပုံ၊ အသက်(၉)နှစ်၊ သုံးတန်းကျောင်းသူသည် (၁၉-၅-၂၀၁၈)ရက်နေ့(၁ရး၀၀)နာရီအချိန်တွင်် ကျူရှင်မှ အပြန်အိမ်ရှေ့ ၌ ရေချိုးနေစဉ် မိုးကြိုးထိမှန်သေဆုံးခဲ့ခြင်းအတွက် ထောက်ပံ့ငွေ(၃)သိန်းကျပ်တိတိအား (၂၂-၅-၂၀၁၈)ရက်နေ့တွင် အမာမြို့အုပ်ချုပ်ရေးမှူး မှတစ်ဆင့် လွှဲပြောင်းထောက်ပံ့ပေးအပ်ခဲ့ကြောင်း သတင်းရရှိပါသည်။ #ar_eqk #ayy_may2018 Source: ဖျာပုံခရိုင်ဦးစီးမှူးရုံး (ဘစမ)
-
ငလျင်ဘေးအန္တရာယ်ဆိုင်ရာ အသိပညာပေးဆွေးနွေးမှုသတင်း
ဘေးအန္တရာယ်ဆိုင်ရာစီမံခန့့်ခွဲမှုဦးစီးဌာန၊ မြိတ်ခရိုင်ဦးစီးမှူးရုံးမှ တာဝန်ရှိသူများသည် (၂၂.၅.၂၀၁၈)ရက်နေ့ နံနက်ပိုင်း(၁၁း၀၀)နာရီမှ (၁၂)နာရီထိ ကျွန်းစုမြို့နယ်၊ အထက ကျွန်းစုကျောင်းနှင့် နေ့လည်(၁း၀၀)နာရီမှ (၂း၀၀)နာရီထိ အထက ကတ္တလူကျောင်းတို့တွင် ဖွင့်လှစ် သည့် GRATE-2 ဆရာ/ဆရာမများမွမ်းမံသင်တန်း၌ ငလျင်ဘေးအသိပညာပေးခြင်း၊ လက်တွေ့သဏ္ဍာန်တူလေ့ကျင့်ခြင်းနှင့် သင်တန်း ကြီးကြပ်ရေးမှူးနည်းပြများနှင့် ဆရာ/ဆရာမအင်အား (၁၀၀၀)ဦးခန့်တက်ရောက်ခဲ့ပြီး ဘောပင်များဝေငှပေးခဲ့ကြောင်း သတင်းရရှိပါသည်။ #ar_eqk #tny_may2018 Source: မြိတ်ခရိုင်ဦးစီးမှူးရုံး (ဘစမ)
-
ငလျင်ဘေးအန္တရာယ်ဆိုင်ရာ အသိပညာပေးဆွေးနွေးပွဲနှင့် လက်တွေ့လေ့ကျင့်မှုများ ဆောင်ရွက်မှုသတင်း
ဘေးအန္တရာယ်ဆိုင်ရာစီမံခန့်ခွဲမှုဦးစီးဌာန၊ ကယားပြည်နယ်ဦးစီးမှူးရုံးမှ တာဝန်ရှိသူများသည် (၁၁-၅-၂၀၁၈) ရက်နေ့တွင် မယ်စဲ့မြို့နယ် အ.ထ.က ကျောင်းမှ ဆရာ/ဆရာမ (၄၀) ဦးအားလည်းကောင်း၊ (၁၄-၅-၂၀၁၈) ရက်နေ့တွင် ဘောလခဲမြို့နယ် အ.ထ.က ကျောင်းမှ ဆရာ/ဆရာမ (၁၀၅) ဦးအားလည်း ကောင်း (၁၅-၅-၂၀၁၈) ရက်နေ့တွင် ရှားတောမြို့နယ်မှ ဆရာ/ဆရာမ (၉၀) ဦးအားလည်းကောင်း၊ (၁၆-၅-၂၀၁၈) ရက်နေ့တွင် ဒီးမော့ဆိုမြို့နယ် အ.ထ.က ကျောင်း (ဒီးမော့ဆို) မှ ဆရာ/ဆရာမ (၂၁၅) ဦးအား လည်းကောင်း၊ အ.ထ.ကကျောင်း (ငွေတောင်) မှ … Read more
-
ဆူနာမီဇာတ်တိုက်လေ့ကျင့့်ခန်းဆောင်ရွက်မှုသတင်း
ဘေးအန္တရာယ်ဆိုင်ရာစီမံခန့့်ခွဲမှုဦးစီးဌာန၊ ဖျာပုံခရိုင်ဦးစီးမှူးရုံးမှ တာဝန်ရှိသူများသည် SEED ASIA နှင့် ပညာရေးဝန်ကြီးဌာန၊ ဘေးအန္တရာယ် ဆိုင်ရာစီမံခန့်ခွဲမှုဦးစီးဌာနတို့ ပူးပေါင်း၍ (၂၃-၅-၂၀၁၈) ရက်နေ့တွင် ဘိုကလေးမြို့နယ်၊ ကျွန်းညိုကြီးကျေးရွာအုပ်စု၊ အထက ကွမ်းသီး ချောင်းကျေးရွာ၌ ကျောင်းတွင်းဆူနာမီဇာတ်တိုက်လေ့ကျင့်ခန်းအား ကျင်းပပြုလုပ်ခဲ့ရာ ဌာနေကိုယ်စားလှယ်များ၊ SEED ASIA မှ တာဝန်ရှိ သူများ၊ ကျောင်းအုပ်ကြီးနှင့် ဆရာမများ၊ ရပ်မိရပ်ဖများ၊ ကျောင်းသား၊ ကျောင်းသူများ (၁၅၀)ဦးဖြင့် ဇာတ်တိုက်လေ့ကျင့်မှုအား ဆောင်ရွက် ခဲ့ဲကြပြီး Seed asia အနေဖြင့် အာရှနှင့်ပိစိဖိတ်ဒေသတွင်း ဆူနာမီများဆိုင်ရာ ကျောင်းတွင်းကြိုတင်ပြင်ဆင်မှု … Read more









