Category Archives: News
-
အသိပညာပေးလုပ်ငန်းများဆောင်ရွက်မှုသတင်း
လူမှုဝန်ထမ်း၊ ကယ်ဆယ်ရေးနှင့် ပြန်လည်နေရာချထားရေးဝန်ကြီးဌာန၊ ဘေးအန္တရာယ်ဆိုင်ရာစီမံခန့်ခွဲမှု ဦးစီးဌာန၊ ဘေးအန္တရာယ်ဆိုင်ရာစီမံခန့်ခွဲမှုဦးစီးဌာန၊ကော့သောင်းခရိုင်ဦးစီးမှူးရုံးမှ တာဝန်ရှိသူများသည် (၂၇-၅-၂၀၁၈) ရက်နေ့တွင် ခမောက်ကြီးမြို့၊ ထွေ/အုပ်ခန်းမတွင် ကျေးရွာနေ ပြည်သူလူထု (၅၀) ဦးခန့် အား မိုးဦးကာလတွင် ဖြစ်ပွားတက်သော မိုးကြိုးဘေးဆိုင်ရာ ဆောင်ရန်/ရှောင်ရန်များနှင့် မုန်တိုင်း ဘေးနှင့်ပတ်သက်သော ဆောင်ရန်/ရှောင်ရန် အကြောင်းအရာများအား ဆွေးနွေးဟောပြောခဲ့ပါကြောင်း သတင်းရရှိပါသည်။ Source: ကော့သောင်းခရိုင်ဦးစီးမှူးရုံး(ဘစမ) #ar_tls #ar_str #tny_may2018
-
ငလျင်ဘေးအန္တရာယ်ဆိုင်ရာ အသိပညာပေးဟောပြောပွဲကျင်းပပြုလုပ်မှုသတင်း
လူမှုဝန်ထမ်း၊ ကယ်ဆယ်ရေးနှင့် ပြန်လည်နေရာချထားရေးဝန်ကြီးဌာန၊ ဘေးအန္တရာယ်ဆိုင်ရာစီမံခန့်ခွဲမှု ဦးစီးဌာန၊ ဘေးအန္တရာယ်ဆိုင်ရာစီမံခန့်ခွဲမှုဦးစီးဌာန၊ မိုးမိတ်မြို့နယ်ဦးစီးမှူးရုံးမှ တာဝန်ရှိသူများသည် (၂၇-၅-၂၀၁၈) ရက်နေ့တွင် မိုးမိတ်မြို့ မြောက်ပိုင်းရပ်ကွက် ရွှေတောင်ဦးဓမ္မာရုံတွင် ဖွင့်လှစ်ထားသော ဓမ္မစကူးသင်တန်းကျောင်းမှ ကျောင်းသား/ကျောင်းသူ (၁၀၀) ဦးအား (၁၀း၀၀) အချိန်မှ (၁၁း၀၀) နာရီ အချိန်အထိ ငလျင်ဘေးအန္တရာယ်ဆိုင်ရာ အသိပညာပေးဟောပြောပွဲကျင်းပပြုလုပ်ခဲ့ပြီး အသိပညာပေး လက်ကမ်းစာစောင်များဖြန့်ဝေပေးခဲ့ကြောင်း သတင်းရရှိပါသည်။ Source: မိုးမိတ်မြို့နယ်ဦးစီးမှူးရုံး(ဘစမ) #ar_eqk #shn_may2018
-
သဘာဝဘေးအသိပညာပေးဟောပြောပွဲ ကျင်းပပြုလုပ်မှုသတင်း
လူမှုဝန်ထမ်း၊ ကယ်ဆယ်ရေးနှင့် ပြန်လည်နေရာချထားရေးဝန်ကြီးဌာန၊ ဘေးအန္တရာယ်ဆိုင်ရာစီမံခန့်ခွဲမှု ဦးစီးဌာန၊ ဘေးအန္တရာယ်ဆိုင်ရာစီမံခန့်ခွဲမှုဦးစီးဌာန၊ကျိုင်းတုံခရိုင်ဦးစီးမှူးရုံးမှ တာဝန်ရှိသူများသည် ကျိုင်းတုံမြို့နယ်၊ အမှတ် (၁၁၆) ယာဉ်ထိန်းရဲတပ်ဖွဲ့စု၊ ကျိုင်းတုံခရိုင်မှ တပ်ဖွဲစုမှူး၊ ဒုရဲမှူးနှင့်အဖွဲ့၊ မူးယစ်တပ်ဖွဲ့မှ ရဲအုပ်တို့နှင့်အတူ ပူးပေါင်း၍ (၂၇-၅-၂၀၁၈) ရက်နေ့ ၊ (၁၀း၀၀) အချိန်မှ (၁၁း၃၀) နာရီအချိန်အထိ ကျိုင်းတုံမြို့နယ်၊ အမှတ် (၁) ရပ်ကွက် ၊ ဟိုနောင်စင်ကျေးရွာ၊ ဟိုနောင်စင်ဘုရားကျောင်း၌ ပြည်သူလူထု (၅၀) ဦးအား သဘာဝဘေးအသိပညာ ပေးခြင်း၊ ငလျင်နှင့်ပတ်သက်၍ ငလျင်လှုပ်ခတ်စဉ်အတွင်း ဆောင်ရန်/ရှောင်ရန်များ၊ နေထိုင်ရမည့်အနေအထားများအား … Read more
-
ငလျင်ဘေးအန္တရာယ်နှင့်ပတ်သက်၍ အသိပညာပေးဆွေးနွေးဟောပြောခြင်းနှင့် ငလျင်ဘေးသဏ္ဍာန်တူ သရုပ်ပြလေ့ကျင့်ခြင်းများဆောင်ရွက်မှုသတင်း
လူမှုဝန်ထမ်း၊ ကယ်ဆယ်ရေးနှင့် ပြန်လည်နေရာချထားရေးဝန်ကြီးဌာန၊ ဘေးအန္တရာယ်ဆိုင်ရာစီမံခန့်ခွဲမှု ဦးစီးဌာန၊ ဘေးအန္တရာယ်ဆိုင်ရာစီမံခန့်ခွဲမှုဦးစီးဌာန၊ ဖျာပုံခရိုင်ဦးစီးမှူးရုံးမှ တာဝန်ရှိသူများသည် (၂၇-၅-၂၀၁၈) ရက်နေ့၊ (၀၈း၀၀) နာရီအချိန်တွင် ဘိုကလေးမြို့၊ အမှတ် (၃) အခြေခံပညာ အထက် တန်း ကျောင်း၌ (Grade_2) ဒုတိယတန်းသင်ရိုးသစ် ကျောင်းအုပ်စုအလိုက် သင်တန်းတက်ရောက်နေသော ဆရာ/ဆရာမ စုစုပေါင်း (၄၅၀) ဦးအား ငလျင်ဘေးအန္တရာယ်နှင့်ပတ်သက်သော အသိပညာပေး ဆွေးနွေးဟောပြောခြင်း၊ ဆောင်ရန်/ရှောင်ရန်များဆွေးနွေးခြင်းနှင့် ငလျင်ဘေးသဏ္ဍာန်တူ သရုပ်ပြ လေ့ကျင့်ခြင်းများကို ဆောင်ရွက်ခဲ့ပါကြောင်း သတင်းရရှိပါသည်။ Source: ဖျာပုံခရိုင်ဦးစီးမှူးရုံး (ဘစမ) #ar_eqk … Read more
-
မီးဘေးထောက်ပံ့မှုသတင်း
လူမှုဝန်ထမ်း၊ ကယ်ဆယ်ရေးနှင့် ပြန်လည်နေရာချထားရေးဝန်ကြီးဌာန၊ ဘေးအန္တရာယ်ဆိုင်ရာစီမံခန့်ခွဲမှု ဦးစီးဌာန၊ဘေးအန္တရာယ်ဆိုင်ရာစီမံခန့်ခွဲမှုဦးစီးဌာန၊ဧရာဝတီတိုင်းဒေသကြီးဦးစီးမှူးရုံးမှတာဝန်ရှိသူများသည် ဧရာဝတီတိုင်းဒေသကြီး၊ ပုသိမ်မြို့နယ်၊ ငွေဆောင်မြို့၊ အမှတ် (၃)ရပ်ကွက်၊ချစ်သူများ ကျွန်းဆင်း လမ်း တွင် (၂၅-၅-၂၀၁၈) ရက်နေ့၌ ဖြစ်ပွားခဲ့သောမီးဘေးကြောင့် မီးလောင်ကျွမ်းပျက်စီးခဲ့သည့် နေအိမ်(၁) လုံး၊ အိမ်ထောင်စု (၁) စုမှ လူဦးရေ (၅) ဦးအတွက် Unicef Family Kits (၂၆) မျိုးပါ (၁) ပုံး၊ ပလပ်စတစ်ပုံး (၁) ပုံး၊ ဆန်ရိက္ခာဖိုးငွေ (၇) ရက်စာ ထောက်ပံ့ငွေ (၁၀,၅၀၀ိ/-) … Read more
-
သဘာဝဘေးအသိပညာပေးဟောပြောပွဲ ကျင်းပပြုလုပ်မှုသတင်း
လူမှုဝန်ထမ်း၊ ကယ်ဆယ်ရေးနှင့် ပြန်လည်နေရာချထားရေးဝန်ကြီးဌာန၊ ဘေးအန္တရာယ်ဆိုင်ရာစီမံခန့်ခွဲမှု ဦးစီးဌာန၊ ဘေးအန္တရာယ်ဆိုင်ရာစီမံခန့်ခွဲမှုဦးစီးဌာန၊ ကော့သောင်းခရိုင်ဦးစီးမှူးရုံးမှ တာဝန်ရှိသူများသည် (၂၆-၅-၂၀၁၈) ရက်နေ့တွင် ဒုတိယအကြိမ်ဖွင့်လှစ်သည့် (Grade_2) သင်ရိုးသစ်သင်တန်းတက်ရောက် နေသော ဆရာ/ဆရာမ (၆၅) ဦးအား သဘာဝဘေးအသိပညာပေးဟောပြောခြင်းနှင့် အသိပညာပေး လက်ကမ်းစာစောင်ဖြန့်ဝေပေးခြင်းများကို ဆောင်ရွက်ခဲ့ပါကြောင်း သတင်းရရှိပါသည်။ Source: ကော့သောင်းခရိုင်ဦးစီးမှူးရုံး(ဘစမ) #ar #tny_may2018
-
ကလေးသူငယ်အခွင့်အရေးဆိုင်ရာ ဥပဒေအသစ် မကြာခင် အတည်ပြုပြဌာန်းနိုင်တော့မည်ဖြစ်ကြောင်း နေပြည်တော်၌ ကျင်းပပြုလုပ်သည့် အမျိုးသားအဆင့် ကလေးသူငယ်များတွေ့ဆုံပွဲတွင် ပြည်ထောင်စု ဝန်ကြီးဒေါက်တာဝင်းမြတ်အေး ထည့်သွင်းပြောကြား
နေပြည်တော်၊၂၆-၅-၂၀၁၈ ကလေးသူငယ်များသည် အနာဂတ်တွင်လူကြီးများအဖြစ် နိုင်ငံတာဝန်အသီးသီးကို ပုခုံးပြောင်း ထမ်းဆောင်ကြမှာဖြစ်ပြီး ယခုလိုငယ်ရွယ်စဉ်ကတည်းက ၎င်းတို့နှင့်သက်ဆိုင်သော အခွင့်အရေးများကို သိရှိနားလည်ထားပြီး ရရှိခံစားကြရဖို့လိုပါကြောင်း၊ မြန်မာနိုင်ငံသည် ကုလသမဂ္ဂ ကလေးသူငယ်အခွင့် အရေးဆိုင်ရာ (UNCRC) အဖွဲ့ဝင်နိုင်ငံဖြစ်သည်နှင့်အညီ ကလေးသူငယ်များ၏အခွင့်အရေးများကို ဖေါ်ဆောင်ပေးလျက်ရှိရာတွင် ပထမဦးစွာဥပဒေ၊ နည်းဥပဒေများချမှတ်ပြဌာန်းကာ အမျိုးသားကော်မတီ ကိုဖွဲ့စည်းပြီး အရှိန်အဟုန်ဖြင့်ဆောင်ရွက်နိုင်ရေး အခွင့်အရေး (၄) ရပ်ဖြစ်သည့် အသက်ရှင်သန်ခွင့်၊ ဖွံ့ဖြိုး တိုးတက်ခွင့်၊ ကာကွယ်စောင့်ရှောက်ခံပိုင်ခွင့်နှင့် ပါဝင်ဆောင်ရွက်ခွင့် တို့ကို အကောင် အထည်ဖေါ် ဆောင်ရွက်ပေးလျက်ရှိပါကြောင်း၊ အဆိုပါအခွင့်အရေးများကို နိုင်ငံတော်အနေဖြင့် မည်မျှအကောင် အထည်ဖေါ်ပြီးသည်ကို … Read more
-
မီးဘေးထောက်ပံံ့မှုသတင်း
လူမှုဝန်ထမ်း၊ ကယ်ဆယ်ရေးနှင့် ပြန်လည်နေရာချထားရေးဝန်ကြီးဌာန၊ ဘေးအန္တရာယ်ဆိုင်ရာစီမံခန့်ခွဲမှု ဦးစီးဌာန၊ ဘေးအန္တရာယ်ဆိုင်ရာစီမံခန့်ခွဲမှုဦးစီးဌာန၊ဧရာဝတီတိုင်းဒေသကြီးဦးစီးမှူးရုံးမှ တာဝန်ရှိသူများ သည် ဧရာဝတီတိုင်းဒေသကြီး၊ ပုသိမ်မြို့နယ်၊ ရွှေသောင်ယံမြို့၊ အမှတ် (၂) ရပ်ကွက်၊ ကမ်းနားလမ်း၌ (၂၄-၅-၂၀၁၈) ရက်နေ့တွင် ဖြစ်ပွားခဲ့သော မီးဘေးကြောင့် ဘေးသင့် နေအိမ် (၄) လုံး၊ အိမ်ထောင်စု (၄) စုအတွက် Unicef Family Kits (၂၆) မျိုးပါ (၄)ပုံး၊ ပလပ်စတစ်ပုံး (၄) ပုံး၊ အိမ်ဆောက်ပစ္စည်းဖိုးငွေ (၈၀၀,၀၀၀ိ/-) ကျပ်နှင့် လူဦးရေ (၁၁) … Read more
-
သဘာဝဘေးအန္တရာယ်ဆိုင်ရာ အသိပညာပေးဟောပြောပွဲ ကျင်းပပြုလုပ်မှုသတင်း
လူမှုဝန်ထမ်း၊ ကယ်ဆယ်ရေးနှင့် ပြန်လည်နေရာချထားရေးဝန်ကြီးဌာန၊ ဘေးအန္တရာယ်ဆိုင်ရာစီမံခန့်ခွဲမှု ဦးစီးဌာန၊ ဘေးအန္တရာယ်ဆိုင်ရာစီမံခန့်ခွဲမှုဦးစီးဌာန၊ ကျိုင်းတုံခရိုင်ဦးစီးမှူးရုံးမှ တာဝန်ရှိသူများသည် (၂၅-၅-၂၀၁၈) ရက်နေ့ (၁၄း၀၀) အချိန်မှ (၁၅း၃၀) နာရီအချိန်အထိ ကျိုင်းတုံမြို့နယ်၊ အမှတ် (၃) ရပ်ကွက် ဝေါ်ဟေးဘုန်းကြီးကျောင်းတွင် ပြည်သူလူထု (၅၀) ဦးအား သဘာဝဘေးအသိပညာပေးခြင်း၊ ငလျင်နှင့် ပတ်သက်၍ ငလျင်လှုပ်ခတ်နေစဉ်အတွင် ဆောင်ရန်/ရှောင်ရန်များ၊ နေထိုင်ရမည့်အနေအထားများအား လက်တွေ့သရုပ်ပြခြင်း၊ အသိပညာပေး လက်ကမ်းစာစောင်ဖြန့်ဝေပေးခြင်းနှင့် ဗီနိုင်းပိုစတာပေးအပ်ခြင်း များကို ဆောင်ရွက်ခဲ့ပါကြောင်း သတင်းရရှိပါသည်။ Source: ကျိုင်းတုံခရိုင်ဦးစီးမှူးရုံး(ဘစမ) #ar_eqk #shn_may2018
-
လေဘေးထောက်ပံ့မှုသတင်း
လူမှုဝန်ထမ်း၊ ကယ်ဆယ်ရေးနှင့် ပြန်လည်နေရာချထားရေးဝန်ကြီးဌာန၊ ဘေးအန္တရာယ်ဆိုင်ရာစီမံခန့်ခွဲမှု ဦးစီးဌာန၊ ဘေးအန္တရာယ်ဆိုင်ရာစီမံခန့်ခွဲမှုဦးစီးဌာန၊ ပြည်ထောင်စုနယ်မြေ၊ နေပြည်တော်တိုင်းဦးစီးမှူးရုံးမှ တာဝန်ရှိသူများသည် ဥတ္တရသီရိမြို့နယ်၊ မင်းကုန်းကျေးရွာအုပ်စု၊ မအူလေးပင်ကျေးရွာ၌ (၁၇-၅-၂၀၁၈) ရက်နေ့တွင် ဖြစ်ပွားခဲ့သော လေဘေးကြောင့် ဘေးသင့် အမိုးလန် နေအိမ် (၃) လုံး၊ အိမ်ထောင်စု (၃) စုအတွက် ကယ်ဆယ်ရေးပစ္စည်း (၁၁) မျိုး (၃) အိမ်ထောင်စာ၊ အိမ်ဆောက်ပစ္စည်းဖိုးငွေ (၁၂၀,၀၀၀ိ/-) ကျပ်နှင့် လူဦးရေ (၈) ဦးအတွက် ဆန်ရိက္ခာဖိုးငွေ (၁၆,၈၀၀ိ/-) ကျပ်၊ စုစုပေါင်းထောက်ပံ့ငွေ (၁၃၆,၈၀၀ိ/-) … Read more









