သဘာဝဘေးအသိပညာပေးဟောပြောပွဲ ကျင်းပပြုလုပ်မှုသတင်း

27 Pic 02
လူမှုဝန်ထမ်း၊ ကယ်ဆယ်ရေးနှင့် ပြန်လည်နေရာချထားရေးဝန်ကြီးဌာန၊ ဘေးအန္တရာယ်ဆိုင်ရာစီမံခန့်ခွဲမှု ဦးစီးဌာန၊ ဘေးအန္တရာယ်ဆိုင်ရာစီမံခန့်ခွဲမှုဦးစီးဌာန၊ကျိုင်းတုံခရိုင်ဦးစီးမှူးရုံးမှ တာဝန်ရှိသူများသည် ကျိုင်းတုံမြို့နယ်၊ အမှတ် (၁၁၆) ယာဉ်ထိန်းရဲတပ်ဖွဲ့စု၊ ကျိုင်းတုံခရိုင်မှ တပ်ဖွဲစုမှူး၊ ဒုရဲမှူးနှင့်အဖွဲ့၊ မူးယစ်တပ်ဖွဲ့မှ ရဲအုပ်တို့နှင့်အတူ ပူးပေါင်း၍ (၂၇-၅-၂၀၁၈) ရက်နေ့ ၊ (၁၀း၀၀) အချိန်မှ (၁၁း၃၀) နာရီအချိန်အထိ ကျိုင်းတုံမြို့နယ်၊ အမှတ် (၁) ရပ်ကွက် ၊ ဟိုနောင်စင်ကျေးရွာ၊ ဟိုနောင်စင်ဘုရားကျောင်း၌ ပြည်သူလူထု (၅၀) ဦးအား သဘာဝဘေးအသိပညာ ပေးခြင်း၊ ငလျင်နှင့်ပတ်သက်၍ ငလျင်လှုပ်ခတ်စဉ်အတွင်း ဆောင်ရန်/ရှောင်ရန်များ၊ နေထိုင်ရမည့်အနေအထားများအား လက်တွေ့သရုပ်ပြခြင်း၊ လက်ကမ်းစာစောင်များဖြန့်ဝေပေးခြင်း၊ ဗွီနိုင်းပိုစတာများပေးအပ်ခြင်း၊ သိလိုသည်များအားပြန်လည်ဖြေကြားခြင်းများကိုဆောင်ရွက်ခဲ့ပါကြောင်း သတင်းရရှိပါသည်။
Source: ကျိုင်းတုံခရိုင်ဦးစီးမှူးရုံး(ဘစမ)

#ar_eqk
#shn_may2018

Sign Up

Upcoming Events