Category Archives: News
-
မကွေးတိုင်းဒေသကြီး၊ မင်းဘူး၊ ငဖဲနှင့် ပွင့်ဖြူမြို့နယ်များတွင် ရေကြီးရေလျှံမှုများဖြစ်ပေါ်လျက်ရှိသည့် အခြေအနေများနှင့် သဘာဝဘေးအန္တရာယ် ကြိုတင်ကာကွယ်ရေးအတွက် ညှိနှိုင်းအစည်းအဝေးကျင်းပခြင်းနှင့် ထောက်ပံ့ပေးအပ်မှုများ ဆောင်ရွက်မှုသတင်း
==================================================== မကွေး၊ ဇွန် ၁၆— အမျိုးသားသဘာဝဘေးအန္တရာယ်ဆိုင်ရာ စီမံခံခွဲမှုကော်မတီဒုတိယဥက္ကဌ၊ လူမှုဝန်ထမ်း၊ ကယ်ဆယ်ရေးနှင့် ပြန်လည်နေရာချထားရေးဝန်ကြီးဌာန၊ ပြည်ထောင်စုဝန်ကြီး ဒေါက်တာ ဝင်းမြတ်အေးသည် (၁၅-၆-၂၀၁၈) မွန်းလွဲပိုင်းတွင် မကွေးတိုင်းဒေသကြီး ဝန်ကြီးချုပ် ဒေါက်တာအောင်မိုးညို၊ အစိုးရအဖွဲ့ဝင် ဝန်ကြီးများနှင့်အတူ တိုင်းဒေသကြီးအတွင်းဖြစ်ပေါ်လျက် ရှိသော ရေကြီးရေလျှံမှုများနှင့်ပတ်သက်၍ ပူးပေါင်းဆောင်ရွက်မည့် အစီအစဉ်များကို တွေ့ဆုံ ညှိနှိုင်း ဆွေးနွေးခဲ့ပါသည်။ အဆိုပါအစည်းအဝေးပွဲတွင် ပြည်ထောင်စုဝန်ကြီးက အမျိုးသားသဘာဝဘေးအန္တရာယ်ဆိုင်ရာ စီမံခန့်ခွဲမှုကော်မတီအနေဖြင့် သဘာဝဘေးအန္တရာယ်များနှင့်ပတ်သက်ပြီး အရေးပေါ် တုံ့ပြန်မှု လုပ်ငန်းများသာမက ကြိုတင်ကာကွယ်ရေးလုပ်ငန်းများကို ပိုမိုဆောင်ရွက်လျက် ရှိပါကြောင်း၊ ဖြစ်ပေါ်လျက်ရှိသည့် ရေးကြီးရေလျှံမှုများကြောင့်၊ … Read more
-
ဧရာဝတီတိုင်းဒေသကြီးဦးစီးမှူးရုံး (ဘစမ) မှ မိုးသည်းထန်စွာရွာသွန်းပြီး ရေများဝင်ရောက်ခဲ့သည့် ပုသိမ်ခရိုင်၊ ပုသိမ်မြို့နယ်၊ စက်တော်ရာဘိုးဘွားရိပ်သာအတွင်းရှိ ဘိုးဘွားများအတွက် ထောက်ပံ့မှုသတင်း
=================================================== Source: ဧရာဝတီတိုင်းဒေသကြီးဦးစီးမှူးရုံး (ဘစမ) =================================================== လူမှုဝန်ထမ်း၊ ကယ်ဆယ်ရေးနှင့် ပြန်လည်နေရာချထားရေးဝန်ကြီးဌာန၊ ဘေးအန္တရာယ်ဆိုင်ရာစီမံခန့်ခွဲမှုဦးစီးဌာန၊ ဧရာဝတီတိုင်းဒေသကြီးဦးစီးမှူးရုံးမှ ညွှန်ကြားရေးမှူး၊ ဦးသန်းစိုးနှင့် တာဝန်ရှိသူများသည် ပုသိမ်ခရိုင်၊ ပုသိမ်မြို့နယ်၊ စက်တော်ရာဘိုးဘွားရိပ်သာ၌ (၁၅-၆-၂၀၁၈) ရက်နေ့တွင် မိုးသည်းထန်စွာရွာသွန်းပြီး ရေများဝင်ရောက်ခဲ့သဖြင့် အဘိုး(၁၄)ဦး၊ အဘွား(၂၄)ဦး၊ စုစုပေါင်း(၃၈)ဦးတို့အား JICA စောင်(၃၈)ထည်၊ ပိုက်ဖျာ(၃၈)ချပ်နှင့် ဆန်ရိက္ခာ၇ရက်စာရန်ပုံငွေ(၇၉၈၀၀ိ/-)အား (၁၆-၆-၂၀၁၈) ရက်နေ့၊ (၀၉း၀၀)နာရီတွင် တိုင်းဒေသကြီးအစိုးရအဖွဲ့ ၊ လူမှုရေးဝန်ကြီး၊ တိုင်းဒေသကြီးလွှတ်တော်ကိုယ်စားလှယ် ဦးအောင်သူထွေး၊ လူမှုဝန်ထမ်းဦးစီးဌာန၊ တိုင်းဒေသကြီးဦးစီးမှူး ဦးတင်ဇော်မိုးတို့နှင့်အတူ လှူဒါန်းထောက်ပံ့ခဲ့ကြောင်း သိရှိရပါသည်။
-
ဧရာဝတီတိုင်းဒေသကြီးဦးစီးမှူးရုံး (ဘစမ) မှ ပုသိမ်ခရိုင်၊ ရွှေသောင်ယံမြို့၊ ချောင်းသာအုပ်စု၊ ခြောက်ကောင်ကျေးရွာ ရေဘေးသင့်ပြည်သူများအတွက် ထောက်ပံ့မှုသတင်း
=================================================== Source: ဧရာဝတီတိုင်းဒေသကြီးဦးစီးမှူးရုံး (ဘစမ) =================================================== လူမှုဝန်ထမ်း၊ ကယ်ဆယ်ရေးနှင့် ပြန်လည်နေရာချထားရေးဝန်ကြီးဌာန၊ ဘေးအန္တရာယ်ဆိုင်ရာစီမံခန့်ခွဲမှုဦးစီးဌာန၊ ဧရာဝတီတိုင်းဒေသကြီးဦးစီးမှူးရုံးမှ ညွှန်ကြားရေးမှူး၊ ဦးသန်းစိုးနှင့် တာဝန်ရှိသူများသည် ပုသိမ်ခရိုင်၊ ရွှေသောင်ယံမြို့၊ ချောင်းသာအုပ်စု၊ ခြောက်ကောင်ကျေးရွာ၌ (၁၅-၆-၂၀၁၈) ရက်နေ့တွင် မိုးသည်းထန်စွာရွာသွန်းပြီး တောင်ကျရေများ ဝင်ရောက်ခဲ့သော အိမ်ထောင်စု (၉၈) စုမှ လူဦးရေ (၄၄၀)ဦးအတွက် ဆန်ရိက္ခာ(၇)ရက်စာရန်ပုံငွေ (၉၂၄၀၀၀ိ/-) အား (၁၅-၆-၂၀၁၈) ရက်နေ့ (၁၆း၀၀) နာရီအချိန်တွင် ပုသိမ်ခရိုင်အထွေထွေအုပ်ချုပ်ရေးမှူး၊ ပုသိမ်မြို့နယ်အထွေထွေအုပ်ချုပ်ရေးမှူးနှင့် သက်ဆိုင်ရာတာဝန်ရှိသူများနှင့်အတူ ရေဘေးသင့်ပြည်သူများထံသို့ လက်ဝယ်အရောက် ကွင်းဆင်းထောက်ပံ့ခဲ့ပါကြောင်းနှင့် … Read more
-
ရခိုင်ပြည်နယ်ဦးစီးမှူးရုံး (ဘစမ) မှ မင်းပြားမြို့နယ်နှင့် မြောက်ဦးမြို့နယ်များအတွင်း ရေဘေးသင့်ပြည်သူများအတွက် ထောက်ပံ့မှုသတင်း
=================================================== Source: ရခိုင်ပြည်နယ်ဦးစီးမှူးရုံး (ဘစမ) =================================================== လူမှုဝန်ထမ်း၊ ကယ်ဆယ်ရေးနှင့် ပြန်လည်နေရာချထားရေးဝန်ကြီးဌာန၊ ဘေးအန္တရာယ်ဆိုင်ရာစီမံခန့်ခွဲမှုဦးစီးဌာန၊ နေပြည်တော် (ရံုံးချုပ်) မှ တာဝန်ရှိသူများနှင့် ရခိုင်ပြည်နယ်ဦးစီးမှူးရုံးမှ တာဝန်ရှိသူများသည် မင်းပြားမြို့နယ်အတွင်း၊ မိုးအဆက်မပြတ်ရွာသွန်းပြီး ရေကြီးရေလျံဖြစ်ပွားမှုကြောင့် မြို့ပေါ်ရှိ ယာယီခိုလှုံရာနေရာ(၇)ခု၌ ပြောင်းရွှေ့နေထိုင်ကြသော အိမ်ထောင်စု(၁၃၈)စု၊ လူဦးရေ(၇၁၁)ဦးအတွက် ဆန်ရိက္ခာ(၇)ရက်စာဖိုး၊ အိမ်ထောင်စု(၁)စုလျှင် ဆီ(၅၀)ကျပ်သား၊ ပဲ(၅၀)ကျပ်သားနှင့် ဆား(၂၅)ကျပ်သားနှုန်းဖြင့် ကျသင့်ငွေ (၁၇၅၅၃၀၀ိ/-) အားလည်းကောင်း၊ အသက်(၉၀)နှင့်အထက် အဘွား(၂)ဦးအတွက် ထောက်ပံ့ငွေ(၂၀၀၀၀ိ/-)အားလည်းကောင်း၊ မြောက်ဦးမြို့နယ်အတွင်း မိုးအဆက်မပြတ်ရွာသွန်းပြီး ရေကြီးရေလျံဖြစ်ပွားမှုကြောင့် မြို့ပေါ်ရှိ ယာယီခိုလှုံရာနေရာ(၄)ခုတွင် ပြောင်းရွှေ့နေထိုင်ကြသော … Read more
-
ရှမ်းပြည်နယ်ဦးစီးမှူးရုံး (ဘစမ) မှ ကလောမြို့နယ် ရပ်ကွက်(၂)နှင့် ရပ်ကွက်(၄)နေ ရေဘေးသင့်ပြည်သူများအတွက် ထောက်ပံ့မှုသတင်း
=================================================== Source: ရှမ်းပြည်နယ်ဦးစီးမှူးရုံး (ဘစမ) =================================================== လူမှုဝန်ထမ်း၊ ကယ်ဆယ်ရေးနှင့် ပြန်လည်နေရာချထားရေးဝန်ကြီးဌာန၊ ဘေးအန္တရာယ်ဆိုင်ရာစီမံခန့်ခွဲမှုဦးစီးဌာန၊ ရှမ်းပြည်နယ်ဦးစီးမှူးရုံးမှ တာဝန်ရှိသူများသည် ကလောမြို့နယ် ရပ်ကွက်(၂)နှင့် ရပ်ကွက်(၄)၌ (၁၄-၆-၂၀၁၈) ရက်နေ့တွင် မိုးသည်းထန်စွာရွာသွန်းပြီး ကလောချောင်းရေလျှံတက်မှုကြောင့် နေအိမ်များအတွင်း ရေများဝင်ရောက်ခဲ့ရာ ရေဘေးသင့်အိမ်ထောင်စု (၆၅) စုရှိ လူဦးရေ (၂၈၄) ဦးအတွက် ဆန်ရိက္ခာ (၇)ရက်စာ (၅၉၆၄၀၀ိ/-)ကျပ်အား ပြည်သူများ လက်ဝယ်အရောက်ထောက်ပံ့ပေးခဲ့ကြောင်း သိရှိရပါသည်။
-
လပွတ္တာခရိုင်ဦးစီးမှူးရုံး (ဘစမ) မှ လပွတ္တာမြို့၊ အမှတ် ၈ ရပ်ကွက်၊ ၁ လမ်းနေ ရေဘေးသင့်ပြည်သူများအတွက် ထောက်ပံ့မှုသတင်း
=================================================== Source: လပွတ္တာခရိုင်ဦးစီးမှူးရုံး (ဘစမ) =================================================== လူမှုဝန်ထမ်း၊ ကယ်ဆယ်ရေးနှင့် ပြန်လည်နေရာချထားရေးဝန်ကြီးဌာန၊ ဘေးအန္တရာယ်ဆိုင်ရာစီမံခန့်ခွဲမှုဦးစီးဌာန၊ လပွတ္တာခရိုင်ဦးစီးမှူးရုံးမှ တာဝန်ရှိသူများသည် လပွတ္တာမြို့၊ အမှတ် ၈ ရပ်ကွက်၊ ၁ လမ်း၌ (၁၃-၆-၂၀၁၈) ရက်နေ့တွင် ရွေးမြစ်ရေမြင့်တက်မှုကြောင့် ရေဝင်နစ်မြုပ်ခဲ့သော အိမ်ထောင်စု ၆ စုမှ လူဦးရေ ၂၃ ဦးတို့အတွက် ဆန်ရိက္ခာဘိုး ၇ ရက်စာ (၄၈၃၀၀ိ/-) အား (၁၅-၆-၂၀၁၈) ရက်နေ့၊ (၁၆း၃၀) နာရီအချိန်တွင် လပွတ္တာမြို့နယ်အထွေထွေအုပ်ချုပ်ရေးဦးစီးဌာန၌ မြို့နယ်အုပ်ချုပ်ရေးမှူး၊ ရပ်ကွက်အုပ်ချုပ်ရေးမှူး၊ ရပ်ကျေးစာရေးတို့နှင့်အတူ … Read more
-
ရန်ကုန်တိုင်းဒေသကြီးဦးစီးမှူးရုံး (ဘစမ) မှ မြောက်ပိုင်းခရိုင်၊ တိုက်ကြီးမြို့နယ်အတွင်း လေဘေးသင့်ပြည်သူများအတွက် ထောက်ပံ့မှုသတင်း
=================================================== Source: ရန်ကုန်တိုင်းဒေသကြီးဦးစီးမှူးရုံး (ဘစမ) =================================================== လူမှုဝန်ထမ်း၊ ကယ်ဆယ်ရေးနှင့် ပြန်လည်နေရာချထားရေးဝန်ကြီးဌာန၊ ဘေးအန္တရာယ်ဆိုင်ရာစီမံခန့်ခွဲမှုဦးစီးဌာန၊ ရန်ကုန်တိုင်းဒေသကြီးဦးစီးမှူးရုံးမှ တာဝန်ရှိသူများသည် မြောက်ပိုင်းခရိုင်၊ တိုက်ကြီးမြို့နယ်အတွင်း (၁၄-၆-၂၀၁၈) ရက်နေ့တွင် မိုးသည်းထန်စွာ ရွာသွန်းပြီး လေပြင်းတိုက်ခတ်ခဲ့မှုကြောင့် ဘိန္ဓောကျေးရွာအုပ်စု၊ ဥတိုကျေးရွာ၌ နေအိမ် (၄) လုံး၊ ရေတာလေးကျေးရွာ၌ နေအိမ်(၁)လုံး၊ ရင်းတိုက်ကွင်းကျေးရွာ၌ နေအိမ်(၂)လုံး၊ စုစုပေါင်းနေအိမ်(၇)လုံးအမိုးလန်ပျက်စီးခြင်း၊ တစ်စိတ်တပိုင်းပျက်စီးခြင်းများဖြစ်ပေါ်ခဲ့ပြီး အိမ်ထောင်စု(၇)စုမှ လူဦးရေ(၂၆)ဦးအတွက် ဆန်ရိက္ခာဖိုးငွေ(၅၄,၆၀၀ိ/-)၊ အမိုးလန်အိမ်ခြေ (၁) လုံးအတွက် (၅၀,၀၀၀ိ/-)နှင့် တစ်စိတ်တစ်ပိုင်းပျက်စီးအိမ်ခြေ(၆)လုံးအတွက် အိမ်ဆောက်ပစ္စည်းဖိုးငွေ (၆၀၀,၀၀၀ိ/-)၊ စုစုပေါင်းထောက်ပံ့ငွေ … Read more
-
တနင်္သာရီတိုင်းဒေသကြီးဦးစီးမှူးရုံး (ဘစမ) မှ သရက်ချောင်းမြို့နယ်၊ ကနက်သီရိကျေးရွာ၌ ပင်လယ်ဒီရေမြင့်တက်ပြီး လှိုင်းရိုက်ခတ်မှုကြောင့် ဘေးသင့်ခဲ့သည့် ပြည်သူများအတွက် ထောက်ပံ့မှုသတင်း
=================================================== Source: တနင်္သာရီတိုင်းဒေသကြီးဦးစီးမှူးရုံး (ဘစမ) =================================================== လူမှုဝန်ထမ်း၊ ကယ်ဆယ်ရေးနှင့် ပြန်လည်နေရာချထားရေးဝန်ကြီးဌာန၊ ဘေးအန္တရာယ်ဆိုင်ရာစီမံခန့်ခွဲမှုဦးစီးဌာန၊ တနင်္သာရီတိုင်းဒေသကြီးဦးစီးမှူးရုံးမှ တာဝန်ရှိသူများသည် သရက်ချောင်းမြို့နယ်၊ ကနက်သီရိကျေးရွာ၌ (၁၄-၆-၂၀၁၈) ရက်နေ့တွင် ပင်လယ်ဒီရေမြင့်တက်ပြီး လှိုင်းရိုက်ခတ်မှုကြောင့် ပြိုကျပျက်စီးခဲ့သော အိမ်ခြေ (၃) လုံးမှ အိမ်ထောင်စု (၃) စုအတွက် ကယ်ဆယ်ရေးပစ္စည်း (၁၆) မျိုး (၃) အိမ်ထောင်စာ၊ အိမ်ဆောက်ပစ္စည်းဖိုးတစ်အိမ်လျှင် (၁) သိန်းနှုန်းဖြင့် အိမ်ခြေ (၃) လုံးအတွက် (၃) သိန်း၊ ပြောင်းရွေ့အိမ်ခြေ (၂) လုံးမှ … Read more
-
ရန်ကုန်တိုင်းဒေသကြီးဦးစီးမှူးရုံး (ဘစမ) မှ မြောက်ပိုင်းခရိုင်၊ တိုက်ကြီးမြို့နယ်၊ အဖျောက်မြို့၊ ရေပေါ်သောင်ကျေးရွာအုပ်စု၊ မအူကုန်းကျေးရွာနှင့် အဖျောက်(၄)ရပ်ကွက်၊ ပန်းတုန်းပိတ်ကျေးရွာတို့ရှိ ကမ်းပြိုဘေးသင့်ပြည်သူများအတွက် ထောက်ပံ့မှုသတင်း
=================================================== Source: ရန်ကုန်တိုင်းဒေသကြီးဦးစီးမှူးရုံး (ဘစမ) =================================================== လူမှုဝန်ထမ်း၊ ကယ်ဆယ်ရေးနှင့် ပြန်လည်နေရာချထားရေးဝန်ကြီးဌာန၊ ဘေးအန္တရာယ်ဆိုင်ရာစီမံခန့်ခွဲမှုဦးစီးဌာန၊ ရန်ကုန်တိုင်းဒေသကြီးဦးစီးမှူးရုံးမှ တာဝန်ရှိသူများသည် မြောက်ပိုင်းခရိုင်၊ တိုက်ကြီးမြို့နယ်၊ အဖျောက်မြို့၊ ရေပေါ်သောင်ကျေးရွာအုပ်စု၊ မအူကုန်းကျေးရွာနှင့် အဖျောက်(၄)ရပ်ကွက်၊ ပန်းတုန်းပိတ်ကျေးရွာတို့၌ (၁၄-၆-၂၀၁၈) ရက်နေ့တွင် ဧရာဝတီမြစ်ရေတိုက်စား၍ ကမ်းပါးပြိုကျမှုအန္တရာယ်ကြောင့် အိမ်ထောင်စု(၄)စုမှ လူဦးရေ(၁၈)ဦးဘေးသင့်ခဲ့သည့်အတွက် ဆန်ရိက္ခာဖိုးငွေ (၃၇,၈၀၀ိ/-)၊အိမ်ဆောက်ပစ္စည်းဖိုးထောက်ပံ့ငွေ (၄၀၀,၀၀၀ိ/-)၊ စုစုပေါင်းထောက်ပံ့ငွေ(၄၃၇,၈၀၀ိ/-)နှင့် ကယ်ဆယ်ရေးပစ္စည်း (၁၁)မျိုး (၄) အိမ်ထောင်စာတို့အား (၁၅-၆-၂၀၁၈) ရက်နေ့၊ နံနက်ပိုင်းတွင် သက်ဆိုင်ရာမြို့နယ်အုပ်ချုပ်ရေးအဖွဲ့များနှင့်အတူ ဘေးသင့်ပြည်သူများလက်ဝယ်သို့ သွားရောက်ထောက်ပံ့ပေးအပ်ခဲ့ကြောင်း သိရှိရပါသည်။
-
ရခိုင်ပြည်နယ်ဦးစီးမှူးရုံး (ဘစမ) မှ စစ်တွေမြို့နယ်အတွင်း လေဘေးသင့်ပြည်သူများအတွက် ထောက်ပံ့မှုသတင်း
=================================================== Source: ရခိုင်ပြည်နယ်ဦးစီးမှူးရုံး (ဘစမ) =================================================== လူမှုဝန်ထမ်း၊ ကယ်ဆယ်ရေးနှင့် ပြန်လည်နေရာချထားရေးဝန်ကြီးဌာန၊ ဘေးအန္တရာယ်ဆိုင်ရာစီမံခန့်ခွဲမှုဦးစီးဌာန၊ ရခိုင်ပြည်နယ်ဦးစီးမှူးရုံးမှ တာဝန်ရှိသူများသည် စစ်တွေမြို့နယ်အတွင်း (၁၄-၆-၂၀၁၈) ရက်နေ့တွင် လေပြင်းတိုက်ခတ်ပြီး မိုးသည်းထန်စွာရွာသွန်းမှုကြောင့် ငတောက်တက်ကျေးရွာ၌ (ဓနိမိုး၊ဝါးကာ၊ဝါးခင်း) နေအိမ်(၁)လုံးနှင့် ဝါဘိုကျေးရွာ၌ (သွပ်မိုး၊ပျဉ်ကာ၊ပျဉ်ခင်း) နေအိမ်(၁)လုံး လုံးဝပျက်စီးခဲ့ပြီး အိမ်ထောင်စု(၂)စုမှ လူဦးရေ(၇)ဦး ဘေးသင့်ခဲ့သည့်အတွက် လုံးဝပျက်စီး(၂)လုံးမှ (ဓနိမိုး၊ဝါးကာ၊ဝါးခင်း)နေအိမ်အတွက် အိမ်ဆောက်ပစ္စည်းဖိုး(၁)သိန်း၊ (ပျဉ်ခင်း၊ပျဉ်ကာ၊သွပ်မိုး)နေအိမ်အတွက် အိမ်ဆောက်ပစ္စည်းဖိုး (၂)သိန်း၊ အိမ်ထောင်စု(၂)စုမှ လူဦးရေ(၇)ဦးအတွက် ဆန်ရိက္ခာ(၇)ရက်စာဖိုး (၁၄၇၀၀ိ/-)နှင့် ကယ်ဆယ်ရေးပစ္စည်း(၁၅)မျိုး၊ အိမ်ထောင်စု (၂)စုစာအား (၁၅-၆-၂၀၁၈) … Read more









