Category Archives: News
-
ကမ်းပြိုဘေးထောက်ပံ့ပေးမှုသတင်း
လူမှုဝန်ထမ်း၊ ကယ်ဆယ်ရေးနှင့် ပြန်လည်နေရာချထားရေးဝန်ကြီးဌာန၊ ဘေးအန္တရာယ်ဆိုင်ရာစီမံခန့်ခွဲမှုဦးစီးဌာန၊ ပခုက္ကူခရိုင်ဦးစီးမှူးရုံးမှ တာဝန်ရှိသူများသည် ပေါက်မြို့နယ်၊ ညောင်ဝန်းကျေးရွာအုပ်စု၊ ညောင်ဝန်းကျေးရွာ(မ)တွင် (၂၄/၂၅-၈-၂၀၁၈) ရက်နေ့တွင် ဖြစ်ပွားခဲ့သော ကမ်းပြိုဘေးကြောင့် ကြိုတင်ပြောင်းရွှေ့လူနေအိမ်(၅)လုံး၊ အိမ်ထောင်စု(၅)စု၊ လူဦးရေ(၂၃)ဦး ဘေးသင့်ခဲ့ရာ အိမ်ဆောက်ပစ္စည်းဖိုး (၅၀၀၀၀၀/-)ကျပ်၊ ဆန်ရိက္ခာဖိုး (၄၈၃၀၀/-)ကျပ်၊ ကယ်ဆယ်ရေးပစ္စည်း(၉)မျိုး၊ စုစုပေါင်း (၅၄၈၃၀၀/) (ကျပ်ငါးသိန်းလေးသောင်း ရှစ်ထောင့်သုံးရာတိတိ)တို့အား (၂၇-၈-၂၀၁၈)ရက်နေ့တွင် ပေါက်မြို့နယ်အထွေထွေအုပ်ချုပ်ရေးဦးစီးဌာနမှ တာဝန်ရှိသူများ၊ ကျေးရွာမှ တာဝန်ရှိသူများနှင့်အတူ ဘေးသင့်ပြည်သူများ၏ လက်ဝယ်အရောက် ထောက်ပံ့ပေးအပ်ခဲ့ကြောင်း သတင်းရရှိပါသည်။ #ha_rbe #mgy_aug2018 Source: ပခုက္ကူခရိုင်ဦးစီးမှူးရုံး (ဘစမ)
-
ဒက္ခိဏသီရိမြို့နယ် ချိုင်းကျေးရွာအုပ်စု မဲဒီကျေးရွာဓမ္မာရုံ၌ ငလျင်ဘေးအန္တရာယ်ဆိုင်ရာ အသိပညာများဆွေးနွေးဟောပြောမှုသတင်း
================================================ Source: ပြည်ထောင်စုနယ်မြေ နေပြည်တော်တိုင်းဦးစီးမှူးရုံး (ဘစမ) ================================================ လူမှုဝန်ထမ်း၊ ကယ်ဆယ်ရေးနှင့် ပြန်လည်နေရာချထားရေးဝန်ကြီးဌာန၊ ဘေးအန္တရာယ်ဆိုင်ရာစီမံခန့်ခွဲမှုဦးစီးဌာန ပြည်ထောင်စုနယ်မြေ နေပြည်တော်တိုင်းဦးစီးမှူးရုံးမှ တာဝန်ရှိသူများသည် ဒက္ခိဏသီရိမြို့နယ် သဘာဝဘေးစီမံခန့်ခွဲမှုအဖွဲ့ဝင်များနှင့်ပူးပေါင်း၍ (၂၇-၈-၂၀၁၈) ရက်နေ့၊ (၁၀း၀၀) နာရီမှ (၁၂း၀၀) နာရီအချိန်အထိ ဒက္ခိဏသီရိမြို့နယ် ချိုင်းကျေးရွာအုပ်စု မဲဒီကျေးရွာဓမ္မာရုံ၌ ကျေးရွာသူ/ကျေးရွာသား(၇၀)ဦးတို့အား ငလျင်ဘေးအန္တရာယ်ဆိုင်ရာ အသိပညာများဆွေးနွေးဟောပြောခဲ့ပြီး လက်ကမ်းစာစောင်များ ဖြန့်ဝေခဲ့ကြောင်း သိရှိရပါသည်။
-
ရေဘေးရှောင်ပြည်သူများအားထောက်ပံ့မှုသတင်း
လူမှုဝန်ထမ်း၊ ကယ်ဆယ်ရေးနှင့် ပြန်လည်နေရာချထားရေးဝန်ကြီးဌာန၊ ဘေးအန္တရာယ်ဆိုင်ရာစီမံခန့်ခွဲမှုဦးစီးဌာန၊ မကွေးတိုင်းဒေသကြီးဦးစီးမှူးရုံးမှတာဝန်ရှိသူများသည် မကွေးမြို့နယ်၊ မြေနုကျေးရွာ၌ (၂၅-၈-၂၀၁၈) ရက်နေ့တွင် ဧရာဝတီမြစ်ရေမြင့်တက်မှုကြောင့် အိမ်ခြေ (၁၇)လုံး၊ အိမ်ထောင်စု (၁၉) စု၊ လူဦးရေ (၆၅) ဦးတို့အတွက် အိမ်ထောင်စု (၁) စုလျှင် ငါးသေတ္တာဗူး (၃) ဗူးနှုန်းဖြင့် အိမ်ထောင်စု (၁၉) စုအတွက် (၁၇,၁၀၀/-)၊ လူဦးရေ (၆၅)ဦးအတွက် ဆန်ရိက္ခာဖိုးငွေ (၇) ရက်စာ (၁၃၆,၅၀၀/-)၊ စုစုပေါင်း (၁၅၃,၆၀၀/-) ကျပ်တို့အား (၂၇-၈-၂၀၁၈) ရက်နေ့ (၁၂း၀၀) … Read more
-
မြို့နယ်သဘာဝဘေးအန္တရာယ်ဆိုင်ရာစီမံခန့်ခွဲမှုလုပ်ငန်းစီမံချက်အလုပ်ရုံဆွေးနွေးပွဲကျင်းပမှုသတင်း
လူမှုဝန်ထမ်း၊ ကယ်ဆယ်ရေးနှင့် ပြန်လည်နေရာချထားရေးဝန်ကြီးဌာန၊ ဘေးအန္တရာယ်ဆိုင်ရာစီမံခန့်ခွဲမှုဦးစီးဌာန၊ (၂၇-၈-၂၀၁၈)ရက် (၀၉း၀၀)နာရီတွင် ရခိုင်ပြည်နယ်၊ မောင်တောခရိုင်၊ မောင်တောမြို့နယ်အထွေထွေအုပ်ချုပ်ရေးဦးစီးဌာန၊ အစည်းအဝေးခန်းမ၌ ဘေး အန္တရာယ်ဆိုင်ရာစီမံခန့်ခွဲမှုဦးစီးဌာန၊ မောင်တောခရိုင်ဦးစီးမှူးရုံးနှင့် IOM အဖွဲ့အစည်းတို့ပူးပေါင်း၍ဖွင့်လှစ်သည့် မြို့နယ်သဘာဝဘေး အန္တရာယ်ဆိုင်ရာစီမံခန့်ခွဲမှုလုပ်ငန်းစီမံချက်အလုပ်ရုံဆွေးနွေးပွဲကျင်းပရာ ပြည်နယ်ဦးစီးမှူး ဦးကျော်မင်းမှ အဖွင့်အမှာစကားပြောကြားပြီး၊ မောင်တောင်ခရိုင်ဦးစီးမှူး ဦးမောင်မောင်ကြီးမှ အလုပ်ရုံဆွေးနွေးပွဲကျင်းပရခြင်း၏ ရည်ရွယ်ချက်များအား ရှင်းလင်းပြောကြားခဲ့ပါသည်။ အလုပ်ရုံဆွေးနွေးပွဲသို့မြို့နယ် သဘာဝဘေးအန္တရာယ်ဆိုင်ရာစီမံခန့်ခွဲမှု ကော်မတီဝင်းများ၊ ဌာနဆိုင်ရာဝန်ထမ်းများနှင့် IOM အဖွဲ့အစည်းမှ တာဝန်ရှိသူများ စုစုပေါင်း (၅၀)ဦးတက်ရောက်ခဲ့ပါသည်။ အလုပ်ရုံဆွေးနွေးပွဲအား (၀၉း၀၀)နာရီမှ (၁၆း၃၀)နာရီချိန်ထိကျင်းပမည်ဖြစ်ပြီး သင်တန်းကာလမှာ (၂၇ -၈-၂၀၁၈) … Read more
-
ရခိုင်ပြည်နယ်ရှိ ပြည်သူလူထုအား ကျန်းမာရေးစောင့်ရှောက်မှု ပေးနိုင်ရန် (UEHRD)ပြည်ထောင်စုစီမံကိန်းသို့ Mobile Medical Clinic ရွေ့လျားဆေးကုသခန်းလှူဒါန်းမှုသတင်း
ရန်ကုန်- သြဂုတ် ၂၆ ရခိုင်ပြည်နယ်ရှိ ပြည်သူလူထုအား ကျန်းမာရေးစောင့်ရှောက်မှုပေးနိုင်ရန် ရခိုင်ပြည်နယ်အတွင်း လူသားချင်းစာနာမှုအကူအညီ အထောက်အပံ့ပေးရေး ပြန်လည်နေရာချထားရေး ဖွံ့ဖြိုးရေးစီမံကိန်း (UEHRD)သို့ International Language & Business Center (ILBC)Co. Ltdနှင့်Care Well Medical Co. ltdတို့ ပူးပေါင်းပြီး ရူပါသိဒ္ဓိလျှပ်စစ်ကား ထုတ်လုပ်ရေးစက်ရုံတွင် ထုတ်လုပ်ထားသည့် Mobile Medical Clinic ရွေ့လျားဆေးကုသခန်း လှူဒါန်းခြင်း အခမ်းအနားကိုယနေ့ နံနက် ၉ နာရီက ရန်ကုန်တိုင်းဒေသကြီး ဒဂုံမြို့သစ် (တောင်ပိုင်း) မြို့နယ် … Read more
-
ရေဘေးသင့်ဒေသများပြန်လည်ထူထောင်ရေးတွင် ပြည်သူများပူးပေါင်းပါဝင်လှူဒါန်းမှုသတင်း
၂၆.၈.၂၀၁၈၊ ရန်ကုန် အမျိုးသားသဘာဝဘေးအန္တရာယ်ဆိုင်ရာစီမံခန့်ခွဲမှု ကော်မတီဒုတိယဥက္ကဌ၊ လူမှုဝန်ထမ်း၊ ကယ်ဆယ်ရေးနှင့် ပြန်လည်နေရာချထားရေးဝန်ကြီးဌာန ပြည်ထောင်စုဝန်ကြီး ဒေါက်တာဝင်းမြတ်အေးသည် ကော်မတီအတွင်းရေးမှူး ဒုတိယဝန်ကြီးဦးစိုးအောင်နှင့်အတူ ယနေ့ နေ့လယ်ပိုင်းတွင် ရန်ကုန်တိုင်းဒေသကြီး၊ လူမှုဝန်ထမ်းရုံးတွင် ကျင်းပ ပြုလုပ်သည့် ရေဘေးသင့်ဒေသများ ပြန်လည်ထူထောင်ရေးလုပ်ငန်းများဆောင်ရွက်ရန်အတွက် အလှူငွေများပေး အပ်ခြင်းအခမ်းအနားသို့ တက်ရောက်ခဲ့ပါသည်။ အခမ်းအနားတွင် ပြည်ထောင်စုဝန်ကြီးက ရေဘေးသင့်ဒဏ်ခံခဲ့ရသော ဒေသများအမြန်ဆုံးပြန်လည် ထူထောင်နိုင်ရေးအတွက် အမျိုးသားသဘာဝဘေးအန္တရာယ်ဆိုင်ရာစီမံခန့်ခွဲမှုကော်မတီအောက်တွင် ဘေးသင့် ဒေသများအမြန်ပြန်လည်ထူထောင်ရေး ပေါင်းစပ်ညှိနှိုင်းမှုအဖွဲ့ကိုဖွဲ့စည်းထားပြီး ပြန်လည်ထူထောင်ရေးလုပ်ငန်း များကိုအားသွန်ခွန်စိုက် ဆောင်ရွက်လျက်ရှိကြောင်း၊ အစိုးရအနေဖြင့် သဘာဝဘေးကာကွယ်ရေး၊ ကယ်ဆယ်ရေးနှင့် ပြန်လည်ထူထောင်ရေးလုပ်ငန်းများအတွက် လူမှုအဖွဲ့အစည်းများ၊ ပြည်သူများဖြင့် … Read more
-
သဘာဝဘေးအသိပညာပေးဟောပြောပွဲ ကျင်းပပြုလုပ်မှုသတင်း
လူမှုဝန်ထမ်း၊ ကယ်ဆယ်ရေးနှင့် ပြန်လည်နေရာချထားရေးဝန်ကြီးဌာန၊ ဘေးအန္တရာယ်ဆိုင်ရာစီမံခန့်ခွဲမှုဦးစီးဌာန၊ ကယားပြည်နယ်ဦးစီးမှူးရုံးမှ တာဝန်ရှိသူများသည် (၂၄-၈-၂၀၁၈) ရက်နေ့တွင် ဘောလခဲမြို့နယ်၊ နန်းဖဲကျေးရွာ အုပ်စု၊ နန်းဖဲကျေးရွာရှိ ပြည်သူလူထု (၇၀) ဦးအား သဘာဝဘေးအသိပညာပေးဟောပြောခဲ့ပြီး လက်ကမ်း စာစောင်များ ဖြန့်ဝေပေးခဲ့ကြောင်း သတင်းရရှိပါသည်။ Source: ကယားပြည်နယ်ဦးစီးမှူးရုံး(ဘစမ) #ar #kyh_aug2018
-
ဘိုကလေးမြို့နယ်အတွင်း ကွင်းဆင်းဆောင်ရွက်မှုသတင်း
လူမှုဝန်ထမ်း၊ ကယ်ဆယ်ရေးနှင့် ပြန်လည်နေရာချထားရေး ဝန်ကြီးဌာန၊ ဘေးအန္တရာယ်ဆိုင်ရာစီမံခန့်ခွဲမှုဦးစီး ဌာန၊ ဘိုကလေးမြို့နယ်ဦးစီးမှူးရုံးမှ တာဝန်ရှိသူများသည် (၂၆-၈-၂၀၁၈) ရက်နေ့တွင် ဖျာပုံခရိုင်ဦးစီးမှူးရုံးမှ တာဝန်ရှိသူများနှင့် ဂျပန်နိုင်ငံ Kobe တက္ကသိုလ်၌ သဘာဝဘေးစီမံခန့်ခွဲမှု ဘာသာရပ်အထူးပြုမဟာဘွဲ့ တက်ရောက်နေသော ဒေါ်ခိုင်မွန်မွန်အိနှင့်အတူ ဘိုကလေးမြို့နယ် သဘာဝဘေးအန္တရယ်စီမံခန့်ခွဲမှုကော်မတီ အဖွဲ့ဝင်များ၊ သဘာဝဘေးလျော့ပါးရေး စေတနာ့ဝန်ထမ်းလူငယ်အဖွဲ့ဝင် များနှင့်တွေ့ဆုံကာ သဘာဝဘေးနှင့် ပတ်သက်၍ အသိပညာဗဟုသုတဆန်းစစ်ချက်များ၊ ဘိုကလေးမြို့နယ်အတွင်း သဘာဝဘေးအန္တရာယ်နှင့် ပတ်သက်၍ ရင်ဆိုင်လှုပ်ရှားနေမှုအခြေအနေများကိုလည်း လေ့လာမေးမြန်းစစ်တမ်းကောက်ယူလေ့လာခဲ့ရာ (၂၀)ဦး တက်ရောက်ခဲ့ကြောင်း သိရှိရပါသည်။ … Read more
-
ဖျာပုံမြို့နယ်အတွင်း ကွင်းဆင်းဆောင်ရွက်မှုသတင်း
လူမှုဝန်ထမ်း၊ ကယ်ဆယ်ရေးနှင့် ပြန်လည်နေရာချထားရေးဝန်ကြီးဌာန၊ ဘေးအန္တရာယ်ဆိုင်ရာစီမံခန့်ခွဲမှုဦးစီးဌာန၊ ဖျာပုံခရိုင် ဦးစီးမှူးရုံးမှတာဝန်ရှိသူများသည(၂၅-၈-၂၀၁၈) ရက်နေ့တွင် Kobe တက္ကသိုလ်တွင် သဘာဝဘေးစီမံခန့်ခွဲမှု ဘာသာရပ် အထူးပြု မဟာဘွဲ့တက်ရောက်နေသော ဒေါ်ခိုင်မွန်မွန်အိနှင့်အတူ ဖျာပုံမြို့နယ် ဒေါ်ညိမ်းကျေးရွာအုပ်စုနှင့်မြို့ကုန်းကျေးရွာ အုပ်စုသို့ကွင်းဆင်းသွားရောက်လေ့လာ၍ ကျေးရွာသူရွာသား (၁၉၀) ဦး သဘာဝဘေးနှင့်ပတ်သက်၍ အသိပညာ ဗဟုသုတ ဆန်းစစ်ချက် စစ်တမ်းကောက်ယူခဲ့ပါသည်။ ဆက်လက်၍ မုန်တိုင်းနှင့် ဆူနာမီဘေးအသိပညာပေးလည်း ဟောပြောခဲ့ ကြောင်း သိရှိရပါသည်။ Source: ဖျာပုံခရိုင်ဦးစီးမှူးရုံး (ဘစမ) #ayy_aug2018
-
မူးယစ်ဆေးဖြတ်ပြီးသူများ ပြန်လည်ထူထောင်ရေးကို နိုင်ငံတော်က အလေးထားဆောင်ရွက်လျက် ရှိကြောင်း ပြည်ထောင်စုဝန်ကြီးဒေါက်တာဝင်းမြတ်အေးပြောကြား
သြဂုတ်၂၅၊ ပြည် လူမှုဝန်ထမ်း၊ ကယ်ဆယ်ရေးနှင့်ပြန်လည်နေရာချထားရေးဝန်ကြီးဌာန ပြည်ထောင်စုဝန်ကြီး ဒေါက်တာ ဝင်းမြတ်အေးသည် တာဝန်ရှိသူများနှင့်အတူ ယနေ့နံနက်ပိုင်းတွင် ပြည်ခရိုင်၊ ဝက်ထီးကန်မြို့ရှိ မူးယစ်ဆေးဝါးနှင့် စိတ်ကိုပြောင်းလဲစေသော ဆေးဝါးများအန္တရာယ် တားဆီးကာကွယ်ရေးဗဟိုအဖွဲ့၏ ရွှေပြည်သာ လူငယ်များပြုစု ပျိုးထောင်ရေးစခန်းသို့ ရောက်ရှိရာ စခန်းတာဝန်ခံအရာရှိ ယာယီဒုတိယ ရဲမှူးကြီးသန်းအောင်က စခန်း၏ဖွဲ့စည်းပုံ၊ နောက်ခံသမိုင်း၊ စခန်းဖွင့်လှစ်ရခြင်း၏ ရည်ရွယ်ချက်နှင့် လက်ရှိလုပ်ငန်းဆောင်ရွက်နေမှုအခြေအနေများ၊ မူးယစ် ဆေးစွဲသူများ ပြန်လည်ထူထောင်ရေးလုပ်ငန်း ဆောင်ရွက်နေမှုအခြေအနေများ၊ စိတ်ပိုင်း၊ ရုပ်ပိုင်းဆိုင်ရာ မြင့်မား တိုးတက်လာစေရန်အတွက် ကျန်းမာရေးစောင့်ရှောက်မှုပေးခြင်း၊ ပုံမှန်ကိုယ်ကာယကြံ့ခိုင်မှု လေ့ကျင့်သင်ကြား ပေးခြင်း၊ … Read more









