Category Archives: News
-
ပေါင်မြို့နယ်၊ လက်ပံကုန်းကျေးရွာအုပ်စု၊ သဲကုန်းကျွန်းထိပ်နှင့် ကုလားစုကျေးရွာတို့၌ ကမ်းပြိုမှုကြောင့် ကြိုတင်ရွှေ့ပြောင်းနေအိမ်များအတွက် ထောက်ပံ့မှုသတင်း
လူမှုဝန်ထမ်း၊ ကယ်ဆယ်ရေးနှင့် ပြန်လည်နေရာချထားရေးဝန်ကြီးဌာန၊ ဘေးအန္တရာယ်ဆိုင်ရာစီမံခန့်ခွဲမှုဦးစီးဌာန၊ သထုံခရိုင်ဦးစီးမှူးရုံးမှ တာဝန်ရှိသူများသည် ပေါင်မြို့နယ်၊ လက်ပံကုန်းကျေးရွာအုပ်စု၊ သဲကုန်းကျွန်းထိပ်နှင့် ကုလားစုကျေးရွာတို့၌ (၃၀-၈-၂၀၁၈) ရက်နေ့ (၁၀:၀၀) နာရီအချိန်တွင် ကမ်းပြိုမှုကြောင့် ကြိုတင်ရွှေ့ပြောင်းခဲ့ရသည့်နေအိမ် (၁၀) လုံးအတွက် အိမ်ဆောက်ပစ္စည်းဖိုးငွေ (၁,၀၀၀,၀၀၀/-) ကျပ်နှင့် လူဦးရေ (၄၀) ဦးအတွက် (၇) ရက်စာ ဆန်ဖိုးငွေ (၈၄,၀၀၀/-) ကျပ်၊ စုစုပေါင်း ထောက်ပံ့ငွေ (၁,၀၈၄,၀၀၀/-) ကျပ်နှင့် ကယ်ဆယ်ရေးပစ္စည်း (၁၁) မျိုး (၁၀) အိမ်ထောင်စာတို့အား (၃-၉-၂၀၁၈) ရက်နေ့တွင် … Read more
-
ဒီးမော့ဆိုမြို့နယ်၊ လိုဘာခိုကျေးရွာအုပ်စု၊ ဆောင်ဒူကျေးရွာ၌ သဘာဝဘေးဆိုင်ရာအသိပညာပေးဟောပြောမှုသတင်း
================================================ Source: ကယားပြည်နယ်ဦးစီးမှူးရုံး (ဘစမ) ================================================ လူမှုဝန်ထမ်း၊ ကယ်ဆယ်ရေးနှင့် ပြန်လည်နေရာချထားရေးဝန်ကြီးဌာန၊ ဘေးအန္တရာယ်ဆိုင်ရာစီမံခန့်ခွဲမှုဦးစီးဌာန၊ ကယားပြည်နယ်ဦးစီးမှူးရုံးမှ တာဝန်ရှိသူများသည် (၂-၉-၂၀၁၈) ရက်နေ့တွင် ဒီးမော့ဆိုမြို့နယ်၊ လိုဘာခိုကျေးရွာအုပ်စု၊ ဆောင်ဒူကျေးရွာရှိ ရပ်ရွာပြည်သူ (၂၀၀) ဦးအား သဘာဝဘေးဆိုင်ရာအသိပညာပေးဟောပြောပေးခဲ့ပြီး တက်ရောက်သူအား လက်ကမ်းစာစောင်များကိုဝေငှခဲ့ကြောင်း သိရှိရပါသည်။
-
မင်းပြားမြို့နယ်၊ ပန်းမြောင်းကျေးရွာအုပ်စု၊ ပန်းမြောင်းကျေးရွာ၌ လေးမြို့မြစ်ရေတိုက်စား မြစ်ကမ်းပြိုကျမှုကြောင့် ဘေးသင့်နေအိမ်များအတွက် ထောက်ပံ့မှုသတင်း
လူမှုဝန်ထမ်း၊ ကယ်ဆယ်ရေးနှင့် ပြန်လည်နေရာချထားရေးဝန်ကြီးဌာန၊ ဘေးအန္တရာယ်ဆိုင်ရာစီမံခန့်ခွဲမှုဦးစီးဌာန၊ မြောက်ဦးခရိုင်ဦးစီးမှူးရုံးမှ တာဝန်ရှိသူများသည် မင်းပြားမြို့နယ်၊ ပန်းမြောင်းကျေးရွာအုပ်စု၊ ပန်းမြောင်းကျေးရွာ၌ (၂-၉-၂၀၁၈) ရက်နေ့တွင် လေးမြို့မြစ်ရေတိုက်စား၍ မြစ်ကမ်းပါးပြိုကျမှုကြောင့် လုံးဝပျက်စီးသွားသော နေအိမ် (သွပ်မိုး/ဝါးထရံကာ/ ပျဉ်ခင်း) (၃) လုံး အိမ်ထောင်စု (၃) စုအတွက် ကယ်ဆယ်ရေးပစ္စည်း (၁၅) မျိုး (၃) အိမ် ထောင်စာ၊ အိမ်ဆောက်ပစ္စည်းဖိုးငွေ (၃၀၀,၀၀၀/-) ကျပ်နှင့် လူဦးရေ (၈) ဦးအတွက် ဆန်ရိက္ခာ (၇) ရက်စာ (၁၄) ပြည်တို့အား (၃-၉-၂၀၁၈) … Read more
-
ကျောင်းတွင်းအခြေပြု သဘာဝဘေးအန္တရာယ်ကြောင့် ထိခိုက်ဆုံးရှုံးနိုင်ခြေလျော့ချရေးသင်တန်းဖွင့်ပွဲအခမ်းအနား ကျင်းပမှုသတင်း
လူမှုဝန်ထမ်း၊ ကယ်ဆယ်ရေးနှင့် ပြန်လည်နေရာချထားရေးဝန်ကြီးဌာန၊ ဘေးအန္တရာယ် ဆိုင်ရာစီမံခန့်ခွဲမှုဦးစီးဌာန၊ရခိုင်ပြည်နယ်ဦးစီးမှူးရုံးမှတာဝန်ရှိသူများနှင့် LWF အဖွဲ့အစည်းပူးပေါင်း၍ စစ်တွေမြို့နယ်၊ ချီလည်ပင်းကျေးရွာ၊ အခြေခံပညာမူလွန်ကျောင်း၌ (၃-၉-၂၀၁၈) ရက်နေ့၊ (၀၉း၃၀) နာရီအချိန်တွင် ကျောင်းတွင်းအခြေပြု သဘာဝ ဘေးအန္တရာယ်ကြောင့် ထိခိုက်ဆုံးရှုံးနိုင်ခြေလျော့ချရေးသင်တန်းအား သင်တန်းသား/သူ (၂၀) ဦးဖြင့်ဖွင့်လှစ်ခဲ့ပြီး သင်တန်းကာလမှာ (၃-၉-၂၀၁၈) ရက်နေ့မှ (၄-၉-၂၀၁၈) ရက်နေ့အထိ ဖြစ်ကြောင်းသတင်းရရှိပါသည်။ Source: ရခိုင်ပြည်နယ်ဦးစီးမှူးရုံး (ဘစမ) #ar #rke_sep2018
-
ထောက်ပံ့မှုလုပ်ငန်းများ ဆောင်ရွက်မှုသတင်း
လူမှုဝန်ထမ်း၊ ကယ်ဆယ်ရေးနှင့် ပြန်လည်နေရာချထားရေးဝန်ကြီးဌာန၊ ဘေးအန္တရာယ်ဆိုင်ရာစီမံခန့်ခွဲမှုဦးစီးဌာန၊ ပဲခူးတိုင်းဒေသကြီးဦးစီးမှူးရုံးမှ တာဝန်ရှိသူများသည် တောင်ငူမြို့နယ်အတွင်း၌ (၃၁-၈-၂၀၁၈)ရက်နေ့တွင် ဖြစ်ပွား ခဲ့သော ရေဘေးမှ ထောက်ပံ့ရန်ကျန်ရှိနေသော လူဦးရေ (၈၁၁၉) ဦးအတွက် ဆန်ရိက္ခာဖိုးငွေ (၇) ရက်စာ (၁၇,၀၄၉,၉၀၀/-) ကျပ်အားလည်းကောင်း၊ အနောက်ဆင်ကျေးရွာအုပ်စု၊ ဆင်ရွာကျေးရွာ၌ (၂-၉-၂၀၁၈) ရက်နေ့ တွင် ဖြစ်ပွားခဲ့သော ကမ်းပြိုဘေးကြောင့် ကြိုတင်ပြောင်းရွှေ့နေအိမ် (၁) လုံးအတွက် အိမ်ဆောက် ပစ္စည်း ဖိုးငွေ (၁၀၀,၀၀၀/-) ကျပ်၊ ကယ်ဆယ်ရေးပစ္စည်း (၁၀) မျိုး (၁) အိမ်ထောင်စာနှင့် … Read more
-
ချင်းတွင်းမြစ်ရေတိုက်စား၍ ကမ်းပါးပြိုကျမှုကြောင့် ကြိုတင်ဖျက်သိမ်းပြောင်းရွှေ့ပြည်သူများအတွက် ထောက်ပံ့မှု သတင်း
လူမှုဝန်ထမ်း၊ ကယ်ဆယ်ရေးနှင့် ပြန်လည်နေရာချထားရေးဝန်ကြီးဌာန၊ ဘေးအန္တရာယ်ဆိုင်ရာစီမံခန့်ခွဲမှုဦးစီးဌာန၊ ရေစကြိုမြို့နယ်ဦးစီးမှူးရုံးမှတာဝန်ရှိသူများသည် မကွေးတိုင်းဒေသကြီး၊ ရေစကြိုမြို့နယ်၊ အောင်ပန်းချောင်းကျေးရွာအုပ်စု၊ အောင်ပန်းချောင်းကျေးရွာနှင့် နွယ်နီကျေးရွာအုပ်စု၊ နွယ်နီကျွန်းကျေးရွာတို့၌ (၃၁-၈-၂၀၁၈) ရက်နေ့၊ (၁၁း၃၅) အချိန်နှင့် (၃-၉-၂၀၁၈) ရက်နေ့၊ (၁၀.၀၀)နာရီအချိန်တို့တွင် ဖြစ်ပွားခဲ့သော ချင်းတွင်းမြစ်ရေတိုက်စား၍ ကမ်းပါးပြိုကျမှုကြောင့် နေအိမ် (၁၇) လုံး၊ အိမ်ထောင်စု (၁၉) စု၊ လူဦးရေ (၉၁) ဦးတို့၏ နေအိမ်များအား ကြိုတင်ဖျက်သိမ်းပြောင်းရွှေ့မှုများ ဆောင်ရွက်ခဲ့ကြရာ အဆိုပါကြိုတင်ဖျက်သိမ်းပြောင်းရွှေ့ပြည်သူများအတွက် ကယ်ဆယ်ရေးပစ္စည်း (၉) မျိုး၊ ဆန်ရိက္ခာဖိုး (၇) ရက်စာ … Read more
-
လေးမျက်နှာမြို့နယ်၊ ဒေါင့်ကြီးကျေးရွာအုပ်စု၊ ဈေးကလေးကျေးရွာ၌ ကမ်းပြိုဘေးကြောင့် ကြိုတင်ဖျက်သိမ်း ပြောင်းရွှေ့နေအိမ်အတွက် ထောက်ပံ့မှုသတင်း
လူမှုဝန်ထမ်း၊ ကယ်ဆယ်ရေးနှင့် ပြန်လည်နေရာချထားရေးဝန်ကြီးဌာန၊ ဘေးအန္တရာယ်ဆိုင်ရာစီမံခန့်ခွဲမှုဦးစီးဌာန၊ ဟင်္သာတခရိုင်ဦးစီးမှူးရုံးမှတာဝန်ရှိသူများသည် လေးမျက်နှာမြို့နယ်၊ဒေါင့်ကြီးကျေးရွာအုပ်စု၊ ဈေးကလေးကျေးရွာ၌ (၃၀-၈-၂၀၁၈) နေ့တွင် ကမ်းပြိုဘေးကြောင့် ကြိုတင်ဖျက်သိမ်းပြောင်းရွှေ့ရသော အိမ်ခြေ (၁) လုံး၊ အိမ်ထောင်စု (၁) စုမှ လူဦးရေ (၇) ဦးတို့ အတွက် (၁၈,၅၁၀/-)ကျပ် တန်ဖိုးရှိသော ကယ်ဆယ်ရေးပစ္စည်း (၁၀) မျိုး၊ (၁) အိမ်ထောင်စာ၊ အိမ်ဆောက်ပစ္စည်းဖိုးငွေ (၁၀၀,၀၀၀/-) ကျပ်၊ ဆန်ရိက္ခာဖိုးငွေ (၁၄၇၀၀/-) ကျပ်၊ စုစုပေါင်း ထောက်ပံ့ငွေ (၁၁၄,၇၀၀/-) ကျပ်တို့အား (၃-၉ -၂၀၁၈) … Read more
-
ရခိုင်ပြည်နယ် နေရပ်စွန့်ခွာသူများ ပြန်လည်နေရာချ ထားရေးလုပ်ငန်း ကော်မတီ၏ (၁/၂၀၁၈) လုပ်ငန်းညှိနှိုင်းအစည်းအဝေးကျင်းပမှုသတင်း
၃-၉-၂၀၁၈ ရခိုင်ပြည်နယ်နေရပ်စွန့်ခွာသူများ ပြန်လည်နေရာချထားရေး လုပ်ငန်းကော်မတီ၏ (၁/၂၀၁၈) လုပ်ငန်းညှိနှိုင်းအစည်းအဝေးကို ၂၀၁၈ ခုနှစ်၊ စက်တင်ဘာလ (၃)ရက်နေ့တွင် လူမှုဝန်ထမ်း၊ ကယ်ဆယ်ရေးနှင့် ပြန်လည်နေရာချထားရေး ဝန်ကြီးဌာန၌ ကျင်းပပါသည်။ အစည်းအဝေးသို့ နေရပ်စွန့်ခွာသူ များပြန်လည်နေရာချထားရေးလုပ်ငန်း ကော်မတီ ဥက္ကဌ လူမှုဝန်ထမ်း၊ ကယ်ဆယ်ရေးနှင့် ပြန်လည် နေရာချထားရေးဝန်ကြီးဌာန ဒုတိယဝန်ကြီး ဦးစိုးအောင်၊ ပူးတွဲ-ဥက္ကဌ ရခိုင်ပြည်နယ် လျှပ်စစ်၊ စက်မှု၊ လမ်းပန်းဆက်သွယ်ရေးဝန်ကြီး ဦးအောင်ကျော်ဇံနှင့် အတွင်းရေးမှူး၊ တွဲဖက် အတွင်းရေးမှူး၊ အဖွဲ့ဝင်များ တက်ရောက်ကြ ပါသည်။ အစည်းအဝေးတွင် ရခိုင်ပြည်နယ် … Read more
-
ရေဘေးသင့်ဒေသအမြန်ပြန်လည်ထူထောင်နိုင်ရန် သွပ်နှင့် ငွေများထောက်ပံံ့မှုသတင်း
နေပြည်တော်၊ စက်တင်ဘာ ၃ ဆွာချောင်းရေလှောင်တမံရေပိုလွှဲကျိုးပေါက်မှုကြောင့် ရေတာရှည်မြို့နယ်အတွင်းမှ ရေဘေးသင့် နေအိမ်များ အမြန်ပြန်လည်ထူထောင်နိုင်ရေးအတွက် ဘေးသင့်ဒေသများ အမြန်ပြန်လည်ထူထောင် ရေး ပေါင်းစပ်ညှိနှိုင်းမှုအဖွဲ့ဥက္ကဌ ဒေါက်တာဝင်းမြတ်အေးနှင့် တာဝန်ရှိသူများ ယနေ့နံနက်ပိုင်းက သွားရောက် ထောက်ပံ့ခဲ့ပါသည်။ အမျိုးသားသဘာဝဘေးအန္တရာယ်ဆိုင်ရာစီမံခန့်ခွဲမှုကော်မတီ ဒုတိယဥက္ကဌ၊ ဘေးသင့်ဒေသများ အမြန် ပြန်လည်ထူထောင်ရေး ပေါင်းစပ်ညှိနှိုင်းမှုအဖွဲ့ဥက္ကဌ၊ လူမှုဝန်ထမ်း၊ ကယ်ဆယ်ရေးနှင့် ပြန်လည်နေရာချ ထားရေးဝန်ကြီးဌာန ပြည်ထောင်စုဝန်ကြီးနှင့် ဘေးအန္တရာယ်ဆိုင်ရာစီမံခန့်ခွဲမှုဦးစီးဌာန ညွှန်ကြားရေးမှူး ချုပ်တို့သည် ပဲခူးတိုင်းဒေသကြီး၊ တောင်ငူခရိုင်၊ ရေတာရှည်မြို့သို့ ယနေ့နံနက်ပိုင်းက ရောက်ရှိကာ ဆွာချောင်း ရေလှောင်တမံရေပိုလွှဲကျိုးပေါက်ပြီး ရေကြီးရေလျှံဖြစ်ပွားမှုကြောင့် … Read more
-
ပဲခူးတိုင်းဒေသကြီး၊ တောင်ငူခရိုင်၊ ရေတာရှည်မြို့နယ်၊ ဆွာဒေသရှိ ရေဘေးသင့်ပြည်သူများအတွက် အလှူငွေများပေးအပ်လှူဒါန်း
နေပြည်တော်၊ စက်တင်ဘာ ၃ ပဲခူးတိုင်းဒေသကြီး၊ တောင်ငူခရိုင်၊ ရေတာရှည်မြို့နယ်၊ ဆွာဒေသရှိရေဘေးသင့်ပြည်သူများအတွက် အသုံးပြုနိုင်ရန် ပြည်ထောင်စုလွှတ်တော်၊ ဥပဒေရေးရာနှင့် အထူးကိစ္စရပ်များ လေ့လာဆန်းစစ်သုံးသပ်ရေး ကော်မရှင်အဖွဲ့ဝင်များ၏ တစ်ရက်တာနေ့တွက်စရိတ် လှူဒါန်းငွေနှင့် မန်းအောင်ငြိမ်းဖောင်ဒေးရှင်းမှ အလှူငွေ ကျပ် သိန်း (၂၀) တို့ကို ယနေ့ နေ့လယ်ပိုင်းတွင် နေပြည်တော်ရှိ လူမှု၀န်ထမ်း၊ကယ်ဆယ်ရေးနှင့် ပြန်လည်နေရာ ချထားရေး၀န်ကြီးဌာနသို့ လာရောက်ပေးအပ်လှူဒါန်းရာ ပြည်ထောင်စု၀န်ကြီး၊ ဒေါက်တာဝင်းမြတ်အေးက လက်ခံရယူပြီး ကျေးဇူးတင်စကား ပြန်လည်ပြောကြားကာ ဂုဏ်ပြုမှတ်တမ်းလွှာများ ပေးအပ်ခဲ့ကြောင်း သတင်း ရရှိပါသည်။ #hl1 #npw_sep2018









